ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
“Experience Sharing of IT Scholar”
IT ပညာတော်သင်တစ်ဦး၏ အတွေ့အကြုံရှင်းလင်းပွဲ
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှုး၍ International University of Japan ၌ Assistant Professor & E-LAB Coordinator အဖြစ် လုပ်ကိုင်နေသော ဦးဇော်ဇော်အောင် (Doctor of Engineering in Information Science, Nagaoka University of Technology, Japan) မှ IT ပညာတော်သင်ဘဝ အတွေ့အကြုံများကို မျှဝေခြင်း နှင့် ပတ်သက်၍ “Experience Sharing of IT Scholar” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက် ဗုဒ္ဓဟူးနေ့ နံနက် (၁၀း၀၀ - ၁၂း၀၀) နာရီတွင် MICT Park, ပင်မဆောင်၊ အခန်း (၂၀၅) တွင် ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
ဟောပြောပွဲ၌ ဦးဇော်ဇော်အောင်မှ ပညာတော်သင်ဘဝ အတွေ့အကြုံများမျှဝေခြင်း နှင့် တက္ကသိုလ်များ နှင့် ကုမ္ပဏီများ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နှီးနှောဖလှယ်ခြင်းနှင့် ပတ်သက်ပြီး Pannel Discussion ပုံစံမျိုးဖြင့် ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Computer လုပ်ငန်းရှင်များ၊ Computer ပညာလေ့လာသူ လူငယ်များ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park ၊ ဖုန်း-၆၅၂၂၇၆ ၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း