Groups
Groups
Sign in
Groups
Groups
lovespy
Conversations
About
Send feedback
Help
‘ညို’ပြီးတော့ ‘ညာ’
2 views
Skip to first unread message
love spy
unread,
Aug 9, 2010, 11:35:34 PM
8/9/10
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to lovespy
၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာ နိုင်ငံမှာ လာနီညာ ရာသီဥတု ဖြစ်ပွားဖို့
အခြေအနေတွေပိုပြီး နီးစပ်လာပြီလို့ မိုးလေဝသပညာရှင် ဒေါက်တာဦး
ထွန်းလွင်က ပြီးခဲ့တဲ့ ဇွန်လကုန် လောက်ကတည်းက ပေါ်ပြူလာနယူးစ် ကို
ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကို တိုင်း
တာလေ့လာချက်တွေအရ လာနီညာ ဖြစ်ပွားမယ့် အခြေအနေဟာ ဇွန်လ
လယ်လောက်တုန်းကတော့ ၃၅ ရာ ခိုင်နှုန်းလောက်ပဲရှိခဲ့ပေမယ့် ဇွန်လ
ကုန်မှာတော့ ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဒေါက်တာ
ဦးထွန်းလွင်ကပြောခဲ့တာပါပဲ။ အဲဒီလို အခြေအနေတွေကို လေ့လာသုံးသပ်
ခြင်းအားဖြင့် ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှာ လာနီညာ ရာသီဥတု
ဖြစ်လာဖို့ အတော့်ကို နီးစပ်နေပါပြီလို့ သူကပြောတာပါပဲ။ တကယ်လို့များ
လာနီညာဖြစ် လာမယ်ဆိုရင် မုန်တိုင်းတွေ ပိုများ လာမယ်၊ မိုးများမယ်၊
ရေကြီးမယ်၊ ရေကြီးလို့ မြေပြိုမယ်၊အဲဒီလို သဘာဝ ဘေးတွေကို
ကြုံလာရနိုင်ပါတယ်။ မိုးနှောင်း ကာလပိုင်းတွေမှာ ချင်းတွင်းနဲ့
ဧရာဝတီမြစ်တွေမှာ မြစ်ရေကြီးလာ နိုင်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊
ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေး
တိုင်းတို့မှာ ရုတ်တရက် မြစ်ရေကြီး တတ်တယ်လို့လည်း ဒေါက်တာဦးထွန်း
လွင်ကပြောခဲ့ပါတယ်။ ပြောလို့မှ မဆုံးသေးဘူး၊ ရခိုင်ပြည်နယ် မောင်
တောဘက်မှာ ရေကြီးတာ၊ ဖားကန့် မှာ ရေကြီးတာတွေ ဖြစ်လာခဲ့တာကို
တွေ့လာရပါတယ်။
လာနီညာဆိုတာ
တကယ်တော့ လာနီညာဆို တာ အစွန်းရောက်ရာသီဥတုတစ်မျိုး ပါပဲ။ ဘယ်ဘက်ကို
အစွန်းရောက် သလဲဆိုတော့ ကာ အေးပြီးစွတ်စိုတဲ့ ဘက်ကို အစွန်းရောက် တာပါ။
သူနဲ့ ဆန့်ကျင်ဘက် အယ်လ်နီညိုကတော့ ပူပြင်းခြောက်သွေ့တဲ့ ဘက်ကို အစွန်း
ရောက်ပါတယ်။ ဒီတော့ကာ တိုတို တုတ်တုတ် မှတ်ထားဖို့ကတော့ လာနီ ညာ ဆိုတာ
အေးပြီးစွတ်စိုမှုကို သာမန် ထက်ပိုဖြစ်စေတဲ့ ရာသီဥတုဖောက် ပြန်မှု အခြေအနေ
တစ်မျိုးလို့ပဲ ဆိုကြ ပါစို့ရဲ့။ အယ်လ်နီညို ကိုတော့ နွေတုန်း က ကြုံခဲ့
ကြပြီးပြီလေ။ သူ့သဘာဝ အရတော့ ‘ညို’ ပြီးရင် ‘ညာ’ ဖြစ်လာ တတ်တယ်လို့
ဒေါက်တာဦးထွန်းလွင် က ဆိုပါတယ်။
လာနီညာ လာနေပြီ
အခု ဇူလိုင်လကုန်မှာတော့ မိုး လေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် က
”ဘယ်သူတွေ ဘာပဲပြောပြော၊ ကျွန်တော်ကတော့ ဒီမှာ လာနီညာ ဝင်နေပြီလို့
ခိုင်ခိုင် မာမာပြောပြီဗျာ” လို့ ပေါ်ပြူလာနယူးစ်ကို ပြောခဲ့ပါပြီ။
ဒါကြောင့်ပဲ လာနီညာနဲ့ ပတ်သက်လို့ အများပြည်သူတွေ သိသင့်သိထိုက် သမျှအနက်
တချို့ကို ဒေါက်တာဦး ထွန်းလွင်ကို မေးမြန်းခဲ့ရ ပါတော့တယ်။ အမေးနဲ့
အဖြေတွေကိုတော့ ဆက် ဖတ်ကြည့်ကြပါတော့။
မေး။ လာနီညာဝင်ကြောင်း အများ ပြည်သူ သတိထားနိုင်လောက် တဲ့ သိ
သာထင်ရှားတဲ့ လက္ခဏာတွေကို ပြောပြစေချင်ပါတယ်။
ဖြေ။ တရုတ်နိုင်ငံတွင် ရေကြီးမှု၊ ပီရူး နိုင်ငံမှာ ရေခဲမှတ်အောက် 17 deg
C (-17 C) ရောက်အောင် အအေးလွန် နေမှု၊ ဘရာဇီးရေကြီးမှု၊ ပစိဖိတ် သမု
ဒ္ဒရာတွင် ဟာရီကိန်းများ နဲ့ အတ္တ လန္တိတ်သမုဒ္ဒရာ တွင် ဟာရီကိန်းများ
ပုံမှန်ထက် ပိုမိုများပြားအောင် ဖြစ်ပေါ် နိုင်မှု၊ မြောက်အမေရိက၊ ဥရောပနဲ့
ရုရှားနိုင်ငံတွေမှာ အပူလှိုင်း များ ဖြတ် သန်းနေမှု၊ ပါကစ္စတန်မှာ
မုတ်သုံမိုး သည်းထန်ပြီး ရေကြီးနေမှု ဒါတွေ အားလုံးဟာ လာနီညာရဲ့ သင်္ကေတ
များဖြစ်ပါတယ်။
မေး။ လာနီညာဝင်ကြောင်း ပညာရှင် တွေသာသိနိုင်တဲ့ အထောက်အထား တွေကကော
ဘယ်လိုမျိုးတွေပါလဲ။
ဖြေ။ လာနီညာမှာ ၂ ပိုင်းရှိပါတယ်။ ပထမအဆင့် သမုဒ္ဒရာရေပြင် အပိုင်း၊
ဒုတိအဆင့် လေထုအတွင်း ဖြစ်ပေါ် လာတဲ့ ရာသီဥတုအပိုင်း။ပစိဖိတ် သမုဒ္ဒရာ
ရေပြင်အပိုင်း က မူလဖြစ်ပြီး လေထုရာသီဥတု ဖောက်ပြန်မှုကဒုတိယပါ။ သမုဒ္ဒရာ
ရေပြင်အပိုင်းအနေနဲ့ သတ်မှတ်ချက် ကတော့ ”ပစိဖိတ်သမုဒ္ဒရာအလယ် ပိုင်းရှိ
Nino-1, Nino-2, Nino-3, Nino-4 ဒေသတွေမှာ ပင်လယ်ရေ မျက်နှာပြင်
အပူချိန်တွေဟာ ပျမ်းမျှ တန်ဖိုးများရဲ့အောက် အနည်းဆုံး ဝ ဒသမ ၅ ဒီဂရီ
စင်တီဂရိတ် လျော့ကျ ရန်၊ ထိုသို့ လျော့ကျမှုသည် အနည်း ဆုံး ၃
လပျမ်းမျှတန်ဖိုးတွင် ပေါ်နေ စေရန်” လို့ သတ်မှတ်ထားပါတယ်။
အဲဒီသတ်မှတ်ချက်ကို၂၇-၇-၂ဝ၁ဝ နေ့က စတင်ရောက်ရှိခဲ့ပါတယ်။
မေး။ လာနီညာနဲ့ မုန်တိုင်းတွေ ဘယ် လိုများဆက်နွှယ်ပတ်သက်နေပါသလဲ။
ဖြေ။ ပစိဖိတ်သမုဒ္ဒရာတွင် ဟာရီ ကိန်းများနဲ့ အတ္တလန္တိတ်သမုဒ္ဒရာ တွင်
ဟာရီကိန်းများ ပုံမှန်ထက် ပိုမို များပြားအောင်ဖြစ်ပေါ်နိုင်ပါလိမ့်မယ်။
လာနီညာ အားကောင်းမယ့် ကာလ (နိုဝင်ဘာ -၂ဝ၁ဝ မှ ဖေဖော်ဝါရီ -၂ဝ၁၁) နဲ့
ပင်လယ်ရေမျက်နှာပြင် အပူချိန်အမြင့်ဆုံးကာလ (စက်တင် ဘာ၊ အောက်တိုဘာ၊
နိုဝင်ဘာ-၂ဝ၁ဝ) တို့ဟာ အချိန်ကိုက်ဖြစ်နေတဲ့ အတွက် လာနီညာဟာ
မုန်တိုင်းဖြစ် ပေါ်မှု ရာသီဥတုကို အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့်
မုန်တိုင်း ဖြစ်ပေါ်ရာ မှာ အဟန့်အတားဖြစ်တဲ့ ထောင်လိုက်
လေထုရွဲ့စောင်းမှုများ ပြားမှု ( large vertical wind shear) ကို
လျော့နည်းစေပါတယ်။
မေး။ လာနီညာကြောင့် မြန်မာ နိုင်ငံမှာ ဖြစ်တတ်တာလေးတွေကို ပြောပြပါဦး။
ဖြေ။ လာနီညာနှစ်တွေမှာ မုန်တိုင်း တွေပိုဖြစ်တတ်တယ်ဆိုတာကိုအများ
ကလက်ခံထားကြပြီးဂျပန်မိုးလေဝသ ပညာရှင်များကတော့ လာနီညာနှစ် တွေမှာ
မြန်မာနိုင်ငံကို မုန်တိုင်းများ ပိုဝင်တတ်တယ်လို့ သူတို့ရဲ့လေ့လာမှု
တစ်ခုအရဆိုထားပါတယ်။ လာနီညာ နှစ်တွေမှာ မိုးနှောင်း (စက်တင်ဘာ)၊ မိုးလွန်
(အောက်တိုဘာ၊ နိုဝင်ဘာ၊) မိုးတွေများတတ်တယ်။ ဒီဇင်ဘာ
အထိမိုးမပြတ်ဖြစ်တတ်တယ်။ အထူး သဖြင့် မုန်တိုင်းများကြောင့် အခါလွန်
မိုးတွေ များတတ်တယ်။ ဒါကြောင့် အောင်ရေ လည်း ဖြစ်နိုင်သလို ဖျက်
မိုးလည်းဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ တတိယ ရေကြီးကာလဖြစ်တဲ့
မိုးနှောင်း မိုးလွန်ကာလ ရေကြီးမှုအထူးသတိ ထားရမယ်။ မိုးလယ် ကာလ ဖြစ်တဲ့
သြဂုတ်လအတွင်းမှာလည်း ဧရာဝတီ မြစ်နဲ့ ချင်းတွင်းမြစ်တွေ စိုးရိမ်ရေ
အမှတ်ကျော်လွန်တတ်ပါတယ်။
မေး။ လာနီညာက မြန်မာနိုင်ငံက ဘယ်တော့မှ ပြန်ထွက်မှာလဲ။
ဖြေ။ လာနီညာကာလဟာ ၂ဝ၁၁ စောရင် မေ၊ ဇွန်၊ နောက်ကျရင် ဇူလိုင်လအထိ
ရှိနိုင်ပါတယ်။
မေး။ လာနီညာထွက်ရင် အယ်လ် နီညို ပြန်လာဦးမှာလား။
ဖြေ။ ၁၉၅၁ မှ ၂ဝ၁ဝ ကာလ အတွင်း အယ်လ်နီညိုဖြစ်စဉ်များရဲ့ ၅ဝ% ဟာ လာနီညာမှ
ကူးပြောင်းလာ တာဖြစ်ပါတယ်။ထူးခြားတာကတော့ အဲဒီလို ကူးပြောင်းမှု အားလုံးဟာ
၁၉၇၈ ခုနှစ်ရဲ့ ရှေ့ပိုင်းမှာသာ ဖြစ်ခဲ့ တာဖြစ်ပြီး ၁၉၇၈ ခုနှစ်
နောက်ပိုင်းမှာ တော့ တစ်ကြိမ်မှမဖြစ်ခဲ့သေးပါဘူး။
မေး။ မိုးနဲ့ လာနီညာပေါင်းရင်ဘာ တွေ ဖြစ်လာနိုင်သလဲ။
ဖြေ။ မြစ်ကြီးများရေကြီးမှု၊ တောင် ကျချောင်းများမှာ လျှပ်တစ်ပြက်ရေ
ကြီးမှု၊ တောင်ကုန်းဒေသများမှာ မြေပြိုမှု၊ အခါလွန်မိုးနဲ့ မုန်တိုင်းမိုး
ရွာသွန်းမှုတွေ ကြုံတွေ့နိုင်ပါတယ်။
မေး။ ဆောင်းတာရှည်ပြီး နွေအဝင် နောက်ကျမှာလား။
ဖြေ။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အယ်လ် နီညိုကနေ လာနီညာကူးပြောင်းတုန်း က
အလွန်မြန်ခဲ့တဲ့အတွက် နည်း နည်းတော့ ဆန်းစစ်ကြည့်ရပါမယ်။
မေး။ လာမယ့် နွေမှာ မနှစ်ကထက် ပိုပူနိုင်သလား။
ဖြေ။ လက်ရှိ current trend အရ တော့ မနှစ်ကထက် ပိုပူနိုင်ပေမယ့်
လာနီညာကြောင့် မသေချာနိုင်တော့ ပါဘူး။ ဒါပေမဲ့ ပုံမှန်ထက်မလျော့ တဲ့
အပူကတော့ သေချာပါတယ်။
ဒေါက်တာဦးထွန်းလွင်ရဲ့ ဖြေ ကြားချက်တွေကို ဖတ်ကြည့်ပြီး စာ ဖတ်သူတွေ
လာနီညာနဲ့ပတ်သက်တဲ့ အသိ အမြင်တွေတိုးပွားလာမယ်လို့ ယုံကြည် မျှော်လင့်
ပါတယ်။ အရင် တုန်းကတော့ လာနီညာ ရာသီဥတု ဖောက် ပြန်မှုမျိုးကို
မြန်မာနိုင်ငံမှာ ၇ နှစ် ၁ ကြိမ်လောက်ပဲ ကြုံရတတ် ပေမယ့် ကမ္ဘာ့ရာသီ
ဥတုဖောက်ပြန်မှု တွေဟာ အရင်ကထက် ပိုမိုလာခြင်း ရဲ့ ရလဒ်အဖြစ် ခုအခါမှာတော့
၃ နှစ် ၁ ကြိမ်လောက်ကို ကြုံနေရပြီလို့ လည်း ဒေါက်တာဦးထွန်းလွင်က ပြော
ပါသေးတယ်။
Reply all
Reply to author
Forward
0 new messages