မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ ရှိ၊ ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး

217 views
Skip to first unread message

truely white

unread,
Jan 16, 2012, 9:19:59 AM1/16/12
to jeffy...@googlegroups.com

မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ ရှိ

Browse › Home › မြန်မာ့သတင်း » မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ ရှိ
မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိမှု ပြမြေပုံ
အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့် မင်းတုန်းမင်းလက် ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရွှေကြောသည် ရွှေတန် ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိ ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခဦးစိုးသိန်းက ပြောသည်။  ၄င်းရွှေကြောမှာ နေရာကြီးမား လွန်းသဖြင့် နေရာခြောက်ခုခွဲပြီး Landast7 အရ ကောင်းကင်ဂြိုဟ်တု  ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ ကြောင်း သိရသည်။


''ဒီမဲဝိုင်၊ ရွှေကျင်၊ ကျောက်ကြီးရွှေကြောကို သုတေသနပြုနေတာတော့ အနည်းငယ်ကြာပါပြီ။ လိုအပ်တဲ့အချက်အလက်တွေနဲ့ နေရာဒေသအနေအထား၊ ရွှေထွက်ရှိမှု အခြေအနေတွေကတော့ ဒီ၂၀၁၁ခုနှစ်မှအတည်ပြုပြောတာပါ'' ဟု ဦးစိုးသိန်းက ပြောသည်။  ယခုအခါ အဆိုပါ  ရွှေကြောနေရာကို  ပြည်တွင်း  ကုမ0x081ပဏီဆယ်ခုက လုပ် ကိုင်ခွင့်ရရှိပြီး မျှောရွှေကို အဓိက ထားပြီး လုပ်ကိုင်ကြကြောင်း သိရသည်။  ''အဲဒီမဲဝိုင်ဒေသမှာ ၂၀၁၀-၂၀၁၁ဘဏ္ဍရေး  နှစ်အတွင်း သတ္တုတွင်း ဝန်ကြီးဌာန  လက်အောက်ရှိ အမှတ်(၂) သတ္တုတွင်း  လုပ်ငန်းက နိုင်ငံတော်နဲ့အကျိုး တူလုပ်  ဆောင်ဖို့ မြန်မာပြည်ဖွား  တိုင်းရင်းသား   ကုမ္ပဏီတွေကို လုပ်ကွက်တစ်ကွက်ကို ဧက ၂ဝစီနဲ့ မဲဝိုင်ဒေသမှာ ၁၅၄ကွက်နဲ့ ကျောက်ကြီး၊ ဘောလိဒေသမှာ ၅၁ကွက်၊ စုစုပေါင်းအသေးစားလုပ်ကွက် ၂၀၅ကွက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်'' ဟု သတ္တုတွင်း ဝန်ကြီးဌာန   လက်အောက်ရှိ အမှတ်(၂)သတ္တုတွင်းမှ တာဝန်ရှိသူက ပြောသည်။

   ( Landast7 အရ ကောင်းကင်ဂြိုဟ်တု  ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ)

မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်အတွင်း နိုင်ငံတော်နှင့်အကျိုး တူပူးပေါင်းလုပ်ကိုင်ဆောင်ရွက် နေသောကုမ္ပဏီများမှ အကြီးစား ရွှေထုတ်လုပ်သည့် လုပ်ကွက်(၅)နေရာနှင့် အသေးစားရွှေထုတ်လုပ်သည့်လုပ်ကွက် နေရာ(၆၀၀)ခန့်ရှိ ကြောင်းနှင့် အသေးစား  လုပ်ကွက်  တစ်ကွက်အတွက် တစ်နှစ်လျှင် ရွှေစင်(၂၄)ကျပ် သားအား နိုင်ငံတော်သို့   ပေးသွင်း၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ''ဒီကုမ္ပဏီ  ဆယ်ခုက မျှောရွှေပဲလုပ်တာ တောင်ပေါ်ကနေ မြစ်ချောင်းထဲ ရောက်တဲ့   ရွှေတွေကို  စက်ကြီးတွေနဲ့ စုပ်ထုတ်တာကို မျှောရွှေလုပ် တယ်လို့ ခေါ် တယ်။ စက်ယန္တယားတွေ  နဲ့လုပ်တာ တစ်နေ့ကို ငါးပိဿာ၊ ဆယ်ပိဿာ   လောက်ရ တယ်။ ကျောက်ထဲကနေ ရွှေထုတ်တာ  တွေကတော့ ဒီဇင်ဘာကမှ စလုပ်တာ။   ဒီကျောက်ထဲကနေ ရွှေထုတ်တဲ့နည်း  ကိုတော့ ရမည်းသင်း   မြို့နယ်က ရွှေလုပ်တဲ့ ပညာရှင်တွေက လာရောက်သင် ပေးပြီး သက်ဆိုင်ရာ ဒေသအာဏပိုင်တွေနဲ့ ပြည် တွင်း  ကုမ္ပဏီတစ်ခုက ကျောက်ကြီးဒေသရဲ့ အရှေ့ဘက်မှာ စလုပ်တာပါ''  ဟု  ဦးစိုးသိန်း က ပြောသည်။

လွန်ခဲ့သည့် နှစ်၂ဝခန့်က နိုင်ငံခြား  ကုမ္ပဏီတစ်ခုက ဒေါ်လာလေးသန်းခန့် အကုန် အကျခံကာ ယခုတွေ့ရှိခဲ့သော မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောကို ရှာဖွေခဲ့ရာတွေ့  ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ ''မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောက ဟိုးရှေးကတည်းက ရွှေထွက်တာ။ မင်းတုန်းမင်းလက်ထက်မှာတောင် ပြည်သူတွေ အဲဒီရွှေကြောက ရွှေတွေကို လက်နဲ့ ကျင်ကြတာ သမိုင်း အထောက်အထား တွေအရ သိရတယ်။ ဒီရွှေကြော လာရှာတဲ့ အမေရိကန် ကုမ္ပဏီက မြန်မာရှေး ရာဇဝင်ကို အထောက်အထား  ပြည့်စုံအောင် မစု နိုင်တာရယ်၊ နောက်ဆုံးပေါ် နည်းပညာကပေါ်ခါစပဲ ရှိသေးတာကြောင့် တွေ့မသွား တာ   ဖြစ်ပါတယ်''  ဟု ယင်းက ထပ်မံပြောသည်။  သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်  အရ မြန်မာနိုင်ငံတွင်   ရွှေထုတ် လုပ်သည့်နေရာ ၂၂ရနေရာရှိကာ ယခုမဲဝိုင် ရွှေကျင်ကျောက်ကြီး ရွှေကြောမတွေ့ မီက မြန်မာနိုင်ငံ၏ ရွှေကျင်မဲဝိုင်  ရွှေကြော သည် အကြီးဆုံးဖြစ်သည်။  ယခုအခါ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆွေးနွေး  ပွဲများပြုလုပ်ပြီးသော ကြောင့် နောင်အခါတွင် မြန်မာပြည်ဖွား တိုင်းရင်းသား ကုမ္ပဏီများ   အနေဖြင့် နိုင်ငံ တော်နှင့်  အကျိုးတူပူး  ပေါင်းလုပ်ကိုင်  မှုများ ပိုမိုပြုလုပ်  နိုင်တော့မည်ဖြစ်သည်။
ရန်ကုန်တိုင်းမ်

ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး

Browse › Home › မြန်မာ့သတင်း » ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး
ပြည်မြို့​က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​တဲ့​အတွက် အသက် ၁၅ နှစ်အရွယ် ​ကျောင်း​သား​တဦး​ ​သေဆုံး​သွား​ပြီး​ တဦး​ ဒဏ်ရာအပြင်း​အထန်နဲ့​ ​ဆေး​ရုံ ပို့​ထား​ရတယ်လို့​ မိသား​စုဝင်​တွေနဲ့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။ သေဆုံး​သွား​တဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ဟာ ပြည်အမှတ် (၁) ​ကျောင်း​က တက္ကသိုလ်ဝင်တန်း​ ​ကျောင်း​သား​တဦး​ဖြစ်ပြီး​ ဇန်နဝါရီ ၃ ရက်​နေ့​က ​မောင်​ကောင်း​ဆက်ပိုင်နဲ့​ သူငယ်ချင်း​ တဦး​တို့​ စီး​လာတဲ့​ ဆိုင်ကယ်​နောက်က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ဆိုင်ကယ်နှင့်​ လိုက်ဖမ်း​စဉ်မှာ အသက် ​သေဆုံး​တဲ့​အထိ ဖြစ်သွား​တာပါ။ အခင်း​ဖြစ်တဲ့​ မနက်က အဖြစ်အပျက်နဲ့​ပတ်သက်လို့​ ဖခင် ဦး​ဝေအုန်း​က “ကျ​နော့်​သား​လေး​ အဲဒီ​နေ့​က သူငယ်ချင်း​အချင်း​ချင်း​ ရန်ဖြစ်ကြတယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​သား​က သူတို့​ဖြစ်ပြီး​မှ ​ရောက်သွား​ပြီး​တော့​ ဖျန်​ဖြေပါတယ်။ ၃ ရက်​နေ့​ မနက်ခင်း​မှာ ရဲကအိမ်ကို လာပါတယ်။ သက်​သေလိုချင်လို့​ပါလို့​ ​ပြောတယ်။ ရဲက​တော့​ အဲဒီထဲမှာ ကျ​နော့်​သား​ မပါဘူး​လို့​ ​ပြောပြီး​ ပြန်ထွက်သွား​တယ်။ သူလည်း​ထွက်သွား​ပြီး​ မိနစ် ၂၀ ​လောက်အကြာမှာ ကျ​နော့်​သား​ သူငယ်ချင်း​တွေ လာ​ပြောပါတယ်။ ​ကောင်း​ဆက်ပိုင် ဆိုင်ကယ်​မှောက်လို့​ဆိုပြီး​ ​ဆေး​ရုံလိုက်သွား​တော့​ ​ဆေး​ရုံမှာ အသက်မမီ​တော့​ပါဘူး​” လို့​ ​ပြောပါတယ်။ ပြည်မြို့​ စည်​တော်မင်္ဂလာရပ်ကွက်နှင့်​ ပြည်ရတနာလမ်း​ကြား​ထဲက ရထား​လမ်း​ဘေး​မှာ ဖြစ်ခဲ့​တဲ့​ အဖြစ်အပျက်ကို ​တွေ့​ခဲ့​ရတဲ့​ မျက်မြင်သက်​သေတဦးက​ အခုလို ​ပြောပါတယ်။ “ကျမတို့​ လင်မယား​နှစ်​ယောက် ​ဘေး​က​နေ ဆိုင်ကယ်ဖြတ်​မောင်း​သွား​တာကို မြင်လိုက်တာ။ ​တော်​တော်ပြင်း​တယ်။ ဖြတ်​မောင်း​သွား​တာ ကြည့်​တော့​လည်း​ က​လေး​ ၂ ​ယောက်က ​မောင်း​တယ်။ ​နောက်ကလည်း​ ၆ ​ပေ၊​ ၇ ​ပေ​လောက် အကွာမှာ ဆိုင်ကယ်တစီး​က အပြင်း​အထန် လိုက်လာတယ်။ ​နောက်ဆိုင်ကယ်က ​ရှေ့​ဆိုင်ကယ်ကို မှီလာတယ်။ ​နောက်က​နေ ​ရှေ့​ဆိုင်ကယ်က ​နောက်ဘက်မှာ ထိုင်​နေတဲ့​ကောင်​လေး​ကို ပခုံး​က​နေ လှမ်း​ဆွဲချ​တော့​ ​နောက်က​ကောင်​လေး​ ပြုတ်ကျသွား​တယ်။ ​နောက်က​ကောင်​လေး​က​တော့​ ပြုတ်ကျသွား​ပြီ။ အဲဒီအချိန်မှာ တဘက်က ​နောက်ကလိုက်လာတဲ့​ ဆိုင်ကယ်က ပိတ်ကန်လိုက်တာ။ အဲ့​လိုကန်လိုက်​တော့​ လူက​အောက်က ဆိုင်ကယ်က အ​ပေါ်က ပိလဲသွား​တယ်။ ပထမ​တော့​ ရဲ​တွေဘာ​တွေလို့​ မ​တွေး​မိဘူး​။ သူကလည်း​ ယူနီ​ဖောင်း​နဲ့​မဟုတ်ဘူး​လေ။ ဆိုယ်ကယ်​အောက်က က​လေး​ကို လူ​တွေ​ရောက်လာပြီး​ ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး​ အဲဒီက​လေး​ကို လက်ထိပ်ခတ်လိုက်တယ်။ အဲဒီကျ​တော့​မှ ရဲဆိုတာ သိလိုက်တာ။” ဒဏ်ရာနဲ့​ လဲ​နေတဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ကို ရဲက လက်ထိတ်ခတ်ပြီး​ တရွတ်တိုက် ဆွဲ​ခေါ်သွား​တဲ့​ မြင်ကွင်း​ကိုလည်း​ မျက်မြင်သက်​သေက အခုလို ​ပြောပါတယ်။ “အဲဒီက​လေး​ကို လက်ထိတ်ခတ်၊​ ဒရွတ်တိုက်ပြီး​ဆွဲသွား​တယ်။ အဲဒီအချိန်မှာ နား​ထဲက​သွေး​တွေ မတရား​ထွက်​နေပြီ။ အသက်က ဆန့်​ငင်ဆန့်​ငင် ဖြစ်​နေပြီ။ ​လေး​ငါး​တောင်​လောက် အကွာကို ဆွဲ​ခေါ်သွား​ပြီး​မှာ ဝိုင်း​ကြည့်​နေတဲ့​သူ​တွေက ဝိုင်း​ပြော​တော့​မှ လက်ထိပ်ကိုဖြုတ်​ပေး​လိုက်တယ်။ ပြီး​တော့​ တဖက်က ပြုတ်ကျန်ခဲ့​တဲ့​ က​လေး​က ထွက်​ပြေး​ရင်း​ ဖွဲပုံထဲမှာ ​ခေါင်း​စိုက်​နေတယ်။ အဲဒီက​လေး​ကို ကုတ်က​နေကိုင်ပြီး​ ဒရွတ်တိုက် ဆွဲ​ခေါ်လာတာကို မြင်လိုက်တယ်။” မောင်​ကောင်း​ဆက်ပိုင်ကို ​ဆေး​ရုံပို့​ဖို့​ ဆိုက်ကား​နဲ့​အသွား​ လမ်း​မှာပဲ ​သေဆုံး​သွား​တယ်လို့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။ မောင်​ကောင်း​ဆက်ပိုင်ဟာ လဲကျသွား​တဲ့​အချိန်မှာ ​ဘေး​မှာရှိတဲ့​ ​ကျောက်တုံး​နဲ့​ ဦး​ခေါင်း​ ပြင်း​ပြင်း​ထန်ထန် ခိုက်မိပုံရတယ်လို့​ မျက်မြင်​တွေက ဆိုပါတယ်။ မောင်​ကောင်း​ဆက်ပိုင်ရဲ့​ သူငယ်ချင်း​က​တော့​ ​လော​လောဆယ် ပြည်​ဆေး​ရုံကြီး​မှာ ဒဏ်ရာအပြင်း​အထန်နဲ့​ အသည်း​ကို နံရိုး​စိုက်ဝင်​နေတဲ့​အတွက် ခွဲစိုက်ကုသမှု ခံယူ​နေရတယ်လို့​ ​ဆေး​ရုံမှာ သွား​ကြည့်​ခဲ့​တဲ့​ မိသား​စုဝင် တဦး​က ​ပြောပါတယ်။ မျက်မြင်​တွေရဲ့​ အဆိုအရ ​မောင်​ကောင်း​ဆက်ပိုင်တို့​ကို လိုက်ဖမ်း​ဖို့​ ကြိုး​စား​သူက ပြည်အမှတ် ၂ ရဲစခန်း​က ရဲတပ်ကြပ် သဲ​မောင်​မောင် နဲ့​ ​နောက်တဦး​ဖြစ်တယ်လို့​ သိရပါတယ်။ ဒီကိစ္စကို မိသား​စုက ရဲစခန်း​မှာ သွား​ရောက်စုံး​စမ်း​တော့​ စခန်း​မှူး​က ​မောင်​ကောင်း​ဆက်ပိုင်အတွက် ဝမ်း​နည်း​ကြောင်း​ပြောပြီး​ ဘယ်လို အ​ရေး​ယူ ​ဆောင်ရွက်မယ်ဆိုတာကို ရှင်း​မပြခဲ့​ဘူး​လို့​ ​မောင်​ကောင်း​ဆက်ပိုင်ရဲ့​ ဖခင်က ​ပြောပါတယ်။ ဒီဗွီဘီက ရဲစခန်း​ကို တယ်လီဖုန်း​ကတဆင့်​ စုံစမ်း​တဲ့​အခါမှာလည်း​ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​လော​လောဆယ် ဘာမှ မ​ပြောနိုင်​သေး​ဘူး​လို့​ တာဝန်မှူး​က ပြန်​ဖြေပါတယ်။ မောင်​ကောင်း​ဆက်ပိုင်ရဲ့​ အမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​မယ့်​ ​ရှေ့​နေက​တော့​ ဒီကိစ္စကို လူ​သေမှု၊​ သို့​မဟုတ် လူသတ်မှု စွဲချက်​တွေနဲ့​ တရား​စွဲဖို့​ရှိတယ်လို့​ ​ပြောပါတယ်။ ဒီဗွီဘီ

--


   ___  စိတ်နှလုံးရွှင်လန်းပြီး
                                 အပန်းလဲပြေနိုင်ပါစေ__


                                                                       (ဖြူစင်)
 






Reply all
Reply to author
Forward
0 new messages