Fwd: Contest on Technopreneurship 2013 Final Judging & Awarding Ceremony

0 views
Skip to first unread message

MCPA Myanmar

unread,
May 20, 2013, 12:23:06 AM5/20/13
to
Dear All.,

Contest on Technopreneurship 2013

Final Judging & Awarding Ceremony

18-5-2013

ကိုးရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် ကိုးရီးယား လေကြောင်းအာကာသတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်နေသော Myanmar-Korea IT Center မှ ထူးခြားဆန်းသစ်ပြီး ထက်မြက်ရှင်သန်စွာ လုပ်ကိုင်လိုသော အတွေးအခေါ်ရှိသူများအား မြေထောင်မြှောက်ပေးရန်၊ တွေးခေါ်မျှော်မြင်မှု၊ နည်းပညာနှင့် စီမံခန့်ခွဲရေးတို့တွင် ထူးခြားထက်မြက်သော လူငယ်များ၏ စွမ်းရည်များအား ဖော်ထုတ်ပေးရန်နှင့် ပံ့ပိုးပေးရန်တို့ကို ရည်ရွယ်၍ Contest on Technopreneurship 2013 ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား (၉) ခုခွဲ၍ ၂၀၁၃ ခုနှစ်၊ မတ်လ (၁၃) ရက်မှ စတင်ကြေငြာဖိတ်ခေါ်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၇) ဦးမှ ယှဉ်ပြိုင်ခဲ့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ရာ (၆) ဦးကို ဇကာတင် ရွေးချယ်ခဲ့ပါသည်။ အဆိုပါ (၆) ဦးက ၂၆-၅-၂၀၁၃ နေ့ နံနက်ပိုင်းတွင် Final Presentation ပြုလုပ်ပြီး အကဲဖြတ်အဖွဲ့ဝင် (၁၂) ဦးတို့မှ အကောင်းဆုံး Presentation ပြုလုပ်နိုင်သူ (၃) ဦးကို Final ရွေးချယ်သွားမည်ဖြစ်ပြီး ဆုရရှိသူ (၃) ဦးအတွက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေ့လယ် ၁း၀၀ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။

ရွေးချယ်ခံရသူ (၃) ဦးသည် ကုမ္ပဏီထူထောင်နိုင်ရန်အတွက် အချိန်ပြည့်ဝန်ထမ်း Engineer (၃) ဦးအတွက် (၆) လစာထောက်ပံ့ငွေ၊ ရွေးချယ်ခံရပြီး နှစ်လအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ကုမ္ပဏီ မှတ်ပုံတင်နိုင်ရန် ကုမ္ပဏီမှတ်ပုံတင်သည့်အခါ လိုအပ်သည့် Advisory agent fee (ကျပ် ငါးသိန်း) နှင့် ကုမ္ပဏီ မှတ်ပုံတင်ကြေး (ကျပ် တစ်ဆယ့်ငါးသိန်း)  ထောက်ပံ့ငွေတို့ကို ရရှိမည်ဖြစ်ပြီး အလုပ်နေရာနှင့် ကွန်ပျူတာများကို ခွဲဝေ သုံးစွဲနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်များ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲ (Final Presentation) နှင့် ဆုပေးပွဲအခမ်းအနားကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်ပေးပါရန် ဖိတ်ကြားထားပါသည်။

အခမ်းအနားအစီအစဉ်

နေ့ရက်၊                          ၂၆-၅-၂၀၁၃ (တနင်္ဂနွေနေ့)

နေရာ၊                            Conference Hall, MICT Park

Final Judging                  နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ

Awarding Ceremony       နေ့လယ် ၁း၀၀ နာရီ



လေးစားစွာဖြင့်

MCPA Office.

 











Contest on Technoprenneurship - News.pdf
Reply all
Reply to author
Forward
0 new messages