Groups
Groups
Sign in
Groups
Groups
LongMeenyouth
Conversations
About
Send feedback
Help
မြန်မာကျောင်းသားများအတွက် နိုင်ငံတကာအစိုးရ ပညာသင်ဆုများ။
10 views
Skip to first unread message
Ko Aung Ling
unread,
Oct 3, 2012, 6:17:44 AM
10/3/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to longme...@googlegroups.com, John Aung Ling
မြန်မာကျောင်းသားများအတွက် နိုင်ငံတကာအစိုးရ ပညာသင်ဆုများ။
အရပ်သားအစိုးရသစ် တက်လာပြီးနောက် နိုင်ငံခြားအစိုးရများသည် မြန်မာကျောင်းသားများအတွက် ပညာတော်သင်ဆု အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ရန် စီစဉ်လာကြသည်။
လက်ရှိအချိန်တွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျာမနီ၊ နော်ဝေး၊ ဆွီဒင်၊ ကိုရီးယား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံအစိုးရများက မြန်မာ ကျောင်းသားများအတွက် ဘွဲ့လွန်သင်တန်း ပညာသင်ဆုများကို ဦးစားပေး ချီးမြှင့်နေသည်။ စင်ကာပူနှင့် ဂျပန်အစိုးရတို့က မြန်မာ ကျောင်းသားများကို ပညာသင်ဆု ပေးအပ်ရာတွင် မြန်မာအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး အခြားနိုင်ငံအစိုးရများကမူ အရည်အချင်း ပြည့်မီသော မည်သည့်ကျောင်းသားမဆို လျှောက်ထားနိုင် သည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။ ပြည်ပ ပညာသင် အခွင့်အလမ်း ကြိုးပမ်းနေကြသော မြန်မာကျောင်းသားများအတွက် နိုင်ငံခြားအစိုးရ အချို့၏ ပညာသင်ဆု အစီအစဉ်များအကြောင်း စုစည်းဖော်ပြ လိုက်ပါသည်။
အမေရိကန်အစိုးရ ပညာသင်ဆု
အမေရိကန်အစိုးရသည် မြန်မာကျောင်းသားများ အမေရိကန်နိုင်ငံတွင် ပညာလေ့လာနိုင်မည့် ဘွဲ့လွန်သင်တန်း ပညာသင်ဆု နှစ်ဆုနှင့် ဖဲလိုးရှစ်အစီအစဉ် တစ်ခုကို နှစ်စဉ်ရွေးချယ် ပေးအပ်လျက်ရှိသည်။ Fulbright Foreign Student Scholarships သည် ခေါင်းဆောင်မှု စွမ်းရည် အလားအလာ၊ အကယ်ဒမစ်ပညာရေး ကောင်းမွန်မှု၊ အတွေ့အကြုံရင့်ကျက်မှု စသည့် အရည်အချင်းတို့ကို အခြေခံ၍ ရွေးချယ်ပေး အပ်နေသည်။အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် ရမှတ် ၅၇၅ (သို့မဟုတ်) IELTS ၆ ဒသမ ၅ အနည်းဆုံး ရရှိထားရန် လိုအပ်ပြီး မေလကုန် နောက်ဆုံးထား၍ ပညာသင်လျှောက်ထားရမည် ဖြစ်သည်။ International Fulbright Science & Technology Award သည် သိပ္ပံနှင့်နည်းပညာ ဘာသာရပ်များအတွက် ပညာသင်ဆု ပေးအပ်နေခြင်းဖြစ်ပြီး TOFEL ရမှတ် ၅၈၀ နှင့်အထက် ရရှိထားရ မည်ဖြစ်ကာ ဖေဖော်ဝါရီလတွင် ပညာသင်ဆု လျှောက်လွှာခေါ်ယူလေ့ရှိသည်။
Hubert H. Humphery Fellowship သည် ပရော်ဖက်ရှင်နယ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံးငါးနှစ် ရှိထားပြီး အများအကျိုး ဆောင်ရွက်မှု မှတ်တမ်းရှိထားသော ခေါင်းဆောင်မှု အရည်အသွေးရှိသူများကို ပေးအပ်နေခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု TOEFL ရမှတ် ၅၂၅ အနည်းဆုံး ရှိထားသူများကို မေလပထမပတ် နောက်ဆုံးထား၍ ပညာသင်ဆု လျှောက်လွှာခေါ် ယူလေ့ရှိသည်။ အမေရိကန်အစိုးရ ပညာသင်ဆုများအတွက် www.burma.usembassy. gov/scholarship တွင် အသေးစိတ် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
ဗြိတိသျှအစိုးရပညာသင်ဆု
Chevening ပညာသင်ဆုသည် ဗြိတိသျှအစိုးရက နှစ်စဉ်ပေးအပ်နေသော ပညာသင်ဆု ဖြစ်သော်လည်း ယခုနှစ်က စတင်၍ မီဒီယာ များမှတစ်ဆင့် အများပြည်သူသိရှိရန် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ ဗြိတိန်တက္ကသိုလ်များတွင် တစ်နှစ်ကြာ ဘွဲ့လွန်ပညာ သင်ယူနိုင်ရန် ယခုနှစ်အတွက် ကျောင်းသားငါးဦး ရွေးချယ်ခံထားရပြီး မကြာမီ လာမည့်နှစ်အတွက် ပညာသင်ဆု လျှောက်လွှာခေါ်ယူဖွယ် ရှိနေသည်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ရမှတ် ၆ ဒသမ ၅ အနည်းဆုံး ရရှိထားရန် လိုအပ်ပြီး မသန်စွမ်းများလည်း လျှောက်ထားနိုင် ကာ အသက်အရွယ် ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။ ဗြိတိသျှအစိုးရပညာသင်ဆုကို ဖေဖော်ဝါရီလ ဒုတိယပတ်မတိုင်မီ နောက်ဆုံးလျှောက်ထားရန် လိုအပ်ပြီး အသေးစိတ်ကို www.chevening.foc/
gov.uk
တွင် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်မည် ဖြစ်သည်။
သြစတြေးလျအစိုးရ ပညာသင်ဆု
၂၀၁၁ ခုနှစ်တွင် မြန်မာကျောင်းသား ၁၀ ဦးကို ဘွဲ့လွန်သင်တန်း တက်ရောက်ရန် စတင်ပညာသင်ဆု ပေးခဲ့သော သြစတြေးလျ အစိုးရသည် ၂၀၁၂ ခုနှစ်အတွက် ကျောင်းသား ၂၁ ဦးကို ရွေးချယ်ထားပြီး ၂၀၁၃ အတွက် ကျောင်းသား ၃၀ ဦးထိ တိုးမြှင့်ခေါ်ယူရန် စီစဉ်ထားသည်။ ဘာသာစကား လိုအပ်ချက်အနေဖြင့် IELTS ရမှတ် ပျမ်းမျှ ၆ ဒသမ ၅ သို့မဟုတ် ရမှတ် ၅၈၀ အနည်းဆုံး ရရှိထားရန် လိုအပ်ပြီး ဧပြီလ၌ ပညာသင်လျှောက်လွှာ ခေါ်ယူလေ့ရှိကာ
http://www.ausaid.gov.au/
တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်သည်။
ဂျာမနီအစိုးရပညာသင်ဆု
German Academic Exchange Service အစီအစဉ်အနေဖြင့် ဂျာမနီသံရုံးက မြန်မာကျောင်းသားများကို ဘွဲ့လွန်သင်တန်း ပညာသင် ဆုများ ပေးအပ်နေသည်။ ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အလုပ်သင်နှစ်နှစ် ရှိထားရန် လိုအပ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် TOEFL ရမှတ် ၅၅၀ (သို့မဟုတ်) IELTS ရမှတ် ၆ ဒသမ ၀ ရရှိထားရမည် ဖြစ်သည်။ ပညာသင်ဆုအတွက် ဇူလိုင်လတွင် လျှောက်လွှာခေါ်ယူလေ့ရှိပြီး
www.daad.de
တွင် အသေးစိတ် လေ့လာနိုင်မည် ဖြစ်သည်။
ကိုရီးယားအစိုးရ ပညာသင်ဆု
အခြားနိုင်ငံ အစိုးရများနှင့် ကွဲပြားစွာ ဘွဲ့လွန်သင်တန်းသာမက ဘွဲ့ကြိုသင်တန်းအတွက် မြန်မာကျောင်းသားများကို ကိုရီးယားအစိုးရက ပညာသင်ဆု ပေးအပ်လျက်ရှိသည်။ ယခုနှစ်အတွက် ဘွဲ့ကြိုသင်တန်း တက်ရောက်ရန် မြန်မာကျောင်းသားနှစ်ဦးကို ပညာသင်ဆု ပေးအပ်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက် နောက်ဆုံးထား၍ ကိုရီးယားသံရုံးတွင် လျှောက်ထားနိုင်မည် ဖြစ်သည်။ ဘွဲ့လွန် သင်တန်းအတွက် ယခုနှစ် မတ်လ ၆ ရက် နောက်ဆုံးထား၍ ပညာသင်ဆု လျှောက်ထားရန်နှင့် မြန်မာကျောင်းသားတစ်ဦးကို ရွေးချယ် ပညာသင်ဆု ပေးအပ်ရန် ကြေညာထားသည်။ နှစ်စဉ်ပေးအပ်နေသော ကိုရီးယားပညာသင်ဆု အစီအစဉ်များကို
www.niied.go.kr
တွင် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
နော်ဝေးနှင့် ဆွီဒင်အစိုးရ ပညာသင်ဆု
ယခုနှစ်မှ စတင်၍ နော်ဝေးနှင့် ဆွီဒင်အစိုးရတို့သည် မြန်မာကျောင်းသား ၅၀ ခန့်ကို ထိုင်းနိုင်ငံ၊ အာရှနည်းပညာ အင်စတီကျုဒ်(AIT)တွင် ဘွဲ့လွန်သင်တန်းများ တက်ရောက်ရန် ပညာသင်ဆုများ ပေးအပ်ခဲ့သည်။ အဆိုပါ ပညာသင်ဆုကို သုံးနှစ်ဆက်တိုက် ပေးအပ်သွားရန် စီစဉ်ထားပြီး နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် ကွန်ပျုတာတက္ကသိုလ်များမှ မြန်မာကျောင်းသားများအတွက် ပြည်ပ ပညာရေး အခွင့်အလမ်းကောင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် IELTS ရမှတ် ၄ ဒသမ ၅ (သို့မဟုတ်) TOFEL ရမှတ် ၅၀၀ အနည်းဆုံး ရရှိထားရန် လိုအပ်ပြီး ဘွဲ့ရပြီးစ ကျောင်းသားများလည်း လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားခြင်း အတွက် Network Activities Group က အခမဲ့တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် မတ်လကုန် နောက်ဆုံးထား၍ ပညာသင်ဆုလျှောက်လွှာများ ခေါ်ယူခဲ့သည်။ AIT ကျောင်းတွင် တက်ရောက်လိုသည့် အကြောင်းရင်း၊ မိမိ၏ ကာလတို၊ ကာလရှည် အနာဂတ်ရည်မှန်းချက်၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းတွင် ရေတို၊ ရေရှည်တွင် မည်သည့်အခန်းကဏ္ဍ၌ မည်သို့ပါဝင် ဆောင်ရွက်သွားမည်ကို မြန်မာဘာသာဖြင့် စာစီစာကုံးသုံးမျက်နှာ ရေးသားလျှောက်ထားရမည့် ပညာသင်ဆုအတွက်
www.ait.asia/admissions/
form.html
တွင် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်မည်ဖြစ်သည်။
နိုင်ငံခြားအစိုးရများသည် မြန်မာကျောင်းသားများ၏ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဥာဏ်ရည်ထက်မြက်မှု၊ မိမိနိုင်ငံနှင့် လူ့အဖွဲ့အစည်းကို အကျိုးဖြစ်ထွန်းစေမှု စသည့် အချက်များပေါ် အခြေခံ၍ ပညာသင်ဆု ပေးအပ်လေ့ရှိပြီး ပညာသင်ယူ ပြီးဆုံးချိန်တွင် မိမိနိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ကို ပညာသင်ဆု လျှောက်ထားစဉ်နှင့် လူတွေ့စစ်ဆေးချိန်တွင် ထင်ရှားစွာ ဖော်ပြနိုင်ရမည် ဖြစ်သည်။
မြန်မာကျောင်းသားများ အောင်မြင်ကြပါစေ။
Published on Friday, 21 September 2012 18:03
Reply all
Reply to author
Forward
0 new messages