[တောင်ကြီးသားတို့စုဝေးရာ] Gmail အတွက် script

2 views
Skip to first unread message

love spy

unread,
Aug 9, 2010, 11:27:25 PM8/9/10
to lovespy


Gmail box အတွင်းမှာ လက်ရှိရှိနေတဲ့ mail box အပြင် google calendar
ကိုပါ
ပေါင်းထည့်ပေးမှာ ဖြစ်ပါတယ်။ အဲဒိ အတွက် ကိုယ့် Gmail ထဲကနေတစ်ဆင့်
လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်စရာ ရှိတာတွေကို ရေးပြီး မှတ်သားထားလို့
ရနိုင်ပါမယ်။ ဒါ့အပြင် အခုချိန်မှာ အသုံးမ၀င်တော့တဲ့ ‘invites’ box ကို
ဖယ်ရှားပေးမယ့် script တစ်ခု ဖြစ်ပါတယ်။


http://userscripts.org/scripts/show/13727

Gmail account multi-login

ဒီ script ကလေးကို install လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ browser ကနေတစ်ဆင့်
ရှိရှိသမျှ Gmail တွေကို အလွယ်တကူ ၀င်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
စာမျက်နှာ ဟိုဘက်ဒီဘက် ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။
ညာဘက်ထောင့် မှာ ပေါ်လာတဲ့ box ထဲမှာ ပေါင်းထည့်လိုက်ရုံပါပဲ။ အောက်မှာ
တစ်ဆင့်ချင်းပြ ပေးထားပါတယ်။

http://userscripts.org/scripts/show/1634i


GB Gmail

Facebook သုံးစွဲတဲ့ user တွေအတွက် facebook အတွင်းမှာ ရောက်ရှိလာမယ့်
သတင်းတွေနဲ့ တခြား အသိပေးမှုတွေကို Gmail box အတွင်းကနေ လွယ်လင့်တကူ
သိရှိနိုင်မှာ ဖြစ်ပါတယ်။

http://www.userscript.org/script/show/2419


Attachment Reminder

Gmail အတွင်းကို ရောက်ရှိလာတဲ့ စာတွေမှာ တွဲချိတ် ပါဝင်လာတတ်တဲ့
attachment တွေဟာ ယုံကြည်ရသလား။ အန္တရာယ် ကင်းရှင်းရဲ့လား ဆိုတာကို
ဘယ်သူမှ
မသိနိုင်ပါဘူး။ ဒီ script ကလေးကတော့ ဝင်ရောက်လာတဲ့ mail တွေရဲ့
attachment
ဖိုင် extension တွေကို ဖော်ထုတ် အသိပေးမှာဖြစ်တဲ့အတွက် စာမဖတ်ခင်
attachment ကို click မလုပ်မိခင်မှာ အလွန်အသုံးဝင်တဲ့ အန္တရာယ် သတိပေး
script တစ်ခုပါ။

http://www.userscripts.org/scripts/show/2419


Gmail insert HTML signature

တချို့ကိုယ်ဆီကို ရောက်လာတဲ့ mail တွေရဲ့ အောက်ခြေလက်မှတ်နေရာတွေမှာ
ရုပ်ပုံလေးတွေနဲ့ တွဲချိတ် ပါဝင်တတ်တာကို မြင်ဖူးမှာပေါ့။ အဲဒီလိုမျိုး
ကိုယ်ဆီကနေ တခြားလူတစ်ယောက်ဆီကို ပို့မယ့် mail မှာလည်း လက်မှတ်နဲ့အတူ
ရုပ်ပုံ ကလေးတွေ ချိတ်ဆက်အောင် လုပ်ထားလို့ ရရှိနိုင်တဲ့ script တစ်ခု
ဖြစ်ပါတယ်။

http://www.userscripts.org/scripts/show/16839


-script တွေကို install လုပ်ဖို့အတွက် userscript account တစ်ခုရယ်၊
greasemonkey
add-ons manager ရယ် လိုအပ်ပါလိမ့်မယ်။

Reply all
Reply to author
Forward
0 new messages