ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (၂၀၁၄ - ၂၀၁၆) ခုနှစ် အလုပ်အမှုဆောင်အသစ်များ ဖိတ်ခေါ်ခြင်း

0 views
Skip to first unread message

MCPA Myanmar

unread,
Dec 24, 2013, 4:48:58 AM12/24/13
to

သို့

            MCPA အသင်းဝင်များ

အကြောင်းအရာ။   အလုပ်အမှုဆောင်အသစ်များဖိတ်ခေါ်ခြင်းကိစ္စ။

၁။         ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၏ (၂၀၁၄ - ၂၀၁၆) ခုနှစ် အတွက် အလုပ်အမှုဆောင် အသစ်များ ရွေးကောက်တင်မြှောက်ပွဲကို (၁၈-၁-၂၀၁၄) စနေနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျှက် ရှိပါသည်။

၂။         အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရန် လိုအပ်ချက်များမှာ-

(က)   ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သည့် အသင်းသားများအနက်မှ ကွန်ပျူတာပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလျက် လုပ်ငန်းအတွေ့အကြုံ (၃) နှစ်နှင့် အသင်းသား သက်တမ်း (၁၁) လ ကျော်ပြီး Associate/ Professional အဆင့်ရှိသူများ ဖြစ်ရမည်။

(ခ)     ၂၀၁၃ ခုနှစ် အထိ အသင်းဝင်ကြေး ပေးသွင်းပြီးသူဖြစ်ရမည်။

(ဂ)     အသင်း၏ လုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဃ) အသင်း၏ အလုပ်အမှုဆောင်အဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရမည်။

(င)     ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂) ပုံ

(စ)     မှန်ကန်ပြည့်စွာ ဖြည့်စွက်ထားပြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဆန္ဒပြုလွှာ တို့ဖြစ်သည်။

၂။         သို့ဖြစ်ပါ၍ အလုပ်အမှုဆောင်အဖြစ် ပါဝင်ရန် စိတ်ဝင်စားသူများသည် (၃၁-၁၂-၂၀၁၃) အင်္ဂါနေ့ နေ့လယ် (၃း၀၀) နာရီ နောက်ဆုံးထား၍ အဆောင်(၄)၊ အခန်း(၄)၊ MICT Park၊ လှိုင်တက္ကသိုလ်နယ်မြေသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီးမေးလ် - yrcpa...@gmail.com သို့လည်းကောင်း ပေးပို့ လျှောက်ထားနိုင်ပါသည်။

(မှတ်ချက်။    အလုပ်အမှုဆောင်အဆိုပြုလွှာအား ပူးတွဲပေးပို့အပ်ပါသည်။)


With Best Regards,

Yangon RCPA Office

EC Invitation Letter.pdf
Form 2 - EC Application Form.pdf
Reply all
Reply to author
Forward
0 new messages