မြစ်မခ၊ မီဒီယာ
အောက်တိုဘာ ၂၊ ရန်ကုန်မြို့။
ရန်ကုန်မြို့ ပြည်မြန်မာကုန်တိုက်အနီးတွင် နံနက် ၁၂ နာရီ ခွဲဝန်းကျင်အချိန်တွင် အမျိုးသမီ၊အမျိုးသား ၂၀၀န်းကျင်ခန့်က ဆန္ဒပြခဲ့ကြပြီး ထိုထဲမှ ဆိုင်းဘုတ်ကိုင်ဆောင်သူ အမျိုးသမီး ၂ဦးအား မယက ရုံးမှ ဖမ်းဆီးခေါ်သွားကြောင်း သိရှိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အမျိုးသမီး၂ ဦးမှာ မခင်မျိုးလွင်နှင့်မသီတာတို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒပြသူများမှာ ပြည်မြန်မာကုန်တိုက်တွင်းရှိ ဆိုင်ခန်းများအားငှားရမ်းထားသော ဆိုင်ခန်းလုပ်ငန်းရှင်များဖြစ်ကြပြီးအဆိုပါ အဆောက်အအုံအား လေလံအောင်ပြီးနောက် နစ်နာကြေးငွေ တစုံတရာပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခြင်းခံခဲ့ရသော နစ်နာသူသူများဖြစ်သည်။
(အဆိုပါသတင်းအပြည့်အစုံကို မကြာမီတွင် ထပ်မံရေးသားဖော်ပြပေးပါမည်)