Fwd: ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
7 views
Skip to first unread message
Zampa
unread,
May 22, 2011, 2:52:54 AM5/22/11
to berna dine, mdy...@googlegroups.com, morris LN, msmon.85, 2ma, sengaunglin, haltuca
---------- Forwarded message ----------
From: မောင်ကျင်း <tomgth...@gmail.com>
Date: 2011/5/20
Subject: ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
To:
မင်းခိုက်စိုးစန်
တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖို တစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင်  ဟိုအိမ် ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။
တစ်နေ့လည်းမဟုတ်၊ နှစ်နေ့လည်းမဟုတ်၊ နေ့တိုင်းနေ့တိုင်း၊ မနက်စာတောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ ဆိုတော့ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ။ တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့” လူတွေကပြောကြတဲ့အခါ
သိပ္ပံပညာရှင်တွေက “ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ..ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့
ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ…
“ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့။ ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။
မီးဖိုကြီးမပြီးခင်မှာပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ်။
အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ၊ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့.. တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က-
အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး……..
“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။
ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ..
သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ.. သူတို့ လက်စွမ်းကို ပြချင် လာလေလေပေါ့။
ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါအပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။
တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။
နောက်ဆုံးတော့.. မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။
ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး… တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့။
ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ။
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….” လို့။
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
-
ကျွန်တော်လည်း စဉ်းစားမိတယ်။
အချစ်ကို လိုချင်ပါတယ်- ဆိုပြီးချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား။
ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား။
အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး – အောင်မြင်မှုနောက်ကိုလျှောက်လှမ်းခဲ့ပါသလား။
အောင်မြင်မှုအတွက် လို့  ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား။
ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။
ကျေးဇူးပါပဲ စကားကိုတည်လဲသုံးပြီး တစ်ရစ်ပြီးတစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား။
တည်ဆောက်ရင်း .  .တည်ဆောက်ရင်း . ဘေးနားက မြှောက်ပြောတဲ့အခါ ၊ ခြောက်ပြောတဲ့အခါ – အပိုစာသားတွေ ထပ်ကာထပ်ကာထည့်ရင်း
ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။
ဒါမှမဟုတ်ခဲ့ရင်
ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်။
Copy link:>> http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3500247&xgs=1&xg_source=msg_share_post
--
Ye' Kyaw Naing
Mandalay
Reply all
Reply to author
Forward
0 new messages