Groups
Groups
Sign in
Groups
Groups
Jeffylin916
Conversations
About
Send feedback
Help
အကယ်ဒမီဆုရ ရုပ်ရှင်နှင့် ထူးဆန်းသော လက်ကမ်းကြော်ငြာများ
29 views
Skip to first unread message
truely white
unread,
Feb 6, 2012, 9:43:33 AM
2/6/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to jeffy...@googlegroups.com
အကယ်ဒမီဆုရ ရုပ်ရှင်နှင့် ထူးဆန်းသော လက်ကမ်းကြော်ငြာများ
Browse ›
Home
›
ဆောင်းပါး
» အကယ်ဒမီဆုရ ရုပ်ရှင်နှင့် ထူးဆန်းသော လက်ကမ်းကြော်ငြာများ
၁၉၅၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု (ရွှေဝယ်သီရိ)၊ အကောင်းဆုံးမင်းသားဆု(ဖိုးပါကြီး)နှင့် အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(ဝင်းမာ) တို့ရရှိခဲ့သည့် ဖိုးပြုံးချို ဇာတ်ကားလက်ကမ်းကြော်ငြာ
၁၈၇၂ ခုနှစ်က ကမ္ဘာပေါ်မှာ ရုပ်ရှင်ဆိုတဲ့ အတတ်ပညာ တစ်ခု အစပြုခဲ့ပြီး ၁၈၈၆ ခုနှစ်မှာတော့ အမေရိကန်၊ ပြင်သစ်နဲ့ ဥရောပ နိုင်ငံများမှာ ရုပ်ရှင်ကားများ ရိုက်ကူးထုတ်လုပ်ခြင်းနဲ့ ရုံတင်ပြသခြင်း လုပ်ငန်းတွေ ဖြစ်ထွန်း အောင်မြင်ခဲ့ပြီး ဖြစ်တယ်လို့ သမိုင်းမှတ်တမ်း တွေအရ သိရပါတယ်။
ပထမဆုံးမှတ်တမ်းတင်သတင်းကား
မြန်မာနိုင်ငံမှာတော့ ၁၉၂ဝပြည့်နှစ် ဇွန်လ၂ ရက်နေ့က ကွယ်လွန်ခဲ့တဲ့၊ မြန်မာနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်ရဲ့ ဈာပန မှတ်တမ်းတင် သတင်းကား ကစပြီး မြန်မာနိုင်ငံမှာ ပထမဆုံး မြန်မာလူမျိုးရိုက်တဲ့ မြန်မာသတင်းကား၊ ပထမဆုံးပြတဲ့ မြန်မာရုပ်ရှင် သတင်းကားအဖြစ် သမိုင်း ဝင်ခဲ့ပါတယ်။
ပထမဆုံးမြန်မာ့ရုပ်ရှင်ဇာတ်ကား
ဇာတ်လမ်းပါဝင်တဲ့ ပထမဆုံး မြန်မာ့ရုပ်ရှင်ကား ကတော့ ‘မေတ္တာနှင့်သူရာ’ပါ။ ၁၉၂ဝပြည့်နှစ် အောက်တိုဘာလ ၁၃ရက်နေ့က စီနီမာ ဒီပဲရစ်ရုံမှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး မြန်မာရုပ်ရှင်ကား ဖြစ်တာမို့ ရုံဝင်လက်မှတ်တွေ ရောင်းမလောက်အောင် ရုံပြည့်ရုံလျှံ အားပေးကြတယ်လို့ ဆိုပါတယ်။ ထိုင်ခုံမရလို့ ပွဲပြီးတဲ့အထိ မတ်တတ်ရပ်ကြည့်ကြရတဲ့အထိပါပဲတဲ့။
‘ဘားမားဖလင်းမှ ရိုက်ကူးသော မေတ္တာ နှင့်သူရာ’ ဆိုတဲ့ စာတန်းကို မြန်မာဘာသာနဲ့ရော’Burma Film Presents, Love and Liquor’ ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ပါ စာတန်း ထိုးပြခဲ့တာပါ။ အသံထွက်ဇာတ်ကား မဟုတ်သေးတော့ သရုပ်ဆောင်တွေ ပါးစပ်လှုပ်လာတဲ့အခါ ပြောစကားတွေကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ စာတန်း ထိုးပြပါတယ်။ နောက်ခံတေးဂီတ ကတော့ စန္ဒရားတစ်လုံးနဲ့ အပျိုတော်၊ ခုနစ်သံချီ၊သံမှန်၊ ခြောက်ပေါက်၊ ငါးပေါက်စတဲ့ တီးလုံးများ တီးပြီးတော့ နောက်ခံတေးဂီတကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်နှင့်အကယ်ဒမီ
ရုပ်ရှင်ပေါ်လာပြီး နှစ်ပေါင်း၃ဝကျော် ကြာတဲ့အခါမှ မြန်မာ့ရုပ်ရှင် ဇာတ်ကားများကို ၁၉၅၂ခုနှစ်က စတင်ပြီး အကယ်ဒမီပေးခဲ့တာ ဆိုတော့ အခုနှစ် (၂ဝ၁ဝ) အထိဆိုရင် အကြိမ်ပေါင်း၅၇ကြိမ် ရှိပြီဖြစ်ပါတယ်။တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၃ခုနှစ်မှအပ ကျန်နှစ်တွေမှာ နှစ်စဉ်ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါ တယ်။ ပထမဆုံး အကယ်ဒမီဆု ရရှိတဲ့ မင်းသားက ‘မာလာရီ’ ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မင်းသားကျော်ဝင်း ဖြစ်ပြီးတော့၊ မင်းသမီးက ချစ်သက်ဝေ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကြည်ကြည်ဌေးတို့ ဖြစ်ပါတယ်။
အကယ်ဒမီဆုရ ရတနာပုံဇာတ်ကား
၁၉၅၃ခုနှစ်မှာ မင်းသားတင်မောင်က ‘ရတနာပုံ’ ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပြီး မင်းသမီးမေမြင့်က ‘ပွဲခါညောင်ရေ’ ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိခဲ့ပါတယ်။ ဒါက အကယ်ဒမီ ခေတ်ဦးကာလ ရုပ်ရှင်များ အကြောင်းပါ။ ဆက်ပြောလိုတာက ထူးခြားတဲ့ ရုပ်ရှင်လက်ကမ်း ကြော်ငြာများ အကြောင်းပါ။အဲဒီခေတ်က ရုပ်ရှင်ကြော်ငြာများမှာ ထူးခြားတဲ့ ကြော်ငြာစာသားများကို တွေ့ရှိရပါတယ်။
၁၉၅၃ ခုနှစ်အတွက် အကယ်ဒမီ ရခဲ့တဲ့ ‘ရတနာပုံ’ ဇာတ်ကား လက်ကမ်း ကြော်ငြာမှာ အခုလို ရေးခဲ့ပါတယ်။
‘၁၉၅၃ ခုနှစ်အတွက် ရွှေစင်ရုပ် ပထမ ဆုရရှိသော ‘ရတနာပုံ’။ ရန်ကုန်မြို့ကြီးတွင် ၇-ပတ်၊ မန္တလေးမြို့ကြီးတွင် ၆-ပတ်မျှ ပြသရသည့် ရတနာပုံ။ နေ့စဉ် ၂ ပွဲ၊ ကား ရှည်လျားပါသဖြင့် အချိန်မှန်ပြပါလိမ့်မည်။ ကားဈေးနှုန်း ကြီးမြင့်စွာပေးရ၍ ခွင့်မပြု၊ အလိုက်သိသင့်လှ၏၊ စီးပွားရေးကိုယ်ချင်းစာ တရားထားလျက် မေတ္တာလက်မှတ်ဖြင့် ကြည့်ခွင့်မပြုကြောင်း အထူးကြေညာအပ်ပါသည်’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပထမဆုံးကလေးဇာတ်ဆောင်ဆု
ပထမဆုံး ကလေးဇာတ်ဆောင် ဆုရရှိခဲ့တဲ့ ဇာတ်ကားက ‘ဖိုးပြုံးချို’ ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ ရွှေဝယ်သီရိရုပ်ရှင် ကုမ္ပဏီက အကောင်းဆုံးဇာတ်ကားဆု ကိုရရှိခဲ့ပြီး ဟာသသရုပ်ဆောင် ဖိုးပါကြီးက ဒီဇာတ်ကား မှာတော့ အလွမ်းမင်းသားကြီး အဖြစ် သရုပ်ဆောင်ပြီး အကယ်ဒမီရခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင် ‘ဝင်းမာ’က အကောင်း ဆုံး သရုပ်ဆောင်ခဲ့တာမို့ ပထမဆုံးကလေး သရုပ်ဆောင်ဆု ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ထူးခြားသောကြော်ငြာတစ်ခု
၁၉၅၇ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ဒေါက်တာအောင်ကျော်ဦး ဇာတ်ကားရိုက်ကူး ထုတ်လုပ်တဲ့ ဗြိတိသျှ ဘားမားဖလင်း ရုပ်ရှင်ကုမ္ပဏီက ရရှိ ခဲ့ပါတယ်။ ဒီဇာတ်ကား ကြော်ငြာမှာလည်း အခုလိုဖော်ပြထားပါတယ်။ ‘နိုင်ငံတော်သမ္မတကြီးနှင့် ဝန်ကြီးချုပ်ဦးနု တို့ကိုယ်တိုင် ကြည့်ရှုအားပေး ခြင်းခံရသော တန်းမြင့်ဇာတ်ကားကြီး။ မယားနှစ်ယောက်ကြား ဗျာများခြင်းခံရသည့် ဆရာဝန်ကြီးတစ်ဦး၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်၊ ရိုးသားသော မယားနှင့် ခေတ်ဆန်သူ လင်ယောက်ျား၏ အတွင်းရေး၊ ဗြိတိသျှဘားမားရုပ်ရှင်၊ ဒါရိုက်တာရွှေဒုံးဘီအောင်၏ ဒေါက်တာအောင်ကျော်ဦး (အသံထွက်) အထက်တန်းစား ဇာတ်ကားကြီးကိုဖြင့် ဝင်း စီနီမာရုံမှာ ပြရက်မဝေးတော့ပါ’ လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
စာရေးဆရာတွေသရုပ်ဆောင်တဲ့ဇာတ်ကား
မြန်မာ့ရုပ်ရှင်သမိုင်းမှာ စာရေးဆရာတွေ ပါဝင်သရုပ်ဆောင်ကြတဲ့ ရုပ်ရှင်ကားတစ်ကား ကိုလည်းတွေ့ ရပါတယ်။ အဲဒီဇာတ်ကားအမည်က ‘မာန်’ ပါ။ ဒီဇာတ်ကားက ပခုက္ကူသား စာရေးဆရာ အောင်လင်းရဲ့ ဇာတ်ကားဖြစ်ပြီး ကြော်ငြာပုံကလည်း ခပ်ဆန်းဆန်း ဖြစ်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
ကြော်ငြာရဲ့ ရှေ့ စာမျက်နှာမှာ ‘ပြည်သူ့ သုခုမ ရုပ်ရှင်တင်းကုပ်မှ ရုပ်ရှင်ဆရာအောင်လင်း၏ ‘မာန်’ ခေတ်စမ်း အသံထွက်ကား၊ ဘဂျမ်း၊ စိမ်းညိုတို့ ခေါင်းဆောင်ပြီး ဇာတ်ရံ မှစ၍ မင်းအောင်၊ အောင်လင်း၊ ဒေါင်းနွယ်ဆွေ စသော နာမည်ကြီးစာရေးဆရာတွေချည်း ပါဝင်သည်’လို့ ဖော်ပြထားပြီး ကျောဘက် စာမျက်နှာမှာတော့-
‘ပြည်သူ့သုခုမ ရုပ်ရှင်တင်းကုပ်မှထုတ်ဝေ ဖြန့်ချိသော လူလို စကားပြောသည်။
ရုပ်ရှင်ဆရာ အောင်လင်း၏’မာန်’ ခေတ်စမ်း အသံထွက် သဘာဝကား ၊မိတ်ကပ် ပေါင်ဒါမသုံးဘဲ ပင်ကိုသဘာဝ ဇာတ်ဟန် ပြဇာတ်ဟန် မပါဘဲ၊ လူ့သဘာဝဟန်အမူ အရာဖြင့် ရုပ်ရှင်စစ်စစ် ရိုက်ကူး ထားသည်။
မည်သည့်ကားနှင့် ယှဉ်ယှဉ်ထူးခြားသော အသွင်အပြင် အမူအရာများတွေ့ရမည်။ ရုပ်ရှင်မင်းသမီး လုပ်ချင်သူများ (မာန်) ကားကြည့်၍ လေ့လာပါ။ ရုပ်ရှင်မင်းသမီး သင်တန်း အပြည့်အစုံပါသည်။ ပါဝင်သူများ၊ဇာတ်ညွှန်း စာရေးဆရာရန်ကုန်ဘဆွေ၊ ရုပ်ရှင်ဆရာ စာရေးဆရာ အောင်လင်း၊ မင်းသားစာရေးဆရာ ဘဂျမ်း၊ မင်းသမီးစာရေးဆရာ ခင်လတ်နှင့်ကြည်ကြည်ညွန့်၊ စာပေဗိမာန်၁ဝဝဝဆုရ စာရေးဆရာမင်းအောင်၊ လှမြင့်ကြီး၊ မောင်ကိုဦး၊ တင်အေးကြီး၊ မောင်ထွန်းရီ၊ ဒေါင်းနွယ်ဆွေ၊ ရွှေရိုး၊ နေမျိုး၊ မောင်ကိုလေး၊ တက္ကသိုလ်စိုးသန်း နှင့် ကောလိပ်ကျောင်းသား စစ်စစ်များအပြင် ပန်းချီဆရာများပါ ဝင်ကြသည်’ လို့ ဖော်ပြထားပါတယ်။
ရုပ်ရှင်နှင့်ကြော်ငြာ
မြန်မာ့ရုပ်ရှင်သမိုင်းကို ပြုစုမယ်ဆိုရင် ရုပ်ရှင်ကြော်ငြာ အရေးအသားများကိုလည်း ချန်လှပ် ထားခဲ့လို့ မရပါဘူး။ ငယ်ငယ်က ကလေးဘဝမှာ ကြော်ငြာ ကားနောက် ပြေးလိုက်ရင်း ကားကိုယ်စားလှယ် ကြဲချတဲ့ ကြော်ငြာ စာရွက်လေးတစ်ရွက်ရဖို့ လျှာထွက်အောင် ပြေးလိုက် ခဲ့ရဖူးပါတယ်။ ကြော်ငြာလေးများ ရခဲ့ရင် အိမ်ကဝါးထရံမှာ ဝါးနှီးစလေး ချိုးပြီး ကပ်ပြထားရတာကိုက အင်မတန် အရသာရှိခဲ့ရဖူးပါတယ်။ တကယ်တော့ ဒီကြော်ငြာစာရေးသူများရဲ့ အရည်အချင်းနဲ့ ကြော်ငြာရဲ့ထူးခြားတဲ့ အရေးအသားများကို အခုမှ သေချာ လေ့လာ မိတော့ ထူးခြားနေတာကို တွေ့ရပါတယ်။
အောင်လင်းရဲ့ကြော်ငြာ
အောင်လင်းရဲ့ အရိုင်းစပါယ် (အရိုင်း စံပယ်) ဇာတ်ကား ကြော်ငြာမှာဆိုရင် -”ပခုက္ကူမြို့သား နာမည်ကျော် စာရေးဆရာ အောင်လင်း၏ စာပေဗိမာန် ပထမဆုရ ဝတ္ထုကြီးကို အကယ်ဒမီဆုရ ဒါရိုက်တာချစ်ခင်က ရိုက်ကူးပြီး အလွန်ကောင်းတဲ့ အရိုင်းစပါယ် (အရိုင်းစံပယ်)။ ကိုဘခက်၊ မ၊ မွှန်၊ မော် တို့ပါဝင်သည်။ နိုင်ငံခြားယဉ်ကျေးမှု အလွှမ်းမိုးခံသူများနှင့် မိရိုးဖလာအမျိုးသားယဉ်ကျေးမှု ခုံမင် မြတ်နိုးသူများ မည်သူက လမ်းမှန် ရပ်တည် နိုင်သည်ကို သရုပ်ဖော် ထားသည်။’ ဆို ပြီး ရုပ်ရှင်ကြည့်ပရိသတ်များ ကြော်ငြာကို ဖတ်ရုံနဲ့တင် ရုပ်ရှင်ကြည့် ချင် လာအောင် ဆွဲဆောင်စွမ်း ရှိတာကို တွေ့ရ မှာ ဖြစ်ပါတယ်။
ကားထွက်နှေးနေတဲ့ရုပ်ရှင်
မြန်မာနိုင်ငံ ရုပ်ရှင်သမိုင်းမှာ ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီဟာ ရုပ်ရှင်ဇာတ်ကား အများဆုံး ရိုက်ကူးခဲ့တဲ့ ကုမ္ပဏီလို့ ဆိုပါတယ်။ ရုပ်ရှင်ငွေရတုကာလ အတွင်း ၁၉၂၂ က ၁၉၄၁ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ အတွင်း အသံတိတ်ဇာတ်ကား ၁၉၃ ကားနဲ့ အသံထွက် ဇာတ်ကားပေါင်း ၃၇ ကား ရိုက်ကူးခဲ့တာမို့ ဇာတ်ကားပေါင်း ၂၄ဝ ရိုက် ကူးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ တစ်နှစ်ကို ပျမ်းမျှ ဇာတ်ကားပေါင်း ၂ဝ ရိုက်ကူးခဲ့တာမို့ အခုခေတ်မှာ ရုပ်ရှင်လောက တစ်ခုလုံးက ရိုက်ကူးတဲ့ ဇာတ်ကားက ၂ဝ တောင် မကျော်လေတော့ ဟိုတုန်းက ဗြိတိသျှဘားမားဖလင်ရဲ့ ဇာတ်ကား ထုတ်လုပ်တဲ့ စံချိန်ကိုတောင် မမီတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ရုပ်ရှင်လောကကြီး ဒီထက် လွတ်လပ်ပြီး ဒီထက် သဘာဝကျတဲ့ ဇာတ်ကားများ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ သူများရဲ့ ဘဝသရုပ်ဖော် ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ် တင်ဆက် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
သိန်းအေး
ရည်ညွှန်း
(၁)မြန်မာ့ရုပ်ရှင်သမိုင်းစဉ် ငွေရတုကာလ(၁၉၂ဝ-၁၉၄၅)
(၂)ပခုက္ကူဦးအုံးဖေစာကြည့်တိုက်မှ ကူးယူခဲ့သော ရုပ်ရှင်လက်ကမ်း ကြော်ငြာများ
(၃)Wikipedia (အင်တာနက်)
(၄)ကိုယ်ပိုင်မှတ်တမ်းများ
ပေါ်ပြူလာဂျာနယ်
--
___
စိတ်နှလုံးရွှင်လန်းပြီး
အပန်းလဲပြေနိုင်ပါစေ
__
(ဖြူစင်)
Reply all
Reply to author
Forward
0 new messages