ဝန်ထမ်းအလိုရှိသည် (Update)

1 view
Skip to first unread message

MCPA Myanmar

unread,
Sep 29, 2013, 11:08:21 PM9/29/13
to mcpam...@googlegroups.com


Dear Member.,

Job Vacancy

“e Yangon Team”



1. Project manager / team leader (1)

စီမံကိန်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်သည့် အချိန်ကာလအတွင်း
ရည်မှန်းချက်များ အတိုင်း ပြည့်မီအောင် စီမံကိန်းတာဝန်ခံအဖြစ်
ဆောင်ရွက်ရမည်။ ဌာနဆိုင်ရာများ၊ အဖွဲ့ဝင်များနှင့် ပြင်ပ ကူညီပံ့ပိုးသည့်
အဖွဲ့အစည်းများ အကြား ညှိနှိုင်းဆောင်ရွက်ရမည်။ Web site project manager
လုပ်ပေးသူများ ဦးစားပေးမည်။ ဦးဆောင်မှု အရည်အချင်း ရှိရမည်။



2. Myanmar editor (2)

မြန်မာဘာသာဖြင့် စာတည်းနိုင်သူ၊ ကျွမ်းကျင်စွာ စာရေးသားနိုင်သူ ဖြစ်ရမည်။
စာရေးသား ပြုစုရေး အဖွဲ့များကို ဦးဆောင်နိုင်ရမည်။



3. Copy writer (4)

မြန်မာဘာသာဖြင့် ကျွမ်းကျင်စွာ ရေးနိုင်သူ ဖြစ်ရမည်။ သက်ဆိုင်ရာမှ
ရရှိသည့် အချက်အလက်များကို အွန်လိုင်းပေါ်သို့ တင်ရာတွင် မြန်မာဘာသာဖြင့်
ခေါင်းစဉ်များ၊ စာညွှန်းများ ရေးပေးနိုင်ရမည်။



4. English editor / translator (2)

အင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျင်စွာ ရေးနိုင်သူ၊ မြန်မာမှ အင်္ဂလိပ်သို့
ဘာသာပြန်နိုင်သူ၊ စာတည်းနိုင်သူ ဖြစ်ရမည်။ သက်ဆိုင်ရာမှ ရရှိသည့်
အချက်အလက်များကို အွန်လိုင်းပေါ်သို့ တင်ရာတွင် အင်္ဂလိပ်ဘာသာဖြင့်
ခေါင်းစဉ်များ၊ စာညွှန်းများ ရေးပေးနိုင်ရမည်။



5. Data collector / coordinator (4)

သက်ဆိုင်ရာမှ ရရှိသည့် အချက်အလက်များကို စုစည်းပေးနိုင်ရမည်။
ပုံစံမျိုးစုံဖြင့် ရရှိလာသော အချက်အလက်များကို စနစ်တကျ စီစဉ်ပေးရမည်။
သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ရမည်။
ပြင်ပဆက်ဆံရေး ကောင်းမွန်ရမည်။



6. Graphic designer (1)

ဝက်ဘ်ဆိုက်ပေါ်သို့ တင်မည့် ဓါတ်ပုံများကို တည်းဖြတ် ပြင်ဆင်ခြင်း၊
အကြောင်းအရာများ အတွက် သရုပ်ပြပုံဖော်နိုင်စွမ်း အခြေခံရှိရမည်။
Photoshop နှင့် Illustrator ကျွမ်းကျင်စွာသုံးတတ်ရမည်။



7. Data entry (computer operator) (4)

ကွန်ပျူတာ စာစီစာရိုက် ကျွမ်းကျင်သူ၊ မြန်မာစာကို ယူနီကုဒ် သို့မဟုတ်
ဇော်ဂျီ လက်ကွက်များဖြင့် ရိုက်တတ်ရမည်။



အထက်ပါ ရာထူးများအားလုံးအတွက် အချိန်ပြည့် တာဝန်ထမ်းနိုင်သူများ
လိုအပ်သည်။ လူငယ်၊ ပညာတတ်၊ အင်တာနက် ကျွမ်းကျင်သူများကို ဦးစားပေးမည်။
ပြုပြင်ပြောင်းလဲမှုနှင့် တီထွင်ကြံဆမှုများနှင့် အညီ လိုက်လျောညီထွေစွာ
ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။



 လျှောက်ထားသူသည် အကျင့်စာရိတ္တကောင်းမွန်ပြီး အချိန်ပြည့်နှင့်
လုပ်ငန်းလိုအပ်ချက်အရ အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

စိတ်ပါဝင်စားသူများအနေဖြင့် ပတ်စပို့အရွယ် ဓါတ်ပုံ နှစ်ပုံ၊
ကိုယ်ရေးရာဇဝင်အကျဉ်း၊ ဘွဲ့လက်မှတ် အထောက်အထား၊ ရဲစခန်းထောက်ခံစာနှင့်
အတူ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄) ၊
MICT Park၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း
- ၀၁၆၅၂၂၇၆၊ ၀၉ ၇၃၀ ၈၈ ၃၀၀/ eYang...@gmail.com,
yrcpa...@gmail.com, သို့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၄) ရက်နေ့
နောက်ဆုံး ထား၍ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သည်။

Job Vacancy.pdf
Reply all
Reply to author
Forward
0 new messages