[အလင်းစေတမန်:5308] ပူလွန်းလို့ပါ...

0 views
Skip to first unread message

ကိုရူးအောင်ချစ်မိသူ

unread,
Aug 9, 2010, 3:26:54 AM8/9/10
to lovespy


“ခေါင်းမော့လို့ အန်တုပါလော့...မိုး”

နွေကလည်း
အလျော့မပေးဘူး
မိုးကလည်းခေါင်းငုံ့နေတုန်း...

အခြေနေနဲ့
အချိန်ခါက
ပြောင်းပြန်ကြီးတဲ့လား
အချိန်ခါကျရောက်လာတာတောင်
အခြေနေက မပေးခဲ့ဘူးလေ...

လူတကာရင်မှာ
တောင့်တနေတဲ့မိုး
လူတွေရဲ့ချွေးစက်နဲ့ပဲ ပျိုးရလေမလား...

ဒီလိုနဲ့ပဲ
မြေကြီးကပါ
သူ့အသွေးသားတွေ
ကွဲအက်ပြလို့ ငံ့လင့်နေတဲ့အချိန်...

မိုးကလည်း ခေါင်းငုံ့ထားတုန်း
နွေကလည်း အလျော့မပေးသေးဘူးလေ...

M.M
မောင်မျိုး

1.5.2010 (Sat)
4:06
PM

--
´`•.¸ღ♥✿``` M.M မောင်မျိုး```✿♥ ღ¸.´`

Reply all
Reply to author
Forward
0 new messages