Mobile Developer Day Myanmar
နည်းပညာ ဟောပြောပွဲ ကျင်းပမည်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းမှ ကြီးမှူး၍ နိုဝင်ဘာလ ၁၇ ရက် (စနေနေ့) ၊ မွန်းလွဲ (၂) နာရီ မှ (၅) နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICTD၊ Conference Hall တွင် မလေးရှားနိုင်ငံရှိ iTrain Training Center မှ အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ Mr.Bikesk Lakmichand မှ Mobile Software Developing (iOS, Android, Windows Phone) နည်းပညာများအား Mobile Developer Day Myanmar ခေါင်းစဉ်ဖြင့် ဟောပြောသွားမည် ဖြစ်ပါသည်။
Mr.Bikesk Lakmichand သည် မြန်မာနိုင်ငံမှ ကွန်ပျူတာပညာရှင်များအနေဖြင့် Mobile Application နယ်ပယ်၌ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ Mobile Application များ၏ လက်ရှိဈေးကွက်အခြေအနေ၊ Mobile နည်းပညာများ၏ လက်ရှိဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေနှင့် လက်ရှိအသုံးပြုလျက်ရှိသော Mobile Developing (iOS,(iOS6), Android (Jelly Beam), Windows Phone, HTML5) နည်းပညာများအကြောင်းအား အကျယ်တဝင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသည်။
အဆိုပါဟောပြောပွဲကို လက်ရှိ Software Developer, Web Developer အဖြစ် အလုပ်လုပ်နေသူများ၊ ကွန်ပျူတာ နည်းပညာကို လေ့လာနေသော ကျောင်းသားကျောင်းသူများ နှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICTDC ၊ ဖုန်း- ၀၁ ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း