Fwd: သူငယ်ချင်းများပျော်ရွှင်စေဖို့ ရည်ရွယ်ပါတယ်ရှင်......................

4 views
Skip to first unread message

Bro. F Shane

unread,
Aug 30, 2012, 3:15:19 AM8/30/12
to


~~

"Me : နေကောင်းလား သုနန္ဒာ
Thu Nanda: ကောင်းပါဧ။်
Me : ဘာလုပ်နေလဲ?
Thu Nanda: စာဖတ်နေသည်
Me : နာမည်လေးက ချစ်စရာလေးနော်..
သု၊ ဒါမှမဟုတ် နန္ဒာ လို့ခေါ်မယ်နော်..
Thu Nanda: ကြိုက်သလိုသာခေါ်ပါလေ
Me : နာမည်အပြည့်အစုံကဘယ်လို့ခေါ်လဲဟင်?
Thu Nanda: ဦးသုနန္ဒာ လင်္ကာရ
Me : ဟာ ဆောရီး

Me :  အဲ

Me : ကန်တော့..ဦးတင်ပါတယ်ဘုရား။ ကန်တော့..ကန်တော့ပါဘုရား

*ဟာသအတွေးလေးများ*

(၁)

"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟုအမျိုးသမီး
တစ်ဦးက အိပ်ရာကုတင်ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ
ထိုလူအားကုတင်ပေါ်တွင် လှဲလှောင်းစေ ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ်
ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ ယောက်ကျားပြန်အလာနှင့် တိုးသည်။
"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက
"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။  ခိခိ
အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော စကားအချို့သည်
သံသယမရှိ ယုံကြည် စေတတ်သည်။

ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”

 ~~

ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။

၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။
ဝီစကီတစ်ပုလင်း -------- အရက်သမား ကိုယ်စားပြုပါတယ်။

ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။ တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ တစ်ယောက်မှမရှိမှန်း သိတော့ ဒေါ်လာကိုယူပြီး အလင်းမှာထောင်ကြည့်လိုက်တယ်။ ပြီးတော့ ကျမ်းစာကို လှန်လျောကြည့်တယ်။ ပြီးတော့ ဝီစကီပုလင်းကိုဖွင့်ပြီး နမ်းကြည့်တယ်။ အဲဒီနောက် ပိုက်ဆံကို အိတ်ကပ်ထဲထည့်၊ ကျမ်းစာကို လက်မောင်းကြားညှပ်ပြီး ဝီစကီပုလင်း မ,ပြီး လေလေးချွန်လို့ ပြန်ထွက်သွားတယ်။

သားအပြုအမှုကို ကြည့်ပြီး ဖခင်ဖြစ်သူ လန့်သွားတယ်။ ပါးစပ်ကလည်း စကားတစ်ခွန်း ခုန်ထွက်ပါလာတယ်။

"အလို... သူ နိုင်ငံအကြီးအကဲ လုပ်မှာပါလား!"

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား"

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ"

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့်"

သူဌေးနဲ.နွား

လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။

သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ ဟုတ်လား´´

*တွေးတွေးပြီး.......ရယ်*

(၁)
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့
ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော်
သိပ်မကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး ကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။

မှီနိုင်သေးတယ်

အမျိုးသမီး၏နောက်သို့ လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒီမှာခင်ဗျာ၊ ဒီမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´

အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကား

ကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့"

ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင်"
 

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ"

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့"

ရေကုန်နေပြီ

သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ”
ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ”
ဤသို့ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ”
ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊
အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”
 

အကြောင်းသိပြီးသား

ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။

သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။

``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´

``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။

ဘာတီက သွက်သွက်လက်လက်ဖြေတယ်။

``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´

``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´

အကောင်းဆုံးသမားတော်

အရင်တုန်းကမြို့ တစ်မြို့ မှာဆေးဆရာတွေချည်းဘဲ့စုပြီးနေတဲ့ရပ်ကွက်တစ်ခုရှိတယ်........
ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်ကကုလို့ လူနာတစ်ဦးဦးသေဆုံခဲ့ရင် အုန်ခွံ တစ်ခု
ကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာလူမြင်အောင်ချိပ်ဆွဲထားရတယ်.......၂ယောက်သေရင် ၂ခု ။ ၃ ယောက်
သေရင်ရင် ၃ ခုပေါ့.........
တစ်နေ့ ....
တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူကအတော်ကြီးနေမကောင်ဖြစ်တော့ သားဖြစ်တဲ့သူ
ကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွှေးပြီး ပင့်ခဲ့ဖို့ ခိုင်းလိုက်တယ်.....
သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်.......
ဒါပေမယ့် ...တစ်ယောက်မှစိတ်တိုင်းမကျဘူးတဲ့....ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်ခွံတွေ ပလူပျံနေလို့ လေ......တစ်ချို့ အိမ်တွေက အခု ၂၀ ၊ ၃၀ ...တစ်ချို့ 
အိမ်တွေဆိုအများကြီးဘဲ့တဲ့....အုန်ခွံ ဆွဲမထားတဲ့အိမ် ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့.....
သားဖြစ်တဲ့ သူလည်းစိတ်ညစ်ညစ်လိုက်ရှာလိုက်တာ...
ရပ်ကွက် အစွန်နားရောက်တော့ အုန်ခွံနှစ်ခုတည်းဘဲ့ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို
ရှားရှားပါးပါးတွေရသတဲ့......သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာပေါ့.....
ဆေးဆရာ လည်းအိမ်ရောက်တော့...
လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ်
တဲ့သူကပြန်လိုက်ပို့ တာပေါ့......
လမ်းရောက်တော့ သားဖြစ်တဲ့သူကစကားစတယ်......
"ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်း ဘဲ့ ဆွဲထားတယ်ဆိုတော့ အတော်စွမ်းတာဘဲ့နော်"..တဲ့.....
"ဒါနဲ့ ဆရာကလူနာဘယ်နှစ်ယောက်ကု ဖူးလဲ"....လို့ ဆက်မေးတယ်....
ဆေးရာကြီး ရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်......
ဆေးဆရာကြီးက လက်ညိုးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်......
" ..နှစ်ယောက်......."

သိပ်ကောင်း

ရထားပေါ်တွင်ဖြစ်သည်။ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။ ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျနော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”

ပြောရမှာခက်တယ်

မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို

ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....

"လူနာရော"

"အခန်းထဲမှာ"

"ရှင် အပြင်မှာနေနော်"

"ဟုတ်ကဲ့"

ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး

"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"

"ဟုတ်"

ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး ပြန်ထွက်လာတယ်။

"ပလာယာပါလို ချင်တယ်"

"ဟုတ်"

တစ်မိနစ်လောက်ကြာတော့

"စို့ နဲ့ တူသာပေးပါတော့"

ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-

"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"

"မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "


Reply all
Reply to author
Forward
0 new messages