ICT-Laboratory “PHP Framework Lab (Code Igniter Fuel PHP, Laravel)” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည်

3 views
Skip to first unread message

MCPA Myanmar

unread,
Sep 21, 2012, 1:33:19 AM9/21/12
to
Dear Member.,


ICT-Laboratory

“PHP Framework Lab (Code Igniter Fuel PHP, Laravel)” ခေါင်းစဉ်ဖြင့်

လက်တွေ့စမ်းသပ်ပြုလုပ်မည်

 

                 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းသည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင် မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ဦးစိုးသီဟနောင်(Myanmar Tutorials) နှင့် ဦးဥာဏ်လင်းထွဋ် တို့မှ  စက်တင်ဘာလ (၃၀) ရက်တွင် နံနက် (၉း၀၀ မှ ၁၂း၀၀) အထိ “PHP Framework Lab (Code Igniter Fuel PHP, Laravel)” ခေါင်းစဉ်ဖြင့် လက်တွေ့သရုပ်ပြ သွားမည်ဖြစ်သည်။ Framework များ၏ တူညီချက်၊ အားသာချက်၊ အားနည်းချက်၊ Concept စသည်တို့ကို နှိုင်းယှဉ်၍ လက်တွေ့စမ်းသပ် ပြုလုပ်မည် ဖြစ်ပါသည်။

            မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး စက်တင်ဘာလ (၂၉) ရက် ညနေ (၃း၀၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့စမ်းသပ်သူ (၂၄) ဦး လက်ခံမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက MICT Park ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။

 

 

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း

 

 

 

 

 

 


PHP Framework Lab _Code Igniter Fuel PHP, Laravel_ News.pdf
Reply all
Reply to author
Forward
0 new messages