ဆရာမျိုးဟန်ကို - 2012, November လ အတွက် ဗေဒင် ဟောစတမ်း

10 views
Skip to first unread message

myo han ko

unread,
Nov 3, 2012, 3:44:30 PM11/3/12
to့ ­ ­, ◘○•♥☻အောက်ဆီဂျင် လေး♦♣♠☺☻♥, ♥ချစ် သူ♥, 06+baby milo, ၀င်းဝင်း (အငယ်လေး), 2010gre...@gmail.com, 3one...@gmail.com, 7lovely girl1994, 88 99, A Zin Oo, achit kansoethu, ah sawelu, Ak Aungkoko, Aldiotis Rock, alternative boy, alwan myoethu, alwan yaung, am thu, anawrahta 007, Aodog Rest, arakan.a...@gmail.com, arkar htet, Arker Min, arr gyi, asdf jkl, astrologer swe, Asung Ceu, Athena's Lover *ကလေးနဲ့ အတူ ခေတ်အဆက်ဆက်* *ကို ဖြတ်သန်းချင်သူပါ* :-(, athi...@blumail.org, aung aung, aung koko, aung min, aung moung, Aung Naing Phyo, Aung Naing Phyo ., aung pyi phyo aung pyi phyo, aung soe oo, AungK Min, aungkyawmyint aung kyaw myint, aungmyo myat, aungye zaw, ayemya thida, baby crazy.143, bic cycle, black rose, Blue Ray, bluelove night9, boe boe & သိုက်ဖွား, boyfr iend, bulelight light, chan myaethar5, chat ko, cherryph...@gmail.com, chit ko, chit ko, chit koko, chit tal, chithnin shin, chitsan...@gmail.com, chitsone lay.pku, chitthu lay, chitthu lay, Chitthulay pyay, chocolate wafer, ciin ta, cold redangle, Cratön Héim, criss angel, cupid lay, cupi...@gmail.com, cupitcrazy cupit, cute xiao, d .snique, D@uble D.J, danger dragon, dark trio5, daungphawar18 phawar18, dave bo, lord death, Deborah olive.lin, degre...@gmail.com, Delta.King ....., demon နတ်ဆိုး, doe lay, DRA GON, Dream Love, e pi, egabar htun, Egabar Tuntun, ei win nilar, eimyat mon09, emo boy, Emo Boy, emo girl, emo punk, epeye power, errorheart beatz, ever golli, fighter emo, FIREFOX ., forg...@bot.im, Friday Linn, galant aquiline, Mr Garfield, girl friend, girl lay, Gu Gu gugu, Hajee Than Hla Oo, Hanny Win, hanzaw tun21, happy phyo21, hay man, Heart can cer, heart cho, Hein Htet, heinphyo aung7, Hero Prince, hinnwittyisoe mahnin, Hlaing Bwar oo, hlaing tun, hnin 2011, honey thu, hsu myat, Hteekayone Lay, Htet Aung Hlaing, Htet Ko Ko, htet lin wai, htet popular.1997, htet.lin...@gmail.com, HtetAung Shine, htoo lay, Htun Htet Htet Oo, hug hug, ice-cream ice-cream, iloveyou iloveyou, ingule mala.love, James Hpaung, john phyo, johnnaythu thu, k lay, kaung htet, kaung kaung, kaungk...@gmail.com, keri.nst 491, kg ma lay, khantnaingko punkrock, khin naychioo, khin pyone yee, khine ayenyein, khit sithu, King Kg Lay, kk.nge december, ko myo, ko naing, ko pyae, ko su, Ko Zaw, koaye kyaw, kocho naing, Koko Aung, koko mg, kokochit chit, kosai 2011, koyin chawlay, ktznnc, ku ku lay, kung soelay, kyaw htet Aung, kyaw min, kyaw min, kyaw min thein, kyawkya...@gmail.com, Kyawminhlaing MIC, kyawt kyawt, kyawzin mdy, kyawzin winn, kyayswar kyawswar, kyikyi han, kywe htay naing, kzmoo...@gmail.com, la shio, lady queen, laikhak...@gmail.com, lamin chitthu, lamin kalay, lamin lay, layeik cho, lent.violent. vio, LEO .net.PUMA, light hero, lin lin, lin lin aung, linlin htein, linn...@blumail.org, Linnnay Yaung, little pig, Mr Lonely, loney lucky, love lar969, love u, lovecazy boy, loveseeker 1994, loyal girl, lusoe lay, lwamw...@gmail.com, Lwan Paishin, lwin, lwin oo, Ma Hnin Hnin, ma moe, Ma Pwint, malay mmbloggers, malaysiam...@googlegroups.com, Malmady Lay, marna minthameelaychitthu, may online.kt, may thiri oo, May Thu, maymy...@gmail.com, mayyi lay, MC အိုလေး, Me Me Hlaing, mg mglin11, mgmaung than700, mgmg lay, mgmgn...@gmail.com, mgmin...@gmail.com, mgnaw 2009, mhap1 rapper, Michael Capricorn, michael linn, min heinn latt latt, min kyaw, minnmi...@gmail.com, miss girl, Miss Nyunt HaeMar Thein, misso...@gmail.com, mmin 613, mno knso, moe lover, moe moe, moe moemyintzaw, moe natthar1990, Moe Thar, mr.moegokethar, moenat thuzar, moesa...@gmail.com, moethway nge, momoko (မိုးချစ်သူ)


၁။ တနင်္ဂနွေ သားသမီးများ အတွက် 

အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ နေရာထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ရမည်။ ငွေကြေး ကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ 

ခရီးဝေး ခရီးနီးများကို သွားလာနေရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ စက်ပစ္စည်းဝင်မည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်သည်။ ယခု အချစ်ရေးကိစ္စများ ချစ်သူနှင့် ဝေးကွာနေရသူများ ပြန်လည် ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ ကျန်းမာရေး အိပ်ရေးပျက် ၊ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ 

 ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဝါရောင်ပန်း ၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေး သောဂဏန်းများ ။ ။ ၃ ၆ ၈ ၀ 

၂။ တနင်္လာ သားသမီးများ အတွက် 

ယခုလအတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရှိသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။ ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ 

လူမှုရေး ဘာသာရေး ကိစ္စများ ၊ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများနှင့် အထင်လွဲမှုကိစ္စများ ကြုံမည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီ ခရီးထွက်ရမည်။ မိတ်ဆွေများနှင့် ပြန်လည် ဆုံတွေ့ရမည်။ ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ 

အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ နီးရက် ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေး စိတ်နေသဘောထား သင့်မြတ်နေသော အချိန်လေးပါ။ ကျန်းမာရေး သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။ 

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကြာပန်း ၂ပွင့်ကို နေအိမ်ဘုရားတွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၈ ၆ ၅ ၀ 

 ၃။ အင်္ဂါ သားသမီးများ အတွက် 

အလုပ်အကိုင်များ နေရာများ ပြောင်းရွေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ် ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ 

ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေရမည်။ ခရီးယာယီ သွားလာရမည်။ စက်ပစ္စည်းများ ပျက်မည်။ 

ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ တက်ရမည်။ အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ ကျန်းမာရေး ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ 

ယတြာ = ကံကောင်းစေရန်အတွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် လက်ဖက်သုပ် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၅ ၃ ၉ ၂ 

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက် 

အလုပ် အကိုင်များ အဆင်ပြေလာမည်။ အလုပ် ကိစ္စများ နေထိုင်မှုကိစ္စများ ပြသာနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေ သော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီ ပေးသူ ပေါ်မည်။ ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်သည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ 

ရသလောက် ကုန်ကျမှု များရှိနေမည်။ အိမ်ထောင် ပရိဘောဂ ပစ္စည်းများဝင်မည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။ အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိနှင့် မိမိ ချစ်သူအကြား ပြသာနာမရှိသော်လည်း သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။ 

အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။ ကျန်းမာရေး ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ် ဘုရားတွင် သစ်တော်သီး ၃ လုံးကပ်လှူ၍ ဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်း ။ ။ ၄ ၅ ၇ ၀ 

၅။ ကြာသပတေး သားသမီးများ အတွက် 

မျှော်လင့်နေသော ဆန္ဒများ ပြည့်စုံလာမည်။ ကူညီပေးသူ ပေါ်လာမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ နေရာရကိန်းရှိသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။ စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေနေပေမဲ့ မစုမိသော အဖတ်မတင်သော အချိန်လေးဖြစ်နေမည်။ စက်ပစ္စည်းဝင်မည်။ အိမ်မက်ကောင်း မက်မည်။ 

စီးပွားရေး ပုံမှန်လေး အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ စမ်တူကိစ္စများ ရှောင်ကြည်ပါရန်။ ခရီးယာယီများ သွားလာမှုများ သွားသင့်ပါတယ်။ အဆင်ပြေလာမည်။ မိတ်ဆွေများနှင့် အတူတူ ခရီးယာယီ သွားရမည်။ 

ပညာရေး ကြိုးစားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေး ချစ်သူနဲ့စကားပြောဆိုမှုများ အဆင်မပြေသေးပါ။ စိတ်ဆိုးနေမည်။ အိမ်ထောင်ရေး ပြန်လည် ဆုံဆည်းရမည်။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ ယတြာ = ကြာသပတေးနေ့ ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ရှိ ဘုရားတွင် ပန်းသီး ၅ လုံးကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။ အကျိုးပေးသောဂဏန်းများ ။ ။ ၆ ၅ ၁ ၀ 

 ၆။ သောကြာ သားသမီးများ အတွက် 

လိုရာဆန္ဒအမြန် ပြည့်ဝလာဖို့ လုပ်စရာရှိတာကို မှန်မှန်လေး ပြုလုပ်သွားပါ။ မိမိရဲ့ဆန္ဒတွေ ပြည့်ဝလာမှာပါ။ အလောမကြီးဖို့ သတိပေးပါရစေ။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံ၍ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ အဆင်ပြေမဲ့ အနေအထားလေးတွေ ရှိပါတယ်။ ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ 

မိမိ ကုန်သလောက်ရနေမည်။ အမွေကိစ္စများ ဖြေရှင်းရမည်။ သူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။ အထင်လွဲခြင်း ခံရမည်။ ကြာသတေးနံ ပစ္စည်းများ ဝင်လာမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ 

အချစ်ရေး အဆင်ပြေပါသည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ ဝေးနေရမည်။ ယခုလ ကျန်းမာရေး ဇက်ကြောတက် ၊ ကိုက်လက်ကိုက်ခဲခြင်း ဖြစ်မည်။ ယတြာ = မိမိ နေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသော ဂဏန်းများ ။ ။ ၇ ၉ ၅ ၂ 

၇။ စနေသား သမီးများ အတွက် 

အလုပ်အကိုင် ကိစ္စများ အဆင်ပြေလာမည်။ ရည်ရွယ်သော အလုပ်များကို လုပ်ဆောင်ရမည်။ အထက်လူကြီးနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ မိသားစုအတွင်း လူဝင် လူထွက်ရှိသည်။ ခရီးကိစ္စမျာ သွားလာမှု အဆင်ပြေမည်။ မိသားစုအတွင်း နေရာထိုင်ခင်း ကိစ္စများ ပြုပြင်ရမည်။ 

ထီး ဖိနပ် နာရီ အဝတ်အထည်များဝင်မည်။ အချစ်ရေးမှာ အေးချမ်းနေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေး အဆင်ပြေပြီး စကားများနေရမည်။ ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိ ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နှင်းဆီနီ ၇ ပွင့်ကို မိမိ နေအိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေး သောဂဏန်းများမှာ ။ ။ ၇ ၆ ၀ ၁ 

ယခုလ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ 

ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို 

ဆက်သွယ်ရန် ၊ အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် နဘေး ၊ No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur. Kuala Lumpur Malaysia - Website : http://myohanko1.blogspot.com/ - E-mail : myoha...@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

(ဗေဒင်ဟောစတမ်းအား ဝဘ်ဆိုက်မှာ တင်လိုပါက အောက်ပါလိပ်စာတွင် ပုံယူပါရန် 

--
t h a n k y o u ........
Reply all
Reply to author
Forward
0 new messages