ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း “CCNA Hands-on Experiments Training” ဖွင့်လှစ်မည်

2 views
Skip to first unread message

MCPA Myanmar

unread,
Aug 8, 2012, 2:16:30 AM8/8/12
to

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

“CCNA Hands-on Experiments Training”

ဖွင့်လှစ်မည်

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း(Yangon RCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာများ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် “CCNA Hands-on Experiments Training” အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁)၊ Lab လက်တွေ့သင်ကြားမှုခန်းတွင် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဖြစ်သော ဦးအောင်ဇော်မြင့် မှ သြဂုတ်လ (၂၅) ရက် မှ စက်တင်ဘာ (၁၆) ရက်နေ့အထိ စနေ၊ တနင်္ဂနွေ နေ့လယ် (၁းဝဝ) နာရီ မှ ညနေ (၅းဝဝ) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀,ဝဝဝိ/- (တစ်သိန်း နှစ်သောင်းကျပ် တိတိ) ဖြစ်ပါသည်။

အဆိုပါ သင်တန်းတက်ရောက်ခြင်းအတွက် အားသာချက်များမှာ - သင်တန်းချိန်အတွင်း နိုင်ငံတကာ အသိအမှတ်ပြု Networking Skill Level တစ်ခုကို စက်ပစ္စည်းအစုံအလင်ဖြင့် လက်တွေ့ထိထိရောက်ရောက် လေ့လာခွင့်ရရှိခြင်း၊ သင်တန်း ပြီးဆုံးသည် နှင့် တစ်ပြိုင်နက် လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ခြင်း၊ သင်တန်းကြေးအလွန်သက်သာခြင်း၊ CCNA စာမေးပွဲအတွက် လိုအပ်သော လက်တွေ့သင်ခန်းစာများ အစုံအလင်လေ့လာခွင့်ရရှိခြင်း၊ Course Ware နှင့် Tools များ ရရှိနိုင်ခြင်းတို့ ဖြစ်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ သြဂုတ်လ (၂၂) ရက်နေ့  နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင် ပါသည်။

 

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

 

CCNA Hands-on Experiments Training News August 25 to September 26.pdf
Reply all
Reply to author
Forward
0 new messages