---------- Forwarded message ----------
From:
Hal Thang <ht.th...@gmail.com>Date: 2012/1/15
Subject: တစ်ခုခုကို စ လုပ်ဖြစ်ဖို့ နည်းလမ်း ၆ ခု
To: matucakogroups <
matucak...@googlegroups.com>,
hal...@googlegroups.com
” ဘ၀တစ်ခု စောစီးစွာ ကုန်ဆုံးသွားခြင်းဟာ ကံဆိုးမိုးမှောင်ကျခြင်းမဟုတ်ဘူး။
ဘ၀ကို စတင်ဖို့ အချိန်ဆွဲနေခြင်းကသာ ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်တယ်။ ”
W. M. Lewis
ဘ၀ကို တိုးတက်ဖို့ ကြိုးစားတဲ့အခါ အဓိက ပြဿနာကတော့- ဘယ်တော့မှ စလုပ်ဖြစ်မယ်လို့
မထင်ရတာပါပဲ။ သင့်ကိုယ်သင် ပြောမယ်- ” ငါ့မှာ ဘယ်တော့မှ အချိန်မရှိဘူး”
လို့။ အဲဒါဟာ
တစ်ခါတစ်လေတော့ မှန်ပါတယ်။ တစ်ခါတစ်လေမှာတော့ အကြောင်းပြချက်တစ်ခုခုနဲ့ သင်
အချိန်ဆွဲနေတာ ဖြစ်ချင်ဖြစ်မယ်။
တစ်ခုခုကို စ လုပ်ဖို့ကြိုးစားတိုင်း၊ ကိုယ့်ရဲ့အတွင်းထဲကနေ
ခုခံမှုတစ်ခုက အမြဲတမ်းလိုလို ရှိနေ
တတ်တယ်။ အကယ်၍ သင့်မှာ တစ်ခုခုကို စလုပ်ဖြစ်ဖို့ ပြဿနာရှိနေတယ်ဆိုရင် ဟောဒီမှာ- သင်
စမ်းကြည့်နိုင်တဲ့ နည်းလမ်း ၆ ခု ရှိပါတယ်။
သင့်အတွက် အသုံးဝင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
၁။ သင် အမှန်တကယ်လိုချင်တဲ့ တစ်ခုခုကို ရွေးချယ်ပါ
အလုပ်တစ်ခုကို သင်ဘယ်တော့မှ စ မလုပ်ဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုကတော့ အဲဒီအလုပ်ဟာ
သင့်ရဲ့ နှလုံးသားထဲမှာ အမှန်တကယ် ရှိမနေလို့ပဲဖြစ်ပါတယ်။ သင်ဟာ
ရည်မှန်းချက်တစ်ခုကို
သတ်မှတ်လိုက်တယ်၊ ဒါပေမယ့် အဲဒါဟာ သင် တကယ်လိုချင်တဲ့
ရည်မှန်းချက်မဟုတ်ဘူး။ ဒါဆိုရင်
အဲဒီရည်မှန်းချက်ကို သင်မအောင်မြင်နိုင်ပါဘူး။ ဒါမှမဟုတ် စ
လုပ်ဖြစ်မှာတောင် မဟုတ်ပါဘူး။
သင့်ရဲ့ ရည်မှန်းချက်ဟာ သင့်ပတ်ဝန်းကျင်ကလူတွေ သတ်မှတ်ပေးတဲ့
ရည်မှန်းချက်တစ်ခု ဖြစ်နေ
တယ်ဆိုရင် ( သင့်ရဲ့ မိဘတွေ၊ ဆရာတွေ၊ အလုပ်ရှင်တွေ၊ ဒါမှမဟုတ် မိတ်ဆွေတွေကသင့်အတွက်
သတ်မှတ်ပေးတဲ့ ရည်မှန်းချက်တစ်ခုဖြစ်နေတယ်ဆိုရင်) အဲဒီရည်မှန်းချက်ကို
စွန့်လွှတ်လိုက်ပါ
တော့။ ပြီးရင် သင် အမှန်တကယ် အောင်မြင်ချင်တဲ့ ရည်မှန်းချက်တချို့ကို
သတ်မှတ်လိုက်ပါ။
ဒါမှမဟုတ် သင့်ရည်မှန်းချက်ကို သင်လိုချင်ရခြင်းရဲ့အကြောင်းရင်းတွေ၊
စိတ်ဓာတ်ခွန်အားတွေကို
တခြားလူတွေထံက ရအောင် မကြိုးစားပဲ သင့်ကိုယ်သင်ထံကပဲ ရရှိအောင် ကြိုးစားပါ။ အဲဒါကို
စလုပ်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီး ရလာတာကို သင် ခံစားရပါလိမ့်မယ်။
၂။ စူးစမ်းပါ၊ အစီအစဉ်တွေ ရေးဆွဲပါ
တစ်ခုခုကို စမလုပ်ခင် ကျနော်တို့ ခေါင်းထဲမှာ ရှိနေတတ်တာက အရှုံးတွေနဲ့
ပြဿနာတွေပါပဲ။
ဒါတွေဟာ သင် တချိန်က အခြားလူတစ်ယောက်ဆီက ကြားခဲ့ဖူးတဲ့ အထင်အမြင်တွေအပေါ်မှာ
အခြေခံပါတယ်။ အဲဒီအစား- သင်ကိုယ်တိုင် စူးစမ်းကြည့်ပါ။ စာအုပ်တွေဖတ်ပါ၊
အင်တာနက်မှာ
ရှာပါ၊ ပြီးတော့ သင်သွားချင်တဲ့နေရာကို ရောက်သွားခဲ့တဲ့ လူတွေထံမှာ မေးမြန်းပါ။
စူးစမ်းမှုနည်းနည်းလောက်လုပ်လိုက်မယ်ဆိုရင်ပဲ သင့်ရဲ့ စိတ်အတွင်းက
ခုခံမှုတွေ၊ စိုးရိမ်စိတ်တွေ
လျှော့ချနိုင်ပါလိမ့်မယ်။ ပြီးတော့ စ လုပ်ဖို့အတွက် အပေါင်းလက္ခဏာ
အကျိုးသက်ရောက်မှုတွေ
ကိုလည်း သင်တွေ့ရပါလိမ့်မယ်။
သင့်ရည်မှန်းချက်၊ ပြီးတော့ အဲဒီကို ရောက်အောင်သွားရမယ့် လမ်းကြောင်း၊
အဲဒါတွေနဲ့ ပတ်သက်
လို့ စူးစမ်းမှုတစ်ချို့ ပြုလုပ်ပြီးပြီဆိုရင်တော့ အစီအစဉ်တစ်ခုကို
ဖန်တီးပါ။ အဲဒီလို အစီအစဉ်တစ်ခု
ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ စိုးရိမ်မှုတွေ၊ အဲဒါကို စမလုပ်ဖြစ်အောင်
ဖန်တီးနေတဲ့ ကြောက်ရွံ့မှု
တွေကို လျှော့ချနိုင်ပါလိမ့်မယ်။ သင် ဘာလုပ်နိုင်တယ်ဆိုတာရယ်၊
ဘယ်လိုလုပ်မယ်ဆိုတာရယ်ကို
ရှင်းရှင်းလင်းလင်း သိပြီဆိုရင်တော့ သင့်ရဲ့ အနှုတ်လက္ခဏာ အတွေးတွေဟာ အင်အားနည်းသွား
ပါလိမ့်မယ်။
၃။ အဆိုးဆုံး ဘာဖြစ်နိုင်မလဲ- လို့ သင့်ကိုယ်သင် မေးပါ
စူးစမ်းမှုတချို့ အစီအစဉ်တချို့ လုပ်ပြီးရင်ဆိုရင် သင့်ရဲ့
ကြောက်ရွံ့မှုတွေ၊ စိုးရိမ်စိတ်တွေကိုတော့
အနည်းငယ်လျှော့ချပြီးသား ဖြစ်သွားပါလိမ့်မယ်။ အဲဒါကို စ
မလုပ်နိုင်သေးဘူးလို့ သင် ခံစားနေ
ရသေးတယ်ဆိုရင်တော့ သင့်ကိုယ်သင် မေးကြည့်ပါ၊ အဆိုးဆုံး ဘာဖြစ်နိုင်မလဲ- လို့။
တစ်ခုခုကို စမလုပ်ခင်မှာ- ဘာဖြစ်နိုင်မလဲလို့ တွေးပြီး ကြောက်ရွံ့စိတ်တွေ
ပေါ်လာပါတယ်။
ဒါပေမယ့် အမှန်တကယ် အဆိုးဆုံးက ဘာဖြစ်နိုင်မလဲဆိုတာကို
သေချာသိပြီးပြီဆိုရင်တော့ အဲဒါ
ဟာ သင်ထင်သလောက် ကြောက်စရာမကောင်းတော့ပါဘူး။
အဆိုးဆုံး ဘာဖြစ်နိုင်မလဲလို့ တွေးပါ၊ လဲကျခဲ့ရင် ပြန်ထနိုင်ဖို့
အစီအစဉ်တချို့ကိုလည်း ရေးဆွဲပါ။
သင်ရဲ့ ကြောက်ရွံ့မှုတွေဟာ ဘာပဲဖြစ်ဖြစ်၊ သင်စ လုပ်နိုင်ပါတယ်။
၎။ လွယ်ကူအောင် လုပ်ပါ
သင်ဟာ အကြောင်းအရာတွေကို ရှုပ်ထွေးအောင် လုပ်ဖို့ မလိုပါဘူး။
အဲဒီလိုလုပ်မယ်ဆိုရင် သင်
မစခင်ကတည်းက အရှုံးပေးမိပါလိမ့်မယ်။
လွယ်ကူအောင်ပြုလုပ်ခြင်းကသာ သင့်ကို တစ်ခုခုစလုပ်ဖြစ်ဖို့
လွယ်ကူအောင် ပြုလုပ်ပေးပါလိမ် မယ်။
အေးရိုးဗစ်လုပ်ဖို့ မိုင်၂၀လောက်မှာရှိတဲ့ အားကစားကွင်းကို သွားမယ့်အစား
အိမ်မှာပဲ လေ့ကျင့်ပါ။
ပြီးတော့ တီဗီကြည့်တဲ့အချိန်၊ ဗီဒီယိုဂိမ်းကစားတဲ့အချိန်၊ ဒါမှမဟုတ်
တခြားစာတွေ ဖတ်မယ့်အချိန်
မှာ အလုပ်လုပ်ပါ။
၅။ တခြားလူတွေဆီက အားပေးမှုတွေ၊ အကူအညီတွေကို ယူပါ
သင်ဟာ စိတ်ဓာတ်ခွန်အားကို တခြားလူတွေထံကလည်း ရနိုင်ပါတယ်။ သင့်အတွက် စိတ်ဓာတ်
ခွန်အားဖြစ်စေမယ့် Blog တွေကို ဖတ်ပါ။ ပြီးတော့ အဲဒီ Community မှာ ပါဝင်ပါ။
ဒါမှမဟုတ်ရင်လည်း သင့်ရဲ့ ကိုယ်ပိုင် Blog တစ်ခုကို စရေးပါ။ ဒါမှမဟုတ်
အထောက်အကူဖြစ်မယ်
အကူအညီရမယ်လို့ သင်ထင်တဲ့ Forum တစ်ခုနှစ်ခုမှာ ပါဝင်ပါ။
၆။ ချက်ချင်း လုပ်ပါ
သင်ဟာ တစ်နေ့ပြီးတစ်နေ့ ထိုင်ပြီးအချိန်ဆွဲနေတယ်ဆိုရင်၊
အတွေးလွန်နေတာတွေကို ရပ်လိုက်
ပါ။ သင့်ရဲ့ ဦးနှောက်တံခါးကို ခဏပိတ်လိုက်ပါ။ အတွေးတွေလွန်နေရင်
တစ်ခုခုကို စ မလုပ်ဖြစ်နိုင်
ပါဘူး။ သင်ဟာ ဘယ်နေရမှာ ရှိနေသင့်သလဲ၊ တယ်လီဖုန်းရှေ့မှာလား၊ ကွန်ပျူတာရှေ့မှာလား၊
ဒါမှမဟုတ် စာကြည့်စားပွဲရှေ့မှာလား၊ သင်ရှိနေရမယ့် နေရာကို သွားပါ။
ပြီးတော့ ချက်ချင်း စလုပ်
ပါ။ ကျနော်တို့ရဲ့ အတွေးတွေ၊ ခံစားမှုတွေက ကျနော်တို့ကို ဆက်တိုက်
နောက်ပြန်ဆွဲနေတယ်
ဆိုရင်တော့၊ ကျနော်ထင်တယ်၊ သင် အဲဒီအတွေးတွေကို တခါတလေမှာ နားထောင်ဖို့ လိုအပ်ပါ
လိမ့်မယ်။ ပြီးတော့ လုပ်စရာရှိတာကို ဆက်လုပ်ပါ။
ရေရှည်ခံတဲ့အကျင့်တစ်ခုကို လုပ်ဖို့ဆိုတာ ပြောရတာတော့ လွယ်ပါတယ်။ တကယ်လုပ်ဖို့တော့
နည်းနည်း ပိုခက်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်စရာတော့ မရှိပါဘူး။
အတွေးတွေကလည်း အရေးပါပါ
တယ်၊ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ သင်ဘယ်လောက်ပဲ တွေးတွေး၊ တကယ်လုပ်ဖြစ်ဖို့တော့ လိုတာ
ပါပဲ။ ချက်ချင်းလုပ်တတ်တဲ့အကျင့်တစ်ခု ရှိပြီဆိုရင် အလုပ်တွေကို စ
လုပ်ဖို့အတွက် လွယ်ကူ
သွားပါလိမ့်မယ်။ အချိန်တွေအများကြီး ဖြုန်းတီးမိတာတွေလည်း ရပ်သွားပါလိမ့်မယ်။
--
You received this message because you are subscribed to the Google Groups "Haltu Community Group" group.
To post to this group, send an email to hal...@googlegroups.com.
To unsubscribe from this group, send email to haltuca+u...@googlegroups.com.
For more options, visit this group at http://groups.google.com/group/haltuca?hl=en-GB.