KNU နဲ့ USDP အပစ်ရပ်မယ့်သတင်း မမှန်သေး

0 views
Skip to first unread message

Moderator

unread,
Nov 26, 2011, 9:35:46 PM11/26/11
to လေ ထန် ကုန်း

2011-11-26
Karen Information Centre

KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ
ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း
KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်
ငြင်းဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KNU အဖွဲ့က
ကိုယ်စားလှယ် ၃ ဦး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တွေ့ဆုံခဲ့တာဟာ
ပဏာမအဆင့်ပဲ ဖြစ်ပြီး နှစ်ဘက်လုံးမှာ လုပ်ပိုင်ခွင့် အပြည့်အစုံ
မရှိဘူးလို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက ပြောပါတယ်။

ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်ကကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့
သဘောတူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ
ဖြစ်မယ်လို့လည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ KNU ဟာ အစိုးရနဲ့ နိုင်ငံရေးအရ
ဆွေးနွေးတဲ့အခါ ကိုယ်စားပြုမယ့် ကော်မတီတစ်ရပ် ဖွဲ့ထားပြီး
အဲဒီကော်မတီမှာ ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ၊ အထွေထွေ အတွင်းရေးမှူး
နော်စီဖိုးရာစိန်၊ စစ်ကော်မတီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူး စေးဖိုး အပါအဝင်
စုစုပေါင်း ခေါင်းဆောင် ၇ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။

Reply all
Reply to author
Forward
0 new messages