ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း
ဟောပြောပွဲကျင်းပမည်
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှုး၍ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက် (စနေနေ့) နေ့လယ် (၂း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICTDC၊ Room (205) တွင် Singapore နိုင်ငံရှိ CARL East, The Library Corporation (TLC) မှ Senior Applications Specialist တစ်ဦးဖြစ်သူ ကိုဖြိုးဝေစိုး မှ “Library Management System (စာကြည့်တိုက် စီမံခန့်ခွဲမှုစနစ်)” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးမည် ဖြစ်ပါသည်။
ကိုဖြိုးဝေစိုးသည် စာကြည့်တိုက်တစ်ခု၏အဓိကကျသောလုပ်ငန်းများဖြစ်သည့် Cataloging (ခေါင်းစဉ်များပြုစုခြင်း)၊ OPAC (အများပြည်သူဖတ်ရှုလိုသောစာအုပ်များရှာဖွေခြင်း)၊Acquisitions (စာအုပ်များဝယ်ယူဖြည့်တင်းခြင်း)၊ Serials (မဂ္ဂဇင်း၊ ဂျာနယ်များဝယ်ယူဖြည့်တင်းခြင်း)၊ Circulation (စာအုပ်များငှားရမ်းခြင်း) စသည်တို့ကို ကွန်ပျူတာ အသုံးပြု အလိုလျောက် စီမံ ခန့်ခွဲမှုစနစ်သို့ ပြောင်းလဲခြင်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ ဟောပြောပွဲကို အစိုးရဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းများမှ Librarian၊ Library Officer များ၊ ကွန်ပျူတာနယ်ပယ်မှ Software Engineer၊ Developer များအပြင် စိတ်ပါဝင်စားသူမည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park၊ လှိုင်မြို့နယ်၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း