တော့(ပ်)တန်းကျောင်းက ပူပူနွေးနွေး ဆယ်တန်း အောင်ထား တဲ့ ကျောင်းသား တစ်ယောက်ရဲ့ မိခင်နဲ့ စကားပြောခြင်း

0 views
Skip to first unread message

love spy

unread,
Aug 21, 2010, 7:12:20 AM8/21/10
to lovespy
အစ်မရဲ့သားက ဒီနှစ်ဆယ်တန်း အောင် ထားတယ် နော်။ အခုလို ပညာရေးကို
အရမ်းအားပေးနေကြတဲ့ ခေတ်မှာ သူ့ရဲ့ အနာဂတ်ကို ဘယ်လို စိတ်ကူး ထား လဲ။
ဒါကတော့ညီမရယ် မိဘပဲလေ မိဘတိုင်း ကိုယ့် သားသမီးကိုယ် ပညာတတ် စေချင်ကြတာ
ပဲပေါ့။ တတ်နိုင်သမျှ သူများနည်းတူ ပညာ သင်ပေး ရမှာ ပေါ့။
တစ်ခြားသူတွေထက် မသာတောင်
သူများ နဲ့ တန်းတူ ဖြစ်စေချင်ပါတယ်။ သူက တစ်ဦးတည်း သော သားမို့
ကံကောင်းတယ်လို့် ပြောရမယ်။ အစ်မတို့က မချမ်းသာပေမယ့် ကျောင်း
ကောင်းကောင်း
မှာ ထားနိုင်ခဲ့တယ်။ ကျောင်းကောင်း ထားတော့ ပိုက်ဆံလည်း ပိုကုန် တာပေါ့
ညီမရယ်။ ကျောင်းမှာဆိုရင် မျက်နှာ မငယ် ရအောင် သူများနဲ့ တန်းတူဖြစ်အောင်
မိဘက သူများ အလှုငွေထည့်သလောက် ထည့်ပေးရတယ်။ ဆရာ၊ ဆရာမတွေနဲ့လည်း
ကိုယ့်သား
ပြေလည် အောင်၊ ခွဲခြား ဆက်ဆံ မခံရအောင် ကြည့်ပေါင်း တန် ပေါင်း ရတယ်။
လက်ဆောင်ပေးတန်လည်း ပေးရတယ်။ အစ်မရဲ့ ယောက်ျားကတော့ ဒါတွေ ကို ဘယ် နားလည်
်မလဲ။ ဆရာ၊ ဆရာမတွေကို ကန်တော့ရင် မကြိုက်ချင်ဘူး။ လာဘ်ထိုးတာ ကလေး
အကျင့်
့ပျက်စီး မယ်တဲ့။ အစ်မအနေနဲ့တော့ ဒါကို လာဘ်ထိုး တယ်လို့ မမြင်ပါဘူး။
ကိုယ့်သားသမီး စိတ်ဓာတ် ဒဏ်ရာ မရအောင်၊ ခွဲခြား ဆက်ဆံ မခံရအောင် ကာကွယ်တာ
ပါ။ ဒါတောင်မှ သားလေးကို ကျောင်း ကောင်းကောင်းထားမိတဲ့ အတွက် အစ်မ နောင်တ
မကြာခဏရခဲ့ဖူးတယ်။ ဘာကြောင့်လဲ ဆိုတော့ အစ်မတို့က အလယ်အလတ်တန်းစား
မဟုတ်လား၊ ရာထူးဂုဏ်ဒြပ်တွေ ဆိုတာလည်း မရှိဘူး၊ အရမ်းလည်း မချမ်းသာတော့
ကျောင်းမှာ သားကို (Special) ခန်းဝင်အောင် မတတ်နိုင်ဘူး။ အစ်မတို့သာ
တတ်နိုင်ရင် သားက (Special) ခန်းမှာ တတ်ရရင် ဆယ်တန်းကို ဒီထက် အမှတ်
ကောင်းကောင်း နဲ့ အောင်နိုင်မလား မသိဘူး။

ကျောင်းကောင်းကောင်း မှာ ထားပြီးမှတော့ အစ်မရယ် ဘာကြောင့် (Special)
ခန်းက ထပ်ရှိရတာလဲ။ စပါယ်ရှယ်ခန်းမှာ တက်ရဖို့ ကျောင်းသားရဲ့
အရည်အချင်းနဲ့ ခွဲတာမဟုတ်ဘူးလား။

တစ်ခြား အခန်းတွေကတော့ ဟုတ်တယ်။ ဥပမာ - အေခန်းတို့၊ ဘီခန်းတို့ပေါ့။
အဲဒီလိုက သာမာန်ပဲ ကလေးရဲ့ အမှတ်နဲ့ ခွဲတာ။ ဒါပေမယ့် ရှယ်ခန်းကျတော့
မရဘူး။
မိဘရာထူးတို့၊ မိဘဆရာ အသင်း အလှူငွေတို့နဲ့ ခွဲတာ။ နောက်ပြီး ကိုယ့်
ကလေးကို ရှယ်ခန်းမှာ ထားချင်ရင် မိဘက ကျောင်းကို ကွန်ပျူတာတစ်လုံး
လှူရတယ်။
နှစ်စဉ် လည်း ကွန်ပျူတာဖိုး ပေးရသေးတယ်။ သူတို့က ရှယ်ခန်းမှာ
ကွန်ပျူတာနဲ့
သင်တာကိုး။ တစ်ခြား အခန်းက ကလေးတွေကိုတော့ ကွန်ပျူတာခန်းကို ခဏတော့
ပေးသွားတယ်။ အလှည့်နဲ့ စက် ကိုင်တတ် ရုံ လောက်တော့ သင်ပေးပါတယ်။ သူများ
ကွန်ပျူတာနဲ့ သင်ရင် သူလည်းကလေးပဲလေ။ ကွန်ပျူတာ နဲ့ပဲ သင်ချင်ရှာမှာပေါ့။
နောက်ပြီး ရှယ်ခန်းမရတာလည်း သူညံ့လို့မှ မဟုတ်တာ။ သူ့မိဘက
ပိုက်ဆံမပေးနိုင်လို့။ အစ်မသားက စာလည်း တော်သလို ကျိုးလည်း ကျိုးစားတယ်။
ရှယ်ခန်းမှာက စာသင်တဲ့ ဆရာ၊ဆရာမတွေကအစ တကယ် တော်ကြပြီး
တကယ်လည်းကျောင်းသားကို ဂရုစိုက်ကြတာ။ ဒါတွေကတော့ သားကို ကျောင်း
ကောင်းမှာထားမိလို့ သားလေးရခဲ့တဲ့ စိတ်ဒဏ်ရာ တွေလို့ပဲ မှတ်ပါတယ်။
အစ်မလည်း
သားကို ကျောင်းထား ဖို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ ရတာပါဘဲ။
တကယ်ဆို အစ်မက ကျောင်းတက် တုန်းက အနုပညာဘက်ကို ဝါသနာပါတာ။ စီးပွားရှာရတာ
မကြိုက်ဘူး။ အခုတော့ ဒီသားလေး ပညာတတ်ဖို့ အတွက် အနုပညာဆိုတာ လှည့်ကို
မကြည့်နိုင်ဘူး။ ပိုက်ဆံရှာဖို့ဘဲ အာရုံစိုက်နေရတယ်။ ဒါလည်း အစ်မဘက်က
အမေတစ်ယောက်အနေနဲ့ ပေးဆပ်ရတာဘဲပေါ့။ ဒါပေမယ့် အစ်မကျေနပ်ပါတယ်။ အစ်မရဲ့
သူငယ်ချင်းတစ်ချို့ ဆိုရင် သူတို့ကလေးတွေက ပညာလိုချင်၊ သိချင်၊
တတ်ချင်ကြတယ်။ စာလည်းသူတို့ဟာ သူတို့ ဖတ်တယ်။ မိဘက မတတ်နိုင်ဘူး။
ကျောင်းလည်း ကောင်းကောင်းမထားနိုင်ဘူး။ မိဘက စိတ်မကောင်းဖြစ်ရတာပေါ့။
သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့ကလေးက တော်တယ် အတန်းတိုင်းမှာလည်း
ပထမရခဲ့တယ်။
ဆယ်တန်းအောင်တော့လည်း အမှတ်ကောင်းတယ်။ တကယ်လည်းသိချင်၊
တက်ချင်စိတ်ရှိတယ်။
မိဘကသူများတန်းတူ ကျောင်းမထားနိုင်၊ ဟိုသင်တန်း၊ ဒီသင်တန်းတွေလည်း
ပေးမတက်နိုင်တဲ့ အခါကျတော့ ကလေးက စိတ်ဖိအားတွေများပြီး အခုဆိုရင်
စိတ်ဝေဒနာသည် တစ်ပိုင်းဖြစ်သွားပြီ။ မိဘတွေက ကုတော့ ကုကြပါတယ်။ ဒါပေမယ့်
လုံးဝဥသုံ လူကောင်းပကတိ ပြန်ဖြစ်ဖို့တော့ မဖြစ်နိုင်တော့ဘူးပေါ့။ အခုလို
ပညာခေတ်လို့ ပြောနေကြတဲ့ခေတ်ကြီးမှာ ညီမရယ် ကလေးတွေအတွက်
စိတ်ဖိအားများလွန်းပါတယ်။ မိဘက မတက်နိုင်ရင် ပိုဆိုးတာပေါ့။ တစ်ချို့
မိဘတွေဆိုရင် သားသမီးတွေကို နိုင်ငံခြား အထိပို့ပြီး
ကျောင်းထားနိုင်ကြတယ်။
ကလေးတွေ အနေနဲ့လည်း ပြိုင်ဆိုင်မှုတွေက တစ်ဖက်က ပိုများလာတယ်။
သူတို့အနေနဲ့
အားကျ အတုယူတာတွေလည်း ရှိတာပေါ့။ သူတို့ ပတ်ဝန်းကျင်မှာ မြင်နေ၊ တွေ့
နေရတာကိုး။ ကလေးတွေကတော်ချင်၊ တတ်ချင်၊ မိဘက မတတ်နိုင်တဲ့ အခါ ကလေးတွေမှာ
စိတ်ဖိအားတွေ များပြီး တစ်ချို့ကလေးတွေဆိုရင် ကျွတ်ဆတ်ဆတ် မာကျောကျော
လေးတွေဖြစ်ကုန်တဲ့ အထိပါပဲ။ တစ်ချို့လည်း မိဘကို အထင်မကြီး၊
မလေးစားကြတော့ဘူး။ ပြောမရ၊ ဆိုဆုံးမ မရနဲ့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြရော။
အစ်မကတော့ အစ်မသား အဲဒီလို မဖြစ်တာပဲ ကျေးဇူးတင် နေရတယ်။

ဒါဆိုရင်အစ်မရယ် ကလေးတွေကို ကျောင်းကောင်းကောင်းမှာ ထားပြီး ကလေးရော
မိဘတွေပါ စိတ်မချမ်းသာကြဘူး။ ဘာကြောင့် ကျောင်းကောင်းကောင်းမှာ ထားရတာလဲ။

ညီမရယ် ကလေးနောင်ရေးကို ကြည့်ရမယ်မဟုတ်လား။ သူ့ကို
ကျောင်းကောင်းကောင်းမှာ ထားမှ သူ့ ပညာရေးကောင်းမယ်လေ။ နောက်ပြီး တစ်ခြား
ကျောင်းပြင်ပ ပညာရေး
(extracurricular subjects) တွေသင်ကြားဖို့လည်း အခွင့်အလမ်း ရှိမယ်။
သူဝါသနာပါတာလေးတွေ လုပ်နိုင်မယ်လေ။ နောက်တစ်ချက်က သူတက္ကသိုလ် တက်တဲ့အခါ
သူ့မှာ အခြေခံကောင်း ပတ် ဝန်းကျင်ကောင်း ရှိမယ်လေ။ သာမာန်ကျောင်းတွေမှာ
တက်တဲ့ ကလေးအများစုဟာ တက္ကသိုလ်ပညာရေး မှာ ထူးချွန်တဲ့ နေရာကို
သိပ်မရောက်ကြဘူး။ ရောက်တဲ့သူတွေတော့ ရှိတယ်ရှားတယ်ပေါ့။ အများစုကလည်း
တက္ကသိုလ်ထိ ရောက်အောင် ပညာသင်ကြားနိုင်တာ သိပ်မတွေ့ရဘူး။ ဒီတော့ တစ်ချို့
မိဘတွေတောင် ကလေးတွေ ကို နိုင်ငံခြားထိ ပို့ပြီး ကျောင်းထားကြတာပဲလေ
ကိုယ့်ကလေးကို အနည်းဆုံးတော့ ပြည်တွင်းက ကျောင်းကောင်း မှာ ထားမယ်ဆိုပြီး
ထားဖြစ်သွားတာပဲ။

အခုပြည်တွင်းမှာ တိုးတက်များပြားလာတဲ့ ပရိုက်ဗိတ်ကျောင်းတွေ၊ သင်တန်းတွေ၊
အင်တာနေရှင်နယ် ကျောင်းတွေကို အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။

တစ်ဖက်ကတော့ လူငယ်တွေအတွက် အခွင့်အလမ်းတွေပိုများလာတယ်။ ကိုယ့်တိုင်းပြည်
အတွင်းမှာတင် ခေတ်မီပညာရပ်တွေကို နိုင်ငံခြားထိ မသွားဘဲ ဆည်းပူးနိုင်ပြီ
ဆိုတော့
ကောင်းပါတယ်။ ဒါပေမယ့် သူတို့အတွက် စိတ်ဖိအားတွေ ပိုများလာမှာ၊
ဂုဏ်တုဂုဏ်ပြိုင် တွေ ပိုဖြစ်လာမှာ၊ ပညာရေးနဲ့ ပတ်သက်ပြီး လူတန်းစား အလွှာ
ခွဲခြားမှုတွေ ပိုဖြစ်လာမှာကိုတော့ မိဘတစ်ယောက်အနေနဲ့ စိုးရိမ်မိပါတယ်။
မိဘက
တတ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကိုယ့်သားသမီး အတွက် အခွင့်အရေးပေါ့။
မတတ်နိုင်ရင်တော့ သားသမီးမျက်နှာငယ်မှာ၊ ခွဲခြားခံရမှာ၊ အလုပ်အကိုင်
အခွင့်အလမ်းတွေမှာ နစ်နာမှာ စိုးရိမ်ရတာပေါ့။ နောက်ပြီး ဘဝတူ
အလယ်အလတ်တန်းစား မိဘတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုး ပိုဖြစ်မှာပါ။
ကိုယ့်ကလေးက
စာတော်နေရင်ပိုဆိုးတယ်။

Reply all
Reply to author
Forward
0 new messages