ဖားကန့်လမ်း KIAတိုက်ခိုက် မှုတွင် မြန်မာUSDP စစ်သား ၅ ဦး ကျ၊ ၅ ဦးထိခိုက်

2 views
Skip to first unread message

Moderator

unread,
Dec 3, 2011, 12:38:18 PM12/3/11
to လေ ထန် ကုန်း


02Dec2011.
KNG Hi

ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်လမ်း မြန်မာအစိုးရတပ် စစ်ကားသုံးစီးအား
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ၎င်း၏ အရပ်သားတပ်ဖွဲ့များ
တိုက်ခိုက်ရာ အစိုးရစစ်သ ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရကြောင်း KIA ဆိုသည်။


ထိုသေဆုံးသူများထဲ ဗိုလ်ကြီးတဦးပါဝင်ကာ လက်နက်ငယ် ၆ လက် (MA-1 လေးလက်၊
MA-2 ၁ လက်၊ ပစ္စတို ၁ လက်) နှင့် MA-1 ကျည်ဆံ ၃၀၀၊ ဘဇူကာ ၁ လက်နှင့်
၎င်းကျည်ဖူး ၁ ခု သိမ်းဆည်းရမိသည်ဟု ဆိုသည်။

သရီးဂရောင်း (၆ ဘီးယက်)စစ်ကား သုံးစီးဖြင့် နမ်ယာကျေးရွာမှ ဆင်းလာကြသော
နမ်မားအခြေစိုက် ခမရ (၃၈၆) စစ်သားများအား KIA တပ်ရင်း (၆) တပ်ခွဲ
(၁)နှင့် အရပ်သားတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်လိုက်သည် ဟု သိရသည်။

Reply all
Reply to author
Forward
0 new messages