Fwd: တိုင်ရီစက်ရုံဟာ ငါတို့အားလုံးကို ကိုယ်စားပြုတယ်။ [သွန်းနေစိုး]

2 views
Skip to first unread message

Nyi Nyi Aung

unread,
Feb 19, 2012, 9:19:59 PM2/19/12
to IMM Group email

A Facebook Post

Inline image 1
about an hour ago 

တိုင်ရီစက်ရုံဟာ ငါတို့အားလုံးကို ကိုယ်စားပြုတယ်။ [သွန်းနေစိုး]
==================================

သနပ်ခါး ပါးကွက်ကြားလေးက တစ်ချို့
ကြည်လင်တောက်ပတဲ့ မျက်လုံးကလေးတွေနဲ့
လမ်းနံဘေးမှာ ငုတ်ကလေးတွေ ထိုင်နေကြတာ။

ဒါ ဆန္ဒပြတာတဲ့လား?
ဘာမှ လက်သီး လက်မောင်းမတန်း
ဘာ အသွေးအရောင်မှ မရှိ
ဘာ နောက်ခံအဖွဲ့အစည်းမှ မရှိ
သူတို့လိုချင်တာလေးတွေကို
မလွဲသာလွန်းလို့ တောင်းဆိုနေရရှာတာပါ။

လုံထိန်းကားတွေ တစ်စီးပြီး တစ်စီး ရောက်လာကြ
ဒိုင်းတွေ တုတ်တွေ လက်နက်တွေ
ပြီးတော့ တင်းမာလွန်းတဲ့ မျက်နှာတွေ ...

ကျမတို့မှာ ရေမရှိဘူး။
စကားသံလေးတစ်ခု ကြားမိတယ်။
သူတို့မပြောဖြစ်တာက အဲဒီထက် အများကြီးပိုပါလိမ့်မယ်။
ကျမတို့မှာ ဖူလုံမှုမရှိဘူး။
ကျမတို့မှာ ပျော်ရွှင်မှု မရှိဘူး။
ကျမတို့မှာ တောက်ပမှု မရှိဘူး။
ကျမတို့ အနာဂတ်ကရော .. ?
ရှိတယ်ဆိုပေမယ့် မသေချာလှပါဘူး။

ညီမလေးတို့ရေ
မင်းတို့ငါတို့အားလုံး မြန်မာ
ငါတို့အားလုံး ခေါင်းငုံ့ ခါးစီးခံနေကြရတာ။

ထီးကလေးတွေနဲ့ ...။
တချို့လည်း ထီးတောင်မဆောင်းနိုင်ပဲ
နေရောင်အောက်မှာ စောင့်ဆိုင်းနေကြတာ
မွန်းကြပ်လွန်းတဲ့ ဘ၀အမောကနေ
တခဏကလေး အသက်ရှုချောင်ခွင့်လေးပါ။

အများကြီး မတောင်းဆိုပါဘူး
စိန်တွေ ရွှေတွေ ကားတွေ တိုက်တွေ မတောင်းဆိုပါဘူး
ကျမတို့ကို အသက်ဆက်ခွင့်ပေးပါ
အသက်ရှင်ဖို့လုံလောက်တဲ့ လစာလေးပေးပါ
ကိုယ့်လုပ်အားနဲ့ ထိုက်တန်တဲ့ လစာလေးပေးပါ
အလုပ်ခွင်မှာ အခြေခံလိုအပ်ချက်ကလေးတွေ ဖြည့်ဆည်းပေးပါ။
လူသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ 
ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ပေးပါ။

ဒီမြေပေါ်မှာလာလုပ် ဒီမြေပေါ်က ကြီးစွာသောအသီးအပွင့်တွေ ခံယူပြီး
ဒီလောက် သေးသေးဖွဲဖွဲကလေးတောင် 
ဘာလို့ မဖြည့်ဆည်းပေးနိုင်ရတာလဲ 
နားမလည်နိုင်တော့ ... ။
ငါတို့ဟာ မြန်မာ 
မြန်မာတွေဖြစ်လျက် မြန်မာ့မြေပေါ်မှာ 
တိုင်းတပါး မြောက်ဖျားပိုင်းကလာပြီး 
ဘာလို့အနိုင်ကျင့် ခေါင်းပုံဖြတ်ခံနေရတာလဲ
နားမလည်နိုင်တော့ ... ။

တိုင်ရီစက်ရုံနားက လေးကန်စွာ လှမ်းထွက်ခဲ့
ကောင်းကင်ကို မော့ကြည့်မိတဲ့အခါ
ကောင်းကင်ကြီး ပိုမှောင်နေသလို ခံစားနေရတယ်။

သွန်းနေစိုး Thorn Nay Soe
 · Share
 

Tai Yi boyscout.jpg
Reply all
Reply to author
Forward
0 new messages