အကြောင်းအရာ။ DevCon Yangon -2014 အတွက် Volunteer များဖိတ်ခေါ်ခြင်း။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် Developer Conference 2014 – Yangon ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၅-၁၆) ရက်တွင် လိှုင်မြို့နယ်၊ MICT Park ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပွဲအခမ်းအနားအတွက် လိုအပ်သည်များအား ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရန် Volunteer များလိုအပ်လျက်ရှိရာ MCPA အသင်းဝင်သော်လည်းကောင်း၊ အသင်းဝင်မဟုတ်သည့် မိတ်ဆွေသူငယ်ချင်းများမှသော်လည်းကောင်း ပါဝင်ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်လျက်ရှိပါသည်။
စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း ၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀ ၈၈၃၀၀၊ အီးမေးလ် - off...@mcpamyanmar.org သို့ (၁၀-၁၁-၂၀၁၄) နေ့ ညနေ (၄း၀၀) နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးစေလိုပါသည်။
လေးစားစွာဖြင့်
DevCon ဖြစ်မြောက်ရေးကော်မတီ