ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့
အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။
အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ
ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့
လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as
password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as
ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user
တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။
( အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk
သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကောင်မလေးများဆိုရင်တော့ ကောင်လေးချော
ချောလေးကိုမှတ်မှာပေါ့နော် )
ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။
အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk
ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။ )
ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။
win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။
အဲဒီကနေ
HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts
ကိုထောက်လိုက်ပါ။
ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။
အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့
username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။
အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား
အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ +
လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။
ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete
နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံသွားပြီလို့ထင်ပါတယ်။
တစ်ချို့ဆိုင်တွေက Registry Editor ကို ပိတ်ထားတာများပါတယ်..နောက် Ctrl
+Alt+Del
key ( Task Manager )ပါ ပိတ်ထားကြပါတယ်။
ပထမဆုံး Registry Editor ပိတ်ထားခြင်း အား ပြန်ဖွင့်အောင်
Run >gpedit.msc ကို ရိုက်ပါ
User Configuration အောက်က Administrative Templates ကို Click လုပ်ပါ။
သူအောက်မှာ
System ကို ကလပ်နှိပ်ပါ
System ဘေးဘက်အကွက်မှာ Prevent access to registry editing tools
ကိုClick
နှစ်ချက်နှိပ်ပြီး Enabled (သို့ ) Disabled (သို့) Not Configured
တစ်ခုခု ရွှေးပေးခြင်းဖြစ် သင့်အသုံးပြုနေသော် စက်တွင် Registry Editing
ပိတ်ထားခြင်းအား ပြန်လည်ဖွင့်နိုင်ကြောင်း ။
ဒုတိယနည်းကတော့ Ctrl+Alt+Shit အားပိတ်ထားခြင်း( Task Manager
)
User Configuration အောက်က Administrative Templates ကို Click လုပ်ပါ။
သူအောက်မှာ
System ကို ကလပ်နှိပ်ပါ
System အောက်က Ctrl+Alt+Shit ကို ၀င်ပါ Remove Task Manager ကို Click
နှစ်ချက်နှိပ်ပြီး Enabled (သို့ ) Disabled (သို့) Not Configured
တစ်ခုခု ရွှေးပေးခြင်းဖြစ် သင့်အသုံးပြုနေသော် စက်တွင် Task Manager
ပိတ်ထားခြင်းအား ပြန်လည်ဖွင့်နိုင်ကြောင်း ၊