Groups
Groups
Sign in
Groups
Groups
LongMeenyouth
Conversations
About
Send feedback
Help
သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း
14 views
Skip to first unread message
Ko Aung Ling
unread,
Oct 3, 2012, 8:31:38 AM
10/3/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to longme...@googlegroups.com, John Aung Ling
သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း
Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။
တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။
ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။
နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကိ
ု သွားပြီး ရှာဖတ်ပါတယ်။
နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။
လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။
ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ
့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။
သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။
BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။
သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်
းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအစိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။
ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရြ
ပီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။
--
အောင်ခမ်း (International news for myanmar)
Reply all
Reply to author
Forward
0 new messages