ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး၊ လိပ်ကို ကြမ်းပိုးဖြစ်အောင်ပြောတဲ့ နအဖ

15 views
Skip to first unread message

Manager

unread,
Sep 11, 2010, 3:28:53 PM9/11/10
to လေ ထန် ကုန်း
Drlunswe.blogspot.com

စက်တင်ဘာ (၄) ရက် ညသန်းခေါင်၊ ပဲခူးနယ်မြေခံတပ်ရင်းက အရာရှိနှစ်ယောက်နဲ့
စကားများရာကနေ စစ် သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့
ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်က အရပ်သားလူငယ် (၂) ယောက် သေဆုံးသွားရတဲ့
သတင်းဟာ စစ်တပ်ရဲ့ သူရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။

ဒါကို ဒီကနေ့ စက်တင်ဘာ (၁၀) ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ
တပ်မတော်မှာ တာဝန် ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း
ရန်ဖြစ်တဲ့ ဖြစ်ရိုးဖြစ်စဉ်လို့ ရေးထားပါတယ်။

ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကား
အရပ်သားတွေနဲ့ ရန်ဖြစ်နေတာ မထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့
တပ်မတော်ဆိုပြီး အသံကောင်းဟစ် မြို့ကြီးပြကြီးတွေပေါ်မှာတောင်
ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ ဓားမြတိုက်၊
မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ် ပေးမယ့် တပ်မတော်လား။


“တကယ်လို့ သတ္တိရှိတယ်ဆိုရင်၊ လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင်
ဦးသန်းရွှေကအစ (၄) သိန်းကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓားဓားချင်း၊
လှံလှံချင်း၊ လက်လက်ချင်း ပုဝါမကူ ရေမရှူကြေး တပွဲတလမ်း
အကဲစမ်းလိုက်ကြရအောင်ဗျာ။ ကျုပ်တို့ပြည်သူဘက်ကလည်း (၄)
သိန်းကျော်ရွေးထားပြီး စောင့်နေမယ်”


ဒီသတင်းစာကို ဖတ်ကြည့်လိုက်ရင် ကိုယ့်အပြစ်ကို လိမ်ညာဖုံးကွယ်ဖို့
အေးချမ်းသာယာမှုကို မလိုလားသူ တွေနဲ့ ပြည်ပမီဒီယာတွေက
တိုင်းပြည်ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်တာဆိုပဲ။ ပြည်ပမီဒီယာတွေက
ထုတ်တဲ့ သတင်းတွေမှာ ဘယ်ဟာ ပိုပြောသွားပါတယ်ဆိုတာ ထောက်မပြနိုင်ရှာပါဘူး။

အဖြစ်မှန်ကို တင်ပြရဲတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့ အရာရှိဟာ ဘယ်တပ်က
ဘယ်သူဘယ်ဝါ ဘယ်လိုပစ် လိုက်တယ်ဆိုတာ ပြောပြသင့်တာပေါ့။ ခုတော့ သေနတ်ဒဏ်ရာ
(၆) ချက်နဲ့ (၄) ချက်မှန်တဲ့ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော်တို့ရဲ့
ရုပ်အလောင်းတွေကိုတောင် မိဘဆွေမျိုးတွေကို ကြည့်ခွင့်မပေးရဲတာ တရားသလား။

သတ္တိရှိတဲ့ ယောက်ျားမှန်ရင် ဓားဓားချင်း လှံလှံချင်း ယှဉ်ရဲရမှာပေါ့။
ခုတော့ ဘာလက်နက်မှ ကိုင်မထားတဲ့ အ ရပ်သားလေး (၂) ယောက်ကို စစ်သား (၁၀)
ယောက်က ၀ိုင်းပြီး လက်နက်အားကိုးနဲ့ ပစ်သတ်တာ ကြားလို့မှ
ကောင်းရဲ့လားဗျာ။ သိပ်တော့ မထူးဆန်းပါဘူးလေ။
တပ်မတော်ရဲ့ကျေးဇူးရှင်လိုလို အရှက်မရှိဆိုနေလေတဲ့
ဗိုလ်သန်းရွှေကိုယ်တိုင်တောင် အပ်တိုတချောင်း ကိုင်မထားတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို အသည်းခိုက်ခိုက် တုန်အောင် ကြောက်နေမှတော့၊
လက်နက်အားကိုး အာဏာတန်ခိုးနဲ့ ထောင်သွင်းအကျဉ်းချထားသေးတာဆို တော့
လူမိုက်ရဲ့သားတွေက ရမ်းကားမှာပါပဲလေ။

ချောင်းရိုက်ရဲတဲ့သူ၊ အလစ်ဝင်သတ်ရဲတဲ့သူ၊ နောက်ကျောကို
ဓားနဲ့ဝင်ထိုးတဲ့သူ၊ ဗလအားကိုး လက်နက်အား ကိုးနဲ့ အားနည်းသူကို
အနိုင်ယူတာဟာ သတ္တိရှိတဲ့သူမဟုတ်ဘူး၊ သူရဲဘောကြောင်တဲ့သူတွေပဲ။ တကယ်သာ
ခင်ဗျားတို့နအဖ သတ္တိရှိမယ်ဆိုရင် ခုဖြစ်စဉ်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရော
အမိန့်ပေးတဲ့ အရာရှိကိုရော ပြည် သူကြားနာခွင့်ရှိတဲ့ တရားခွင်မှာ
စစ်ဆေးပြီး သက်သေပြပေးပါ။ ဒင်းတို့ကတော့ သရဲဘောကြောင် သတ္တိမရှိ
သူတွေဆိုတော့ မသိမသာ နယ်ပြောင်းပေးရုံလောက်ပဲ အရေးယူမှာကို
ကြိုမြင်နေပါသေးတယ်။

တကယ်လို့ သတ္တိရှိတယ်ဆိုရင်၊ လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင်
ဦးသန်းရွှေကအစ (၄) သိန်း ကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓားဓားချင်း၊
လှံလှံချင်း၊ လက်လက်ချင်း ပုဝါမကူ ရေမရှူကြေး တပွဲတလမ်း
အကဲစမ်းလိုက်ကြရအောင်ဗျာ။ ကျုပ်တို့ပြည်သူဘက်ကလည်း (၄)
သိန်းကျော်ရွေးထားပြီး စောင့်နေမယ်။

ခင်ဗျားတို့ လုပ်ရဲမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတောင် ရှင်းရှင်းလင်းလင်း
မကျင်းပရဲဘဲ ငို့ဘ (ငါဖို့) ဥပဒေ တွေနဲ့ နွားသေကြိုးတုပ်လုပ်ပြီးမှ
လူကြားကောင်းတရားနာ ရွေးကောက်ပွဲတဲ့ ဟားတိုက်ရယ်လိုက်ချင်သေး။

စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဖြစ်ဖို့ ဗိုလ်ချုပ်အောင်ဆန်း
တည်ထောင်ခဲ့တာပါ။ စည်းပျက်ကမ်းပျက် တပ်မ တော်ရှိနေတာဟာ တိုင်းပြည်အတွက်
ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့အပြင် ၀န်ထုပ်ဝန်ပိုးကြီးပဲ မရှိတာကောင်းပါ တယ်။
တကယ်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ ဒီလိုမျိုးအပြောမခံချင်ရင်
ဒီစနစ်ကို တွန်းလှန်ပြီး ပြည်သူလိုလားတဲ့ တပ်မတော်ဖြစ်ဖို့
ကြိုးစားသင့်ပါတယ်။

သူရဲဘောကြောင်တဲ့ လူရမ်းကားတွေ လက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပဲခူးက
ညီငယ် အောင်သူဟိန်းနဲ့ စိုး ပိုင်ဇော်ကို ဒီဆောင်းပါးနဲ့
ဦးညွတ်အလေးပြုလိုက်ပါတယ်။

အမှန်တရားများ အမြန်ပေါ်ထွန်းပါစေ ...
ဇာနည် (ပခုက္ကူ)

Reply all
Reply to author
Forward
0 new messages