ပညာတတ်ရကျိုး၊ ပညာရှာရကျိုးနပ်ရလေအောင်။

3 views
Skip to first unread message

Ko Aung Ling

unread,
Oct 6, 2012, 12:02:36 PM10/6/12
to longme...@googlegroups.com, John Aung Ling
ပညာတတ်ရကျိုး၊ ပညာရှာရကျိုးနပ်ရလေအောင်။

If you plan for one year, plant rice.
If you plan for ten years, plant trees.
If you plan for one hundred years, educate people.
A Chinese Sage
တစ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ ဆန်စပါးကိုစိုက်ပါ။
ဆယ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ အသီးပင်များကိုစိုက်ပါ။
နှစ်တစ်ရာအတွက် ကြိုတင်စီမံလျှင်၊ လူများကိုပညာသင်ပေးပါ။
တရုတ်ပညာရှိကြီးတစ်ဦး

If you give a man a fish and he will eat for a day. If you teach a man to fish, he will eat for a lifetime.

"Give a man a fish and he won't starve for a day. Teach a man how to fish and he won't starve for his entire life."
Chinese Proverb

စသည့်အထက်ပါအဆိုအမိန့် တွေဟာ မျိုးဆက်သစ်များကို ပညာရေးမှာ အားပေးရေးနှင့် ပတ်သက်တဲ့ ပညာရဲ့တန်ဖိုးကြီးမြတ်ကြောင်း ဖေါ်ညွန်းထားတဲ့ အဆိုအမိန့် တွေပါ။

ဖတ်ဖူးမှတ်ဖူး တဲ့ ပညာရေး သုတေသန စာတန်းများအရ ကျောင်း သားတွေကို အဆင့်သုံးမျိုး ခွဲခြား သတ်မှတ်တယ်လို့ ဆိုပါတယ်။ စာအတော် ဆုံးကလေးတွေကိုတော့ A အေ အဆင့် လို့ ဆိုပါတယ်။ အလယ်အလတ်ကိုတော့ B ဘီလို့သတ်မှတ်ပါတယ်။ ကျန်တဲ့ အညံ့ဆုံးကိုတော့C စီလို့ သတ်မှတ်ထား တယ်လို့ ဆိုပါတယ်။

စာတော်တယ်၊ စာကြိုးစား တယ်ဆိုတဲ့ A အေ အဆင့် ကျောင်း သားဆိုရင် အများတကာရဲ့ အထင် ကြီးခြင်း၊ ဆရာ၊ ဆရာမများရဲ့ ချစ် ခင်ခြင်း၊ မိဘနှစ်ပါးနဲ့ ဆွေမျိုးများရဲ့ ဂုဏ်ယူအားကိုးခြင်း ကိုခံရတတ် တယ်။ ဒီအခါမှာ စိတ်ကြီးဝင်လာ လေ့ရှိတယ်။ ဘဝင်ကိုင်လာတတ် တယ်။ ဒီလိုမျိုး စိတ်ကြီးဝင်လာ ခြင်း၊ ဘဝင်ကိုင်လာခြင်းဟာ ကိုယ့် အတွက်ကိုပဲကြည့်တဲ့ အတ္တစိတ်ကို ကြီးထွားစေတတ်တယ်။ ငါ ဆိုတဲ့ အတ္တစိတ်တွေ နဲ့ သာကြီးပြင်းလာပြီး နောက်ဆုံး အများအကျိုးဆောင်ဖို့ နေနေသာသာ ကိုယ့်မွေးသ မိခင်ဖခင် ကိုတောင် လှည့် မကြည့်တော့တဲ့ အတ္တ ကြီး သူတွေဖြစ်သွားတတ်ကြတယ်လို့ ဆိုတယ်။ ဒါကြောင့် စာတော်တယ် ဆိုတဲ့ A အေ အဆင့် ကျောင်း သား တွေကိုလည်း ငါဆိုတဲ့ အတွေးအခေါ်တွေအစား ငါတို့ ဆိုတဲ့ အတွေးအခေါ်တွေရရှိအောင် စုပေါင်းလုပ်ကိုင် တတ်အောင် တဘက်သားကို စာနာ နားလည်းတတ်အောင် ကျောင်းကတည်း၊ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးဖို့ လိုပါတယ်တဲ့။

စာညံ့တယ် ဆိုတဲ့ စီ အဆင့် ကျောင်း သားတွေဆိုရင် ဆရာ၊ ဆရာမများ ၊ မိဘနှစ်ပါးနဲ့ အများတကာရဲ့ ကြိမ်ဖန်များစွာ နှိမ့်ချဆက်ဆံ တာ၊ အသိအမှတ်မပြုတာတွေ ကိုခံရတတ် တယ်။ ဒီလိုနဲ့ မကျေနပ်ချက်များနှင့်ကြီးပြင်း လာကါ လောကကြီးကိုပါ အဆိုးမြင်သူများဖြစ်လာတတ်တယ်။ ဒါကြောင့် ဆရာ၊ ဆရာမများ နှင့် မိဘ များအနေနှင့် စီ အဆင့် ကျောင်း သား များကိုလည်း ကေါင်းတာလုပ်လျင် အသိမှတ်ပြုဖို့ မမေ့သင့်ပါဘူးတဲ့။

တကယ်တော့ အမေရိကန်နိုင်ငံက ကမ္ဘာကျော် စာရေးဆရာလဲဖြစ်၊ သန်းကြွယ်သူဌေးတစ်ဦးလဲဖြစ်တဲ့ ရော်ဘတ်တိုကီယိုဆာကီက   အေအဆင့် ကျောင်းသားတွေက နိုင်ငံရဲ့ပညာ ရပ်ဝန်းတွေမှာ တစ်ကျော့ပြန်လည် တာဝန်ယူလာကြမယ့် သူတွေလို့ သတ်မှတ်ပြီး၊ ဘီအဆင့်တွေကတော့ သာမန်အလုပ်သမားဝန်ထမ်းတွေ ဖြစ်လာကြမယ့်သူတွေလို့ သတ်မှတ် ပါတယ်။ နောက်ဆုံး စီအဆင့်ကျောင်း သားတွေကစာကလဲမထူးချွန်တော့ စောစီးစွာကျောင်းထွက်ကြရသလိုသာမန်နဲ့ပဲကျောင်း ပြီး ကြရပါတယ်တဲ့။ ဒါပေမယ့် ထူးဆန်းတာကတော့ သူတို့ တွေဟာ နောင်မှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေ ဖြစ်လာ ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာပေပညာမှာမထူးချွန်ကြတဲ့ စီအဆင့် ကလေးတွေကို လဲ ကျောင်းနေပျော်ဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့ ကလေးဘဝတွင် လုပ်ဆောင်ပေးဖို့လိုသလို အေ အဆင့် ကလေးတွေကို လဲ ငါဆိုတဲ့ အတွေးအစား ငါတို့ ဆိုတဲ့ အတွေးအခေါ်တွေရှိအောင် စုပေါင်းလုပ်ကိုင် တတ် အောင် အကျင့်စာရိတ္တကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့အထူးဘဲလိုအပ် ပါတယ်တဲ့။။

အထက်မှာဖေါ်ပြခဲ့တဲ့ အုပ်စု သုံးခုစလုံးဟာ နောင်တိုင်းပြည်နဲ့ လူမျိုးရဲ့ အနာ ဂတ်အတွက် အလွန်တရာမှ တန်ဖိုး ကြီးမားကြသူတွေ ဖြစ်ကြတာမို့ သူတို့ တွေကိုတာဝန်ယူနေကြရတဲ့ ဆရာ ဆရာမတွေဟာလဲ ထူးချွန် ထက် မြက်ဖို့ ၊အမျှော်အမြင်ရှိဖို့ အထူးလိုအပ် လှပါတယ်တဲ့။

ရုပ်ပိုင်းဆိုင်ရအရ ငွေရှာလို့ ငွေရှိလာရင် သေဆုံးသွားတဲ့အခါ သားသမီး(မိသားစု)အတွက် ၊မျိုးဆက်သစ်များအတွက် ချန်ထားခဲ့လို့ရပါတယ်၊ စိတ်ပိုင်းဆိုင်ရာအရ ပညာတတ်ဖြစ်လာရင် သေဆုံးသွားတဲ့အခါ သေတဲ့လူနဲ့အတူ ပညာတွေလဲ အကုန်ပါသွားတော့ ဘာမှချန်ထားလို့ မရနိုင်ဘူး။ ဒီတော့ ပညာတတ်တွေဟာ မသေခင် လူသားတွေကို တဖက်တလမ်းကနေ အကျိုးပြုမှ၊တတ်သည့်ပညာကိုမျိုးဆက်သစ်များကိုပါ ဝေငှနိုင်ပါမှ ပညာတတ်ရကျိုး ပညာရှာရကျိုးနပ်ပါလိမ့်မယ်တဲ့။

ဖတ်မိတာလေးကိုဝေငှလိုက်ပါတယ်။

အားလုံးကိုခင်မင်လေးစားလျက်

ကိုအောင်လိန်း(ဂျာမနီ)
၀၃.၁၀.၂၀၁၂

Dominic Mang

unread,
Oct 7, 2012, 10:41:11 AM10/7/12
to longme...@googlegroups.com
Hi!

          Nice to read and think! Thanks Ling aw!

Mang

2012/10/7 Ko Aung Ling <johnhi...@googlemail.com>

--
You received this message because you are subscribed to the Google
Groups "LongMeenyouth" group.
To post to this group, send email to longme...@googlegroups.com
To unsubscribe from this group, send email to
longmeenyout...@googlegroups.com
For more options, visit this group at
http://groups.google.com/group/longmeenyouth?hl=en



--
With best wishes!

maryse young99

unread,
Oct 27, 2012, 9:51:48 AM10/27/12
to longme...@googlegroups.com


2012/10/7 Dominic Mang <domin...@gmail.com>
thanks a million for your beautiful message .This message is very meaningful for all or us .

--
With best wishes!
Reply all
Reply to author
Forward
0 new messages