ထက်ထက်မိုးဦး ယာဉ်တိုက်မှုဖြစ်

3 views
Skip to first unread message

love spy

unread,
Aug 9, 2010, 11:20:43 PM8/9/10
to lovespy
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်က
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

htet-htet-moe-oo-natural“ကမ္ဘာအေး လမ်းမကြီးပေါ် အမှတ် (၂) နယ်မြေ
ယာဉ်ထိန်းရဲ စခန်းနားလေးမှာ အတိုက်ခံရတာပါ၊ နို့ဆီသယ်တဲ့ ကားက ဟိုဘက်
ယာဉ်ကြော ကနေ ဒီဘက် ယာဉ်ကြော အထိ လာတိုက်တာ၊ ဗင်ကားကို အရင်တိုက်ပြီး
အဲဒီကား ၂ စီးလုံးက ထက်ထက်တို့ ကားကို လာတိုက်တာ အဲဒီနေ့ ညနေ ၇ နာရီလောက်
တိုက်မိတာ"ဟု ထက်ထက်မိုးဦးက ဧရာဝတီသို့ ပြောသည်။

ကားကို ထက်ထက်မိုးဦး၏ အမျိုးသား ဇူးမြတ်ထက်က မောင်းနှင်ခဲ့ခြင်း
ဖြစ်ပြီး ကားပေါ်တွင် ၄င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရသည်။

“ဖြစ်ဖြစ်ခြင်း ဆေးရုံကြီး အရေးပေါ် ဌာနကိုတော့ သွားရသေးတယ်၊ ဘာမှတော့
သိပ်မဖြစ်ပါဘူး၊ ထက်ထက် လက်ကတော့ နည်းနည်း နာသွားတယ်၊ ဓာတ်မှန်
ရိုက်ကြည့် လိုက်တော့ မကျိုးတော့ မကျိုးဘူးဆိုတာ သိရတယ်၊ ဆေးရုံတင်ထား
ရတယ်ဆိုတာ မဟုတ်ပါဘူး၊ ၂ ယောက်လုံး အပြင်မှာ ရှိနေကြပါတယ်၊ စတိုက်တဲ့
ကားကိုတော့ သိမ်းထားတယ်၊ ပိုင်ရှင်က တရုတ်တန်းကတဲ့၊ ထက်ထက်တို့ ကားအတွက်
ဘာမှလည်း လျော်ကြေး မပေးဘူး၊ လူမှုရေးအရ မေးမြန်း တာလည်း မရှိဘူး၊ ထက်ထက်
တို့လည်း ဘာမှ မပြောချင်တော့ဘူး၊ လူကြီးတွေနဲ့သာ ပြေလည်အောင် ညှိပေါ့"ဟု
ထက်ထက်မိုးဦးက ပြောသည်။

ထိုယာဉ်တိုက်မှုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးသို့
ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျ ရဲမေတဦးက ယင်းကိစ္စကို မိမိတို့
မသိပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ထက်ထက်မိုးဦးသည် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော
ကုန်စည်ပြပွဲတခုအတွင်း အင်တာဗျူး ကိစ္စနှင့် ပတ်သက်ပြီး 7 Day ဂျာနယ်
သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့်
ရန်ကင်းမြို့နယ် တရားရုံး တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

Reply all
Reply to author
Forward
0 new messages