Fwd: [ Matus Fellowship for Unity ] Duek Photo

24 views
Skip to first unread message

Zampa

unread,
Jan 6, 2012, 4:32:44 AM1/6/12
to berna dine, Emerald Win, nga...@sialormoon.com, morris LN, mdy...@googlegroups.com, msmon.85, sengaunglin


----
အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ သုံးလေ့ရှိတဲ့
သန့်စင်ရေးပစ္စည်းတွေထဲကဓာတုပစ္စည်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ဝေဒနာတွေကို ဖြစ်စေနိုင်တယ်လို့ စင်စင်နာတီတက္ကသိုလ်ရဲ့လေ့လာမှုအသစ်တစ်ခုက
ဆိုပါတယ် ။ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ
အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့် ချောင်းဆိုးတာနဲ့ အသက်ရှူကျပ်တာ
စတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပြီးရောဂါ မရှိသူတွေကိုတောင် နှာချေတာလို
ဝေဒနာတွေ ကို ဖြစ်ပေါ်စေတယ်လို လေ့လာမှုက ဆိုပါတယ်။ ဒါကြောင့်
အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာ ဝေဒနာမရစေဖို့
အောက်ပါနည်းလမ်းတွေ ကို လိုက်နာသင့်ပါတယ်။

၁. အိမ်သန့်ရှင်းရေးလုပ်တဲ့ အခါ ဓာတုပစ္စည်းနည်းပါးတဲ့
သန့်ရှင်းရေးသုံးပစ္စည်းကို အဓိက ရွေးချယ်သင့်ပါတယ်။
ကြေးချွတ်ပစ္စည်းတွေကို သုံးမယ့်အစား ရှလကာရည်ကို သုံးပြီး ကြေးချွတ်ပါ။
၂. ရေစိုဝတ်ဖြင့် ဖုံသုတ်ပါ။ သင်သန့်စင်လိုတဲ့ မျက်နှာပြင်တွေ ကို
ရေစိုဝတ်ဒါမှမဟုတ် ရေဆွတ်ထားတဲ့ ရေမြှုပ်နဲ့ ပွတ်တိုက်ပေးပါ။ ၃.
ကြေးချွတ်ဆေးရည်ကို ရေထဲ ရောထည့်ပြီး သုံးရင် ဓာတုပစ္စည်းရဲ့ အန္တရာယ် ကို
လျော့ကျသွားစေပါတယ်။ ၄. သင်က ပန်းနာရင်ကျပ် ရောဂါရှိတယ်ဆိုရင်
နှာခေါင်းစည်းကို N95 အမျိုးအစား စွပ်ထားပေးသင့် ပါတယ်။
ပန်းနာရင်ကျပ်ရောဂါ မရှိဘူးဆိုရင် ရိုးရိုးနှာခေါင်းစည်းကို
စွပ်ထားနိုင်ပါတယ်။
အစိုးရနည်းပညာတက္ကသိုလ်များတွင် ကျောင်းသားမိဘများ၏
အဆင်မပြေမှုတင်ပြချက်များကြောင့် ကျောင်းလခတစ်နှစ်စာ တစ်ခါတည်း
အကျေပေးသွင်းရမည့်အစား ယခင်နှစ်များကဲ့သို့ တတ်နိုင်သလောက် သာ
ခွဲဝေပေးသွင်းရန် ကျောင်းသားရေးရာဌာနမှခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်များရှိ AGTI (ပထမနှစ်နှင့်
ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်လလျှင် ငါးရာကျပ်၊ B-Tech
(ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားများအတွက် တစ်ထောင်ကျပ်နှင့် BE
သင်တန်းသားများအတွက် တစ်ထောင့်ငါးရာကျပ်ဖြင့် ကျောင်းလခများကို
မိမိတို့တတ်နိုင်သလောက်သွင်းရန် ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ်
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် သင်တန်းအားလုံးအသီးသီးကို
နှစ်ဆတိုးမြှင့်၍ကောက်ခံခဲ့၍ ကျောင်းလခတစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့်
အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင်
ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်များကို ကျောင်းအပ်နှံရာတွင်
မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင်
နှစ်သောင်းကျပ်ပါကောက်ခံခဲ့သည်။ နှစ်ကျကျောင်းသားများအနေဖြင့်
ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာကောက်ခံမည်ဟု
သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။
ကျောင်းလခတိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက်
သုံးထောင်ကျပ်နှင့် တခြားအထွေထွေကြေးများပေါင်းကာ AGTI (ပထမနှစ်နှင့်
ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းကျပ်နီးပါးသွင်းရပြီး B-Tech
(ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော်ကျော်သွင်းရကာ BE
အတွက် ခြောက်သောင်းနီးပါးပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ
ကျောင်းအပ်နှံရာတွင်များစွာ အခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ
ကျောင်းသားမိဘများ၏ အဆင်မပြေမှုတင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့
ကျောင်းလခကို မိမိတတ်နိုင်သလောက်သာ
ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလအစောပိုင်းမှစတင်၍ ဒီဇင်ဘာလကုန်ထိ
ကျောင်းအပ်လက်ခံလျက်ရှိကြောင်းလည်း သိရှိရသည်။လျှာကိုအသုံးပြုကာ
မြင်နိုင် အောင် ပြုလုပ်ထားသည့် မျက်မမြင် များအတွက် ကိရိယာကို ပထမဆုံး
အဖြစ် စမ်းသပ်မှုများပြုလုပ်နေရာ နာမည်ကြီး တရားခံ ရာအူးမုတ်အား
ဖမ်းဆီးရာတွင် ပစ်ခတ်ခံရပြီး မျက်စိ များ ကွယ်သွားခဲ့သော ရဲအရာရှိ ဒေး
ဗစ်ရပ်ဘန့် (၄၃ နှစ်)သည် ကိရိယာ စမ်းသပ်ရာ၌ ပါဝင်လာကြောင်း သိရ သည်။
ယင်းကိရိယာကို အမေရိကန် ပြည်ထောင်စုမှ BrainPort ကုမ္ပဏီ က တီထွင်ခဲ့ပြီး
လျှာကိုအသုံးပြုခြင်း ဖြင့် အရာဝတ္ထုများကို ပုံဖော်ကြည့်နိုင် ကြောင်း
သိရသည်။ မျက်မှန်တွင် တပ်ထားသော ဗီဒီယိုကင်မရာမှနေ၍
ပုံရိပ်များကိုပေးပို့ပြီး လျှာက အီလက်ထရုဒ် ရာပေါင်းများစွာ ပါဝင်သော
ကိရိယာကို အာရုံခံ ကြည့်နိုင်ခြင်းဖြစ်သည်။ လျှာမှနေ၍
အာရုံခံသတင်းပို့ချက်များကို ဦးနှောက်သို့ပို့ကာ ယင်းခံစားမှုကို
ဦးနှောက်၌ ပုံရိပ်များဖြင့် ပုံဖော်ကြည့်နိုင်ကြောင်း သိရသည်။ယူကေတွင်
တစ်နှစ်တာအတွင်း အသစ်တွေ့ရှိသော ကင်ဆာများ၏ တစ်ဝက်နီးပါးသည်
ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ မှန်ကန်စွာ စားသုံးမှုမရှိခြင်းစသည့်
ရှောင်ရှားနိုင်သော လူနေမှုပုံစံများကို ရွေးချယ်ခဲ့ကြခြင်း
ကြောင့်ဖြစ်ပွားရသည်ဟု သုံးသပ်ချက်တစ်ခုက ထုတ်ဖော်ခဲ့သည်။
ဆေးလိပ်သောက်ခြင်းသည် အဓိကအကြောင်းတစ်ရပ်ဖြစ်ပြီး အမျိုးသားကင်ဆာများ၏ ၂၃
ရာခိုင်နှုန်းနှင့် အမျိုးသမီးကင်ဆာများ၏ ၁၅ဒသမ ၆ ရာခိုင်နှုန်းကို
ဖြစ်စေခဲ့ကြောင်း ကင်ဆာသုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဒုတိယအကြောင်း
တစ်ရပ်မှာအမျိုးသားများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ
စားသုံးမှုနည်းခြင်းဖြစ်ပြီး အမျိုးသမီးများတွင်မူ အဝလွန်ခြင်းက
အကြောင်းရင်းဖြစ်နေသည်။ ဦးဆောင်လေ့လာသူ ပါမောက္ခမက်စ်ပါကင်က ''လူအများစုက
ကင်ဆာဖြစ်လာရင် ကံကြောင့်၊ မျိုးရိုးကြောင့်ဆိုပြီးပြောတတ်ကြပါတယ်။
သက်သေအထောက် အထားတွေအားလုံးကို လေ့လာကြည့်ရင် ၄ဝ ရာခိုင်နှုန်းခန့်သော
ကင်ဆာဖြစ်ပွားမှုတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့မှာ
ပါဝါအပြည့်ရှိတယ်ဆိုတာ သိသာပါတယ်''ဟု ဆိုခဲ့သည်။အမျိုးသားများအတွက်
ဆေးလိပ်ဖြတ်ရန်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားရန်၊
အရက်လျှော့သောက်ရန် အကြံပေးထားကြပြီး အမျိုးသမီးများကိုမူ
ဆေးလိပ်ဖြတ်ရန်နှင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းရန်
အကြံပေးထားသည်။လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင်
အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏
သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။
ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍
အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့်
ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ်
ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ
တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင်
ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော
အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက
တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊
၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။
အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း
ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော
အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား
Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍
အမျိုးသားများအနေနှင့်  မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။
သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

အဆုတ်မှာ spot  တွေ့တာ အန္တရာယ်ဖြစ်နိုင်လား၊ ကုလို့ရနိုင် သလား သိချင်
နေကြတဲ့သူတွေနှင့် spot  ဖြစ်ရခြင်း အကြောင်းတို့ကို အဆုတ်နှင့်
ရင်ခေါင်း ရောဂါအထူး ကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်နှင့်
မြန်မာပို့စ်ဂျာနယ်မှ ခဏတာ သွားရောက်မေးဖြစ်ခဲ့တယ်။ အဲဒီမေးမြန်းချက်
တွေနဲ့ ပတ်သက်ပြီး တင်ပြလိုက်ပါတယ်။

အဆုတ်မှာ အစက်( spot )တွေ့ရခြင်းက ဘယ် လိုလက္ခဏာ ကနေတွေ့ရတာလဲ ဆရာ။

သွေးကြောလေး ဆိုတာ သွေး ကြောကနေရိုက်လိုက်တဲ့အခါ vascular end-on effect
လို့ခေါ် တယ်။ သွေးကြော လေးပေါ်လာတယ်။ အဆုတ်မှာရှိတဲ့ အကျိတ်( gland )
တကယ်လို့ ထုံးဓာတ်( CALCIFY )၀င် သွားရင် လည်း အစက်ပေါ်တယ်။ ဒါ တွေက ရောဂါ
မဟုတ်ဘူး။ နောက် တစ်ခု အဆုတ်မှာ အစက်ကလေး ( spot )နှင့်စပြီး
တီဘီဖြစ်တာရှိသလို တီဘီ ရောဂါဖြစ်ပြီးလို့ ကောင်းသွား ရင်လည်း အစက်
ကလေးကျန်ရစ်ခဲ့ တတ်တယ်။ အဲဒါကြောင့် spot  လို့ ပြောလိုက်တဲ့ အချက်က အစက်
ကလေး တစ်ခုတွေ့တာဖြစ်တဲ့အတွက် အဲဒီအစက် ကလေးက ဘာမှမဖြစ် တာကနေ အသက်
အန္တရာယ်ရှိနိုင် သည်အထိ သူများကို ကူးစက်နိုင်တဲ့ ရောဂါထိဖြစ်နိုင်တယ်။

တီဘီဖြစ်ပြီးတဲ့လူတိုင်း မှာ အဆုတ်ထဲ အစက် ( spot )ရှိနိုင်ပါလား။
ရောဂါကောင်းပြီး အ ဆုတ်မှာ အစက်ကျန်ခဲ့တဲ့သူ ရာခိုင်နှုန်း အားဖြင့်
ဘယ်လောက်ထိရှိနိုင်ပါလဲ။

တီဘီဖြစ်တဲ့ လူတိုင်း အဆုတ် မှာ အစက်ကျန်ခဲ့တဲ့သူကို ရာခိုင်နှုန်း
နဲ့ခန့်မှန်း လို့မရဘူး။ တီဘီဖြစ်တိုင်း လည်း အစက်ကျန် ရမယ်မဟုတ်ဘူး။
တချို့က တီဘီ ရောဂါ နှစ်ခါကနေ သုံးခါဖြစ်ပါစေ အစက်( spot )မကျန် ခဲ့ဘူး။
တချို့ကျ တော့ တီဘီရောဂါ ဖြစ်တယ်။ ခဏပေါ့ ဆေးသောက် တော့ ပျောက်သွားတယ်။
ဒါပေမယ့် အဆုတ်ထဲ မှာ အစက်ကျန်နေခဲ့တယ်။ အဲဒါကြောင့် တီဘီဖြစ်တဲ့လူ
ရာခိုင် နှုန်းဘယ် လောက်က အမာရွတ်ကျန် ခဲ့တယ်၊ မကျန်ခဲ့ဘူး
ခန့်မှန်းလို့မရ ဘူး။ မှန်းထားတာလည်း မရှိဘူး။ ကျန်ချင်တဲ့ သူကျန်ခဲ့မယ်။

အဲဒီလိုမျိုး အဆုတ်မှာအစက်( spot )တွေ့ပြီ ဆိုရင် အဲဒီအစက်( spot
)ကိုပျောက်အောင် ကုသနည်းတွေ၊ သောက်ဆေးတွေရှိပါသလား။

အစက်( spot )က သွေးကြော ကြောင်းဖြစ်တယ်။ ဒါသဘာဝပဲ။ အနာကျက်သွားလို့
ကျန်နေခဲ့တဲ့ အကျိတ်တွေ ထုံးဓာတ်ဝင်သွားပြီး ပျက်စီးတာ။ အဲဒါကို
ကုဖို့လို သလား ဆိုတော့ မလိုဘူး။ တီဘီဖြစ်ပြီးလို့ အမာရွတ် ကျန်တာ
ဒါလည်းကုဖို့မ လိုဘူး။ သို့သော် အနာစဖြစ်မယ့်နေ ရာ သန္ဓေတည်တဲ့နေရာက အစက်
( spot )ဆိုရင်ကုရမယ်။ ကင်ဆာ လည်း ဖြစ်နိုင်တယ်။ အမာရွတ်ဆို တဲ့ဟာ က
မပျောက်ဘူး။ ပျောက်ချင်တယ် ဆိုရင် အမာရွတ်ကို လှီးထုတ်မှ ရ မယ်။ ဥပမာ
ဓားထိ တယ်။ အမာ ရွတ် ကျန်နေခဲ့ တယ်။ အမာရွတ်ကို ပျောက်ချင်ရင်
အမာရွတ်ကိုလှီးထုတ် မှရမယ်။ ဆေးသောက်လို့လည်း မပျောက်နိုင်ဘူး။ အဲဒါဆို
အမာရွတ် ကိုလှီးထုတ်ရင် သင့်သလား ဆိုတဲ့ မေးခွန်း ထုတ်လာနိုင်တယ်။ အစက်
ကလေးတစ်စက် ကျန်တဲ့အတွက် ခွဲထုတ်ရမယ့်အန္တရာယ်နှင့်အဆုတ် ခွဲစိတ်တယ် ဆိုတာ
major operation အဲဒါမျိုးရော သင့်တော်ပါ့မ လား မတန်ဘူး။ ဒါပေမယ့်
မခွဲစိတ် ရဘဲနှင့် ပျောက်အောင်လုပ်လို့လည်း မရဘူး။

အဆုတ်မှာအစက်( spot )တွေ့ရင် နိုင်ငံခြားက လက်မခံ နိုင်တာ ဘာကြောင့်များလဲဆရာ။

အမာရွတ်ဟုတ်တယ် မဟုတ်ဘူး ဆိုတာကိုက ရှာဖို့ခက်တယ်။ အစ က ပြောတဲ့အတိုင်း
အမာရွတ်စဖြစ် မယ့်နေရာ၊ သန္ဓေတည် တဲ့နေရာက နေ ကင်ဆာ ရောဂါထိဖြစ်နိုင်တဲ့အ
တွက် အဲဒါကို တိတိကျကျခွဲခြားဖို့ ကိုက ဘယ်သူမှ အာမခံ ချက်မပေး နိုင်ဘူး။
နိုင်ငံခြားကနေ လက်မခံနိုင် ဘူးဆိုတဲ့ဥစ္စာမှာ အဆုတ်မှာ အစက် ( spot
)တွေ့ပြီ။ အဲဒါကို သေချာ အောင်ခွဲခြား သိဖို့အတွက် စစ်ဆေး တဲ့ကုန်ကျ
စရိတ်က အရမ်းများတယ်။ ဒါလည်း သေချာချင်မှ သေချာမယ်။ သုံးလကနေ
ခြောက်လစောင့်ကြည့် ရမယ်။ တစ်နှစ် စောင့်ကြည့်ရမယ် တို့ရှိတော့
နိုင်ငံခြားကအလုပ်ရှင် တွေက အလုပ်ခန့်ဖို့အတွက် အဲ လောက်ထိစောင့်မနေဘူး။
အဲဒါ ကြောင့် ပြန်လွှတ် တာတို့ရှိတယ်။

တချို့ မြန်မာနိုင်ငံမှာစစ်တယ်၊ အကောင်း၊ ဟို ရောက်တော့ရောဂါတွေ့တယ်။
အဲဒါ ဘာကြောင့် လဲဆရာ။

မြန်မာနိုင်ငံမှာစစ်တုန်းက မ ပေါ်ဘူး။ normal ပဲ။ နိုင်ငံခြား ရောက်မှ
ရောဂါတွေ့တယ် ဆိုတာ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်နိုင် တယ်။
စပြီးစမ်းသပ်တဲ့အချိန်မှာ ရောဂါ မဖြစ်သေးလို့လည်းဖြစ်နိုင် တယ်။
ပိုးဝင်နေတဲ့ အချိန်မှာလည်း ရောဂါလက္ခဏာ မပေါ်ဘူး။ အဲဒါ ကြောင့်
ဓာတ်မှန်မှာမတွေ့ရတာ။ တီဘီ၊ ကင်ဆာတို့ ဆိုတာက အချိန် အခါမရွေးဘူး။
ပိုးဝင်ပြီးအချိန်ကျမှ အနာဖြစ်ပြီဆိုတော့ မှသာ ဓာတ်မှန် မှာပေါ်တာ။ အဲဒီ
အတွက် အချိန် ကာလကွာလို့ဖြစ်မယ်။ နောက်ပြီး စစ်ဆေးတဲ့ ပစ္စည်း၊
စက်ကိရိယာရဲ့ အရည်အသွေးနဲ့ လည်း ဆိုင်တယ်။

နိုင်ငံခြားသွားတဲ့သူတွေအတွက် ကျန်းမာရေးကို မသွားခင် ဘယ်လိုပြင်ဆင်ထားဖို့လိုမလဲ။

သွားခါနီး သေချာစစ်ကြည့် မရှိဘူးဆိုမှသွား၊ စစ်လိုက်တယ်။ တွေ့တယ်၊
ရှိတယ်။ သူတို့က လက် မခံနိုင်ဘူးဆိုရင် မသွားဖို့ဘဲရှိတယ်။
စစ်တဲ့အခါမှာလည်း အရည်အသွေး ကောင်းတဲ့နေရာမှာစစ်ပေါ့။ ဒါပေ မယ့်
ရှိရင်တွေ့အောင်စစ်ဖို့ တာဝန် က ကိုယ့်ရဲ့တာဝန်ပဲ။ စစ်ဆေး ချက်ဆိုတာကလည်း
မှန်းလို့မရဘူး။ တစ်ပတ် အတွင်းမှာ ပြောင်းသွားနိုင် တယ်။
ဒီနေ့စစ်တာအကောင်း၊ တီ ဘီက ကိုယ်ထဲဝင်နေ၊ အဆုတ်ထဲ ရေ၀င်နေတယ်။
နောက်တစ်ပတ်မှာ စစ်တော့တွေ့တယ်။ ဒီမှာစစ်သွား လို့မတွေ့ဘူး။
ဟိုကိုရောက်ရင်ရော ချက်ချင်းစစ်မှာလား။ တချို့ဆို တစ် လလောက်ကြာမှစစ်တယ်။
တစ်လ လည်း အာမခံလို့မရဘူး။ ဆေးပညာ ကိုက အဲဒီလိုဖြစ်နေတာ။

တီဘီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ မသိဘူး။ တီဘီပိုးဝင်နေတာ ဘယ်လိုသိမလဲ ဆရာ။

တီဘီပိုးဝင်မ၀င်ကို အရေပြား အောက်မှာ ဆေးထိုးပြီးစမ်းရတဲ့ နည်းရှိတယ်။
အဲဒါလည်း ရာနှုန်း ပြည့်မ သေချာ ဘူး။ နောက်သွေးစစ် ပြီးစမ်းတဲ့နည်းရှိတယ်။
အဲဒီနည်းက လုံးဝစိတ်မချရဘူး။ WHO က အဲဒီ နည်းကို တီဘီရောဂါသတ်မှတ်ဖို့အ
တွက် မသုံးဖို့ပြောပြီးသား၊ ဘယ်တစ် ခုမှ သေချာတာမရှိဘူး။ တီဘီပိုး
ဝင်တာနဲ့ ရောဂါဖြစ်တာနဲ့ ကွာသေး တယ်။ ဆရာတို့လို တီဘီအဖြစ်များ
တဲ့နိုင်ငံမွှျှာံဥ ခန့်မှန်းထားတာ က လူသုံးဦး ထဲမှာ တစ်ဦးဟာ ပိုးဝင်
ပြီးသား၊ ရောဂါဖြစ်ဖို့ပဲကျန်တော့ တယ်။ အဲဒီရောဂါဖြစ်မယ့်အချိန် သည်
ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ ဆိုတာမသိဘူး။ တီဘီ ရောဂါပိုးတွေ့ တာနဲ့ ဆေးမကုဘူး။
ရောဂါပေါ်မှ ကုတယ်။ အဲဒါကြောင့် ဒါကု လို့မရ ဘူး။ ရောဂါလက္ခဏာပြတယ်ဆိုမှ
ကုလို့ရတယ်။ ဓာတ်မှန်မှာပြမလား၊ သလိပ်မှာပြမှာလား။ ဒါတွေက ပို သေချာအောင်
လုပ်ရတာပေါ့။ ရော ဂါလက္ခဏာလည်းပြတယ်။ ဓာတ် မှန်မှာလည်း ရောဂါရှိတာကိုတွေ့
ရင်တော့ ဒါကုရတော့မှာ၊ ပိုးဝင်ရုံနဲ့ တော့ကုလို့မရဘူး။AIDS ရောဂါကို
ကုသမှုခံယူသူအရေအတွက် တိုးပွားလာသည်နှင့်အမျှ ၎င်းရောဂါကြောင့် သေဆုံးသော
လူအရေအတွက်မှာ ၂ဝ၁ဝ ပြည့်နှစ်တွင် သိသိသာသာ ကျဆင်းသွားခဲ့ပြီး
HIVပိုးရှိလျှက် အသက်ရှင်နေနိုင်သူပေါင်း ၃၄သန်းထိ တိုးပွားလာနေကြောင်း
ကမ္ဘာ့ကုလသမဂ္ဂက ၂၁-၁၁-၂ဝ၁၁ နေ့တွင်ပြောကြားလိုက်သည်။ ဘာလင်မြို့၌
စာနယ်ဇင်းဆရာများနှင့် တွေ့ဆုံစဉ် UN-AIDS၏ လက်ထောက်ညွှန်ကြားရေးမှူး
မိုက်ကယ်ဆီဒီဘီက ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ဟာ AIDS
ရောဂါကို ကုသရာမှာ ကောင်းမွန်ထင်ရှားတဲ့ တိုးတက်မှုတွေကို တွေ့နေရပါပြီ။
HIV ပိုးတွေ့ရှိသူ လူနာသစ်တွေ နည်းပါးလာသလို ဆေးကုသမှုခံယူသူ
အရေအတွက်ဟာလည်း တိုးပွားလာနေပါတယ်။

ရောဂါရှိသူတွေကို စောစောကုသမှုပေးတာကြောင့် ရောဂါကူးစက်မှုနှုန်းကိုလည်း
လျော့ချပေးနိုင်တယ် ဆိုတဲ့အချက်ကို ပထမဆုံးအကြိမ်အဖြစ်
ထုတ်ဖော်ပြသနိုင်ခဲ့ပါပြီ''ဟု သူက ဆိုခဲ့သည်။ကုသမှုကြောင့် AIDS
ရောဂါဖြင့် သေဆုံးမှုများလျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား ယခုအခါ
ဆေးကုသမှုခံယူသင့်သည့် လူများ၏ ထက်ဝက်ခန့်မှာ ဆေးကုသမှုခံယူနေကြပြီး
အထူးသဖြင့် ဆာဟာရဝန်းကျင် အာဖရိကနိုင်ငံများတွင်၂ဝဝ၉ နှင့် ၂ဝ၁ဝ
ပြည့်နှစ်ကြားတွင် ဆေးကုသမှုခံယူသူ အရေအတွက် ၂ဝ ရာခိုင်နှုန်းထိ
လျင်မြန်စွာ တိုးပွားလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာသည်နှင့်အမျှ AIDSရောဂါဖြင့်
သေဆုံးမှုနှုန်းမှာလည်း ကျဆင်းလာနေကြောင်း ကုလသမဂ္ဂ AIDS
ရောဂါတိုက်ဖျက်ရေးအေဂျင်စီ UN က ထုတ်ပြန်ခဲ့သည်။

AIDS ရောဂါဖြင့်သေဆုံးမှုသည် ၂ဝဝ၆ ခုနှစ်တွင် ၂ ဒသမ ၂ သန်းဖြင့်
အမြင့်ဆုံးရောက်ရှိ ခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း၁ ဒသမ ၈
သန်းသာရှိခဲ့သည်။ ကုသမှုသည် ရောဂါဖြင့်သေဆုံးမှုကို ကာကွယ်ပေးနိုင်ရုံမျှမက
HIV ပိုး တွေ့ရှိသူ လူနာသစ်ဦးရေကိုလည်း ကျဆင်းလာစေသည်။ဆေးကုသမှုပေးခြင်း
နှင့်အတူ ကာကွယ်မှုနည်းလမ်းများအား တွဲဖက်သင်ကြား ပြသပေးခြင်းဖြင့်
လူနာများသည် အခြားသူများအား ရောဂါကူးစက်စေနိုင်သော အပြုအမူများ
ပြုလုပ်မှုနည်းပါးလာစေသည်။ ဥပမာအားဖြင့် နမီးဘီးယားနိုင်ငံတွင်
ကုသမှုခံယူသူများမှာ ၉ဝ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပြီး အမျိုးသားများ၏
ကွန်ဒုံးသုံးစွဲမှုမှာ ၇၅ ရာခိုင်နှုန်းထိမြင့်မားခဲ့သဖြင့် ၂ဝ၁ဝ
ပြည့်နှစ်တွင်ရောဂါပိုးတွေ့ရှိသူ လူနာသစ်ဦးရေမှာ ယခင်ကထက် ၆ဝ
ရာခိုင်နှုန်းထိ ကျဆင်းလာခဲ့ကြောင်း UNAIDSက ဖော်ပြခဲ့သည်။အသက်အရွယ်
အိုမင်းစဉ်အတွင်း ဖြစ်ပေါ်သည့် သင်ယူခြင်းနှင့် မှတ်ဥာဏ်ဆိုင်ရာ
ဦးနှောက်ဆဲလ်များ ပြောင်းလဲခြင်းကို အရေးပါသော ဦးနှောက်ပရိုတင်းပါဝင်
နှုန်းအပေါ် သက်ရောက်သည့် ဆေးဝါးများက ပြန်လည်ပြောင်းလဲကာ
ကုစားပေးနိုင်ကြောင်း တိရစ္ဆာန် များတွင် လေ့လာချက်အရ သိရှိရသည်။
အဆိုပါတွေ့ရှိချက်ကြောင့် နောင်အခါ ဦးနှောက်ဆဲလ် လုပ်ငန်းများကို
ပြန်လည် ပြုပြင်ပေးနိုင်သည့် ဆေးဝါးများထွက် ပေါ်လာတော့မည်ဟုဆိုသည်။ အသက်
အရွယ်အိုမင်းမှုနှင့် ပတ်သက်သော မှတ် ဥာဏ်ဆုံးရှုံးမှုသည်
ဦးနှောက်ဖွဲ့စည်းပုံ တစ်စတစ်စ ယိုယွင်းလာမှုနှင့် ဦးနှောက်
ဆဲလ်များအကြားရှိ Synapses များ၏ လုပ်ငန်းဆောင်တာ ယိုယွင်းမှုကြောင့်
ဖြစ်ပေါ်ပြီး ၎င်းတို့သည် သင်ယူနိုင်စွမ်းနှင့်လည်း ပတ်သက်နေသည်ဟုဆိုသည်။

မကြာသေးခင်က လေ့လာချက်များအရ ဗီဇများကို ထိန်းချုပ်သည့်
ဓာတုဖြစ်စဉ်တစ်ရပ် ဖြစ်သော Histone acetylation သည်ဖော်ပြပါ လုပ်ငန်းစဉ်၌
ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။ အထူးသဖြင့် ဦးနှောက်ဆဲလ်များ၏ အချက်အလက်
သိုမှီးမှုဆိုင်ရာ အင်အားနှင့် ဖွဲ့စည်းပုံ ကို
ပြောင်းလဲပေးနိုင်သည်ဟုဆိုသည်။ အဆိုပါသုတေသနကို အမေရိကန်ပြည် ထောင်စု
လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ် လီဖိုးနီးယား တက္ကသိုလ်မှ ကူဝေဆိုင်းက
ဦးဆောင်လျက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူက
ယခုတွေ့ရှိချက်ကြောင့် အယ်လ်ဇိုင်းမားကဲ့သို့သော အသက်အ
ရွယ်အိုမင်းမှုကြောင့်ဖြစ်ပေါ်သည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ
ရောဂါများကို ကုသပေးနိုင်သည့် ဆေးဝါးသစ်များ ထွက်ပေါ်လာတော့မည် ဟုဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိဈေးများတွင် ရောင်းချ နေသည့် အစားအစာ
များတွင် တားမြစ်ဆိုး ဆေးပါ ၀င်မှုရှိမရှိ စစ်ဆေးလျက် ရှိရာ ငါးပိတွင်
တားမြစ်ဆိုးဆေးပါ ၀င်မှု အများဆုံးဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်
သာယာရေးကော် မတီ (ကျန်းမာရေးဌာန) ဌာနမှူး ဒေါက်တာမြတ်မွန်အေးကပြောသည်။

အဆိုပါဌာနမှ နောက်ဆုံး စစ် ဆေးထားသော ဈေးမှ သိမ်းဆည်း ရမိသော ဆိုးဆေး
ပါဝင်သည့်စား သောက်ကုန် များတွင် လက်ဖက်၊ ငါးပိ၊ ပဲဝါလေး၊ မျှစ်နှင့်
အသင့်စား မုန့်ထုပ်(Snack)များပါဝင်ကြောင်း သိရသည်။

“ဈေးတွေမှာ လိုက်စစ်ရင်အ ရင်က လက်ဖက်မှာအများဆုံးတွေ့ ရတယ်။ အခု လက်ဖက်
မှာသိပ် မတွေ့ရသေးဘူး။ ငါးပိမှာ တော့ အ များဆုံးပဲ။
လိုက်စစ်တိုင်းဆိုးဆေးပါ ၀င်တဲ့ အစား အသောက တွေကတွေ့ နေရတာပဲ။ ဌာန
အနေနဲ့ကလည်း ဆက်တိုက် စစ်ဆေးသွားမှာပါ”ဟု ဒေါက်တာမြတ်မွန်အေးကဆိုသည်။

ထိုသို့ စစ်ဆေးမှုများအား ရန် ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ(ကျန်းမာရေးဌာန)နှင့် အ စားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး
ဌာန(FDA)တို့ပူးပေါင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ဈေးများတွင် တားမြစ်ဆိုးဆေး ပါဝင်သည့် စားသောက် ကုန်ပစ္စည်း
များရောင်းချမှုကို စစ်ဆေးတွေ့ရှိပါ က ပစ္စည်းသိမ်းဆည်းခြင်း အပြင်
လက်ရှိဖွင့်လှစ်ထား သော ဆိုင်ခန်း များ ပိတ်သိမ်း သည်အထိ အရေးယူ သွားမည်
ဖြစ်ကြောင်း သိရသည်။

တားမြစ်ဆိုးဆေး ပါဝင်သည့် အစားအစာများတွင် အများဆုံး သုံး စွဲသည့်
ဆိုးဆေးများမှာ Rhoolamine –B (ပန်းဆီရောင်)၊ Auramine-O နှင့် Orange –
II တို့ဖြစ်ပြီး ၎င်းဆိုးဆေးများသည် ချည်ထည်ဆိုး ဆေးများ ဖြစ်ကြောင်း
သိရသည်။

“အများဆုံး ဒုက္ခပေးနေတဲ့ ဆိုး ဆေးသုံးမျိုး ပဲရှိတယ်။ နောက်ပိုင်း ကျရင်
ဆိုးဆေးရောင်း တဲ့ဆိုင်တွေ ကိုပါစစ်ဆေးပြီး မရောင်းဖို့ပညာပေး
မှုတွေပြုလုပ် သွားမယ်”ဟု ၎င်းက ပြောသည်။

တားမြစ်ဆိုးဆေး များပါဝင်သည့် စားသောက် ကုန်များသည် ကျန်းမာ ရေးကို
ထိခိုက်စေနိုင်ခြင်း ကြောင့်ရောင်း ချခြင်း မပြုလုပ်ရန် အသိပေးကြေ ညာထား
ခြင်းဖြစ်ပြီး ရောင်းချခြင်း ရှိ၊ မရှိကိုလည်း ရှောင်တခင် ၀င် ရောက်
စစ်ဆေးလျက် ရှိကြောင်း သိ ရသည်။


img002.jpg
Reply all
Reply to author
Forward
0 new messages