ထိုင်းဘာသာကို နိုင်ငံခြားဘာသာ တက္ကသ

46 views
Skip to first unread message

love spy

unread,
Aug 9, 2010, 11:19:59 PM8/9/10
to lovespy
ထိုင်းဘာသာကို နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်) တွင် ဘာသာရပ်
အသစ်အနေဖြင့်

၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှစတင်ကာ တိုးချဲ့သင်ကြားသွားမည်ဖြစ်ကြောင်း
စုံစမ်းသိရှိရပါသည်။

ယမန်နှစ်များက ရန်ကုန်မြို့၊ မန္တလေးမြို့များရှိ
နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ဘာသာစကား ခုနစ်မျိုးသာ
သင်ကြားပေးခဲ့ပြီး ယခုပညာသင်နှစ်မှ စတင်ကာ
နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်) တစ်ခုတည်း၌ ထိုင်းဘာသာရပ်အား
စတင်တိုးချဲ့ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် အင်္ဂလိပ်၊ ပြင်သစ်၊
တရုတ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား ဘာသာစကားတို့ကို
သင်ကြားပေးနေကြောင်း သိရှိရသည်။

ဘာသာစကား အသီးသီးအား သင်ယူလိုသူ တက္ကသိုလ်ဝင်တန်းအောင်များသည်
မိမိစိတ်ဝင်စားရာကိုသာ ဦးစားပေးလျှောက်ထားလေ့ရှိပြီး
ပညာသင်နှစ်တိုင်းအတွက် အမြင့်ဆုံး ဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်ပြီး
ရုရှားဘာသာမှာ ပြီးခဲ့သည့်ပညာသင်နှစ်က အမှတ်ခေါ်ယူမှု အနိမ့်ဆုံး
ဖြစ်ခဲ့ကြောင်း သိရသည်။

"တက္ကသိုလ်တွေရဲ့ နှစ်စဉ်စိတ်ဝင်စား လျှောက်ထားလိုသူဦးရေပေါ်
ကြည့်ပြီးအနိမ့်ဆုံးအမှတ် ၀င်ခွင့်နဲ့ဆုံး ဖြတ်ကြတဲ့အခါ
အမှတ်အနိမ့်ဆုံးဘာသာစကားတွေ နှစ်စဉ်မတူနိုင်ပါဘူး။ အမြင့်ဆုံးကတော့
နှစ်စဉ်အင်္ဂလိပ်ဘာ သာစကားပဲဖြစ်ပြီး ဆေးတက္ကသိုလ်ထက် အမှတ်မြင့်ပါတယ်"ဟု
နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) မှ ဘွဲ့ရတစ်ဦးက ပြောပြခဲ့သည်။

ယခု ပညာသင်နှစ်အတွက် အသစ်တိုးချဲ့ခေါ်ယူမည့် ထိုင်းဘာသာရပ်အား
သုံးနှစ်တက်ရောက်ပြီးပါက B.A (Thai) ဘွဲ့အဖြစ် ပေးအပ်သွားမည်ဖြစ်ပြီး
ဝင်ခွင့်အမှတ် အနည်းငယ်မြင့်နိုင်မည်ဟု နိုင်ငံခြားဘာသာ တက္ကသိုလ်
(ရန်ကုန်) အသိုင်းအ၀ိုင်း မှ စုံစမ်းသိရှိရပါသည်။


ပြီးခဲ့သောပညာသင်နှစ် နိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့် အမှတ်များ
ဘာသာ
ရန်ကုန်(UFL)
မန္တလေး(UFL)
အင်္ဂလိပ်စာ
၄၈၆
၄၆၆
ဂျပန်
၄၇၂
၄၄၃
တရုတ်
၄၇၀
၄၃၅
ပြင်သစ်
၄၅၅
၄၂၀
ကိုရီးယား
၄၅၃
၄၂၅
ဂျာမန်
၄၄၄
၄၀၇
ရုရှား
၄၃၇
၃၉၅

Reply all
Reply to author
Forward
0 new messages