MCPA Member Fun Fair ကျင်းပမည်

1 view
Skip to first unread message

MCPA Myanmar

unread,
Mar 6, 2013, 12:05:27 AM3/6/13
to mcpam...@googlegroups.com


MCPA Member Fun Fair ကျင်းပမည်

 

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ အသင်းနှစ်ပတ်လည် အထိမ်းအမှတ် နှင့် အသင်းသားများ စုံညီပျော်ပွဲရွှင်ပွဲ အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ မတ်လ (၃၁) ရက် တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ စ၍ MICT Park, ပင်မဆောင်၊ Conference Hall နှင့် မြက်ခင်းပြင်တွင် ပျော်ရွှင်စရာ ဂိမ်းကစားနည်းများ၊ အသင်းမှ အလုပ်အမှုဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ခြင်း၊ အသင်းသားများအတွက် စိတ်ဝင်စားစရာကောင်းသည့် Lucky Draw များ နှင့် အခြား အစီအစဉ်ပေါင်း များစွာအား ထည့်သွင်းစီစဉ်ထားပါသည်။

အသင်းသားများ စုံစုံညီညီတွေ့ဆုံပြီး ခင်မင်ရင်းနှီးမှု ပိုမိုရရှိရန်၊ ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံနိုင်ရန်၊ တွေ့ဆုံရင်းနှီးပြီး အဆက်အသွယ်များရရှိစေရန် နှင့် နောင်တွင် ရိုင်းပင်းကူညီမှုများပိုမိုရရှိလာနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပရခြင်းဖြစ်ပါသည်။ ထို့အပြင် အသင်းသားစုံညီ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ရေးအတွက် စိတ်ပါဝင်စားသော၊ ကူညီပေးနိုင်သော အသင်းသားများအနေဖြင့် အဆောင် (၄)၊ အခန်း (၄)၊ MICT Park, ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀၊ အီးမေးလ်- off...@mcpamyanmar.org, yrcpa...@gmail.com (သို့) လူကိုယ်တိုင် လာရောက်၍ ဆက်သွယ် နိုင်ပါသည်။

               




News.pdf
Reply all
Reply to author
Forward
0 new messages