မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီးဆွေးနွေးရန် တရုတ်တောင်းဆို

4 views
Skip to first unread message

Nyi Nyi Aung

unread,
Oct 1, 2011, 9:24:46 PM10/1/11
to IMM Group email
Eleven News:


မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီးဆွေးနွေးရန် တရုတ်တောင်းဆို PDF Print
SATURDAY, 01 OCTOBER 2011 07:00
AddThis Social Bookmark Button
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံတွင် ဆည်ဆောက်မည့်စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

မြစ်ဆုံတွင် ဆည်ဆောက်မည့်ကိစ္စကို မြန်မာနိုင်ငံတွင် လူထုက ကန့်ကွက်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ကာ ဆည်စီမံကိန်းကို ရပ်နားထားမည်ဟု ကြေညာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ထိုစဉ်က မြန်မာအစိုးရနှင့် စတင်အဆိုပြု ဆွေးနွေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သဘောတူ ကန်ထရိုက်စာချုပ်ကို အေးရှားဝါးလ်ကုမ္ပဏီနှင့် တရုတ်စွမ်းအင်ကုမ္ပဏီ (CPI) တို့က ဆည်ဆောက်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ''တရုတ်ကုမ္ပဏီများ၏ တရားဝင်မှု အခွင့်အရေးကို နိုင်ငံများက အာမခံသင့်ကြောင်း၊မြစ်ဆုံဆည်သည် တရုတ်နှင့်မြန်မာအကြား ပူးတွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်း၊နှစ်ဖက်စလုံးက ဆက် လက်လေ့လာ ဆုံးဖြတ်သင့်ကြောင်း'' ထုတ်ပြန်ခဲ့သည်။

''နှစ်ဖက်စလုံးက ခင်မင်းရင်းနှီးစွာ အကြံပြုပြီးတော့ ဒီလုပ်ငန်းစဉ်နဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို သင့်တော်သလို ဆောင်ရွက်သင့်ပါတယ်'' ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမြောက်ဖျားတွင် တည်ဆောက်ရန်စီစဉ်ခဲ့သည့် ဆည်သည် အိမ်နီးချင်းတရုတ်အတွက် အဓိကပံ့ပိုးပေးရန် ရည်ရွယ်သည့်ကိစ္စဖြစ်ခဲ့ပြီး ထွက်ရှိမည့်စွမ်းအင် ၉၀ ရာခိုင်နှုန်းကိုပံ့ပိုးရမည်ဖြစ်ကာ  စင်ကာပူနိုင်ငံအရွယ်အစားရှိ ရေလွှမ်းဧရိယာ ၇၆၆ စတုရန်းကီလိုမီတာ( ၂၉၆ စတုရန်းမိုင်)မျှ ရှိမည်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသည် တရုတ်မှ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုကြောင့် မဖြစ်မနေ လက်ခံခဲ့ရသော်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာခေါင်းဆောင်များသည် မြန်မာပြည် သူတို့၏ဆန္ဒကို ဦးစားပေးဆောင်ရွက်စရာအဖြစ် မှတ်ယူလာခဲ့ကြသည်။

Ref:Reuters

 

Comments 

 
+5#9 zeroworld 2011-10-01 12:51
ဆွေးနွေးမယ်ဆိုလဲဆွေးနွေးလိုက်တာပေါ့ ဒါပေမဲ့အလျှော့ပေးဖို့တော့မဟုတ်ပါစေနဲ့ စစ်အစိုးရလုပ်ခဲ့သမျ ပြည်သူအားလုံးက တာဝန်ယူဖို့ ဘဲရှိတယ် ဒိလိုမှ မလုပ်ယင် ပိုပြီးဆုံးရှုံးမှာဘဲ
 
 
+8#8 yangon 2011-10-01 12:47
တရုတ်ရဲ့ နိုင်ငံခြားရေးပေါ်လစီကgentleman မဆန်ဘူး။ဂျပန်အပေါ်ဆက်ဆံခဲ့တာကိုရီးယားပေါ်ဆက်ဆံခဲ့တာတွေမှာတဖက်စောင်းနင်းစီးပွားရေးအကြပ်ကိုင်နည်းတွေကိုသုံးခဲ့တယ်။လျော်ကြေးကိစ္စကိုစာချုပ်ကိုင်ပြီးပြောလာနိုင်တယ်။အခုခေတ်မှာတရုတ်နဲ့ ကင်းနိုင်တဲ့အာရှနိုင်ငံမရှိသလောက်ပဲ။တရုတ်ရန်ကိုညီညီညွတ်ညွတ်ကာကွယ်တုန့် ပြန်ဖို့ လို တယ်။နိုင်ငံတကာအကူအညီလိုတယ်။
 
 
+16#7 Zawtika 2011-10-01 12:04
အော်နေ ဟစ်နေတဲ့ ဆရာတို့(ကျုပ် အပါအ၀င်)
ကျုပ်ရဲ့ ရှေ့ Comment မှာတုံးက
“တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ” ဆိုတဲ့ Clause ပါတဲ့အတွက် အလျော်အစားရှိလာမယ်ဆိုတာကို နားလည်နိုင်တယ်။”
လို့ ကျုပ် ရေးခဲ့တယ်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကတော့ ရှင်းတယ်နော်။ လက်တွေ့လည်းကြတယ်။ အလျော်အစား ကိစ္စ ကို စကားစနေပီ။
အစိုးရ က အကြောင်း အမျိုးမျိုးကြောင့် ဧရာဝတီ ကိစ္စ ခဏ ရပ်ပါတယ်လို့ နတ်သံ ပစ်ရုံကလေးနဲ့ လွှတ်တော်တို့၊ တာဝတိံသာတို့ က အသံတောင် အစောင့်နိုင် မဆိုင်းနိုင် မအောင့်နိုင် မအည်းနိုင်ဘဲ ကမ္ဘာ့ စူပါ ပါဝါ မဟာအင်အားကြီးဆိုတဲ့ သိက္ခာ ပုဒ် ကလေးတောင် မငဲ့ နိုင်အောင် တွန့် သွားတာမျက်မြင်ဘဲ။

အစိုးရကို ဘေးထိုင် ဘုပြော မလုပ်ပါနဲ့ ပြောရင် ၀ံသာနု စိတ် တစ်ထောင်းထောင်း နဲ့ ၀ိုင်းပီး သမ ချင်ကြတယ်။
အစိုးရ ကို သောက်မြင်ကပ်တာ အပြစ်မပြောပါဘူး၊ သောက်သုံးမကျတော့ သောက်မြင်ကပ်ကြမှာပေါ့။ နားလည်ပါတယ်။
ဒါပေမဲ့ အဖြေ တစ်ခုခု ထွက်မဲ့ဆီကိုတော့ ဦးတည်သင့်တယ်။ 
ခင်ဗျား တို့ ကျုပ် တို့ တစ်တွေ ဥာဏ် ကလေး တစ်ထွာ တစ်မိုက် နဲ့ ကိုယ့် ဗမာ အချင်းချင်း တော့ ဗျင်း လို့ ရချင် ရမှာပေါ့။
ဒါပေမဲ့ လက်သီးတစ်ပြင်ပြင် အံတကြိတ်ကြိတ် နဲ့ ကျုပ်တို့ ကို ဘေးမှာထိုင်ပီး မျိုဘို့စောင့်နေတဲ့ ကောင်ကို မြင်အောင်ရှုကြ ပါဦး သာကီဝင်အပေါင်း သူတော်ကောင်း သွေးသောက် တို့။
 
 
+21#6 zawzawaung76 2011-10-01 11:19
Dear EMG and all Myanmar citizens,
We have to support to our President and his government.

As part of it we need to refuse to all Chinese products.

Now there is a clash starting between Myanmar and China, since the profit of this project is almost all for China. I’m sure they do not want to stop the project.

So they will not get back easily. Even they have to stop unavoidably, I'm sure that they will make revenges to all of our Myanmar citizens in many other ways.

For our safety, I’m sure that the Chinese imported products, especially food products, will not be safe for us anymore.

For this case, I know it’s very hard to do it but we can do it, our local food products manufacturers need to produce more to recover the market demand and please assure the quality and safety.

The local manufacturers may need some supports from the government.
Also EMG and other media need to make an alert to the people about this case.

I apologies to our President and the government to protect our peoples and the country as much as possible.

We will be with you always and we will never forget and thankful to any effort you make to protect our country and peoples.

DEAR MR PRESIDENT, WE WILL SUPPORT YOU AND BE ALWAYS WITH YOU.
LONG LIFE MR PRESIDENT.

ALL MYANMAR, THIS IS THE TIME TO SHOW OUR UNITY AND DIGNITY.

I would be very appreciate if EMG or any commenter who translate my comment in Myanmar language. I can’t type Myanmar fonts very well.

Best wishes to all.
 
 
+55#5 ကိုဇေ 2011-10-01 09:22
တရုတ်တွေကတော့ တောင်းဆိုလိုက်ပါတယ်ဆိုပြီး ရာဇသံပေးနေပြီ။ သမ္မတကြီးက ပြည်သူ့ ဆန္ဒကိုလိုက်လျောပြီး စွန့်စွန့်စားစားနဲ့ မြစ်ဆုံဆည်ကိစ္စကို ရပ်နားခဲ့တယ်။ တရုတ်လိုနိုင်ငံကြီးနဲ့ အဆင်မပြေဖြစ်ပြီမိုလို့ ပြည်သူတစ်ရပ်လုံးက သမ္မတအစိုးရဘက်က ရပ်တည်ဖို့အချိန်ရောက်ပါပြီ။
အနောက်နိုင်ငံတွေအနေနဲ့ ဆန်ရှင်တွေအမြန်ဆုံးရုပ်သိမ်းပြီး လိုအပ်တဲ့စီးပွားရေး၊စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်စေလိုပါတယ်။
အဲလိုမှမဟုတ်ရင် တရုတ်ဖိအားကို မခံနိုင်တော့လို့ တရုတ်ပြောသလို ဆည်ပြန်ဆောက်ရပါတယ်ဆိုရင် အစိုးရကို အပြစ်တင်ဖို့ ခက်လိမ့်မယ်။
တရုတ်တွေ မတရားအနိုင်ကျင့်တာကို ကာကွယ်ဖို့ အစိုးရနဲ့ပြည်သူညီညွတ်မှဖြစ်မှာပါ။
မြန်မာပြည်ကို တရုတ်သိမ်းလိုက်တဲ့အခါကျမှ ကုလသမဂ္ဂကနေ စိုးရိမ်ပါတယ်တို့ ကန့်ကွက်ပါတယ်တို့နဲ့ လွတ်လပ်ရေးပြန်ရမှာ မဟုတ်ပါဘူး။
သမတကြီးခင်ဗျားမြစ်ဆုံဆည်ကိစ္စလျော်ရမယ်ဆိုလည်း ပြည်သူတွေစုပြီးလျော်ပါ့မယ်။ ဒီတယုတ်တွေကိုတော့ နည်းနည်းလေးမှအလျှော့မပေးပါနဲ့။
မီဒီယာတွေကလည်း ပြည်ကြီးတရုတ်တွေ မတရားအနိုင်ကျင့်တာကို ခေါင်းငုံ့မခံဖို့ ပြင်းပြင်းထန်ထန်လှုံ့ဆော်ရေးသားပေးပါ။
(တရုတ်ဆိုသည်မှာ ပြည်တွင်းကဗမာစကားပြောတဲ့ ရွှေမြန်မာတရုတ်များကိုမဆိုလိုပါ။ ပြည်ကြီးက သားရေကြိုးတထုတ်များကို ဆိုလိုပါတယ်။)
 
 
+42#4 Hercules 2011-10-01 08:43
ခွေးတရုတ်တွေ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး အချောင်နိုက်စီးပွားရေးနဲ့ သူတို့နိုင်ငံ ကောင်းစားအောင်လုပ်နေကြတယ်၊၊ သူတို့က သူတို့မူကို မပြောင်းရင် ကျနော်တို့က ကျနော်တို့မူကို ပြောင်းဖို့ ကြိုးစားကြရမှာပေါ့။ မြန်မာဟာ ခေါင်းပုံအဖြတ်ခံနေရတာ ခေတ်အဆက်ဆက်ဆိုတာမျိုး မဖြစ်သင့်တော့ဘူး။ ဒီအချိန်ကစလို့ အားလုံး စည်းလုံးကြမယ်။ တဦးကို တဦး နားလည်အောင်ကြိုးစားကြမယ်။ ဆိုင်ရာဆိုင်ရာ အကြီးအကဲများကိုလည်း အမှားတွေကို အမှားတွေနဲ့ ထပ်ဖုံးဖိ ကွယ်ဝှက်တဲ့ အလုပ်တွေ အစား တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ အနာဂတ် ကောင်းစားရေးတွေကို အားလုံးပူးပေါင်းပြီး ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။
 
 
+54#3 elevenreporter 2011-10-01 08:17
“Talk to China”
ဒီအချိန်မှာ ကျွန်တော်တို့ တရုတ်နဲ့ စကားပြောရတော့မယ်။ အရေးကြီးလာပြီဖြစ်တဲ့အတွက် သမ္မတကြီးကို ကျွန်တော်တို့ ထောက်ခံကူညီကြဖို့လိုတယ်။ ဒီအတိုင်းဆိုရင် CPI ကို ကျွန်တော်တို့ စာပို့ကြရမယ်။ သူတို့ရဲ့ငွေစာရင်းတွေကို စစ်ဖို့၊ ဒီစီမံကိန်းကို ရဖို့ သူတို့တွေဘာပေးခဲ့ရသလဲ။ (လာဘ်ပေးလာဘ်ယူမှုတွေရှိခဲ့မယ်ဆိုရင်) ဥပဒေကြောင်းအရ စကားပြောရမယ်။ ဥပဒေပညာရှင်တွေ ၀ိုင်းဝန်းကူညီကြပါ။ လိုအပ်ရင် တရုတ်ကို သွယ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရပ်သင့်ရင် ခဏရပ်ထားသင့်တယ်။ 
ဒါပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို သိမ်သိမ်မွေ့မွေ့စနစ်တကျဖြေရှင်းတတ်ဖို့ပဲလိုတယ်။ မလိုလားအပ်တာတွေ မဖြစ်ဖို့အတွက် ဆန္ဒမစောဖို့လည်းလိုတယ်။ 
တရုတ်နဲ့ ပြန်ရင်ဆိုင်ရမယ့် ဒီအချိန်မှာ Sanction ကိစ္စကိုလည်း နိုင်ငံတကာက ပြန်စဉ်းစားပေးကြစေချင်တယ်။
 
 
+34#2 Kosijee 2011-10-01 07:55
Quoting maclaim:
အခု အချိန်မှာ အမေ၇ိကန်သာ လိမ္မာ ပါးနပ်မယ်ဆို ပိတ်ဆို့ထားတာ တချို့ ရုပ်သိမ်းသင့် တယ် ..ဒါဆို အဘစိန် တို့လဲ ထွက်ပေါက်ချောင်သွားမယ် သောက် တယုတ်လဲ ကိန်ကနဲ နေသွားမယ်....အနဲ ဆုံး မြန်မာပြည်မှာ အရင်းအနှီး အမြှုပ် အနှံလေးတွေေ၇ာက်လာလိုက်လို့ကတော့လား.....
ကဲ အို..ဘားမားေ၇..ပြောဘာလုပ်မှာလဲ ပေါ့....လက်ရှိအချိန်ကိုအကျိုးရှိအောင်သာအသုံ့းချပေတော့ဗျာ..မာမီ စု ကလဲ လှမ်းပြီး တို့  လက် သင့်မယ်နော်....နို့မို့ ဒိတယုတ် က ယုတ်ကိုယုတ်တာ.....


ဟုတ်တယ်ဗျို့...ပါကစ္စတန်မှာရှုံးခဲ့တာ ဒီမှာပြန်ပြီး လက်ဦးမှုရယူလိုက်ရမှာဗျ။
 
 
+41#1 maclaim 2011-10-01 07:18
အခု အချိန်မှာ အမေ၇ိကန်သာ လိမ္မာ ပါးနပ်မယ်ဆို ပိတ်ဆို့ထားတာ တချို့ ရုပ်သိမ်းသင့် တယ် ..ဒါဆို အဘစိန် တို့လဲ ထွက်ပေါက်ချောင်သွားမယ် သောက် တယုတ်လဲ ကိန်ကနဲ နေသွားမယ်....အနဲ ဆုံး မြန်မာပြည်မှာ အရင်းအနှီး အမြှုပ် အနှံလေးတွေေ၇ာက်လာလိုက်လို့ကတော့လား.....
ကဲ အို..ဘားမားေ၇..ပြောဘာလုပ်မှာလဲ ပေါ့....လက်ရှိအချိန်ကိုအကျိုးရှိအောင်သာအသုံ့းချပေတော့ဗျာ..မာမီ စု ကလဲ လှမ်းပြီး တို့  လက် သင့်မယ်နော်....နို့မို့ ဒိတယုတ် က ယုတ်ကိုယုတ်တာ.....

You can comment at Eleven's web site:


Nyi Nyi Aung

School: First Year, Health Social Science International Program (HSSIP), Department of Society and Health, Faculty of Social Sciences and Humanities, Mahidol University, Salaya Campus, Putthamonthon, Nakhonpathom, 73130, Thailand. (On Google Earth:  13°47'35.57"N and 100°19'30.23"E)

Res: 140/89, MU 5, Thawi Watthana Road, Tambon Salaya, Putthamonthon, Nakhonpathom, 73130, Thailand. (On Google Earth: 13°47'53.67"N and 100°19'48.76"E)

Mobile: (+95)92305851

Please do not print this e-mail unless necessary.  Save trees, use less paper.

Reply all
Reply to author
Forward
0 new messages