ကွန်မြူနတီဒိုင်း ဆိုသည်မှာ ....

5 views
Skip to first unread message

love spy

unread,
Aug 9, 2010, 11:23:11 PM8/9/10
to lovespy
FA ကွန်မြူနတီဒိုင်း (Community Shield) ဆိုတဲ့ ပြိုင်ပွဲဟာ တစ်နှစ်မှာ
တစ်ခါသာ ကျင်းပပြီး အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA က ပေးအပ်ချီး မြှင့်တဲ့
အောင်မြင်မှု ဒိုင်းသရဖူကြီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံနဲ့ FA
ဖလားချန်ပီယံတို့ ထိပ်တိုက် တွေ့ပြီး လုကြရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
ဒီလိုပြိုင်ပွဲကို နှစ်စဉ်ကျင်းပနေတဲ့ လိဂ်ပြိုင်ပွဲတွေနဲ့ ဖလားပြိုင်ပွဲ
တွေကြားမှာ တိုးချဲ့ အသုံးပြုခဲ့ တာဟာ ဆိုရင် နှစ်ပေါင်း ၂၀
ရှိသွားပါပြီ။
သတင်းတွေ အရတော့ ကွန်မြူနတီဒိုင်း ပြိုင်ပွဲဟာ နိုင်ငံအများစုဟာ
ရာသီတစ်ခုရဲ့ အကြိုအဖြစ် ကျင်းပနေတဲ့ စူပါဖလားပွဲစဉ်တွေနဲ့ တော်တော်လေး
နီးစပ်တယ်လို့ သိရပါတယ်။.
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဒီဒိုင်းပြိုင်ပွဲကြီးကို ၁၉၀၈-၁၉၀၉
ဘောလုံးရာသီမှ စတင် ကျင်းပခဲ့တာပါ။
အဲဒီနောက် ကွန်မြူနတီ ဒိုင်းပွဲစဉ်ကို ၁၉၇၄ ခုနှစ်ကနေစလို့ ၀င်ဘလေ
ကွင်းကြီးမှာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ် အနည်းငယ် အကြာမှာတော့
ဝင်ဘလေ ကွင်းကြီးဟာ ပြုပြင်မွမ်းမံဖို့ လိုအပ်လာတဲ့ အတွက်
ကွန်မြူနတီဒိုင်း ပွဲစဉ်တွေကို ကာဒစ်ဖ်မြို့မှာရှိတဲ့ ထောင်စုနှစ်
ကွင်းကြီးမှာ ပြောင်းလဲ ကျင်းပခဲ့ပါတယ်။ အသစ် တည်ဆောက်ပြီး ဆုံးသွားတဲ့
ဝင်ဘာလေ ကွင်းသစ်ကြီးမှာ ၂၀၀၇ ခုနှစ် ကနေစလို့ ကွန်မြူနတီ
ဒိုင်းပွဲစဉ်တွေကို ပြန်လည် ကျင်းပ ခဲ့တာဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်း
ပထမဆုံး ပါပဲ။ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲဟာ စည်းကမ်းအရ ပရီးမီးယားလိဂ်
ချန်ပီယံနဲ့ FA ဖလား ချန်ပီယံတို့ ထိပ်တိုက် တွေ့ဆုံရတယ် ဆိုပေမယ့် အသင်း
တစ်သင်းတည်းက FA ရော ပရီးမီးယားလိဂ် ဖလားပါ ၂ လုံးစလုံး ရထားတယ်
ဆိုရင်တော့ အဲဒီအသင်းနဲ့ ပရီးမီးယား အမှတ်ပေး ဇယားမှာ အဆင့် ၂ ရခဲ့တဲ့
အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းကို အရင်တုန်းက
ချာရတီဒိုင်း လို့လည်း ခေါ်ခဲ့တာဖြစ်ပါတယ်။ FA အနေနဲ့ ဒီလို
ပြိုင်ပွဲမျိုး
ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အင်္ဂလန် နိုင်ငံအတွင်း
အမျိုးမျိုးသော လူမှု့ ထောက်ပံ့ရေးနှင့် လှူဒါန်းရေး ကိစ္စများ
ဆောင်ရွက်ဖို့အတွက် ရံပုံငွေတိုးပွားအောင် ရှာတာပဲ ဖြစ်ပါတယ်။
အဲဒီလို ရံပုံငွေတွေဆိုတာဟာ ကွန်မြူနတီဒိုင်း ပွဲစဉ်အတွင်း
လက်မှတ်များရောင်းချရာမှ ရလာတဲ့ အသားတင် အမြတ်ငွေ တွေ ဖြစ်ပါတယ်။ FA
အနေနဲ့ ရလာတဲ့ ရံပုံငွေတွေကို အချိုးကျခွဲပြီး FA ဖလား ပထမအဆင့်မှာ
ကစားနေတဲ့ ကလပ်အသင်း တွေအတွက် ထောက်ပံ့မှာဖြစ်သလို ကျန်တဲ့
ရံပုံငွေတွေကိုလည်း အခြား လူမှုရေးတွေမှာ အသုံးချဖို့ စီစဉ် ထားပါတယ်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ ၀င်ဘလေ ကွင်းကြီးမှာ ကျင်းပခဲ့တဲ့
ကွန်မြူနတီ ဒိုင်းပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ယူနဲ့
ချဲလ်ဆီး အသင်းတို့ ကစားခဲ့ကြပါတယ်။ အဲဒီပွဲမှာ နှစ်ဖက် အသင်းတွေဟာ
ပွဲချိန် မိနစ် ကုန်ဆုံးတဲ့ အထိ ၂ ဂိုးစီ သရေကျ နေတာကြောင့် ပင်နယ်တီ
အဆုံး အဖြတ်ခံယူ ရာမှာတော့ ချဲလ်ဆီးက မန်ယူကို ၄း၁ နဲ့ အနိုင်ရခဲ့ပါတယ်။
၂၀၁၀ ခုနှစ်ရဲ့ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲမှာလည်း ဒီနှစ်သင်းဘဲ
ဆုံကြဦးမှာပါ။ အဲဒီပွဲစဉ်ကို လာမယ့် တနင်္ဂနွေမှာ ကျင်းပမယ်လို့ သိရပါတယ်။
ကွန်မြူနတီ ဒိုင်းပြိုင်ပွဲဟာ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ FA ဖလားတို့ထက်
အဆင့်နိမ့်တယ် ဆိုပေမယ့် သမိုင်းသက်သေ အထောက်အထား အရ ၀ါရင့် သက်တမ်းရင့်
ပြိုင်ပွဲတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ ကွန်မြူနတီ ဒိုင်း ပြိုင်ပွဲမှာ
သုံးခဲ့တဲ့ စည်းကမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် ပွဲအပြီး မိနစ် ၉၀
ရလဒ်ကိုအတည်ယူကာ အနိုင်ရတဲ့အသင်းကို သရဖူဒိုင်း ပေးအပ်လိုက်တဲ့ အလေ့အထတွေ
ရှိခဲ့သလို မိနစ် ၉၀ အတွင်း သရေရလဒ် ထွက်ပေါ် နေမယ် ဆိုရင်လည်း ပါဝင်
ကစားတဲ့ အသင်း နှစ်သင်းကို သရဖူ ဒိုင်းကြီးအား ပူးတွဲ အောင်ပွဲခံဖို့
လုပ်ဆောင် ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ
အအောင်မြင်ဆုံး အသင်းတွေ ကတော့ မန်ယူ (၁၃ ကြိမ် ချန်ပီယံ/ ၄ ကြိမ်ပူးတွဲ)
လီဗာပူး (၁၀ ကြိမ် ချန်ပီယံ/ ၅ ကြိမ် ပူးတွဲ)၊ အဲဗာတန် (၈ ကြိမ် ချန်ပီယံ
/ ၁ ကြိမ် ပူးတွဲ) တို့ဖြစ်ပါတယ်။
အကြီးမားဆုံးနဲ့ အပြတ်သားဆုံး နိုင်ပွဲကတော့ ၁၉၁၁ ခုနှစ်မှာ မန်ယူက
ဆွီဒန်တောင်းအသင်းကို ၈း၎ နဲ့
အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ အအောင်မြင်ဆုံး ကစားသမား ကတော့ မန်ယူက
ဂစ်ပဲဖြစ်ပါတယ်။ သူဟာ အသင်းကို ၇ ကြိမ် (၁၉၉၃၊ ၁၉၉၄၊ ၁၉၉၆၊ ၁၉၉၇၊ ၂၀၀၃၊
၂၀၀၇၊ ၂၀၀၈) တိတိ ဗိုလ်စွဲစေခဲ့ရာမှာ ပါဝင်ခဲ့သူပါ။
ပွဲအများဆုံး ပါဝင်ကစားထားတဲ့ ကစားသမားကလည်း မန်ယူက ဂစ်ပါပဲ။ သူဟာ
အသင်းအတွက်
ကွန်မြူနတီ ဒိုင်းပြိုင်ပွဲပေါင်း ၁၃ ပွဲတိတိ ပါဝင်ကစားထားသူ ပါ။
စံတင်လောက်တဲ့ အောင်မြင်မှုကတော့ အဲဗာတန်အသင်းပါပဲ။ အဲဗာတန်အသင်းဟာ
ကွန်မြူနတီဒိုင်းကို ၁၉၈၄ ကနေ ၁၉၈၇ ခုနှစ်အထိ ၄ ကြိမ်
ဆက်ဗိုလ်စွဲခဲ့တာပါ။
အထူးခြားဆုံးကတော့ ၁၉၆၇ ခုနှစ်က မန်ယူနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်း
ဂိုးသမား ပတ်ဂျန်နန်းဂ်ဟာ အသင်းအတွက် ကိုယ်တိုင်
ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းကို ဗိုလ်စွဲရယူနိုင်
ပေမယ့် ပရီးမီးယားလိဂ်နဲ့ FA ဖလားတွေကို ဘယ်တုန်းကမှ မရယူနိုင်တဲ့ ကလပ်
အသင်း ၂ သင်းရှိပါတယ်။ အဲဒီ အသင်းတွေကတော့ လက်စ်တာစီးတီးနဲ့
ဘရိုက်တနအသင်းတို့ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲစဉ်တွေကို
အရင်နှစ်တွေတုန်းကတော့ Sky Sports မီဒီယာက တိုက်ရိုက် ထုတ်လွှင့်ပြီး BBC
ဒါမှ မဟုတ် ITV ရုပ်သံဌာန တွေကတော့ ကောင်းနိုးရာရာ ပြကွက်တွေလောက်ပဲ
ရွေးပြီး တင်ဆက်လေ့ ရှိခဲ့ပါတယ်။ ၂၀၀၈ ကွန်မြူနတီ ဒိုင်းပွဲစဉ်
တစ်ခုတည်းကိုပဲ ဆီတန်တာ မီဒီယာက တိုက်ရိုက် ထုတ်လွှင့်ခွင့်ရခဲ့တာပါ။
ဆီတန်တာနဲ့ စာချုပ် ကိစ္စအဆင်မပြေတာကြောင့် Sky Sports ရုပ်သံ မီဒီယာဟာ
မန်ယူနဲ့ ချဲလ်ဆီးတို့ ကစားခဲ့တဲ့ ၂၀၀၉ ကွန်မြူ နတီဒိုင်း ပွဲစဉ်ကို
တိုက်ရိုက် ထုတ်လွှင့်ပြီး Sky Sports ကတော့ replay အဖြစ်နဲ့သာ ပြသခွင့်
ရခဲ့ပါတယ်။ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲ အထူး သဖြင့် ၂၀၁၀ ခုနှစ်အတွက်
ကျင်းပသော ချဲလ်ဆီး - မန်ယူ (လာမည့် တနင်္ဂနွေနေ့) ပွဲစဉ်ကို အစီအစဉ်
တင်ဆက်သူများအဖြစ် အန်ဒီဂရေးနှင့် မာတင်တိုင်လာတို့က
တာဝန်ယူမှာဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံအတွက် ၂၀၁၀ ကွန်မြူနတီ ဒိုင်းပြိုင်ပွဲကို ဆီတန်တာ
မီဒီယာမှ တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်း ပြိုင်ပွဲကျင်းပခဲ့သမျှ ကွင်းများစာရင်း
ကွင်းအမည် ကျင်းပခဲ့သော ခုနှစ်များ
အိုးလ်ထရက်ဖို့ဒ် ၁၉၂၂၊ ၁၉၂၈၊ ၁၉၅၂၊ ၁၉၅၇၊ ၁၉၆၅၊ ၁၉၆၇
ဟိုက်ဘူရီ ၁၉၂၄၊ ၁၉၃၄၊ ၁၉၃၅၊ ၁၉၃၈၊ ၁၉၄၈၊ ၁၉၄၉၊ ၁၉၅၃
ဝှိုက်ဟတ်လိန်း ၁၉၁၂၊ ၁၉၂၀၊ ၁၉၂၁၊ ၁၉၂၅၊ ၁၉၅၁၊ ၁၉၆၁
စတန်းဖို့ဒ်ဘရစ်ခ်ျ ၁၉၀၈ - ၁၉၁၁၊ ၁၉၂၃၊ ၁၉၂၇၊ ၁၉၃၀၊ ၁၉၅၀၊ ၁၉၅၅၊ ၁၉၇၀
ဒယ်ဒန် ၁၉၁၃၊ ၁၉၂၉
မိန်းရုတ်ဒ် ၁၉၂၆၊ ၁၉၃၇၊ ၁၉၅၆၊ ၁၉၆၈၊ ၁၈၇၃
ဗီလာပါ့ခ် ၁၉၃၁၊ ၁၉၇၂
စိန့်ဂျိမ်းပါ့ခ် ၁၉၃၂
ဂွတ်ဒီဆင်ပါ့ခ် ၁၉၃၃၊ ၁၉၆၃၊ ၁၉၆၆
ရိုကာပါ့ခ် ၁၉၃၆
မိုလီနက်ဇ် ၁၉၅၄၊ ၁၉၅၉
ဘန်ဒန်ပါ့ခ် ၁၉၅၈
တာဖ်မောလ် ၁၉၆၀
ပို့တ်မန်းရုတ်ဒ် ၁၉၆၂
အန်းဖီးလ် ၁၉၆၄
အဲလ်လန်ရုတ်ဒ် ၁၉၆၉
ဖီးလ်ဘတ် ၁၉၇၁
ဝင်ဘလေ ၁၉၇၄ - ၂၀၀၀
ထောင်စုနှစ် ၂၀၀၁ - ၂၀၀၆
ဝင်ဘလေ ၂၀၀၇ - ယနေ့အထိ ကျင်းပနေဆဲ

Reply all
Reply to author
Forward
0 new messages