Fwd: [MoeMaKa] 4th Jan 2012 - MoeMaKa Daily

18 views
Skip to first unread message

truely white

unread,
Jan 5, 2012, 7:53:29 AM1/5/12
to jeffy...@googlegroups.com


---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: Wed, Jan 4, 2012 at 10:31 PM
Subject: Fwd: [MoeMaKa] 4th Jan 2012 - MoeMaKa Daily
To: maykhat2 <mayk...@gmail.com>, kkmm <pinlon...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, ahkeej...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, khon minn <khonk...@gmail.com>, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, Device 120 <devi...@gmail.com>, gwbob...@gmail.com, hlai...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, mawla...@gmail.com, Min Thu <min...@flashband.net>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, myintt...@googlemail.com, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mehmmgmgwunnasan <mehmmgmg...@gmail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, punk lay <punkl...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, theinmyint myint <theinm...@gmail.com>, soe.t...@gmail.com




---------- Forwarded message ----------
From: Maung Yit <moema...@gmail.com>
Date: 2012/1/4
Subject: [MoeMaKa] 4th Jan 2012 - MoeMaKa Daily
To: sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka <moe...@googlegroups.com>


ဘာလဲ “အမိန့်အမှတ် ၁/၂၀၁၂ ”
တူမောင်ညို ။ ဇန်နဝါရီ ၄၊ ၂၀၁၂

သမ္မတဦးသိန်းစိန်ရဲ့ “အမိန့်အမှတ် ၁/၂၀၁၂” က အကောင်းမြင်လွန်းသူများရဲ့ မျှော်လင့်ချက်ကြေးမုံပြင်ကို  အစိတ်စိတ် အမွှာမွှာ ကွဲအက်ကျေမွသွားစေခဲ့ပြီ။ သမ္မတဦးသိန်းစိန်ရဲ့ “အမိန့်အမှတ် ၁/၂၀၁၂” ဟာ နိုင်ငံရေးအကျဉ်းသားမိသားစုများအပေါ် ရိုင်းပြ စော်ကားလိုက်တာလည်းဖြစ်ပါတယ်။
ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရရဲ့ “တုံး”တဲ့၊ “ဖျင်း”တဲ့သဘောထားဖြစ်တယ်။ “ကမ္ဘာ့အလယ်မှာ ကိုယ့်အရှက်ကိုယ်ခွဲတာဖြစ် တယ်”၊ “နားလှည့်ပြီး ပါးရိုက်လိုက်တာဖြစ်တယ်” လို့ ဦးဝင်းတင် ထောက်ပြပြောဆိုလိုက်တာ သိပ်ကိုမှန်ပါတယ်။
ဒီလိုကိစ္စမျိုးဟာ ကိုယ် တိုင်ကြုံတွေ့ခံစားဖူးသူမှသာသိရှိခံစားနိုင်တဲ့အဖြစ်မျိုးဖြစ်ပါတယ်။ ဦးဝင်းတင်ရဲ့ပြောဆိုချက်ဟာ နာကျည်းခံပြင်းချက်များနဲ့ ပြည့်နှက်နေ ပါတယ်။
“နားလှည့်ပြီးပါးရိုက်လိုက်တာဖြစ်တယ်”
လို့ ဦးဝင်းတင်က ပြောထားလေတော့ မေးစရာတစ်ခုတော့ရှိလာပါတယ်။
ရိုက်တဲ့သူ ဘယ်သူလဲဆိုတာသိပါတယ်။
သိချင်တာက “ပါးရိုက်ခံလိုက်ရသူ ဘယ်သူလဲ”။
ဒီနေရာမှာ အလှည့်စားခံလိုက်ရသူတွေကို အပြစ်မပြောလိုပေမယ့်။ အလှည့်စားခံရအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင်၊ မျှော်လင့်ချက်တွေကို ပုံစံအမျိုးမျိုးနဲ့ ပေးခဲ့/ရေးခဲ့/ပြောခဲ့ကြသူတွေနဲ့ အဲဒီ “မျှော်လင့်ချက်မှား”တွေကို အမြှီးတပ် ခေါင်းတပ်ပြီး ဖြန့်ချိ ခဲ့ကြတဲ့ (ပုံနှိပ်/အသံလွှင့်) မီဒီယာတွေမှာလည်း “မျှော်လင့်ချက်မှားတွေကို လေပင့်ပေးခဲ့မိတဲ့အပြစ်” ရှိပါတယ်။ တာဝန်ရှိပါတယ်။ ယင်း ပြစ်မှု အတွက် သူတို့တာဝန်ယူကြရပါမယ်။
“ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်တွေပါဗျာ”လို့ ရူးချင်ယောင်ဆောင်လို့မရပါဘူး။

နိုင်ငံရေးအကျဉ်းသားကိစ္စဟာ အရေအတွက်ပြဿနာမဟုတ်ပါဘူး။
နိုင်ငံရေးအကျဉ်းသားကိစ္စဟာ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးသဘောထားဆိုင်ရာ ပြဿနာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်မပြုတာဟာ နိုင်ငံရေးပြဿနာအဖြစ် အသိအမှတ်မပြုတာပဲဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာအဖြစ်အသိအမှတ်မပြုတဲ့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလိုတဲ့သဘောထားဟာ (၁၉၅၈- ၁၉၆၂) ကတည်းကစတင်ခဲ့တဲ့ “စစ်အုပ်စုအဆက်ဆက်ရဲ့ မပြောင်းလဲတဲ့သဘောထား”ဖြစ်တယ်။
ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရမှာ နိုင်ငံရေးသဘောထားမရှိဘူး ဆိုတာကို “အမိန့်အမှတ် ၁/၂၀၁၂” က ထပ်မံသတိပေးဖော်ပြ လိုက်တာဖြစ်တယ်။
ဒါဟာ“စစ်အုပ်စုအဆက်ဆက်ရဲ့မပြောင်းလဲတဲ့ သဘောထားအမွေ”ကို ဆက်ခံထားဆဲဖြစ်တယ်ဆိုတဲ့ အချက်ကို ထပ်မံအသိပေးဖေါ်ပြတာလည်းဖြစ်တယ်။
“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ ၈၈အရေးတော်ပုံတပ်သားများ၊ ၈၈ အရေးတော်ပုံရလဒ်များ” အပေါ် ဦးသိန်းစိန် စစ်တစ်ပိုင်း အစိုးရဲ့ မပြေငြိမ်းနိုင် တဲ့သဘောထား၊ အလျော့မပေးနိုင်တဲ့ သဘောထားဖြစ်ပါတယ်။
 “၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနဲ့ ၈၈အရေးတော်ပုံတပ်သားများ” အပေါ် အငြှိုးအတေးနဲ့ ဂလဲ့စားချေမှုလည်းဖြစ်ပါတယ်။
  “ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (ခ)” အရလို့ ဆိုထားတဲ့အတွက် ဒီသဘောထားဟာ သမ္မတဦးသိန်းစိန် တစ်ဦးထဲ  သဘောထားတင်မကဘဲ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(အကလ)ဝင် အားလုံးရဲ့သဘောထားလည်းဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(အကလ)ထဲမှာ သမ္မတ (၃) ဦး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(၁)ဦး ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ (၁) ဦး၊ ကာကွယ်ရေးဦးစီးချုပ် (၂) ဦး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးတို့ပါဝင်တယ်။ ဒါကြောင့် သူတို့အားလုံးဟာ တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲဖြစ်တယ်ဆိုတာကိုဖေါ်ပြလိုက်တာပဲဖြစ်တယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ “၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မတိုင်မီ”က ဆိုလျှင် (NLD) ပါတီက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဦးထံက ဝေဖန်ပြောကြားချက် သို့မဟုတ် သဘောထားကြေညာချက်တစ်ခုခုတော့ ပေါ်ထွက်လာစမြဲဖြစ်ပါတယ်။
အခုတော့ ဘာပြောသံမှ မကြားရပါဘူး။
 “နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားဆဲ ပါတီဘဝ” ဖြစ်နေလို့လား။
ဒါမှမဟုတ်“ကြားဖြတ်ရွေးကောက်ပွဲ” အတွက် အလုပ်တွေများနေကြသလားမသိပါဘူး။
ပြည်တွင်းပြည်ပက အလေးထားစောင့်ကြည့်နေကြတဲ့ “နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲ” ပြဿနာ ၂ ခုအနက် “နိုင်ငံရေးအကျဉ်းသားပြဿနာ”နဲ့ ပတ်သက်ပြီး ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရရဲ့ သဘောထား အမှန်ကို နာနာကျည်းကျည်း၊ ပြက်ပြက်ထင်ထင်သိလိုက်ကြရပြီ။

Posted by MoeMaKa at 11:05 PM 0 comments
Labels: Op-Ed, Tu Maung Nyo

Cho Tu Zaw - Bad News for New Year - Poem

သတင်းဆိုး. . . .  
ချိုတူးဇော်၊ ဇန်န၀ါရီ ၄၊ ၂၀၁၂

ဟောဒီ သန်း ၅၀ ထဲမှာ . . .
ဘယ်နှစ်ရာခိုင်နှုန်းများ အိပ်မပျော်ဖြစ်နေကြသလဲ.. . .
ကျနော်တို့အားလုံး လတ်လတ်ဆတ်ဆတ်
ဘောလုံးပွဲ ရှုံးထားရသလို
မချိတင်ကဲ
တောက် တခေါက်ခေါက်
ဖြစ်နေကြ ..

မြန်မာ ကို မြန်မာ က ရှုံးတဲ့ပွဲ။

မြန်မာ ကို မြန်မာ က ညစ်ပတ်
အနီကဒ် အ၀ါကဒ်တွေနဲ့ တဖက်သတ်
ဒိုင်ပွဲရပ် အနိုင်ယူထားတဲ့ ပွဲ. . .

ဒီလိုနဲ့ပဲ. . . နှစ် ၅၀ ကျော်ကြာတဲ့အထိ. . .
ကျနော်တို့တွေ. . .
အာရှတောင်းကြီးအောက်ဆံုးမှာ ပုပ်သိုးကျန်နေရစ်ခဲ့ရ. . . ။ ။
Posted by MoeMaKa at 10:56 PM 0 comments
Labels: Cho Tu Zaw, Poems

News & Media

စိတ်မပါ လက်မပါ လွတ်ငြိမ်းချမ်းသာ
ရန်ကုန်၊ ဇန်န၀ါရီ ၄၊ ၂၀၁၂
မိုးယံမခ


ဒီတခါလည်း လွတ်ငြိမ်းချမ်းသာ ကြေညာပြန်ပြီ
ဘယ်သူတွေလွတ်ပါသလဲ။
ဘယ်လောက်လွတ်တယ်ဆိုတာကတော့ ဘောင်းဘီချွတ်အစိုးရရဲ့ ၀ါဒဖြန့် ကိန်းဂဏာန်းတွေမှာ ရှာကြည့်နိုင်ပါတယ်။
နောက်ထပ်လွှတ်ဖို့ ကျန်ပါသေးတယ်။
စာရင်းတွေက ရောထွေးနေလို့ပါ။
နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။
ယုံကြည်ချက်ကြောင့်ကျတဲ့အကျဉ်းသားတွေလည်း ဘာမှမရှိဘူး။
ဒီလောက်ပြောနေတာ မယုံကြဘူးလား။
ဒီလောက်မယုံကြရင် မယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသားတွေပဲ ရှိမယ်ထင်တယ်။

အင်းစိန် - ၃
မန္တလေး - ၁၁
ပြည် - ၁
စစ်တွေ - ၁
ပုသိမ် - ၁
မြိတ် - ၁
ပူတာအို - ၁
တောင်ငူ - ၆ စတဲ့ ကိန်းဂဏာန်းတွေက အာရုံနောက်စရာပါ။ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ရာထောင်ချီ လွှတ်နေတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက ဒီလောက်ပဲ ပါရပါသလား။

အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင် အခုလူတွင်ကျယ်လုပ်နေကြတဲ့ ဟိုယောင်ယောင်ကောင်တွေ နေရာပျောက်မှာစိုးလို့ လား။

စစ်တပ်က စနစ်တကျ ဆုတ်နေပြီ။ အဲ့ဒီအခွင့်အရေးကို အမိအရမဆုပ်ကိုင်ရင် ဒီနေ့ လက်တွေ့ နိုင်ငံရေးမဟုတ်ဘူးဆိုသူများအတွက် ဒီနေ့ လွတ်ငြိမ်းချမ်းသားအကြောင်းလေး သုံးသပ်ကြပါဦးလို့ တင်ပြလိုက်ရပါကြောင်း ...။

မှတ်တမ်းဓာတ်ပုံများ

ဦးစောဆေးကလယ် (အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ)

ကိုသန်းနိုင်ဦး (အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ)

ဦးကြည်သန်း (အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ)


အင်းစိန်ထောင်ရှေ့ မြင်ကွင်းများ








Posted by Aung Htet at 6:06 PM 0 comments

Mar Mar Aye – 407

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၇)
မာမာအေး
ဇန်န၀ါရီ ၄၊ ၂၀၁၂



သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ -
ခုတလော မာအေးရဲ့ အစီအစဉ်လေးတွေကို နားထောင်မိကြမယ် ဆိုရင် လူကိုယ်တိုင်တင်မက မာအေးရဲ့ သီချင်းလေးတွေမှာလဲ ဘယ်ဟာက ဘာဖြစ်လို့ ဆိုတာမျိုးနဲ့ ငြိ - ငြိနေတာမို့ ဝေဒနာ ရခဲ့တာပါလား လို့ သိထား မှတ်ထားလို့ ရတာပေါ့နော်။ သီချင်း တခြမ်းလောက်ကလေးတွေလဲ နားဆင်လို့ရအောင် ဖြည့်ထားတာ ဆိုတော့ အရေးတကြီး ခေါင်းပူရင်ပူ သတင်းတွေ ကြားရလို့ လိုက်ပူနေမိတဲ့ စိတ်ကလေး၊ ခဏလေးတော့လဲ အေးမယ် ထင်တာပါဘဲ။
Posted by Moemaka at 6:00 PM 0 comments
Labels: Mar Mar Aye

U.S. says Burma move on prison terms insufficient


အကျဉ်းသားလွှတ်တာ မလုံ လောက်သေးဘူးလို့ အမေရိကန် ပြော
ဘီဘီစီ
ဇန်န၀ါရီ ၄၊ ၂၀၁၂


အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ကိုကြည်သန်း (ဟင်္သာတ)


မြန်မာနိုင်ငံက အကျဉ်းကျ ခံနေရသူတွေ အပေါ် အစိုးရရဲ့ ပြစ်ဒဏ် လျော့ပေါ့ပေးတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ခဲ့ပြီး မြန်မာ အစိုးရ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ဆိုရင် လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေနဲ့တင် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။

မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်က အမေရိကန် အစိုးရ ဖြစ်စေချင်တာနဲ့ ကွာဟ နေတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန်းက ပြောပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံ အစိုးရတွေက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ ရုတ်သိမ်းပေးဖို့ စဉ်းစားနိုင်မယ့် အချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့လည်း ပါဝင်နေပါတယ်။

မြန်မာအစိုးရက တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အောက်မှာ ဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေက မပါသလောက် ဖြစ်နေပြီး အခုချိန်ထိ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်လောက်ပဲ ပါတာ တွေ့ရပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြစ်ဒဏ် လျှော့ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ကိုမင်းကိုနိုင်တို့လို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဦးခွန်ထွန်းဦး တို့လို့ တိုင်းရင်းသား ခေါင်းဆောင် တွေလည်း မပါသေးပါဘူး။

လွတ်လာတဲ့ အနည်းအကျဉ်းထဲမှာ မနေ့တုန်းက အင်းစိန်ထောင်ကနေ လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကြည်သန်းကလည်း သူဟာ ပြစ်ဒဏ် လျှော့ပေးလို့ လွတ်လာတာ မဟုတ်ဘဲ လွတ်ရက်စေ့လို့သာ လွတ်လာတာ လို့ ဆိုပါတယ်။

လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေ မပါတာ ကြည့်ရင် အစိုးရမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆန္ဒရှိတာ မတွေ့ရသေးဘူးလို့ ကိုကြည်သန်းက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အများကြီး မလွတ်သေးပေမယ့် မျှော်လင့်ချက် ရှိပါသေးတယ် လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ ဒုတိယဥက္ကဋ္ဌ စိုင်းဆောင်ဆီက ပြောပါတယ်။

လက်ရှိ လွှတ်ပေးတဲ့ အနေအထားကို အားရမှု မရှိပေမယ့် အစိုးရအနေနဲ့ တဆင့်ချင်း လုပ်ဆောင်နေတယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။
Posted by Moemaka at 5:54 PM 0 comments

Maung Thaw Ka - Articles

ယမကာညနေခင်း (၆)
မောင်သော်က
ဇန်န၀ါရီ ၄၊ ၂၀၁၂


သော်။ ။..ခရစ်နှစ် ၁၉၈၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံစံတော်ချိန် နေလွဲစက် ၄ နာရီ ၅၀ မိန်စ ၄၉ စက္ကန့်အချိန် ဘာနုရာဇာ မည်သော တနင်္ဂနွေဂြိုလ်မင်းသည် ပြည်ပန်းညိုပွင့်နှင့်တူသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လျက် ကျွဲရဲကိုစီးကာ လက်တစ်ဖက်က ပန်းခက်ကိုကိုင်ကာ ရေချမ်းအိုးကိုပိုက်လျက် အရှေ့ကသည် တောင်သို့ဝင်၏။ ဃောရသာဒေဝီ နတ်သမီး သည် အလှည့်စေ၍ မရမေသွာ နတ်မင်း၏သား အာသီမည်သော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် မဟောရကာဒေဝီနတ်သမီး ကား ငို၍လှမ်းလင့်၏။

ပင်စင်နာ။ ။ အို ဆရာကြီးရဲ့ ... ဒီမှာ တံခါးလေး ဘာလေးများလာဖွင့်ပါဦး၊ ဘာတွေများလာဖွင့်ပါဦး။ ဘာတွေများ ဒီလောက် အော်ကြီးဟစ် ကျယ်နဲ့ ဖတ်နေတာလဲဗျ။
အယ်ဒီတာ။ ။ ခင်ဗျားကလည်း မကြားဘူးလားဗျ။ သူက သင်္ကြန်စာကို အထူးအဆန်းလုပ်ပြီး ဖတ်နေတာဗျ။ တန်တော့ ဒီလူ ပေါက် နေပြီထင်တယ်။ ကျုပ်တို့ပြန်ကြရင် ကောင်းမယ်ဗျို့။

သော်။ ။ ခင်ဗျားတို့ ပြန်ချင်လည်းပြန်ကြဗျာ။ အဲ... လက်ကဆွဲလာတဲ့ ပုလင်းကလေးတော့ ထားခဲ့ကြပါ။ ဘယ့်နှယ်ဗျာ သင်္ကြန်စာကို အလေးအနက်ထားဖတ်တာများ ပေါက်တယ်ပြောရသလား။ လာပါ လာပါ တံခါး ဖွင့် ထားပါတယ်။

ပင်စင်နာကြီးနှင့် အယ်ဒီတာကြီးတို့သည် မောင်သော်က၏မျက်နှာကို မယုံသင်္ကာနှင့်ကြည့်ကာ ဝင်ထိုင်ကြသည်။ မောင်သော်ကလည်း သူတို့ စိတ်မပြောင်းမီ လိုအပ်သော ကိရိယာများဖြစ်သည့် ဖန်ခွက်၊ ရေခဲဘူး၊ ဖောက်တံစသည်တို့ကို ကပျာကယာ ထုတ်ယူပြင်ဆင်ပေး ရသည်။

ပင်။ ။ ခင်ဗျားသင်္ကြန်စာက ဒီနှစ်အတွက်လား။ ဘယ်ကထုတ်တာလဲဗျ။
သော်။ ။ ဟုတ်ပါတယ်ဗျာ။ အခုလာမယ့် နှစ်အတွက်ပါ။ ထုံးစံအတိုင်း မန္တလေးကထုတ်တာပေါ့။ “ပုဏ္ဏားတော် ပညာရှိဦးစိန္တာ၏သား၊ ပုဏ္ဏားတော် နက္ခတ်ဗေဒင်ပညာရှိဆရာကြီး ဦးလောကသာရနှင့်သား ဆရာလင်း၊ ဆရာသိန်းတို့ညှိနှိုင်း တွက်ချက်ကြသည်လို့ ဆိုထား တာပဲ။

အယ်။ ။ နေပါဦး၊ ခင်ဗျားကလည်း ဒီနှစ် ဆယ်ရာစုနှောင်းကာလ ဆိုရှယ်လစ်ခေတ်ကြီးမှာ ဗေဒင်တို့ သင်္ကြန်စာတို့ကို ယုံသေးသလား။
ပင်။ ။ ဒီလူကတော့ တကယ့်ကို အောက်နေပြီဗှ။ အောက်အော့ဖ်ဒိတ်ဖြစ်နေပြီ။
သော်။ ။ ခင်ဗျားတို့ အဲဒီလိုသောက်ရမ်းမပြောကြနဲ့။ မြန်မာပြည်ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးရဲ့အမာခံတွေဟာ တောင်သူလယ် သမားတွေဗျ။ မြန်မာတောင်သူလယ်သများတွေဟာ သင်္ကြန်စာကို သတင်းစာထက် ယုံကြည်တတ်ကြတယ်။ အိမ်ကျူထရံမှာ ဝါးခြမ်းပြားနဲ့ ညှပ်ထားပြီး တစ်နှစ်ပတ်လုံး အားကိုးတကြီးနဲ့ လေ့လာမှတ်သားကြတယ်။ စိတ်ချမ်းသာကြတယ်၊ စိတ်ဆင်းရဲကြတယ်၊ အားကိုးတကြီးနဲ့ မျှော်လင့်ချက်တွေ ထားကြတယ်။ သင်္ကြန်စာကိုပစ်ပယ်ခြင်းဟာ တောင်သူလယ်သမားထုကြီးကို ပစ်ပယ်ခြင်းပဲ။

အယ်။ ။ အလို အလို တယ်ဆိုတဲ့စာပါလား။ ဆက်စမ်းပါဦး၊ ခင်ဗျား သင်္ကြန်စာက ဒီနှစ် သိကြားမင်း ဘာစီးဆင်းမတဲ့လဲဗျ။ ဒွန်ဒါလား၊ မာစီး ဒီးလား။
သော်။ ။ ကျွဲစီးဆင်းမယ်တဲ့ဗျ။ ပြည်ပန်းညိုပွင့်နှင့်တူသော ဝတ်စားတန်ဆာကို ဝတ်မယ်။ လက်တစ်ဘက်က ပန်းခက်၊ တစ်ဖက်က ရေချမ်း အိုးက ကိုင်ဆင်းမယ်။

ပင်။ ။ကောက်ချက် အဓိပ္ပာယ်က ဘယ်လိုလဲ။
သော်။ ။အေးချမ်းမယ်၊ ဆန်ရေစပါးပေါများမယ်၊ တိုင်းပြည်မှာ အေးအေးချမ်းချမ်းနဲ့ သာသာယာ ယာရှိမယ် လို့ဆိုလိုတယ်။ သို့သော် မိုးဦး မိုးလယ်တန့်အံ့၊ မိုးနှောင်းကောင်းအံ့၊ ကျွဲနွား စသော အခြေလေးခုတို့ ပျက်စီးအံ့၊ မုန်တိုင်းလေပွေထန်အံ့တဲ့။ ကံ-ခင်ဗျားတို့ ဇလဗေဒ ဌာနကထုတ်ပြန်တဲ့ ရာသီဥတုခန့်မှန်းခြေက အများဆုံးက သုံးလစာ၊ သူ့သင်္ကြန်စာက တစ်နှစ်လုံးအတွက် ဟောကိန်းထုတ်ထားတာ သူကသာတယ်။

ပင်။ ။ တယ်ဟုတ်ပါလား။ မိုးလေဝသဂြိုလ်တုက သတင်းပို့တာကမှ နောက်ကျသေးတယ်နော် တောင်သူလယ်သမားတွေကလည်း ဒါကို ယုံကြည်တာပဲလား။
သော်။ ။ဒီမှာ နားထောင်၊ ရက်အပိုင်းအခြားနဲ့ကို ဟောစာတမ်းထွက်တာ၊ နယုန်လဆန်း ဆယ်ရက်အတွင်း မိုးပြတ်တောင်းရွာနိုင်၏။ လူတို့ အနာအဖျားရောဂါဘယ ကျရောက်တတ်သည်။ နှမ်း၊ ဆီ ရှားပါးတတ်၏။ ဆန်စပါးဈေး တိုးတက်ကြီးမြင့်တတ်၏။ နိုင်ငံခြားမှာ သံတမန်များ ရောက်ရှိတတ်သည်။ နာမည်ကြီးပုဂ္ဂိုလ် ကွယ်လွန်တတ်သည်တဲ့။

အယ်။ ။ သိပ္ပံခေတ်မှာ ဒါတွေယုံကြည်ဖို့ မကောင်းတော့ဘူး။ ဒါတွေဟာ ဗြဟ္မဏအယူအဆတွေပဲ။ ပုဏ္ဏားတော်ပညာရှိကြီးများရဲ့ခေတ် ကုန်ပါပြီ။
သော်။ ။ ဒါတော့ ကျုပ်မပြောတတ်ဘူ။ သင်္ကြန်ကျတာကော ဗုဒ္ဓဘာသာနဲ့ဆိုင်သလဲ။ ဗြဟ္မဏအယူအဆပဲ။ မြန်မာပြည်မှာ အရောင်းအသွက် ဆုံးမဂ္ဂဇင်းကတော့ ဝေဒမဂ္ဂဇင်းပဲ။ တရုတ်ပြည် ဟောင်ကောင်မှာ ဘာလုပ်ငန်းလုပ်သည်ဖြစ်စေ၊ လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်က ဗေဒင်မေးပြီးမှ လုပ်လေ့ရှိကြတယ်။

ပင်။ ။ ဒါဖြင့် ကျန်တဲ့လူတစ်ယောက်ကတော့ မမေးဘူးပေါ့။
သော်။ ။ သူက ဗေဒင်ဆရာလေ။

အယ်။ ။ ခင်ဗျားကော ဗေဒင်လေး၊ ဘာလေး မမေးဘူးလား။ ယုံကော ယုံကြည်သလား။
သော်။ ။ ဘယ်နေလိမ့်မလဲဗျာ၊ ဒါပေမဲ့ ယုံကြည်လှတယ်တော့မဟုတ်ပါဘူး။ ဘာပြုလို့လဲဆိုတော့ ဗေဒင်ပညာဟာ အလွန်တိကျတဲ့ အာ ကာသနက္ခတ္တ သိပ္ပံပညာတစ်ရပ်ဗျ။ ကျုပ်လေ့လာခဲ့ဖူးတဲ့ သိပ္ပံတစ်ရပ်ဗျ။ ကျုပ်လေ့လာခဲ့ဖူးတဲ့ ဝိသောထရီဒသာက သိပ်တိကျလွန်းတယ်။ ပါဒ်ဃံဋီ၊ ပိဃာဋီ၊ အနူဃဋီ၊ တနုအနုဃဋိထိ စိတ်လိုရတယ်။ ကျုပ်တို့က ကိုယ့်မွေးလ မွေးရက် မွေးချိန်ကို မှန်းဆချက်နဲ့သာသိကြတော့ ဘယ်မှာမှန်နိုင်ပါ့မလဲ။ အခြေခံပြုတွက်ရတဲ့ ဒေတာ (Data) တွေက မမှန်တော့ တွက်ချက် (Result) က ဘယ်မှာမှန်နိုင်ပါ့မလဲ။

ပင်။ ။ နေပါဦး .... ခု ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ။
သော်။ ။ အသက်လေးဆယ်မှာ စွန်းလျှင်တော့ လပဲ။

ပင်။ ။တော်စမ်းပါ။ ခင်ဗျားအသက်လား လေးဆယ်။ လူ့အသက်တော့် မဖြစ်နိုင်ဘူး။ ယမကာ သောက်သုံးတဲ့ အသက်ဆိုရင်တော့ ယုံတယ်။
သော်။ ။ဒီလိုလေဗျာ။ ဒီလို ဒီလို၊ ကျွန်တော်က ကျွန်တော့်အသက်ရော မွေးလမွေးရက်ရော မွေးချိန်ပါ မှန်းဆတွက်ယူထားရတာ၊ လေးဆယ် ဆိုတာကတော့ အမျိုးသမီးတစ်ဦးနဲ့ညှိပြီး ပြောရတာ။ လောကမှာ ကျွန်တော်ညှိစရာ သူတစ်ယောက်သာရှိတော့တယ်။

အယ်။ ။ ခင်ဗျားမှာ ရက်ချုပ်တို့၊ ဇာတာတို့ မရှိဘူးလား။
သော်။ ။ အဲဒါမရှိခဲ့လို့ ခက်နေတာပေါ့။ ကျွန်တော့်အသက် ၁၂ နှစ်သားလောက်မှာမှ အမေ့ကိုမေးကြည့်ရတယ်။ ကျွန်တော့်ကို ဘယ်တုန်းက မွေးသလဲ အမေလို့။

ပင်။ ။ အဲဒီတော့ ခင်ဗျားအမေက ဘာပြောသလဲ။
သော်။ ။ မင်းနဲ့ မဝါနဲ့က မီးဝင်မီးထွက်ပဲတဲ့။ မဝါလို့ခေါ်တဲ့ ဝါလေးတိုတဲ့ အမျိုးသမီးက အဲ ဆိုကြပါစို့၊ ကျွန်တော်ရဲ့တူမဝမ်းကွဲတော်တယ်။ သူ့မွေးတာနဲ့ ကျွန်တော့်ကိုမွေးတာ (၇) ရက် လောက်ကွာတယ်ဆိုတော့ သူ့အမေ “မမတင့်ကို ဝါလေးကိုဘယ်တုန်းကမွေးသလဲဆိုတော့ မမတင့်က ပြောတယ်။ ဝါလေးနဲ့ မဦးက မီးဝင် မီးထွက်ပဲတဲ့။

ပင်။ ။ ဟောဗျာ။ အဲဒီ မဦးဆိုတာကကော။
သော်။ ။ အဲဒီ မဦးဆိုတာလည်း ကျွန်တော်နဲ့ ဆွေမျိုးနီးစပ်ပါပဲ။ သူ့အမေက မချိုင်တဲ့။ ဒါနဲ့သွား ရပြန်ရော။ “မမချိုင် မဦးကို ဘယ်တုန်းက မွေးသလဲဆိုတော့ မင်းအမေ မမြိုင်နဲ့ ငါနဲ့က မီးဝင် မီးထွက်ပဲတဲ့။ အဲဒီတင် ချာချာလည်တော့တာပဲ။ မိခင်သုံးယောက်က သူတို့သား ဖွား တာကို မီးဝင်၊ မီးထွက်နဲ့ချည်းမှတ်ထားကြတော့ ကျွန်တော်ရယ် မဝါရယ် မဦးရယ် က (၇) ရက်ကြီးငယ်ပဲ။ ဘယ်သူကြီးလို့ ဘယ်သူက ငယ်မှန်းတောင် အတိအကျမသိပါဘူး။ မဝါက မန္တလေးမှာနေတယ်။

အယ်။ ။ အဲဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ် အသက်လေးဆယ်ဖြစ်ရတာလဲ။
သော်။ ။ တစ်လောဆီက မန္တလေး ကျွန်တော်ရောက်တယ်။ မန္တလေးက မိတ်ဆွေတချို့က မေးကြတယ်။ ခင်ဗျားအသက်ဘယ်လောက် ရှိပြီလဲတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ မဝါနဲ့ ရွယ်တူပဲလို့ မဝါက အပျိုကြီးဗျ။

ပင်။ ။ အဲဒါ ခင်ဗျားနဲ့ဘာဆိုင်သလဲ။ အသက်မေးပါတယ်။ အပျိုကြီးက ပါသေးတယ်။
သော်။ ။ဆိုင်တာပေါ့ဗျ။ မဝါကပြောတယ် သူ့အသက်လေးဆယ်တဲ့။ ဒါကြောင့် ကျွန်တော်ကလည်း သူနဲ့ရွယ်တူမို့ လေးဆယ်ပဲဖြစ်ရမယ်၊ မဝါပြောတာ အမှန်ယူရမယ်။ သူပြောတာက ကျွန်တော် ယုံတယ်။ ဒါကြောင့် ကျွန်တော့်အသက် လေးဆယ်။ မယုံရင် မဝါနဲ့ မဦးတို့ကိုသာ မေးကြည့်ပေတော့။

အယ်။ ။ “ရိုးသားတည်ကြည်သော မိန်းမသားတစ်ဦးသည် မိမိအသက်အရွယ်မှလွဲလျှင် ကျန်အားလုံးကိစ္စများတွင် အမှန်ကိုသာပြောဆို၏” ဆိုတဲ့ အင်္ဂလိပ်စကားပုံကို ခင်ဗျားမကြား ဖူးသေးဘူးထင်တယ်။
ပင်။ ။ အဲ မိန်းမတွေ တွက်ချက်ပုံတစ်ခု ကျုပ်ကြားဖူးတာလည်း ပြောရဦးမယ်။ သူနဲ့ သူ့ယောက်ျားလက်ထပ်ကြစဉ်တုန်းက အသက်ထက် ဝက်ကွာတယ်တဲ့။ သူ့အသက် ၁၈ နှစ်၊ သူ့ယောက်ျားအသက် ၃၆ နှစ်မှာ ညားကြတယ်တဲ့။ အခု သူ့ယောက်ျားအသက် ၇၀ ရှိပြီ။ ယူကြစဉ်က ထက်ဝက်ကွာတဲ့အတိုင်း အခု သူ့အသက်ဟာ ၃၅ နှစ်ပဲဖြစ်ရမယ်လို့ ပြောတယ်။ အဲဒါ မိန်းမတွေရဲ့တက္ကဗေဒနည်းနဲ့ တွက်ယူတာ။
သော်။ ။ကျုပ်ကတော့ မဝါနဲ့ညှိထားတာ အကောင်းဆုံး၊ စိတ်အချမ်းသာဆုံးလို့ပဲ ထင်တယ်။ နောက်မှ မဖြစ်တော့ပါဘူးဆိုပြီး အမေ့ကို ထပ်မေးရတယ်။

ပင်။ ။ အမေက ဘယ်လိုပြောသလဲ။
သော်။ ။ အမေက မင်းသိပ်ရှုပ်တာပဲ။ မင်းသည်လောက်သိချင်မှ အိမ်နောက်ဖေးမှာ ခုထွန်းနေတဲ့ လသာမှန်အိမ်ကြီးသိတယ်မဟုတ်လား။ အဲဒီမှန်အိမ်ကြီးက မင်းမွေးတဲ့ညက မင်းအဖေသွားဝယ်ထားတာပဲတဲ့ဗျ။ ကျုပ်မှာ မှန်အိမ်ကြီးကို သွားမေးရတော့မလို ရှုပ်သွားတာပဲ။ နောက်အမျိုးမျိုးလှည့်မေးတော့မှ သဲလွန်စရတယ်။

အယ်။ ။ ခင်ဗျားဟာ စုံထောက်ဝတ္ထုဆန်လိုက်တာ။
သော်။ ။ဟုတ်တယ်၊ အမေကပြောတယ်။ မင်းမွေးပြီး မီးထွက်တဲ့နေ့မှာ ငါအပြင်ထွက်တော့ သင်္ကြန်ရေကစားတဲ့ကလေးတွေ ရေနဲ့လှမ်းပက် လို့ မင်းအဖေနဲ့တောင် စကားများရသေးတယ်တဲ့။ ဟုတ်ပြီ ဒီလိုဆို ကျွန်တော့်မွေးပြီး ၇ ရက်နေတော့ သင်္ကြန်ကျတာပေါ့။ သင်္ကြန်က ဧပြီ ၁၃ ရက်နေ့မှာ ကျလေ့ရှိတယ်။ ဒီလိုဆို ဧပြီလ ၆ ရက်ဟာ ကျွန်တော့ မွေးနေ့ပဲဖြစ်ရမယ်။

ပင်။ ။ ရက်ကကောဗျာ။
သော်။ ။ အမယ် ရက်ကတော့ သေချာသား၊ သောကြာဗျ။ အမေကပြောတယ်။ မင်းသာ သောကြာသားမို့ စကားသိပ်ရှည်တယ်တဲ့။ ဒါက သေချာတယ်ဗျို့။ နောက်သဲလွန်စတစ်ခုက မင်းလေးဘက်တွားသွားတတ်တဲ့အချိန်မှာ ရွှေဘို မဟာနန္ဒာကန်တော်ကြီးကျိုးပြီး မြို့်ထဲရေ တွေ ဒူးဆစ်လောက်ဝင်တာပဲဟေ့။ တို့အားလုံးအိမ်အောက်ထပ်က ခုတင်ပေါ်တက်နေရတယ်။ အဲဒါ မင်းက လေးဘက်တွားသွားရင်း ရေထဲကျသွားလို့ မင်းအစ်ကို ဘမော်က ဆွဲတင်ရတယ်တဲ့။ ဟော မွေးနှစ်သေချာသွားပြီ။

ပင်။ ။ ဒါဖြင့် ရွှေဘိုမဟာနန္ဒကန်တော်ကျိုးတာ ဘယ်နှစ်ကလဲ။
သော်။ ။ ဒါက ကျွန်တော့်ရဲ့လျှို့ဝှက်ချက်ပဲ။ ဘယ်ပြောလို့ဖြစ်မှာတုန်းဗျ။ ဘာပဲဖြစ်ဖြစ် ဧပြီ ၆ ရက်နေ့ဟာ ကျွန်တော့်မွေးနေ့ဖြစ်တယ်။ အဲဒါ ခင်ဗျားတို့ ဝီစကီတစ်လုံးကျစီ ယူလာခဲ့ကြပေတော့။ ကွန်တော့်မွေးနေ့သဘင် ဆင်ယင်ကြရအောင်။

ပင်။ ။ ကောင်းပါပြီတဲ့ဗျာ။ သင်္ကြန်ကြရင်သာ ခင်ဗျားကတိုက်။ အဲဒီတော့ ခင်ဗျားအလှည့်။
သော်။ ။ သင်္ကြန်ကျရင် ကျုပ် ရန်ကုန်မှာမရှိဘူး။ ရန်ကုန်နှင့်ဝေးရာ မြို့ကြီးတွေနဲ့ဝေးရာ ပြေးပြီသာမှတ်။ ရန်ကုန်သင်္ကြန်ရဲ့သရုပ်ပျက်မှု ဆူညံမှုကို ကျုပ်မခံနိုင်ဘူး။ ရိုးရာအလှ ရိုးရာယဉ်ကျေးမှုကိုပျက်စေတဲ့သင်္ကြန်ကို သည်းညည်းမခံနိုင်တာကြာပြီ။

အယ်။ ။ လုပ်ပြီ ခင်ဗျားကဖြင့်။ ဘာလဲ ချောင်ကောင်းကောင်းမှာ ဥပုသ်သီတင်းများ သွားပြီးဆောက်တည်ဦးမှာမို့လား။
သော်။ ။ မစောင့်ပါဘူး။ စောစောကပြောသလို သင်္ကြန်ဆိုတာ ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တဲ့ကိစ္စပဲ။ ကဆုန်လပြည့်တို့ ဝါကျွတ်ကာလတို့ သတင်းကျွတ်၊ တန်ဆောင်တိုင်တို့ကတော့ ဘာသာရေးနဲ့ သက်ဆိုင်ပါတယ်။ သင်္ကြန်က ဗြဟ္မဏအယူအဆကနေ အမျိုးသားယဉ်ကျေးမှု ပုံသွင်းထားတာပါ။ အခါကြီး ရက်ကြီးရယ်လို့သတ်မှတ်ပြီး စောင့်ချင်တဲ့လူတွေစောင့်ပေါ့။ ကျုပ် မကန့်ကွက်ပါဘူး။ ကောင်းပါတယ်။ ကုသိုလ်ရပါတယ်လို့ ပြောရမှာပဲ။ ကျုပ်ကတော့ ချောင်ကောင်းကောင်းမှာ ညောင်စောင်းကိုမှီပြီး စာဖတ်မယ် စာရေးမယ် စိတ်ကူးထားတယ်။

ပင်။ ။ ရန်ကုန်သင်္ကြန်ကိုရှောင်တာလား။ သင်္ကြန်ပွဲတော်ကို ခင်ဗျားသဘောမကျဘူးလား။ ခင်ဗျားက ဘာသဘောလဲ၊ အရက်မချက်လို့ ရှောင်ပြေးတာလား။
သော်။ ။ သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာနှင့် ဘာမှမဆိုင်တဲ့ ရိုးရာဓလေ့ပွဲတစ်ခုအနေနဲ့ သဘောကျတယ်။ ဥပမာ ထမင်းနဲပွဲလိုပေါ့။ ငယ်ငယ် ကတော့ဗျာ သင်္ကြန်ပွဲတော်ရက်ကို ပြွတ်စမ်းရင်းနဲ့ ရင်တဖိုဖိုတောင် စောင့်ရပါတယ်။ လူငယ်ဘဝနဲ့လည်း အားတက်သရော ပါဝင်ဆင်နွှဲခဲ့ဖူး၊ ပျော်ခဲ့ဖူးတယ်။ နောက် အသက်ကလည်းကြီးတာကြောင့် တစ်ကြောင်း၊ သင်္ကြန်ပွဲတွေဟာ ပုံပျက်ပန်းပျက်နဲ့ သရုပ်ပျက် လာတာကြောင့် တစ်ကြောင်း အထူးသဖြင့် ရန်ကုန်သင်္ကြန်ကို ကျွန်တော် ရှောင်တယ်။

အယ်။ ။ ရန်ကုန်သင်္ကြန်က ဘယ်လိုများ ပုံပျက်လာတာပဲဗျ။
သော်။ ။ ၁၉၂၀ များမှာ ရန်ကုန်မြို့လူဦးရေက တရုတ်၊ ကုလားသာများတာကြောင့် ရန်ကုန်မှာ မြန်မာတွေနေကြတဲ့ ကြည့်မြင်တိုင်၊ စမ်း ချောင်း၊ ပုဇွန်တောင်စတဲ့ ဆင်ခြေဖုံးများမှာ ရိုးရာသင်္ကြန်ကို ယဉ်ယဉ်ကျေးကျေးပဲ ငွေဖလားနဲ့ရေကစားတယ်။ နောက် ၁၉၃၀ ဆယ် စနှစ်လောက်ဆီမှ မြို့တွင်းမှာ ပျံနှံ့ကူးစပ်လာပြီး ကန်တော်ကြီးကို ခြေကန်ပက်တော့ ရယ်တာပေါ့ဆိုတဲ့ “ရယ်တာပေါ့ သင်္ကြန်” ဖြစ်လာ တယ်။ ဒါက စစ်ကြိုခေတ်သင်္ကြန်။

စစ် ပြီးခေတ်မှာ လူမျိုးပေါင်းစုံ ပါဝင်လာပြီး မီးသတ်ပိုက်နဲ့ ရေပက်ကြမ်းလှတဲ့ “မီးသတ်ပိုက် သင်္ကြန် (သို့မဟုတ်) ပြည်သူ့သင်္ကြန်” ဖြစ် လာတယ်။ ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ရွှင်ရွှင် ရေကစားကြရာက မိုက်မိုက်ကြမ်းကြမ်းနဲ့ ရေကစားလာကြတယ်။

မီးသတ်ပိုက် နို့ဆီခွက်စုတ်တွေနဲ့ သရုပ်ပျက်လာကြပြီး နောက်တော့ စီးပွားရေးသမား၊ နိုင်ငံရေးသမား များက သင်္ကြန်ကို အခွင့်ကောင်းယူပြီး သူတို့ စီးပွားရေးလုပ်ငန်းကြေငြာအဖြစ် မဏ္ဍပ်တွေ အပြိုင်ဆောက်၊ အလှပြကားတွေနဲ့တစ်မျိုး ထပ်တိုးလာတဲ့ “စီးပွားရေးသင်္ကြန်”အဖြစ် ပုံသဏ္ဍာန် ပြောင်းလာတယ်။ အခုတော့ မဏ္ဍပ်တွေ၊ အလှပြကားတွေ ပျောက်ကွယ်သလောက်ရှိသွားပါပြီ။ မဏ္ဍပ်ခန့်ခန့်ညားညားဆိုလျှင် တော့ ဌာနဆိုင်ရာများက ထိုးပြီး စတီရိယို၊ စတိတ်ရှိုးတွေနဲ့ တစ်မျိုးတစ်ဖုံ မိုးကောင်းနေကြတဲ့ “ဌာနဆိုင်ရာ သင်္ကြန်” ဖြစ်သွားပြီ။ ပြည်သူ လူထုက ဘေးဖယ်နေကြရတဲ့ ငေးကြည့်နေကြရတဲ့ ဌာနဆိုင်ရာ အပြိုင်မဏ္ဍပ်သင်္ကြန်ဖြစ်နေတယ်။ ဒါတွေဟာ သင်္ကြန်ရဲ့ပုံသဏ္ဍာန် ပြောင်းလဲမှုတွေပါ။

ပင်။ ။ အဲဒီလို အဆင့်ဆင့်ပြောင်းလဲလာတဲ့သင်္ကြန်ကို ယေဘုယျအားဖြင့် ခင်ဗျား ဘယ်လိုက္ခဏာဖြစ်သလဲ။
သော်။ ။ သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာဓလေ့တစ်ရပ်ပါ။ ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ရွှင်ရွှင် သိမ်သိမ်မွေ့မွေ့နဲ့ ကျင်းပစေချင်တယ်။ ရခိုင်ရိုး ရာသင်္ကြန်ဟာ ခုထိ ထိုက်သင့်သမျှသော ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းနိုင်စွမ်းရှိတယ်။ သင်္ကြန်ဟာ ပြည်သူလူထုရဲ့ပွဲတော်ပါ။ အုပ်ချုပ်ရေး ပိုင်းက ပွဲတော်အတွင်း ရေလုံလောက်စွာ ရရှိရေး၊ ယာဉ်တိုက်မှုနည်းပါးရေး၊ ခိုက်ရန်မဖြစ်ပွားရေး၊ စည်းကမ်းသေဝပ်ရေး၊ အရေးပေါ်လူနာ သူနာပြုကိစ္စ စသည်တို့မှာသာ တာဝန်ယူရတယ်။ သူက ဘာမှဝင်ပါစရာအကြောင်း မရှိဘူး။ အခုတော့ သူကပဲ အစစအရာရာ ဝင်ပါနေပြီး တော့ ပြည်သူ့မဏ္ဍပ်ဆိုတာ အုံးလက်ကလေး လေးငါး ခြောက်လက် စည်ပိုင်းပြတ် ၆ လုံးလောက်နဲ့ ရေခြောက်ကပ်ကပ်နဲ့ ပြီးကြရပြီး၊ ဌာန ဆိုင်ရာ မဏ္ဍပ်များက ဟီးနေအောင်ဆောက်ကာ ဝင်ပါနေကြတာတော့ ကျုပ်သဘောမကျနိုင်ဘူး။ သူတို့က နေရာတကာဝင်ပါနေကြတော့ ပြည်သူအများက ဘေးဖယ်နေကြရတယ်။ ဒါကြောင့် တောကိုပဲ ပြေးတော့မယ်။

www.shwezinu.com မှ ကူးယူဖော်ပြပါသည်။

Kamar Pale - Poem

သွေးရိုး သားရိုး ပြောတဲ့စကား
ကမာပုလဲ
ဇန်န၀ါရီ ၃၊ ၂၀၁၂



ငှက်ကလေးတွေ
သူတို့မွေးဖွားရာ
သိုက်မြုံကို စွန့်ခွာပျံသန်းသွားသလိုမျိုး ...
မိုးကောင်းကင်ကြီးက
လွတ်လပ်ကျယ်ပြောတယ်။

လှေကလေး တစင်းလို
ကမ်းကခွာတဲ့အခါ
ပင်လယ်ဆီပဲ သွားသွား
ဦးတည်ရာအတိုင်းပဲ မျောမျော
ဘ၀သမုဒ္ဒရာရဲ့ နက်ရှိုင်းမှုအဆုံးမှာ
အရိုးရှင်းဆုံး အမည်နာမကို
ရှာဖွေတွေ့ရှိနိုင်လိမ့်မယ် ...။

ဝေဒနာ မျက်လုံးနဲ့
လောကကြီးကို
စာနာ ကြည့်မြင်တတ်တဲ့အခါ
ပန်းပွင့်ကလေးတွေက မီးလျှံတွေဖြစ်
ရေပြင်လွှာက
သောက အပူလှိုင်းကို တံလှပ်ထင်တယ် ... ။

ဒီအတိုင်းပဲ ထားလိုက်မယ်ဆို
တခါကဆိုတဲ့စကားဟာ
အပြင်းစားအဆိပ်ထက် ပိုလို့ပြင်း
လူသူ မယုံကြည်တော့တဲ့ ယာဇ်ပလ္လင်ထက်မှာ
ကြေကြေကွဲကွဲ အသက်ငင်နေပါလိမ့်မယ် ... ။

ကိုယ်က ပိုးမယ်ဆိုပြီး
ဒီတံပိုးကို ကိုယ်တိုင်တင်ခဲ့တာ
ကိုယ်ပေးခဲ့တဲ့ အိပ်မက်တွေအပေါ်
ကိုယ်ကိုယ်တိုင် မယုံကြည် စွန့်ခွာရဲခဲ့ရင်
သေချာပါတယ်
ညတာဟာ ဆက်ပြီးရှည်
နံနက်ခင်းဟာ
အလင်းလည်း မသစ်
အမိုက်တိုက်တွေက
ပိုလို့ သည်းထန် ရှင်သန်နေ ... ။

ခေတ်က
ဘူတာရုံကလေးလို
ထိုင်စောင့်နေမှာ မဟုတ်ဘူး
တောင်ပြိုသလို
တိုက်စားသွားတော့မှာ ...
မယုံရင်
သတ္တိရှိရှိ လွမ်းကြည့်လိုက် ။ ။

Maung Wun Tha's winter dreams

ကျွန်တော်နှင့် ဆောင်းအိပ်မက်များ
မောင်ဝံသ/Facebook
ဇန်န၀ါရီ ၃၊ ၂ဝ၁၂

အလုပ်လေးတွေ များနေတာနဲ့ ဆောင်းပါးတွေ မတင်ဖြစ်ခဲ့ပါ။ ယခု ၂ ဇန်န၀ါရီမှာ ထွက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဆိုတာကို နားထောင်ပြီး လုံးဝ မပျော်နိုင်ဘဲ စိတ်ပျက်နေမိပါတယ်။ ဒါနဲ့ပဲ ပြီးခဲ့တဲ့ အပတ်က True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အောက်ပါ ဆောင်းပါးကို တင်ဖြစ်သွားပါတယ်။

မှန်တာပြောသစ္စာ / မောင်ဝံသ
ကျွန်တော်နှင့် ဆောင်းအိပ်မက်များ

အခုရက်ပိုင်း ညနေ နေ၀င်သွားပြီဆိုရင် နည်းနည်းလေး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ညသန်းခေါင်ကျော်လောက်ဆိုရင် သိသိသာသာအေး လာလို့ တစ်နွေလုံး တစ်မိုးလုံး ပစ်ထားခဲ့တဲ့ စောင်ကို အိပ်ချင်မူးတူးနဲ့ ဖမ်းဆွဲပြီး ခြုံရတဲ့ညတွေ ဆက်တိုက်လိုကို ကြုံလာရတော့မှ သြော် ဆောင်းတောင် ရောက်လာပြန်ပြီကော ရယ်လို့ သတိပြုမိတော့တယ်ဗျ။
Posted by Moemaka at 1:00 AM 0 comments
Labels: Article

Monday, January 2, 2012

USDA gov frees prisoners in new year

နှစ်သစ်ကူးတွင် လွတ်မြောက်လာသော အကျဉ်းသားများ
ဓာတ်ပုံသတင်း
ဇန်န၀ါ၇ီ ၃၊ ၂၀၁၂


ယနေ့ အင်းစိန်ထောင်မှ ပထမဆုံး လွတ်မြောက်လာသူ (ဓာတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)

သမ္မတဦးသိန်းစိန်၏ တတိယမြောက် လွတ်ငြိမ်းချမ်းခွင့် ထုတ်ပြန်ချက်အရ ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများ၊ စောင့်ကြိုသူများကို ဤသို့ တွေ့ရှိရသည်။


(ဓာတ်ပုံ-AP)
Posted by Moemaka at 10:06 PM 0 comments
Labels: News in Photos

Artist Htein Lin - Human Record Changer Last Part

 ကျနော် လူကက်ဆက် (ဇာတ်သိမ်း)
ပန်းချီထိန်လင်း
ဇန်န၀ါရီ ၃၊ ၂၀၁၂
(၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
 “ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။
ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။
ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံး ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။
ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ  ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။ 
တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့  စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။  
ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။           
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။  
“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” ….. လို့လေ။            
အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။
ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။       
    
(မတရားစွတ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် (အေဘီ(မြောက်ပိုင်း)၏ ခေါင်းဆောင် ကိုထွန်းအောင်ကျော်)
သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။          
ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။
… "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ........
သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။          
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး  ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။  
တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။           
ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။           
နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။           
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။   
…….. “အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………           
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲသီချင်း အမြဲဆိုလေ့ ရှိသဗျ။           
မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။ 
(မတရားစွတ်စွဲပြီး လုပ်ကြံခြင်းခံခဲ့ရသော အေဘီ(မြောက်ပိုင်း) က ကျောင်းသူ၊ ရဲမေများ)

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။           
မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။
မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။        
သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။
အထူးသဖြင့် ……. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။           
ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့
… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
 လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။        
ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ  ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့  “မပြီးသေးသောပန်းချီကား” သီချင်းပါ။          
နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။         
မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။           
ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။         
ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း  တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။          
သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ...ပါ။           
ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ “ပစ်ထားလိုက် …” လို့ တယောက်မှ သဘောထားပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။
ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။          
ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။           
တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။           
…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊  အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။
           
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။
ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။        
၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။
ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။  
ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။
ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှယ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
တခါတခါကျတော့လည်း  ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။



အေဘီအက်စ်ဒီဖက် (မြောက်ပိုင်း) ကျောင်းသားများလုပ်ကြံသတ်ဖြတ်ခံရခြင်း (၁၉၉၁ - ၁၉၉၂) ဆိုင်ရာ ပန်းချီထိန်လင်း၏ စာများ

(၁)Artist Htein Lin – ကျနော်လူကက်ဆက်

(၂)ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က




--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

--
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com
 
To post to this group, send email to moe...@googlegroups.com
To unsubscribe from this group, send email to
moemaka+u...@googlegroups.com
For more options, visit this group at
http://groups.google.com/group/moemaka?hl=en




--


   ___  စိတ်နှလုံးရွှင်လန်းပြီး
                                 အပန်းလဲပြေနိုင်ပါစေ__


                                                                       (ဖြူစင်)
 






Reply all
Reply to author
Forward
0 new messages