Fwd: လူမသိကြသော INGO အတင်းလေးများ - ၁

26 views
Skip to first unread message

Nyi Nyi Aung

unread,
Oct 8, 2011, 4:46:36 AM10/8/11
to IMM Group email


Facebook post:

  • လူမသိကြသော INGO အတင်းလေးများ - ၁

    By James Mmt ¡ Last edited 6 hours ago ¡ Edit Doc

    အော် နာမည်လေးကတော့ လှလိုက်တာ လူသာခြင်း စာနာထောက်ထားမှု အဖွဲ့အစည်းဆိုပဲ။ တကယ်တွက်ကြည့်ရင် ထက်ဝက်ကျော်လောက်က လစာကြောင့်၊ အခွင့်အရေးတွေကြောင့်၊ NGO မှာလုပ်တဲ့ ဂုဏ် စသည်ဖြင့် အကြောင်းအရာ ပေါင်းစုံပါ။ တစ်ချို့ကြတော့လည်း ခိုးဖို့၊ ငွေရေးကြေးရေး လှည့်ပတ်သုံးဖို့၊ ကလိန်ကကျစ်ကြဖို့ အလွန်လွယ်ကူတဲ့အတွက် လဲပါပါတယ်။ ကိုယ်အခွင့်အရေး၊ နေရာရဖို့အတွက် ကိုယ့်လူမျိုးတောင် အားမနာ နှိမ်တဲ့သူမျိုးကလည်း မရှား။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် အဲ့မှာလုပ်တဲ့သူ တော်တော်များများကြည့်လိုက် မျက်နှာကြောက အတောမာသားဗျ။ ရင်းနှီးလို့ စကားလက်ဆုံများ ကြလိုက်လို့က ပြောပြပါလိမ့်မယ် သူတို့ဘယ်လောက် အနစ်နာခံ အပင်ပန်းခံလုပ်ကြောင်းပေါ့။ 

     

    အဲပြီးရင် ထုံးစံအတိုင်း လူတိုင်းသိတဲ့ ပြည်သူ့မေတ္တာခံယူနေသူတွေကို အပြစ်ဖို့လေရဲ့၊ အဲ့လူတွေကြောင့် သူတို့ရဲ့ လုပ်ငန်းမတွင်ကျယ်ကြောင်း အစရှိသဖြင့်ပေါ့လေ။ အဲ… အတွင်းကြကြ လေ့လာကြည့် အဲ့လိုပုဂ္ဂိုလ်မျိုးပေါ့ ရသမျှအခွင့်အရေး သိမ်းကြုံးယူတာ။ အတူတူလုပ်တဲ့သူခြင်းတူတောင် အခွင့်အရေးပေးစရာရှိရင် ရူးခြင်ယောင်ဆောင် ကြလေရဲ့။ ဘယ်လိုခရီးသွားရင် အိုဗာတိုင်ဆင်းရင် ဘယ်လောက်ရမယ်ဆိုတာလည်း သိရဲ့သားနဲ့လဲ မပြောကြဘူး။ အင်ဂျီအိုတွေက အလုပ်ခေါ်ပြီဆိုရင် သိတဲ့အတိုင်း ရနှိုးနှိုးနဲ့ ၀ိုင်းလျှောက်ကြလေရဲ့။ အလုပ်ရခြင်ဇောကလည်း ကြီးလွန်းလေတော့ ရှိသမျှ Experiences တွေအပြင် ရပ်ကွက်ထဲမှာ ယောင်တောင်ပေါင်တောင် သာရေးနာရေးလေး ၀င်လုပ်တာကအစ Volunteer ဆိုတဲ့စကားလုံးသုံးလို့ ထည့်ထားကြလေရဲ့။ 

     

    Short List ရွေးတော့လား ကံကောင်းပါစေဆုတောင်းပေါ့ဗျာ။ တစ်ချို့ကတော့ အရမ်းတော်ရဲ့သားနဲ့ မပါသလို့ တစ်ချို့ကြတော့လည်း ဘာကြောင့်မှန်းမသိပဲ လူတွေ့မှာတင် ပြုတ်ကြလေရဲ့။ အနှီပုဂ္ဂိုလ်များ ဒီစာဖတ်ပြီး သဘောပေါက်လိမ့်မယ်။ တစ်ချို့သော အင်ဂျီအိုက သက်ဆိုင်ရာဌာနရဲ့ အကြီးအကဲ မမများက အလုပ်လုပ်ဖို့ လာတင်တဲ့လျှောက်လွှာ တွေကို စစ်ဆေးပီးသကာလမှာ အဲ့ဒိအထဲက လာလျှောက်တဲ့သူတွေဟာ သူတို့ထက် ပညာအရည်အချင်းသာသလား၊ ဆောရီးပဲ... ရုံးကအကြမ်းသုံးတဲ့စာရွက်ပုံကို ရောက်သွားမယ်။ အကြမ်းသုံးတဲ့ စာရွက်ပုံထဲနော်.... နောင်ခန့်ဖို့ ရည်မှန်းပီး သိမ်းထားမယ်မထင်လေနဲ့.... တစ်ခါတည်းကို ကိုယ့်အဖွဲ့အစည်းထဲ အဲ့လိုလူမျိုး ဆွဲမထည့်လို့ ဘုရားမှာ သစ္စာဆိုတာထက် ပိုတယ်...  မျက်နှာမြင်ချစ်ခင်ပါစေဆိုပြီး အတော်ဆုံးဓါတ်ပုံဆရာနဲ့ ရိုက်ထားတဲ့ လျှောက်လွှာတွေလား၊ သူ့တို့ထက်ချောလို့ မခန့်ပါတဲ့ ဒါလည်း အကြမ်းသုံးစာရွက်ပုံထဲ ရောက်သွားတာပဲ။ ဘာပဲဖြစ်ဖြစ်ပါ စိတ်ထားတတ်ရင် မြတ်ပါတယ်... ငါ့ကိုယ်ရေးအကျဉ်းလေးကို ငါ့ကို မခန့်ပဲ သူတို့လုပ်ငန်းအတွက် သုံးလိုက်တော့ ငါလည်း ကုသိုလ်ရတာပေါ့.... လို့ တွေးလိုက်ပေါ့ဗျာ... အဲ… အဲ့ရုံးမှာ ကောင်မလေး ချောချောမြင် အရောဝင်ချင်တဲ့ ကိုကိုများရှိရင်တော့ အနှီနှမငယ်များရဲ့ ဓါတ်ပုံနဲ့ အီးမေးလ်က အဲ့ကိုကိုများက သိမ်းဆည်းထားပြီး အင်ဗိုက်လုပ်ကာ ညရေး ဆိုပြီးအားပေးစကား ပြောကြားရင်းကနေ ၅၂၈ နဲ့ အစပျိုးလို့ ၁၅၀၀ အဆင့်ကို တက်လှမ်းလာလိမ့်မယ်။ 

     

    ပညာအရည်အချင်းက သူမသာကိုယ်မသာ၊ ရုပ်ရည်က ရွက်ကြမ်းရည်ကြိုမို့လို့ အင်တာဗျူးတော့ အခေါ်ခံလိုက်ရလို့ ရင်သိပ်မခုန်နဲ့ဦး။ အင်တာဗျူးမှာ အလုပ်ရချင်ဇောနဲ့ အသေအခြာပြင်လာလို့ လှပပြီး မြင်သူငေးစရာဖြစ်နေလို့ကတော့ သနားပါတယ် Second round interview အတွက်ပယ်တယ်ဆိုတာ ဖြစ်သွားမယ်။ မင်းကလည်းကွာ မိန်းကလေးတွေမို့လို့ သ၀န်တိုတတ်တာ ယောက်ျားလေးတွေက အဲ့လိုမဟုတ်ပါဘူးလို့ ဆင်ခြေတတ်ဦးမလား။ ရတယ် ညီလေးရေလို့ ပြန်ဖြေလိုက်ဦးမယ်။ ကြုံတုန်းကြုံခိုက် အသိတစ်ယောက်ရဲ့ ရုံးရောက်တော့ စာရွက်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေလို့ အကူအညီပေးရမလားပေါ့ မနေနိုင်မထိုင်နိုင် ၀င်စပ်စုကြည့်လိုက်တော့ အလုပ်လျှောက်လွှာတွေနဲ့ သကောင့်သားက အလုပ်ရှုပ်နေတာဗျ။ အဲ့ဒါနဲ့ တတ်သည့် ပညာမနေသာ ဆိုသလို အတွေ့အကြုံ အတော်များတဲ့ သူများရဲ့ လျှောက်လွှာကို ရွေးပီးတင်ပေးလိုက်တော့ အင်တာဗျူးတောင် မခေါ်ပါတဲ့။ ဟဘာဖြစ်လို့လည်းကွဆိုတော့ အရမ်းတတ်နေရင် ကိုယ့်ပြန်ကျော်သွားမယ်၊ ဘာမှမတတ်၊ ဘာအတွေ့အကြုံမှမရှိလေ ကြိုက်လေတဲ့၊ ကောင်းရော။

     

    ရှိသေးဗျ တစ်ချို့မိန်းကလေးတွေက ယောက်ျားလေးအလုပ်တွေ ၀င်လျှောက်ကြသေးတယ်။ အဲ့ဒါမျိုးကြ အစ်ကိုကာလသားကြီးများက အင်တာဗျူးခေါ်ပြီး မျက်စိစားပွဲ ထိုင်လိုက်တာပေါ့ဗျာ။ အဲ… ပြီးသွားရင်သာ အလုပ်သဘောအရ ကြမ်းတန်းလို့ မိန်းကလေးများနဲ့ မဖြစ်လို့ ပယ်လိုက်ရတာပါ၊ ဒါပေမဲ့ စိတ်မညစ်ပါနဲ့ သင့်တော်တဲ့အလုပ်တွေ့ရင် ဆက်သွယ်ပေးပါ့မယ်ဆိုတဲ့စကားနဲ့ ချည်နှောင်ထားကြလေရဲ့။ အဲ.. သူတို့မေ့နေတာက သူတို့အဖွဲ့အစည်းရဲ့ အခြေခံစည်းကမ်းထဲက ကျားမ မခွဲခြားပါဆိုတဲ့ စကားကြီးကိုပါပဲ။ အထက်က ဌာနအကြီးအကဲ ကိုကို မမများကလည်း လူမျိုးစွဲ၊ ဘာသာစွဲ မထားပဲ မှန်ကန်စွာရွေးချယ်ရမည်ဆိုတဲ့ သူတို့ရဲ့ မူလစည်းကမ်းတွေကိုလည်း ဖိုင်တွဲထဲထည့် သိမ်းထားတဲ့အတိုင်း ထားလေရဲ့။ လိုက်နာဖို့ရာ လားလားမျှမလိုလို့ ခံယူထားကြလေရဲ့။

     

    အလုပ်ရပြီလား စတွေ့မှာက HR ပေါ့ဗျာ။ ပြောပြလိုက်မဲ့စည်းကမ်းတွေ စကားလုံးအကြီးကြီးတွေ သုံးပြပါလိမ့်မယ်။ အင်္ဂလိပ်အက္ခရာ ကြွယ်ဝစွာနဲ့ ရေးထားတဲ့ လိုက်နာရမဲ့၊ ပေးရန်၊ ရရန်အစရှိသည်များပါတဲ့ စည်းကမ်းစာရွက် တစ်ထပ်ကြီးလည်း ပေးဖတ်လိမ့်ဦးမယ်။ ဖတ်ချိန်ကလည်း ၁၅ မိနစ်သာသာပဲ... ဘာလဲ ခင်ဗျားအဲ့စာထဲမှာပါတဲ့ တစ်ချို့စာသားတွေကိုမရှင်းဘူးလား၊ မကျေနပ်ဘူးလား၊ အထွန့်မတက်နဲ့ အဲ့ဒါ တစ်ကမ္ဘာလုံးမှာ လိုက်နာကျင့်သုံးနေတာ၊ ဒီတစ်နိုင်ငံတည်းမဟုတ်ဘူး စသည်ဖြင့် စကားလုံးအကြီးကြီးနဲ့ ချိမ်းခြောက်လိမ့်ဦးမယ်။ ဒါပေမဲ့လည်း အင်ဂျီအိုမှာ အလုပ်ရတော့မယ်ဆိုတဲ့ အသိနဲ့ အဲ့ဒိ ဘာမှန်းသေချာမသိတဲ့ စည်းကမ်းကြီးကိုဖတ်ပြီး အလုပ်ခန့်လွှာမှာ လိုက်နာပါမည့်အကြောင်း လက်မှတ်ထိုးလိုက်တဲ့သူတွေက များပါတယ်။ နောင်မှတောင်းဖတ်မယ်လို့ ရည်ရွယ်လား… ကိုဖီအာနန်ထက်ဆိုးတဲ့ ကွန်ဖီဒန်ရှယ်ဆိုတဲ့ ဟာကြီးနဲ့ ကိုင်ပေါက်ပြီး ပေးဖို့ဆိုတာ ဝေလာ ဝေးဆွပဲ။ အိမ်မှာရှိတဲ့ ဒန်အိုးနဲ့ ကိုင်အပေါက်ခံရတောင် အဲ့လောက်နာမယ်မထင်ဘူး။ ဘာလို့အလုပ်ဝင်ပီးမှ အဲ့ဒိ စာရွက်တစ်ထပ်ကြီးကို ပေးမဖတ်တာလဲလို့ အထွန့်တက်မလို့လား... မသိလေကောင်းလေပဲလေ... တောင်းရန်ရှိတဲ့ဟာတွေ မသိလေတော့ အဖွဲ့အစည်းက အဲ့ဒိဝန်ထမ်းကို ပိုက်ဆံမပေးရဘူးပေါ့ဗျာ... အဲ့ဒါလည်း ကိုယ့်ရွှေမြန်မာအခြင်းခြင်းပဲ လုပ်တာ....

     

    အင်ဂျီအိုရဲ့ သဘောက အလှူရှင်ပေးတဲ့ ပိုက်ဆံနဲ့ရပ်တည်ရတော့ အလှူရှင်သတ်မှတ်တဲ့ စည်းကမ်းအတိုင်း လိုက်နာရတယ်။ ဒီပရောဂျက်အတွက် လူဘယ်နှစ်ယောက်ခန့်ရမယ်ဆိုတာ တစ်ခါတည်း ပါပြီးသားဆိုတော့ လူတစ်ယောက်ကို ခန့်လိုက်ရင် ဘယ်ဘတ်ဂျက်နဲ့ဆိုတာ သတ်မှတ်ပြီးသား။ အဲ့ဒိဘတ်ဂျက်ရှိတဲ့ သတ်မှတ်ကာလအတိုင်း အလုပ်တည်မြဲတယ်ပေါ့ဗျာ။ ပုံမှန်အားဖြင့် သုံးလတို့ ခြောက်လတို့ စာချုပ်ချုပ်ရတာပေါ့ဗျာ။ အဲ့ဒိဘတ်ဂျက်ကုန်သွားရင်လား ဟုတ်ကဲ့ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို ဘတ်ဂျက် မကုန်ခင်တစ်လ အလိုကတည်းက စိတ်ရောကိုယ်ပါ မြှုပ်နှံလို့ ရိုသေကိုင်းရှိုင်းပေတော့ဗျို့။ မောင်ရင် ကိုယ့်ကိုဘာဘတ်ဂျက်နဲ့ ခန့်လိုက်တယ်ဆိုတာ သိချင်လို့ မေးမလား ပြောပီးပါပကော ရိုးရိုးဒန်အိုးမဟုတ်တဲ့ ကွန်ဖီဒန်ရှယ်ဆိုတဲ့ ရှယ်ဒန်ကြီးနဲ့ ကိုင်ပေါက်ဦးမယ်မှတ်။ မသိလို့ကော ဘာမှမဖြစ်ဘူးလို့ ယူဆလား အင်း… ရတယ်လို့တော့ ပြောလို့ရတယ်၊ ကိုယ့်အတွက် လှူတဲ့အလှူရှင်က မလှူတော့လို့ မောင်ရင် ဘတ်ဂျက်မရှိရင် တစ်ခြား ဘတ်ဂျက်ကနေ မောင်ရင့်ကို အစားဆွဲခန့်ဖို့က ထောက်ခံပေးတဲ့ အဆိုပါ မမများ ကိုကိုများရဲ့ သဘောထားက မူတည်သေးတယ်ဗျ။ အဲ.. တစ်ခါတစ်လေ တစ်ခြားဌာနက လူတစ်ယောက်က ထွက်သွားလို့ ညီမလေးများကို လစာတော့ တိုးမပေးပဲ ထွက်သွားတဲ့သူရဲ့ အလုပ်ပါခိုင်းလို့ လူ့အခွင့်အရေးဆိုတဲ့ စကားနဲ့များ ညီမလေးကိုင်ပေါက်မလား၊ ဆောရီးပဲ ညီမလေး.. ညီမလေးရဲ့ နေရာအတွက် ဘတ်ဂျက်မရှိလို့ ဒီကွန်ထရက်ကုန်ရင် ညီမလေး အလုပ်ဆက်ရဖို့မသေချာတော့ဘူး၊ နှစ်ခုတွဲလုပ်ရင်တော့ ဟိုဘတ်ဂျက်ကနည်းနည်း၊ ဒီဘတ်ဂျက်က နည်းနည်းယူပြီး ညီမလေး အလုပ်သက်ရှည်မယ် စသည်ဖြင့်သွယ်ဝိုက်ပြီး အကျပ်ကိုင်ပါသေးတယ်။ 

     

    အနှီညရေးများကတော့ နိုင်ငံပေါင်းစုံကလှူတဲ့ ရောသောပေါကော ဘတ်ဂျက်နဲ့ အလုပ်သက်ရှည်သွားပါလိမ့်မယ်။ ဘာမှန်းမသိညာမှန်းသေချာမသိ အလုပ်ရတုန်းက ထိုးလိုက်ရတဲ့စည်းကမ်းကြီး အရေးမပါဘူးလို့ ထင်နေသလား မှားသွားမယ်မိတ်ဆွေ။  ကိုယ်ရစရာရှိတာတွေ အဲ့အထဲမှာ ရေးထားတာ။ အော်ဘာတဲ့ တစ်ခြားသူတွေများ လူသားခြင်းစာနာစွာ အသိပေးမယ်ထင်လား ဝေးဆွခြောက်ပါး မိတ်ဆွေ၊ လူမုန်းက သိပ်မခံချင်ကြဘူး အထူးသဖြင့် HR ၊ စီမံခန့်ခွဲရေးနဲ့ ပြဿနာမဖြစ်ချင်တဲ့သူကများတယ်။ အသိ ဆရာဝန်တစ်ယောက်၊ သူကလည်း ခရီးသွားရတာ ၀ါသနာပါလေတော့ အင်ဂျီအိုမှာ အလုပ်ရကတည်းက သွားလိုက်တဲ့ခရီး၊ သူ့ရဲ့ လစာကောင်းသလောက် ခရီးသွားရတာ ကုန်ကြောင်းကြားရလို့ မနေနိုင်မထိုင်နိုင် သူ့ကိုမြှောက်ပေးလိုက်လို့ အနှီစည်းကမ်းကြီး ဖတ်ကြည့်တော့မှ ခရီးသွားတဲ့အတွက် ထမင်းစားရိတ်တွေ၊ အိုဗာတိုင်တွေကို အဖွဲ့ကပြန်တောင်းရမှန်းသိတယ်။ သူ့ကို ဘယ်သူကမှလည်း မပြောဖူးလေ.... မပြောလို့ မကျေနပ်ဘူးဆိုပီး ကွန်သွားပလိန်းလိုက်တာ ဆရာအလုပ်ဝင်တည်းက ဖတ်ရတဲ့ စာချုပ်ထဲမှာပါတယ်လေ ဆရာသေခြာမဖတ်လို့ပဲဟာဆိုတော့ သူလည်း သေဟဲ့ နန္ဒိယပေါ့... ကိုယ့်နဖူးကိုယ်ရိုက်လို့.... နောင်မှတရတဲ့ နောင်တဆိုတဲ့စကားအတိုင်း အဲ့ဒိပိုက်ဆံတွေကို ပြန်တောင်းပေးဖို့ ဆောရီးပဲ ဘတ်ဂျက်ကာလ ကျော်သွားလို့ ထုတ်ပေးလို့ မရတော့ဘူး... အခုနောက်ဆုံးသွားခဲ့တဲ့ ခရီးအတွက်စားရိတ်တော့ ရအောင်ကြည့်တောင်းပေးမယ် အရင်ဟာတွေတော့ မရတော့ဘူး ဆိုတဲ့စကားလုံးနဲ့ သူလည်း မရ ရတာလေးပဲ ချိုင်ထားတော့တယ်..... အဲ့ဒိဆြာဝန် ခရီးသွားတဲ့ရက်တွေအတွက် ခရီးစားရိတ်တွေလား.... ဘယ်ရောက်ကုန်လဲ သိချင်လား..... ဗေဒင်သွားမေးရင် ဆန်ကုန်မယ် ခြေညောင်းမယ်ဗျာ.......

     

     

  •  ¡  ¡ Report ¡ 6 hours ago
 

Reply all
Reply to author
Forward
0 new messages