Groups
Groups
Sign in
Groups
Groups
Institute of Medicine, Mandalay, Myanmar
Conversations
About
Send feedback
Help
Fwd: မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမယ် ဆိုပါလား။
1 view
Skip to first unread message
Nyi Nyi Aung
unread,
Oct 4, 2011, 8:22:36 AM
10/4/11
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to IMM Group email
Facebook post:
မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမယ် ဆိုပါလား။
Wall Photos
မနိုင်နိုင်းစနေ ဘာသာပြန်-ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် Phoenix Satellite Television Holdings Limited (ifeng)ရဲ Phoenix Tv(凤凰卫视) သတင်းဌာနကဖြစ်ပါတယ်. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..
သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန် သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့ အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊ သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလိုပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလားချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့ တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊ မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...
သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်
မန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့ အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊ တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း... ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..
သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ်....
by Ninenine Sanay
http://www.facebook.com/nineni
nesanay/posts/297075453651519
ဟောင်ကောင် Phoenix Tv(凤凰卫视) Phoenix Satellite Television Holdings Limited (ifeng) သတင်းဌာန website
http://www.phoenixtv.com/
My life Days
By:
TunTun Kyaw
Like
·
·
Share
·
2 hours ago
·
You can comment:
https://www.facebook.com/photo.php?fbid=2414012439032&set=a.1623118187170.88077.1512935833&type=1&theater
Reply all
Reply to author
Forward
0 new messages