Groups
Groups
Sign in
Groups
Groups
လေ ထန် ကုန်း
Conversations
About
Send feedback
Help
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ
1 view
Skip to first unread message
Moderator
unread,
May 14, 2013, 12:30:44 PM
5/14/13
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to laay-ht...@googlegroups.com
သိန်းလှိုင်
|
အင်္ဂါနေ့၊ မေလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၁ မိနစ်
စစ်တွေ (မဇ္စျိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒဌာနမှ သတင်းထုတ်ပြန်ထားသည့်အတိုင်း ရခိုင်ပြည်နယ်သို့
ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းမှာ ယခုအခါ မုန်တိုင်းလက္ခဏာများ ပြသလာပြီ
ဖြစ်ကြောင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံများက ဆိုသည်။
“ဒီနေ့မနက်ပိုင်းမှာ အနောက်ဘက်အခြမ်း ကောင်းကင်ပြင်တခုလုံး မဲမှောင်လာပြီး လေပြင်း တိုက်ခတ်မှုတွေ
ဖြစ်ပေါ်ခဲ့တယ်။ အရင်နေ့တွေကဆိုရင် အပူရှိန် မြင့်မားပြီးတော့ လေတိုက်နှုန်း ကျဆင်းနေခဲ့ပေမယ့် ဒီနေ့မှာတော့ လေပြင်းနဲ့အတူ မိုးလည်း ရွာတယ်။ မည်းမှောင်နေတဲ့ မိုးတိမ်တွေဟာ ရွေ့လျားမှု မရှိဘူး။
မြင်ရတာကတော့ အပေါ်ပိုင်း လေငြိမ်ပြီး မြေပြင်လေဟာ မုန်တိုင်းအသွင် ဆောင်လာနိုင်တဲ့ သဘောကို
တွေ့နေရတယ်” ဟု ဘူးသီးတောင် ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိတဦးက ဆိုသည်။
ထို့အပြင် ပြည်နယ်တခုလုံးတွင် မေလ ၁၄ ရက်နေ့ မနက်ပိုင်း ဘင်္ဂလား ပင်လယ်အော်ဘက်မှ ရွေ့လျားမှု မရှိသော မည်းနက်မိုးတိမ်များ ဖြစ်ပေါ်လာပြီး လေငြိမ်လျက်ရှိကာ မိုးဖွဲကျဆင်းမှု အနည်းငယ် ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ကျောက်ဖြူ၊ စစ်တွေ စသည့် ပင်လယ်ကမ်းစပ် မြို့နယ်များတွင်လည်း
ရေပြင်အနေအထားမှာ လှိုင်းထန်မှု ပေါ်လာကြောင်း တွေ့ရသည်။
ပြည်တွင်း ရေကြောင်းဌာနအပါအဝင် ပုဂ္ဂလိကပြေးဆွဲနေသော ရေယဉ်များကို မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရပ်နားထားသည်။
“ကျနော်တို့ ဌာနကတော့ ဒီသုံးရက်အတွင်းမှာ သင်္ဘောသွားလာမှု ရပ်ဆိုင်းထားဖို့ အပေါ်က ကြေးနန်းနဲ့ ညွှန်ကြားထားတာ ရှိပါတယ်။ တခြားပုဂ္ဂလိက ရေယာဉ်တွေလည်း ဒီရက်ပိုင်းမှာ မုန်တိုင်းသတိပေးချက်နဲ့ အညီ ရပ်နားထားမယ်လို့ သိရပါတယ်။ သင်္ဘောတွေကိုတော့ မုန်တိုင်းအန္တာရယ်က ကင်းလွတ်မယ့် နေရာ
တွေမှာ ဆိုက်ကပ်ထားရှိပါတယ်။ အခြေနေအရပ်ရပ် တည်ငြိမ်လို့ရှိရင် ပြည်သူတွေ သွားလာနိုင်ရေးအတွက် အဆင်သင့်ဖြစ်အောင်လည်း ပြင်ဆင်ထားပါတယ်” ဟု ပြည်နယ် ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
မဟာဆန် မုန်တိုင်းဘေးမှ သက်သာနိုင်ရေးအတွက် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင်
ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ပင်လယ် ကမ်းစပ်နေ
ကျေးရွာများအား ကုန်းတွင်း ဘေးကင်းရာ ဒေသသို့ ပြောင်းရွှေ့ခဲ့သလို ၇ ရက်စာ စားနပ်ရိပ်က္ခာ အလုံအလောက် စုဆောင်းထားကြရန်လည်း ရပ်/ကျေး အုပ်ချူပ်ရေးမှူးများက တိုက်တွန်း စီစဉ်ထားကြောင်း
ဒေသခံများက ဆိုသည်။
“ကမ်းစပ်မှာနေတဲ့ ရွာသားတွေကို ဘေးလွတ်မယ့် နေရာတွေကို ရွှေ့ပြောင်းပြီး ဖြစ်တယ်။ ရွာတွေမှာ မုန်တိုင်းဒဏ် ခံနိုင်မယ့် ဘုန်းကြီးကျောင်းလိုမျိုး ခိုင်မာတဲ့ အဆောက်အဦတွေဆီကို ရွှေ့ပြောင်းတာ ရှိတယ်။ မုန်တိုင်းလမ်းကြောင်းကို ကာကွယ်နိုင်မယ့် တောင်ကုန်းတွေ နောက်ဘက်ကို ရွှေ့ပြောင်းတာလည်း ရှိတယ်။ သဘာဝဘေးရန်ဆိုတော့ အားလုံး ညီညီညွှတ်ညွှတ် စုပေါင်းဆောင်ရွက်တာကို တွေ့ရတယ်။ လူတွေကတော့ စိုးရိမ်စိတ်တွေနဲ့ မုန်တိုင်း တိုက်ခတ်မယ့် အချိန်ကို စောင့်နေကြရတယ်” ဟု ရခိုင်လူမှုကွန်ယက် အဖွဲ့င်တဦးက ပြောသည်။
ထို့အတူ မုန်တိုင်းဖြတ်သန်းမည့် အဆိုပါဒေသများတွင် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး NGO များ ပြည်တွင်း၊
ပြည်ပ သတင်းထောက်များ အသင့်ရောက်ရှိနေသည်။
မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြပြီး ရခိုင်ဒေသခံများအဆိုအရ လေပြင်းတိုက်ခတ်မှုသည် မေလ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တဖြည်းဖြည်း
ပြင်းထန်လာပြီးနောက် မုန်တိုင်းအဆင့်သို့ ကူးပြောင်းလာနိုင်သည်ဟု ၎င်းတို့၏ အတွေ့အကြုံအရ မှတ်ချက်ပြုကြသည်။
www.mizzima.com
Reply all
Reply to author
Forward
0 new messages