Fwd: ကြာဆံဟင်းခါးရှောက်သီးသုတ် ,မုန့် ဟင်းခါးချက်စားရအောင်

203 views
Skip to first unread message

Nyi Nyi Aung

unread,
Oct 2, 2011, 2:35:04 AM10/2/11
to IMM Group email

ကြာဆံဟင်းခါး


ကြာဇံဟင်းခါး
ကြာဇံဟင်းခါးချက်စားဖို့ အတွက် လိုအပ်သော ပစ္စည်းများကတော့ ပဲကြာဇံ၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲပြား၊ မှိုခြောက်၊ ဆီ၊ဆား၊ ဆနွင်း၊ငါးပိ၊ ငံပြာရည်၊ငရုတ်ကောင်းမှုန့် ၊ အရောင်တင်မှုန့် နဲ့ ဟင်းခတ် မှုန့် တို့ဖြစ်ပါတယ်ရှင်။ ပထမဦးစွာ ပဲကြာဇံကို ရေစိမ်ထားပါ။ ကြက်သား ကို ဆား ဆနွင်း အနည်းငယ်၊ ငံပြာရည် အနည်း ငယ်တို့ နှင့် နယ်ပြီး ပြုတ်ထားပါ။ ပဲပြားကိုလည်း ရေစိမ်ထားပါ။ မှိုခြောက် ကိုလည်း ရေစိမ်ထားပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်းလေး လှီးပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူနှင့် ဂျင်းကို ထောင်းပြီး ထည့်ဆီသတ်ပေးပါ။ ပြုတ်ထားပြီးသား ကြက်သားကို အမျှင်လေးတွေ ဖြစ်အောင်ဖဲ့ပါ။ (သို့) အတုံးသေး သေးလေးတွေတုံးပေးပါ။ ပြီးလျှင် ဆီသတ်သည့် အိုးထဲကို ထည့်လိုက်ပါ။ ဆား၊ငါးပိ၊ အရောင်တင်၊ ဟင်းခတ်မှုန့်ထည့်ပါ။ နောက်ပြီးကိုယ်ချက်မည့် ပမာဏအလိုက် အိုးထဲကို ရေနွေးကျိုပြီးသား ကိုထည့် လိုက်ပါ။ ဟင်းရေအိုးပွက်လာပြီးဆိုမှ ရေစိမ်ထားတဲ့ ကြာဇံကို ထည့်ပါ။ ကြာဇံဖတ် အရမ်းရှည်နေလျှင် ကတ်ကြေးနဲ့ ကိုက်လိုက်ပါ။ မှိုခြောက်ကို သဲမပါအောင် ရေ အထပ်ထပ်ဆေးပြီး အဖတ်သေးသေးလေးတွေ ကိုက်ပြီးထည့်ပါ။ ပဲပြားကိုလည်း သင့်တော်ရုံ ကိုက်ပြီးထည့်ပါ။ ငရုတ်ကောင်းမှုန့် လည်းထည့်ပါ။ ကြာဇံလည်း နှုးပြီးဆို အပေါ့ အငံ မြည်းပြီး ကြာဇံဟင်းခါး ရပါပြီရှင်။ မန္တလေးမှာတော့ ကြာဇံဟင်းခါးထဲကို ပိတ်စွယ်လေးတွေ ပါးပါးလှီးထည့်တာရယ် မှိုအစိုရယ်ပါ ထည့်ချက်တဲ့ အကျင့်ရှိကြတယ်။ ကြာဇံကို တစ်ချို့က ကြက်သားဆီသတ်ကတည်းက ထည့်လိုက်ကြတယ်။ ကြာဇံ မကြေဘူးလို့ပြောပါတယ်။ ကျွန်မကတော့ ကျွန်မချက်တဲ့ နည်းအတိုင်းရေးလိုက်တာပါ။ ငုံးဥပြုတ်ကြိုက်ရင် ငုံးဥပြုတ်ပြီးသားလေးတွေ ထည့်စားကြပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ကြက်ဥကို အချပ်ကြီးတွေ ရအောင် ခေါက်ကြော်ပြီး ပါးပါးလေးတွေ ညှပ်ထည့်ပါတယ်။
ကျွန်မတို့ အိမ်မှာ လူ(၅) ယောက်စာ ဆုံရင် ကြာဇံ (၂၅)ကျပ်သား ကြက်သား တစ်ခြမ်းဆိုရင် စားလို့ရနေပြီ။ ဓါတ်ပုံထဲမှာတော့ ကြက်ဥကြောက်မထည့်ထားဘူး။ ကြာဇံဟင်းခါးကို ကြက်သွန်မိတ် နံနံပင် ရှောက်သီး ငရုတ်သီးမှုန့် နဲ့ ကြက်သွန်ပါးပါးလှီးတာလေးတွေ ထည့်စားလို့ ကောင်းပါတယ်။
ကျွန်မကတော့ ကြက်သွန်မိတ် ထည့် မစားလိုက်ရပါဘူး။ ကျွန်မအစ်ကိုက ကြက်သွန်မိတ်ကို ဂျူးဖူးနဲ့ မှားပြီးဝယ်လာလို့ပါ။ သူကပြောသေးတယ်။ စင်ကာပူက ကြက်သွန်မြိတ်က တော်တော်သန်တယ်တဲ့။ :)

 

ရှောက်သီးသုတ်
ရှောက်သီးသုတ်ဖို့ အတွက် ရှောက်သီးကို အခွံခွာပြီး အမွှာလေးတွေ လုပ်ထားပါ။ အသီးအရွက် အစား အလိုက် တစ်ခြမ်း(သို့) တစ်လုံးလိုပါလိမ့်မယ်။ ကြက်သွန် နီ အနေတော် (၃)လုံးလောက်ကို ပါးပါးလှီးပြီး မမွှန်အောင် ရေစိမ်ထားပါ။ ကြက်သွန် ဖြူလည်း ပါးပါးလှီး ထားပါ။ ငါးပိကို ကင်ထားပါ။ မြေပဲဆံထောင်း၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးစိမ်း အနည်းငယ် ပါးပါးလှီး ထားတာလေးတွေ ရောလိုအပ်ပါတယ်။
ပန်းကန်တစ်ခုထဲမှာ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ရှောက်သီး မွှာ၊ငါးပိ၊ ပုဇွန်ခြောက် မှုန့်၊ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီး တောင့် ပါးပါးလှီး လေးများ၊ ဆီချက်တို့နှင့် အပေါ့ အငံလိုသလို ပြင်သုံးဆောင် နိုင်ပါတယ်ရှင်။ ကျွန်မကတော့ ရှောက်သီးမရှိလည်း သံပရိုသီးနဲ့ သုတ်စား ပါတယ်။ ချဉ်ငံစပ်ဆို အကုန် ကြိုက်တယ်။
စားသွားပါဦးရှင်။
စုဘူးအိမ်မှတဆင့်မျှဝေပါသည်။





မုန့် ဟင်းခါးချက်စားရအောင်လေ

စားတော့မလို့ ပွဲပြင်ထားပါတယ်။
အကြော်၊ကြက်ဥ၊နံနံ၊ပဲသီး၊သံပုရာသီး။
မုန့်ဟင်းခါး ဟင်းရည်အိုးပါ။
မုန့်ဟင်းခါးဖတ်ခြောက်ထုတ်ကို ရေအေးကြာကြာစိမ်ထားပြီးမှ ပြုတ်ပါမယ်။ ပြုတ်ပြီးသားမုန့်ဖတ်လေးတွေကို ရေအေးအေးနဲ့ အပူပျောက်အောင်ဆေးချပြီးမှ ဇကာနဲ့စစ်ထားပါမယ်။


ငါးအသားလေးတွေ နွှင်ထားတာပါ။

အရိုးတွေကို ထောင်းပြီးယူထားတဲ့ ငါးပြုတ်ရည်ပါ။

ငါးခူပြုတ်ပြီးသားလေးပါ။ပဲကို ခေါက်မွှေနေတုန်း ရိုက်ထားတာပါ။


ဒီတစ်ပတ် ပိတ်ရက်မှာ အချိန်ရတာနဲ့ မုန့်ဟင်းခါးကို Ready made မဟုတ်ဘဲ အိမ်ချက်လေး သေချာချက်စားဖြစ်ပါတယ်။ မုန့်ဟင်းခါးချက်တဲ့ ကုလားပဲ၊ဆန်လှော်မှုန့်၊ငါး တို့ရဲ့ အချိုးအဆကိုတော့ ကျွန်မချက်တဲ့ အချိုးအဆအတိုင်း ရေးပေးလိုက်ပါတယ်။

မြန်မာအလေးချိန်နဲ့ဆိုလျှင်တော့ မုန့်ဖတ် (၁)ပိသာအတွက် ငါး(၂၅) ကျပ်သား၊ ပဲ(၁၀)သား၊ ဆန်လှော်မှုန့် (၅) ကျပ်သားထည့်ပါတယ်။

စင်ကာပူမှာတော့ ငါးတစ်ထုတ်ဝယ်ရင် ငါးခူအရွယ်တော် (၃)ကောင်လောက်ပါတတ်ပါတယ်။ ကုလားပဲကို နို့ဆီဘူးနဲ့ တစ်ဝက်ကျော်ကျော်လေးပြုတ်ပါတယ်။ ဆန်လှော်က ပဲအချိုးအဆရဲ့ တစ်ဝက်ပါ။ ကျွန်မကတော့ အဲဒီအချိုးနဲ့ ချက်ပါတယ်။ မိမိစိတ်တိုင်းကျသလို လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်။

ချက်နည်းလေးကတော့

ငါးခူကို မန်ကျီးမှည့်နှစ်နဲ့ပွတ်ဆေးပြီး အတွင်းက ထုတ်စရာရှိတာတွေ ထုတ်ပါမယ်။ ရေခဲရိုက်ထားတဲ့ အထုတ်တွေက တော့ သန့်ရှင်းပြီးသားများပါတယ်။ ငါးခူကိုဆား၊နနွင်း၊ငံပြာရည်နဲ့နယ်ပြီး ငါးပိ ကွမ်းသီးလုံးခန့်ထည့်ပြီး စပါးလင်သုံးချောင်းခန့်ကို ရေဆေး တစ်ပတ်လျှိုထုံးပြီး ထည့်ပြုတ်ပါမယ်။ ငါးကို အအေးခံပြီး အသားနွှင်ထားပါမယ်။ အရိုးလေးတွေကိုလည်း ဂရုတစိုက်ဖယ်ထားပါမယ်။ အလယ်ကျောရိုးနဲ့ ခေါင်းတွေကို ထောင်းပြီး ရေနွေးလေးနဲ့ရောကာ အရိုးတွေဖြူသည်အထိ အရိုးထောင်းရည် ယူထားပါမယ်။

ကုလားပဲကို နူးမြေ့နေအောင်ပြုတ်ပြီး ညက်အောင် ထောင်း(သို့) ကြက်ဥမွှေတံနဲ့ မွှေထားပေးပါ။

မြေပဲဆံအစိမ်းလက်တစ်ဆုပ်ခန့်ကို လည်းထောင်းထားပါ။

ဆန်လှော်ကို ရေအေးနဲ့ရောပြီး ဖျော်ထားပါ။

ကြက်သွန်ဖြူ၊ဂျင်းနဲ့ရောပြီး စပါးလင်အနုပိုင်းလေးတွေပါ ရောထောင်းပါ။ ကြက်သွန်နီကို ငါးဆီသတ်ဖို့ ပါးပါးလှီးပြီး အလုံးလိုက်ထည့်ဖို့အတွက်လည်း အဆင်သင့်လုပ်ထားပါ။ ဒီမှာတော့ ကြက်သွန်နီအလုံးသေးမဝယ်လိုက်ရလို့ အကြီးကိုဘဲ လေးစိပ် စိပ်ထည့်ထားပါတယ်။

ငှက်ပျောအူကိုလည်း အရင့်တွေခွာပြီး အနုလေးတွေကို ပါးပါးလှီးကာ နနွင်းရည်စိမ်ထားပါတယ်။

စချက်ပါပြီနော်..

ကြက်သွန်နီ ဆီသတ်ပါမယ်။ ကြက်သွန်နွမ်းရင် ဂျင်း၊ကြက်သွန်ဖြူ၊စပါးလင်ထောင်းထားတာ ထည့်ပြီး ငါးထည့်ဆီသတ်ပါမယ်။ ဆား၊ငါးပိအနည်းငယ်၊ကြက်သားမှုန့်၊ငံပြာရည်တို့နှင့်၊အရောင်တင် ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါမယ်။ အနံ့မွှေးလာရင် ငါးရိုးထောင်းတဲ့အရည်ထည့်ပါမယ်။ ခြေထားတဲ့ပဲကို ရေနွေးလေးနဲ့မွှေပြီးထည့်ပါမယ်။မြေပဲဆံထောင်းနှင့် ဆန်လှော်ဖျော်ထားတာထည့်ပြီး ရေနွေးရောကာ ဟင်းရည်အိုးထည်ထားပါမယ်။ ပဲတွေအိုးမကပ်အောင် မွှေပေးရပါမယ်။
မုန့်ဟင်းခါးကို ရေနွေးဖြင့်ချက်ခြင်းက ဝမ်းလျှောတာ ဝမ်းပျက်တာ မဖြစ်စေဘဲ ကြာရှည်အထားခံစေပါတယ်။

ဟင်းရည်စပွက်လာရင် ငှက်ပျောအူဖတ်လေးတွေ ထည့်ပါတယ်။
ကြက်သွန်နီ နူးလောက်မည့် အချိန်နဲ့ ဟင်းရည်အိုးအရည်ကျမဲ့ အချိန်မှန်းပြီး ကြက်သွန်နီ လေးစိပ်ကွဲများထည့်ပါတယ်။

ငါးဖယ်ကို သတ်သတ်မကြော်တော့ဘဲ အလုံးသေးသေးလေးတွေလုံးပြီး ဟင်းရည်အိုးထဲထည့်ပါတယ်။

ကြက်ဥ ၁လုံးကို နာနာခေါက်ပြီး ဟင်းရည်အိုးထဲကို အမျှင်လေးများအဖြစ် ထည့်နိုင်ပါတယ်။

ဟင်းရည်အပွက်မှာ ငရုတ်ကောင်းခပ်ပါတယ်။အရသာအတွက် ငံပြာရည်နဲ့ အချိုမှုန့်အစားထိုး ကြက်သားမှုန့်ဖြည့်စွက်ထည့်ပါမယ်။

နံနံပင်၊ပဲတောင့်ရှည်၊ပဲကပ်ကြော်၊ဘူးသီးကြော်၊အီကြာကွေး၊ကြက်ဥပြုတ် တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

မုန့်ဟင်းခါးလို့ရေးကြသလို မုန့်ဟင်းငါးလို့လဲရေးကြလို့ ဘယ်ဟာအမှန်လဲ ဝါးတားတားဖြစ်နေမိပါတယ်။ Sorry ပါနော်။

စုဘူးအိမ်မှမျှဝေပါသည်။

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။

Reply all
Reply to author
Forward
0 new messages