De Myitrum Manang ni,
Feedback ni bai jaw wa ai majaw grai chyeju kaba sai. Ndai Update v-2 bai galaw da ai re law.
Myen ni chemical weapon lang ai re nre ai gaw kadai mung nchye ai Rai timung dai kaw byin ai lam hpe anhte manang ni confirm tsun wa ai majaw joint statement shapru yang kaja na re ngu myit wa ai majaw re ai law
Chyeju kaba sai
naw san
မြန်မာစစ်လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကချင်ဒုက္ခသည်စခန်းမှကလေးသူငယ်များသည် စိုးရိမ်ဖွယ်ရာ ပုံမှန်မဟုတ်သောထူးခြားသည့် ဖျားနာလာမှုအပေါ် သဘောထားထုတ်ပြန်ချက်
မြန်မာစစ်တပ်သည်လိုင်ဇာမြို့အားသိမ်းပိုက်နိုင်ရန်KIO/KIAရှေ့တန်းတပ်စခန်းများအားထိုးစစ်ဆင်တိုက်ခိုက်သည့်အချိန်လေယာဉ်မှဗုံးကြဲချခြင်းကြောင့် KIO/KIAခံတပ်များနှင့်နီးစပ်သောဒုက္ခသည့်စခန်း၌ ခိုလှုံနေကြ သောကလေးသူငယ်များသည်သာမန်မဟုတ်သည့်ဗုံးငွေ့များရှူရှုက်မိကြပါသည်။ ထို့ကြောင့်ဒုက္ခသည်စခန်း များရှိကလေးသူငယ်(၁၀၀)ခန့်သည် စစ်လေယာဉ်မှဗုံးကြဲခံရပြီးနောက်ပိုင်းတွင် ၀မ်းလျှောဝမ်းပျက်ခြင်း၊ ခေါင်းမှူးခြင်း၊အော့အန်ခြင်း၊ ဖျားနာခြင်းစသည့်ဆိုးကျိုးများသက်ရောက်လာခြင်းတွေ့ရပါသည်။
ဗုံးကြဲခံရသည့်နောက် ဇန်န၀ါရီလ (၂၁)ရက်နေ့ နံနက် (၃)နာရီ ခန့်တွင် Sumdu Henry Naw Seng အသက်(၃)လသားအရွယ်သည်ဝမ်းလျှောဖျားနာကာသေဆုံးခဲ့ရပါသည်။ အခြားသောကလေးငယ်များ သည်လည်း စစ်လေယာဉ်မှ ဗုံးကြဲခံရပြီနောက် အနည်းဆုံးတစ်ပတ်ကျော်ဖျားနာနေလျှက်ရှိနေကြပါသည်။ အထူးသဖြင့် KIO/ KIA တပ်စခန်းHpunphyen Bum အားတိုက်ခိုက်သည့်အချိန်မြန်မာစစ်လေယာဉ်မှ ဗုံးများကြဲခဲ့သောကြောင့် ၄င်းစခန်းနှင့်နီးစပ်သောဒေသရှိဒုက္ခသည်စခန်းမှကလေးသူငယ်များမှာ ထူးထူး ခြားခြား ပုံမှန်မဟုတ်သည့် နာမကျန်းခြင်းမျိုးဖြစ်ပေါ်လာသည်ဟု ယုံကြည်ရပါသည်။
ထို့ကြောင့်မြန်မာစစ်တပ်မှKIO/KIAတပ်စခန်းများအားထိုးစစ်ဆင်တိုက်ခိုက်ရာတွင်သာမန်မဟုတ်သည့်ဗုံးများအသုံးပြုခြင်းကို အပြင်းအထန်ရှုံ့ချအပ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည်ကချင်တမျိုးသားလုံးအား လူမျိုး သုံန်းသတ်ဖြတ်ခြင်းဖြစ်သောကြောင့် ၄င်းတို့လုပ်ရပ်အားကိုချက်ချင်းရပ်တန့်ရန်အတွက် အောက်ပါအတိုင်း တောင်းဆိုအပ်ပါသည်။
(၁) မြန်မာစစ်တပ်၏ KIO/KIA အားထိုးစစ်ဆင်တိုက်ခိုက်သည့်အခါ စစ်လေယာဉ်ပေါ်မှ ကြဲချသောဗုံးများ သည်မည်ကဲ့သို့သောဗုံးအမျိုးအစားဖြစ်သည်ကိုတိတိကျကျသိရှိဖို့လိုအပ်လာသဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစုမှ သီးခြားလွတ်လပ်သည့်ကော်မရှင်တရပ်ဖွဲ့စည်းပြီး အခင်းဖြစ်ပွားရာနေရာ၌ စုံစမ်း စစ်ဆေး၍အမှုမှန်ုကိုဖေါ်ထုတ်ပေးပါရန်။
(၂) ၄င်းတို့၏စုံစမ်းတွေ့ရှိသည့်အချက်များကို လူထုထံပွင့်လင်းမြင်သာစွာဖေါ်ပြပြီး နိုင်ငံတကာဥပဒေများကို ချိုးဖေါက်နေသည်ဟုတွေ့ ရှိရပါက တာဝန်ဆုံးဖြစ်သော ဦးသိန်းစိန်အစိုးရနှင့်မြန်မာစစ်တပ်ကို ထိရောက်စွာ ဒဏ်ခတ်အရေးယူပေးပါရန်။
(၃) ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုမှဖျားနာနေသော ကလေးသူငယ်များကို အမြန်ဆုံးအကာ အကွယ်ပေးပြီးလူသားခြင်းစာနာထောက်ထားမှုအောက်၌ကလေးသူငယ်များအားလိုအပ်သော အကူအညီ များပေးခြင်းနှင့် ၄င်းတို့၏ ဘ၀လုံခြုံမှုအာမခံချက်များရှိလာအောင်လုပ်ဆောင်ပေးပါရန်။
ရက်စွဲ့။ ။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်နေ့
ကချင်အမျိုးသားအဖွဲ့အစည်းများ
(၁)
(၂)
On Tue, Jan 22, 2013 at 4:52 PM, naw san <aksyu...@gmail.com> wrote:
De tsawra myitsu manaw manang ni
Ndai gaw Draft Joint Statement re ai. anhte ni byin mai yang gaw January 25th kaw shabra dat yang kaja na kun?.
Ground Information hte seng nna Details Facts Finding bai shana wa yang grai kaja na re.
Chyeju kaba sai
Naw San
