ဖိတ်ကြားအပ်ပါသည်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) ၏ နှစ်ပတ်လည်အထိမ်းအမှတ် အသင်းသားစုံညီ တွေ့ဆုံ ဆွေးနွေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်၊ ၈ - ၉ - ၂ဝ၁၂ (စနေနေ့)
အချိန်၊ နေ့လယ် (၂းဝဝ - ၅းဝဝ) နာရီ
နေရာ၊ Conference Hall
MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ အားလုံးတက်ရောက်နိုင်ပါသည်။ ထို့ပြင်အသင်းသားများမှ မေးမြန်းလိုသည်များ၊ အကြံပြုဆွေးနွေးလိုသည်များရှိပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) သို့ စာဖြင့်သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း စက်တင်ဘာလ ၄ ရက်နေ့ ညနေ (၅းဝဝ) နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ အခမ်းအနားနှင့် ပူးတွဲ၍ “Situation Analysis and Future Trends for IT Professionals” ခေါင်းစဉ်ဖြင့် ဟောပြောပွဲများလည်း ပြုလုပ်ရန် စီစဉ်ထားရှိပါသည်။
အသင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို www.mcpamyanmar.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း(၄)၊ MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ အီးမေးလ် (off...@mcpamyanmar.org)၊ ဖုန်း (၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀ ၈၈၃၀၀) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း