မြန်မာပြည်မှာ လာကူညီတဲ့အဖွဲ့အစည်းတွေမှာ UN ရယ် UN အနွယ်ဝင် အဖွဲ့အစည်းရယ်၊ ကိုယ်ပိုင်ရန်ပုံငွေရယ် အလှူငွေတွေရယ်နဲ့ ရပ်တည်နေတဲ့ INGO ရယ်၊ သူများအလှူငွေနဲ့ ရပ်တည်နေတဲ့ INGO ရယ်ဆိုပြီး အစားစား ကွဲပြားပါတယ်။ များသောအားဖြင့်တော့ သူများအလှူငွေနဲ့ ရပ်တည်တဲ့ INGO ကများပါတယ်။
တစ်ချို့ထင်ကြသလို တစ်လ ဒေါ်လာ လေးငါးထောင်ရတယ်ဆိုတဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေဟာ များသောအားဖြင့် UN & UN related organization တွေမှာပဲ ရှိပါတယ်။ INGO တွေမှာ လက်ငါးချောင်းပြည့်အောင် မရှိပါဘူး။ သူတို့ အခွင့်အရေးတွေ ယူထားတာကတော့ လက်ခံပါတယ်၊ နိုင်ငံသားထက်တော့ အများကြီးသာပါတယ်။ နိုင်ငံခြားသားထဲမှာလည်း အမျိုးမျိုး ရှိပါတယ်၊ ရေသာခို အချောင်လိုက်ပြီး မြန်မာတွေလုပ်တာ နှမ်းဖြူးပြီး နာမည်ယူတဲ့သူ၊ ဘာမှမလုပ် မိန်းမရှုတ်ပြီး ပြန်သွားတဲ့သူ၊ INGO ကို လှေကားထစ်လို အသုံးချပြီး UN ဘက်ကို ကူးဖို့ ကြိုးစားတဲ့သူ၊ အလုပ်ကို တကယ် စေတနာထားတဲ့သူ စသည်ဖြင့် ကွဲပြားပါတယ်။
ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီမှာတားမြစ်ထားတဲ့ ပစ္စည်းတွေကို ရုံးသုံးလိုလို၊ အိမ်မှာသုံးဖို့လိုလိုနဲ့ သံရုံးနာမည်ခံသွင်း ပြီးရင် ပြန်ရောင်းစားတဲ့အလုပ် လုပ်တဲ့သူတွေ ရှိပါတယ်။ အဲ့လိုပဲ ဒီမှာ သိပ်တန်ဖိုးမရှိပေမဲ့ ဟိုမှာတော်တော်လေးကို တန်ဖိုးရှိတဲ့ဟာတွေလည်း သံရုံးကနေတစ်ဆင့်ပဲ သူတို့နိုင်ငံကို ပို့ကြပြန်တယ်။ သံရုံးကတစ်ဆင့်ဆိုတော့ အခွန်တို့ စစ်ဆေးတာတို့ လွတ်တယ်လေ။
သက်ဆိုင်ရာနယ်ပါယ်အလိုက်မှာ ကျွမ်းကျင်နိုင်ငံခြားသား နှစ်ယောက်လောက်တော့ ရှိသင့်တာ သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားဆိုတိုင်း အကုန်တတ်တယ်လို့ ယူဆရင် ကိုယ်ပါ လမ်းမှားသွားနိုင်လို့ပါ။ နှစ်ယောက်ရှိမှ တစ်ယောက်ကို တစ်ယောက် ပြန်ထိမ်းနိုင်ကြမှာပါ။ မြန်မာဆိုတာကလည်း သိတဲ့အတိုင်း အခွင့်အရေးရရင် ရသလို ဘုန်းကြတော့ တစ်ချို့နိုင်ငံခြားသားတွေလည်း ပေါင်းဘုန်းလို့ counter check သဘောမျိုးထားတာလည်း ပါပါတယ်။ မြန်မာအားလုံး ဘုံးတယ်လို့တော့ မဆိုလိုပါဘူး။ UN, INGO အားလုံးမှာ ရှုတ်ထွေးပြီး အင်မတန်တိကျတဲ့ auditing system ရှိပေမဲ့ ရအောင် လှည့်ပါတ်ခိုးနေတဲ့ ရွှေမြန်မာများကို ရအောင်ဖမ်းဖို့ သူတို့လည်း human resources ကို တတ်နိုင်သလောက် သုံးပါတယ်။
နိုင်ငံခြားသားများတော့ တစ်ခုလည်း ကောင်းပါတယ်။ သူတို့ စီကအတွေ့အကြုံတွေ ဖလှယ်လို့ရပါတယ်။ ကျွန်တော်ပြောတာ ကောင်းတဲ့အတွေ့အကြုံပါ။ သက်ဆိုင်ရာနယ်ပါယ်အလိုက်ပေါ့။ မကောင်းတာကတော့ သူတို့ရဲ့ ညဉ့်နက်ပါတီတွေ၊ ပွတ်သဘင်တွေ တော်သလင်းပွဲတွေ၊ အဖော်အချွတ်တွေကို ရွှေမြန်မာများက လိုက်လံအားကျတာပါပဲ။
ထူးထူးခြားခြားအနေနဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက် ရေခဲသေတ္တာဝယ်ဖို့ လိုက်ရှာနေလို့ မင်းဒါများ လွယ်တယ် ပန်းဆိုးတန်းသွားဝယ်လေလို့ အကြံပေးလိုက်တော့ သူလိုချင်တာက ထမင်း၊ ဟင်းချက်တဲ့ ဓါတ်ငွေ့နဲ့ (LPG) သုံးတဲ့ဟာ ဒါမှမဟုတ် ရေနံဆီနဲ့ သုံးတဲ့ ဟာတဲ့။ သူတို့အဖွဲ့ နယ်စပ်မီးမရှိတဲ့နေရာတွေမှာ ဆေးပစ္စည်းတွေ ကြာရှည်ခံအောင် သုံးဖို့တဲ့။ နောက်ပြီးတော့ သူတို့အဖွဲ့ ရေကောင်းရေသန့်ရအောင် ကွင်းဆင်းဆောင်ရွက်တော့ လိုက်သွားတာ မှာကျေးရွာတွေမှာ ရေတွင်းရေကန်ထဲက ရေကို ချိုးရေ သုံးရေသုံးကြတယ်။ ကျွန်တော်တို့လည်း သုံးခဲ့တာပဲ။ ကြည်နေတာပဲလေ၊ အဲ ခောတ်မှီကိရိယာတွေနဲ့ စစ်ကြည့်တော့ မကောင်းတဲ့ ဓါတ်တွေပါနေတယ်လေ။ ချက်ခြင်းတော့ ဘာမှ မဖြစ်ပေမဲ့ ရေရှည်မှာ ဖြစ်လာနိုင်တဲ့အ ခြေအနေအတွေ တွေ့ရတော့ သူတို့လည်း ရေကောင်းရေသန်ရအောင် အဲ့ဒိရွာတွေအတွက် လုပ်ပေးရတယ်လေ။
အဲ့လိုတိုင်းတာတဲ့ ခောတ်မှီကိရိယာတွေဆိုတာ ဘွဲရပြီးတာတောင် လက်တွေ့ကျောင်းမှာ ကိုင်သုံးဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အခုလို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ တကယ်အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေနဲ့ တွဲလုပ်တဲ့ အခါကျတော့လည်း ဖြစ်နိုင်ပြန်ရော။
ခြုံပြောရရင်တော့ ဘယ်အရာမဆို အကောင်းရှိသလို အဆိုးလည်းရှိတာပါပဲ နိုင်းငံခြားသား များတိုင်းလည်း မကောင်းသလို နည်းတိုင်းလည်း မကောင်းပါဘူး။ ကျွန်တော်လည်း အင်ဂျီအိုတွေထဲက အရှုပ်တော်ပုံ အကြောင်းကို ရေးစရာ အများကြီး ရှိပေမဲ့ မအားသေးလို့ မရေးဖြစ်သေးတာပါ။ ခြုံပြောရရင်တော့ ပညာရေးနိမ့်ကြတဲ့အတွက် ရနိုင်တဲ့နည်းလမ်းနဲ့ ပညာကို ခိုးရတာ၊ ငွေကြေးကျပ်တည်းတဲ့အတွက် သိက္ခာကို မငဲ့ငြှာပဲ ခန္ဓာကိုယ်ကို နိုင်ငံခြားသားလက် ထိုးအပ်ပြီး NGO မှာ ကိုယ်ကျိုးအတွက် ရှာတာတွေဟာ အရင်းစစ်လိုက်ရင်တော့.........
လူသားအချင်းချင်း စာနာထောက်ထားမှုဆိုတဲ့ စကားထက် လူမျိုးအခြင်းခြင်း စာနာထောက်ထားမှုကို ဦးစားပေးနေတဲ့... ဒိုနာသာအမိ ဒိုနာသာအဖ... ဒိုနာဂုဏော အနန္တောဆိုတဲ့ စိတ်ဓါတ်တွေ များနေလေတော့...........
