ကျွန်တော်တို့၏ အမိမြန်မာ နိုင်ငံတော်ကြီး အတွင်း၌ အချို့သော
မြို့ရွာများတွင် သောက်သုံးရေ အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။
ထိုကြောင့် ကျွန်တော်တို့ ဘလော့ဂ် အဖွဲသားများမျ လှူဒါန်းနိုင်ရန်
ကောက်ခံပေးပါမည်။
အလှူငွေ လက်ခံပေးမည့်သူများ
ကိုလတ် ( မိုးသွေးငယ် ပီနန်း တာဝန်ခံ) ph : +60125277438
ကိုဒီရေ (ronal ကေအယ် တာဝန်ခံ) ph: +60127859246
ကိုနီယို ( ကေအယ် တာဝန်ခံ) ph : +60103859972 သို့ ဆက်သွယ်
လှူဒါန်းနိုင်ပါသည် ခင်ဗျား.. အလှူငွေများကို ကျွန်တော်တို့ တပတ်လျှင်
တစ်ကြိမ် (သို့) ရနိုင်သလောက် စုထားပြီး မြန်မာပြည်သို့ ပို့ပေးပါမည်။
ပြည်တွင်း၌ ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်မှ စွမ်းဆောင်၍ နေရာ အရောက်
သွားရောက် လှူဒါန်းပေးပါမည်။
မလေးမြေ
....................
ယခု အခါ ရေရှားပါးမှု ပြဿနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်
နေပါသည်။ ထို့အတူပဲ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ ကျေးရွာ
များနှင့် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာ အနှံ့အပြား တွင်လည်း အဆိုပါ
ပြဿနာများ ဖြစ်ပေါ် နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။
သောက်သုံးရေ ပြတ်လတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ရောဂါဘယတွေ
ထူထပ် များပြား လာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်း ရောဂါ
ဖြစ်သည်။ ဒီ ပို့စ်လေးကို ရေးဖြစ်သွားတာ ကလည်း အဖြစ်ပျက်လေး
တစ်ခုကြောင့်ပါ။
လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူ လာခံသော မိသားစု တစ်စုကြောင့် ဖြစ်သည်။ ပေရေ
ညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်က ဆွဲပြီး မျက်ရည် လည်ရွှဲ နဲ့ ရေဒုက္ခ
ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲဒီလောက် ထင်မထား မိခဲ့ပေ။
နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ
တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ သောက်ရေသန့် လာပို့သော လူငယ် တစ်ဦးနှင့်
စကား စပ်မိရာမှ ကုလားဝဲ ရွာနှင့် ရွာနီးချုပ်စပ် တို့၏ ဒုက္ခ အစုံစုံကို
ကြားသိ လိုက်ရသည်။ အဆိုပါ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက်
လျော့ယူပြီး ရေ လှူချင် သူများကို ကူညီနေ လျက်ရှိရာ နေ့စဉ် ရေသန့်ဗူး
ငါးဆယ် ဝန်းကျင်ကို အားတက် သရော သွားလှူ ဖြစ်နေခဲ့သည်။ နေရာ
အနှံ့အပြားတွင် ဖြစ်နေသော ရေ အခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။
ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာ နောက်ထား ရေအသက် တစ် မနက် ဆိုတာကို ပဲ
အဓိက ထားပြီး ကူညီရန် အတွက် နီးစပ် ရာ ရေဒုက္ခ သည် ရွာသို့ ကျွန်တော်
ကွင်းဆင်း ကြည့်ရှုရန် သူငယ်ချင်းများအား တိုင်ပင် လိုက်ရာ ချက်ခြင်းပင်
မိတ်ဆွေ တစ်ဦး မှ သူ့ Taxi ဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေ
သွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခ ကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ
သဒ္ဒါ ပေါက်သွားပြီး ငွေကျပ် ငါး ထောင် လှူဒါန်း သွားပါသည်)
ကျွန်တော် ကွင်းဆင်း ကြည့်မိသော ရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ
ဆက်သွားလျှင် ယုဇန ဥယျာဉ်မြို့တော် အကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူး
တံတားကြီး၏ တစ်ဘက် ခြမ်း၌ တည်ရှိသော ကုလားဝဲ ရွာပင်ဖြစ်သည်။ရွာတွင်
အိမ်ခြေ လေးရာ့ ရှစ်ဆယ်ကျော် ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့်
ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခု
နှစ်တွင်မှ အခက်ခဲ ဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲ ရွာအထိ
ကားလမ်းပေါက်ပြီး တခြား ရွာနီး ချုပ်ဆက် များသို့ လှည်းလမ်း ကနေ
ထော်လာဂျီနှင့် သွားမှရောက်ကြောင်း အဆိုပါ ရွာများသို့ ကုလားဝဲ အထိ လာလှူ
ထားသော သုံးရေ သောက်ရေ များအား ပြန်လည် ခွဲဝေ ပေးနေကြောင်း သို့သော်လည်း
လုံလောက်မှု မရှိသေးကြောင်း အလှူရှင် များလည်း စဉ်ဆက် မပြက် လာရောက်
လှူဒါန်းလျှက် ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံ
ရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်
ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမို ဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ
ရှင်းပြ ပါသည်။ ကုလားဝဲကို အခြေတည်ပြီး ပဲ ပို့ပေးနိုင်သောကြောင့် အခြား
ရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး
လှူဒါန်း နိုင်မည် ဆိုလျင် ပိုမို အဆင်ပြေ နိုင်ပါသည်။
လှူစေချင်သူ ၁ ဦး
.........................
ထပ်ဆင့် မေတ္တာရပ်ခံ နှိုးဆော် အပ်ပါသည်
အားလုံးလည်း ဖောက်ပြန် နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ
တရှိန်းရှိန်း တောက်လောင် နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။
စင်္ကာပူမှာ အလုပ်လုပ် နေရတဲ့ ညီအကို မောင်နှမတွေ အနေနဲ့တော့ အပူဒဏ်ကို
နည်းအမျိုးမျိုး သုံးပြီး ရှောင်ရှားလို့ ရနိုင်ပါသေးတယ်။ ရာသီဥတု
ပူလာတာနဲ့ အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက် ထွက်ပြီး ကိုယ်တွင်းက
ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလို ဆုံးရှူံးသွားတဲ့ ရေဓါတ်ကို ပြင်ပကနေ
ရေ နှင့် အရည် တစ်မျိုးမျိုး သောက်သုံးပေးခြင်း အားဖြင့် ကိုယ့်တွင်း
ရေဓါတ် ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ် အပူဒဏ် လွန်ကဲနေမှုကို ပြေပျောက်
စေတယ်။
ကဲ..... ကြည့်ကြည့် ကြစမ်းပါ။ အမိမြေက မောင်နှမ သားချင်းတွေ အဘယ်သို့
ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက် ပူတဲ့နေ။ ဒီလို
ပူပြင်း ခြောက်သွေ့လာတာနဲ့ အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ
ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲ ဖြစ်နေကြရပါပြီ။ ငါ့တို့တွေ
သူတို့တွေ အတွက် ဘာလုပ် ပေးကြမှာလဲ။ သူတို့ အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ”
စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင် သလောက် အလှူငွေလေး
ထည့်ဝင်စေချင်တယ်ကွာ။
ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )
အောက်ပါ အဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နိုင်ပါတယ်။
* ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
* ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
* ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
* ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
* မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://www.khitpyaing.org/index.php?route=detail&id=654
ဒီစာစုလေးကို ဖတ်ကြည့်ပြီး၊ သင် ကိုယ်တိုင်သော် လည်းကောင်း၊ သင့်
သူငယ်ချင်း မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက်
အကူအညီ တစ်ခုခု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့
ထူးခြားတဲ့ အပူပြင်းဆုံး နေရောင်ခြည် အောက်မှာ ကျွန်ုပ်တို့ အားလုံး
အလူးအလဲ ခံစားနေကြ ရပါတယ်၊ ကျွန်ုပ်တို့ အတွက် အရိပ် အာဝါသ ကောင်းကောင်း
ပေးခဲ့ကြတဲ့ သက်ရှည် သစ်ပင်ကြီး များဟာလည်း နာဂစ် အိမ်မက်ဆိုး အောက်မှာ
အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ နာဂစ် အဓိက ပစ်မှတ်
ထားခံခဲ့ရတဲ့ ဒေသ တစ်ချို့မှာ သောက်သုံးရေ ရှားပါးခြင်း ဒဏ်ကို ခါးဆီး
ခံနေကြရ ပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်း အနီးရှိ အလယ်ကျွန်း
ကျေးရွာနှင့် ဒီးဒူးကုန်း ကျေးရွာ များမှာ ရေရှားပါးခြင်း ဒဏ်ကို
ခံနေကြရပ်ပြီ။ ရေတစ်ထမ်း ရဖို့ နှစ်မိုင် ခရီးကို နေရောင်ခြည် ပြင်းပြင်း
အောက်မှာ အမောတကော သယ်ယူ နေရပါတယ်။ ခက်ခက်ခဲခဲ ရရှိလာတဲ့ ရေတစ်ထမ်း
ဟာလည်း အငန်ဓါတ် မကင်းနိုင်လို့ သောက်သုံးဖို့ အခက်တွေ့ နေကြပါတယ်။
မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ လူပေါင်း များစွာရဲ့အသက်ကို
ဆက်ပေးနိုင်မယ့် အခွင့်အရေး ကောင်းပါ။ ဒုက္ခရောက်သူကို ကူညီလေ့ ရှိတာ
မြန်မာ လူမျိုးတို့ရဲ့ ပင်ကို စိတ်ရင်းပါ။ မိတ်ဆွေတို့ရဲ့ ပင်ကို
စိတ်ရင်းကို လှစ်ဟာပြဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ အားလုံးက
မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့် လက်တစ်စုံကို မျှော်လင့် နေပါတယ်။
ကျွန်ုပ်တို့ရဲ့ ရေကြည် တစ်ပေါက်နဲ့ ဒုက္ခ ရောက်နေတဲ့ လူပေါင်းများစွာကို
အသက်ဆက် ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!
ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)
--
မလေးရှားမှ မြန်မာ ဘလော့ဂ္ဂါများ အဖွဲ့
For more options, visit this group at
http://groups.google.com/group/malaysiammbloggers?hl=en?hl=en
ကျွန်တော်တို့ မလေးမြေ ဘလော့ဂ်အဖွဲ့သားများ ခင်ဗျာ..
ကျွန်တော်တို့၏ အမိမြန်မာ နိုင်ငံတော်ကြီး အတွင်း၌ အချို့သော
မြို့ရွာများတွင် သောက်သုံးရေ အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။
ထိုကြောင့် ကျွန်တော်တို့ ဘလော့ဂ် အဖွဲသားများမျ လှူဒါန်းနိုင်ရန်
ကောက်ခံပေးပါမည်။
တခြားမည်သည့် အလှူရှင်မဆို ပါဝင်ရန်လည်း ဖိတ်ခေါ်ပေးနိုင်ကြပါတယ်။
အလှူငွေ လက်ခံပေးမည့်သူများ
ကိုလတ် ( မိုးသွေးငယ် ပီနန်း တာဝန်ခံ) ph : +60125277438
ကိုဒီရေ (ronal ကေအယ် တာဝန်ခံ) ph: +60127859246
ကိုနီယို NERO ( ကေအယ် တာဝန်ခံ) ph : +60103859972
သို့ ဆက်သွယ်
လှူဒါန်းနိုင်ပါသည် ခင်ဗျား.. အလှူငွေများကို ကျွန်တော်တို့ တပတ်လျှင်
တစ်ကြိမ် (သို့) ရနိုင်သလောက် စုထားပြီး မြန်မာပြည်သို့ ပို့ပေးပါမည်။
ပြည်တွင်း၌ ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်မှ စွမ်းဆောင်၍ နေရာ အရောက်
သွားရောက် လှူဒါန်းပေးပါမည်။
အကယ်၍ အများဆန္ဒတွေကိုလည်း တင်ပြဆွေးနွေးဖိုဖိတ်ခေါ်ပါတယ်။အမြန်ဆုံး သဘောထားလေးတွေ ပေးပို့စေလိုပါတယ်ဗျာ။