Fwd: [chopakhui] Sympty news of U Gei Khui Shing

6 views
Skip to first unread message

Maung Ling Kintha

unread,
Nov 27, 2012, 4:42:21 PM11/27/12
to longme...@googlegroups.com


---------- Forwarded message ----------
From: Salai Maung Ling <choth...@yahoo.com>
Date: 2012/11/27
Subject: [chopakhui] Sympty news of U Gei Khui Shing
To: "kch...@yahoogroups.com" <kch...@yahoogroups.com>
Cc: "chop...@yahoogroups.com" <chop...@yahoogroups.com>


 

K'Cho gui aw

Mi pa ng'vai U Gei Khui Ghing ah a na shih naak ta gui a mong kchonews ung ka taih pyi te, shin ah group gui ung kä ah taih lo pha ah kia hleih ka taih law ba nei. Group gui ung ka taih a hlaang a phäh a phi kä na thüi en na vä.

ဦးဂေခွီရှိန်းအတွက်ဝမ်းနည်းကြေကွဲခြင်း သဝဏ်လွှာ

ကျွန်တော်တို့ချိုးအမျိုးသားများအတွက်တန်ဖိုးမဖြတ်နိုင်သောမျိုးချစ်ပုဂ္ဂိုလ် ဦးဂေခွီရှိန်း ဆုံးပါးသွား ကြောင်းကြား သိရသောကြောင့် ချိုးတမျိုးသားလုံးအတွက်ကြီးမား သောဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါသဖြင့်သူချစ်သောသူ့မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့်ထပ်တူ
ထပ်မျှ ယူကျုံးမရ ဝမ်းနည်းကြေကွဲရပါကြောင်း နော်ဝေနိုင်ငံရောက် ချိုးမိသားစုများမှ ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ အပ် ပါသည်။
 
ဦးဂေခွီရှိန်းသည် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းတွင် မင်းတပ်ယူဂျင်း ကလောင်အမည်ဖြင့် တရားဝင် မှတ်ပုံတင်ထားသော စာရေး
ဆရာတစ်ဦးဖြစ်ပြီးချိုးအမျိုးသားတို့အတွက်တန်ဖိုးမဖြတ်နိုင်သောစာပေ ပေါင်းမြောက်များစွာရေးသားခဲ့သူ၊ချိုးသမိုင်းများကို အဦးဆုံး
ရှာဖွေစုဆောင်း၍ စာအုပ်စာပေအဖြစ် ထုတ် ဝေခဲ့သူတစ်ဦးလည်းဖြစ်သကဲ့သို့ ချင်းသမိုင်းရှာဖွေပြုစုရေးကော်မတီတွင် ဒုဥက္ကဌ တာ
ဝန်ကို လည်းကောင်း၊ မင်းတပ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌအဖြစ်လည်းကောင်း စာပေနယ်ပယ်တွင်လည်း တာဝန် များ ထမ်း
ဆောင် ခဲ့ သူဖြစ်သည်။

ဦးဂေခွီရှိန်းကို မတ်လ၊ ၁၅ရက်၊ ၁၉၄၂ ခုနှစ်တွင် အဘ ဦးနိန်ဂေ၊ အမိ ဒေါ်ဘူယောကီးရှဲင်းတို့မှမွေးဖွါးခဲ့သောသားထွေး ဖြစ်ပြီး ဒေါ်ရှိန်းလဲင်
နှင့် အိမ်ထောင်ကျကာ သားသမီး (၆) ယောက်ထွန်းကားခဲ့ပါသည်။ မင်းတပ်မြို့၊ အထက(၁) တွင် အထက်တန်း ကျောင်းဆရာ အဖြစ် လည်း
ကောင်း၊ ချင်းပြည်နယ်၊ ပြည်နယ် ကောင်စီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ချင်းပြည်နယ်၊ ပြည်နယ်တရားသူကြီး ဥက္ကဌ အဖြစ်လည်းကောင်း၊
အထက်တန်း ရှေ့နေ အဖြစ်လည်းကောင်း အသီးသီးနိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်း ဆောင်ခဲ့သည်။ ထို့နောက် အငြိမ်းစား ယူကာ ရန်ကုန်
မြို့တွင် ၄င်းမိသားစုများနှင့်အတူ အခြေ ချနေထိုင်ခဲ့ပါသည်။

ကျန်ရစ်သူသားသမီးများဖြစ်ကြသောရှိန်းမာန် (အင်ဂျင်နီယာ)၊ရှိန်းငှိမ်း (သူနာပြု) နှင့် ရှိန်းကီးဂေ (အင်ဂျင်နီယာ) တို့သည် အမေရိ ကန်နိုင်ငံ တွင်
နေထိုင် လျက်ရှိပြီး၊ ရှိန်းပိုင် (ကထိက- IR ဌာန၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်)၊ ရှိန်းထွန်း (အထွေထွေအတွင်းရေးမှူး၂၊ ချင်းတိုးတက်ရေးပါတီ) နှင့်
ရှိန်းအွယ်တို့မှာ မြန်မာ နိုင်ငံတွင်နေထိုင်ကြပါသည်။

နိုဝင်ဘာလ၊ ၂၅ရက်၊ ၂၀၁၂ ခုနှစ် နံနက် ၃း၄၀ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဘုရားသခင်၏ ပြန်လည်ခေါ်ယူတော်မူခြင်းကို ခံရသောကြောင့်
နိုဝင်ဘာလ၊ ၂၇ရက်နေ့ နံနက် ၉း၀၀ နာရီတွင်FATHIMA ကာသိုလိပ် ဘုရားရှိခိုးကျောင်း (မြေနီကုန်း) တွင် မစ္စား တရား ပူဇော်၍ ရေဝေးခရစ်ယာန်သု
သာန်၌ ဂူသွင်း သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျန်ရစ်သူမိသားစုများအားလုံးအပေါ်တွင်လည်းဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် သနားကြင်နာခြင်း ဂရုဏာတော်ကို ရရှိကြစေကြောင်း ဆုမွန်ကောင်း
တောင်းပေးရင်း နော်ဝေးရောက် ချိုးမိသားစုများမှ ဝမ်းနည်းကြေကွဲစွာဖြင့် ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။

ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှကြေကွဲဝမ်းနည်းလျက်
နော်ဝေရောက်ချိုးမိသားစုများ
နော်ဝေနိုင်ငံ


 
Salai Maung Ling
Norway

__._,_.___
Reply via web post Reply to sender Reply to group Start a New Topic Messages in this topic (1)
Recent Activity:
K'chotha van noh a gawk naak päng ung ka noh k'cho ng'äi ang ng'ngaih hning vai, K'cho poems a guk hning vai, k'cho kho khaih nak ki naw k'cho kho a dan nak tu ba hning vai ah http://www.lawngmen.com ung theit ne ng'dan tu vä. Shin ah Lawngmen website noh k'chotha gui a van am Mei Awm Law Vä, hniim zi law vä ci ne ning na güng gui ki nei k'chotha gui aw.

Nami bä ni
www.Lawngmen.com
.

__,_._,___

Reply all
Reply to author
Forward
0 new messages