လေယာဉ်ပျံနဲမှမဟုတ်ပါဘူး၊
ပျံလွှားငှက်ကလေးနဲ့လည်း လိုက်မယ်။
ဒီလောကီမှာ
ဒီပါပြင်လေးကို
ဒီနှလုံးသား အရူးအမူးကလေးက
ဘယ်နှယ်လုပ်လို့မှ
သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ
စိတ်ကိုဖမ်းကြပေရော့
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေ မသိအောင်တမျိုး
သိအောင်တမျိုး လှတဲ့သူပေါ့။
အနယ်အမှုံတနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှ
စွဲမက်သတဲ့၊
သက်တန့်တွေ၊ကြယ်တွေ
ပန်းပွင့်တွေ......သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုဘဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ ၊သူ့မှာ
စကားလုံးတွေလည်းလှပတယ်၊ ပြီးတော့
တသွင်သွင်စီးဆင်းလို့
ဂျွန်ကိုပြောလိုက်ပါ၊
ငါတို့မြစ်ဆီ သွားဖို့မလိုတောဘူး ။ ။