ရေကြောင်းတက္ကသိုလ် ကျောင်းဝင်ခွင့်

17 views
Skip to first unread message

love spy

unread,
Aug 9, 2010, 11:24:03 PM8/9/10
to lovespy
ရေကြောင်းပညာရေး
တက္ကသိုလ် ကျောင်းဝင်ခွင့်အမှတ် အနိမ့်ဆုံးမှာ ၄၀၀ မှတ် ဆိုသော်လည်း
၂၀၀၉-၂၀၁၀ တက္ကသိုလ် ကျောင်းဝင်ခွင့် အနိမ့်ဆုံးအမှတ်မှာ အမျိုးသား ၄၈၁
မှတ်၊ အမျိုးသမီး ၄၈၅ မှတ် အထိ ဖြစ်ခဲ့ကြောင်း တရားဝင်
ထုတ်ပြန်ချက်များအရ
သိရသည်။ တက္ကသိုလ် စတင်ဖွင့်လှစ်သည့် နှစ်တွင် အနိမ့်ဆုံးအမှတ် ၄၀၂
မှတ်သာရှိခဲ့ပြီး တက္ကသိုလ်သက်တမ်း ရှစ်နှစ်တာကာလအတွင်း
ဝင်ခွင့်အနိမ့်ဆုံး
အမှတ်မှာ ၈၀ကျော် တိုးလာခြင်းဖြစ်သည်။ “ကျောင်းဝင်မှတ်တွေက
တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။ အမှတ်တွေ တိုးတိုင်းလည်း မကောင်းဘူး။
ကျန်တဲ့အမှတ်နိမ့် ကျောင်းသားတွေအတွက် အခွင့်အရေး နည်းသွားနိုင်တဲ့အတွက်
စဉ်းစားစိစစ် လုပ်နေပါတယ်” ဟု အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ
ချာလီသန်းက ဆိုသည်။ ရေကြောင်းပညာ တက္ကသိုလ်သို့ အနိမ့်ဆုံး
ကျောင်းဝင်ခွင့်ရသည့် အမှတ်မှာ တစ်နှစ်ထက်တစ်နှစ် အနိမ့်ဆုံး ၃ မှတ်မှ ၂၈
မှတ်အထိ အပြောင်းအလဲရှိကာ ယခုအချိန်တွင် ဆေးတက္ကသိုလ် ဝင်ခွင့်အမှတ်နှင့်
အနည်းငယ်သာ ကွာခြားမှု ရှိတော့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ထုတ် 7
Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။.
Reply all
Reply to author
Forward
0 new messages