Fwd: [moemakadaily@moemaka.biz] 19th July - MoeMaKa Daily

4 views
Skip to first unread message

Truely White

unread,
Jul 20, 2012, 8:50:21 AM7/20/12
to jeffy...@googlegroups.com


---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/7/19
Subject: Fwd: [moemak...@moemaka.biz] 19th July - MoeMaKa Daily
To: winsoe Boxer <winso...@gmail.com>, hsumy...@gmail.com, thuta thu <theinh...@gmail.com>, Thein Han <u.thein...@gmail.com>, Grace juli77 Juli <grace...@gmail.com>, mehmwun...@aol.com, narziko...@gmail.com, ninimyo mimi <ninimy...@gmail.com>, Mandalay Monk <mandal...@gmail.com>, hlaing htun <hlai...@googlemail.com>, ayetha...@gmail.com, ko naylin <konay...@gmail.com>, dr math <dr.ma...@gmail.com>, "Dr. Kyaw Nyunt" <drkya...@gmail.com>, yannau...@gmail.com, EQUITYAD3000 3000 <equity...@gmail.com>, sanno...@gmail.com, Kyi Lwin <s.ky...@gmail.com>, minya...@gmail.com, ဇေ ယျာ <zayy...@gmail.com>, alfarome...@gmail.com, chit wine <chitw...@gmail.com>, Min Thu <mgmi...@gmail.com>, Maung Thit Aung <mgthit...@gmail.com>, jyawsar <jya...@gmail.com>, "mitmit.ns mitmit.ns" <mitm...@gmail.com>, lwinma...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, maykhat2 <mayk...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, gwbob...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Soe Thaung <soe.t...@gmail.com>, khinwai phyoe <khinwa...@gmail.com>




---------- Forwarded message ----------
From: Maung Yit <moema...@gmail.com>
Date: 2012/7/19
Subject: [moemak...@moemaka.biz] 19th July - MoeMaKa Daily
To: sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka <moe...@googlegroups.com>


အယ်ဒီတာ့လက်ရေး ၁၄
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်က ကြိုဆိုပါသည်၊ ကယ်လီဖိုးနီးယားက ကြိုဆိုပါသည်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာက မြန်မာမိသားစုများက ကြိုဆိုနေပါသည်
မောင်ရစ်၊ ဇူလိုင် ၁၉ ၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာမယ့်စက်တင်ဘာ တတိယပတ်မှာ ဂုဏ်ပြုပွဲအခမ်းအနားတွေက ဖိတ်ကြားလို့ လာရောက်မယ် … တဲ့။ ၀ါရှင်တန်ဒီစီ၊ နယူးယောက်တို့က အစိုးရမင်းများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများရဲ့ ဂုဏ်ထူးဆောင် ချီးမြှင့်မှုများကို လက်ခံရယူမယ်လို့ ပြောပါတယ်။
 ထိုင်းနိုင်ငံ၊ ဥရောပနိုင်ငံများ ခရီးစဉ်တွေ သွားရောက်ခဲ့ကတည်းက တကမ္ဘာလုံး တုန်သွားတဲ့ မြန်မာပြည်ရဲ့ အကျဉ်းစံ ဒီမိုကရေစီခေါင်းဆောင်၊ မိခင်၊ ဒေါ်စုရဲ့ သြဇာ၊ အရှိန်အ၀ါနဲ့ စွမ်းဆောင်မှုတွေကို မျက်ဝါးထင်ထင်မြင်ကြရလို့ ကမ္ဘာကြီးနဲ့အတူ မျက်နှာမွဲ ငဒို့ မြန်မာတွေလည်း မျက်နှာပွင့်ကြ၊ ဂုဏ်ယူဝမ်းမြောက်ကြရပါတယ်။
ဒီတခါ အမေရိကန်ပြည်ကြီးကို ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ကြွရောက်လာမယ်လို့ သတင်းထူးကြားလိုက်ရတော့ ကျနော်တို့ အမေရိကန်ရောက်မြန်မာတွေဟာ အထူး ၀မ်းမြောက်ကြတယ်။ ဂုဏ်ယူကြတယ်။ အဝေးရောက် မြန်မာမိသားစုတွေဟာ တိုင်းပြည်ရဲ့ အလင်းရောင် ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲစွာ ကြိုဆိုနေပါကြောင်း၊ မျှော်လင့်နေပါကြောင်း မောင်ရစ်တယောက် အများထဲက တဦးအနေနဲ့ ဦးစွာ တင်ပြလိုက်ပါတယ် ခင်ဗျား။
ကျနော်တို့မှာက ဆုတွေ၊ ဂုဏ်ထူးဆောင်တွေ၊ အထူးတလည် ပေးအပ်ဂုဏ်ပြုစရာ မရှိသော်လည်း ကျနော်တို့ မြန်မာကွန်မြူနီတီကြီး တရပ်လုံးက တ၀ှမ်းလုံးက အမေရိကန်ပြည်က လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အားလုံးကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရင်ထဲ အသည်းထဲက အသည်းနှလုံးတွေ၊ ချစ်ခြင်း မေတ္တာတွေ၊ လေးစားကြည်ညိုမှုတွေ၊ ကျေးဇူးတင် အောက်မေ့မှုတွေကို လမ်းခင်းပြီး သောင်းသောင်းဖျဖျ ကြိုဆိုနေကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ကို အလည်အပတ်လာမယ် ဆိုကတည်းက မောင်ရစ်ကို မေးကြပါတယ် ခင်ဗျား။ ကျနော်တို့ဆီကိုကော လာမှာလား။ ကျနော်တို့ ကျမတို့တတွေက မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး စုဝေးပြင်ဆင်ပြီး ကြိုဆိုနှုတ်ဆက် လက်ဝှေ့ရမ်း ပြလိုကြောင်း၊ ချစ်ခြင်း မေတ္တာများ ထုတ်ဖော် ဂါရ၀ပြုလိုကြောင်း မေးမြန်းစုံစမ်းကြပါတယ် ခင်ဗျား။ ကျနော့်လို အမေရိကန်ပြည်ကြီးရဲ့ အနောက်ခြမ်း၊ ဘေးဧရိယာလိုနေရာမှာ ခပ်ကုတ်ကုတ်နေရသူ မျက်နှာငယ်၊ ကျောမွဲ၊ ရက်စ် နိုး ဗဲရီး ဂွတ်လောက်နဲ့ ရွာရိုးကိုးပေါက်လောက် ခရီးရောက်သူ မောင်ရစ်လို အကောင်မျိုးကလည်း ရှိစုမဲ့စု အထုပ်ကလေးတွေ ဖြေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ကြီး တ၀ှမ်းလုံးက ကြိုဆိုနေပါတယ်။ အမေရိကန် အရှေ့ခြမ်းကလည်း ကြိုဆိုသလို အလယ်ပိုင်းကလည်း ကြိုဆိုနေပါတယ်။ အဲသည်လိုပဲ အမေရိကန် အနောက်ခြမ်းက၊ ကယ်လီဖိုးနီးယားက၊ ဆန်ဖရန်ဘေးဧရိယာက မြန်မာမိသားစုတွေက ကြိုဆိုနေကြပါတယ် ခင်ဗျား။ ကလေးတွေလို မူလတန်းအဆင့်က ကျောင်းသားတွေလို ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကျနော်တို့နေထိုင်ရာ ဆန်ဖရန်ဘေးဧရိယာ ကျေးလက်တောရွာလေးကို အလည်အပတ်လာသင့်ကြောင်း ပြိုင်ပွဲဝင် အက်ဆေးအရေးပြိုင်ပြီး လူကြီးမင်းများထံ ရွှေနားတော် သွင်းရမလို ဖြစ်နေသလား တွေးမိပါတယ်။ ကဲ … ရေးဆိုလည်း ရေးရတာပေါ့ဗျာ။
ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား …
ကျနော်တို့ ဆန်ဖရန်ဘေးဧရိယာက မြန်မာမိသားစုများ၊ ကွန်မြူနီတီက ကြိုဆိုနေပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ အမေရိကန်ပြည်သား မြန်မာပြည်ချစ်သူတွေက ဆန်ဖရန်စစ္စကိုဘေးဧရိယာကနေ ခွပ်ဒေါင်းအလံတွေ လွှင့်ထူပြီး ကြိုဆိုနေပါတယ်။ အဲသည် ခွပ်ဒေါင်းအလံတွေဟာ ဆန်ဖရန်ဘေးဧရိယာမှာ အခုမှ မဟုတ်ပါဘူး၊ အမြဲတန်း လွှင့်ထူနေတဲ့ မြန်မာမျိုးချစ်တွေရဲ့ အလံတွေ ဖြစ်ပါတယ်။
ကျနော် မှတ်မိသလောက် ပြောရရင် ဘေးဧရိယာက မြန်မာမိသားစုတွေဟာ မြန်မာပြည်တွင်းက ဖုန်းမော်နေ့၊ ၈လေးလုံးနေ့တွေကို ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။ နှစ်စဉ် အခမ်းအနားတွေ စုဝေးကျင်းပခဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာတွေ မညီညွတ်ဘူး၊ မညီညွတ်ဘူးဆိုတဲ့ အပြောအဆို အနွံအတာတွေကို ရင်ဆိုင်ဖြတ်သန်းပြီး တူတာကို တွဲလုပ်၊ မတူတာကို ခွဲလုပ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ တူနေရဲ့သားနဲ့ တွဲမလုပ်နိုင်ဘူးဆိုပြီး ဘေးတိုက် ကန့်လန့်တိုက် ခွဲလုပ်တဲ့ အကျင့်တွေကို ခွာချနိုင်တဲ့ မြန်မာမိသားစုတွေ ဖြစ်နေပါပြီ ခင်ဗျား။ ဒါကြောင့် ကျနော်တို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
ကျနော်တို့တတွေဆီမှာ စာအုပ်နဲ့လာသူတွေ၊ စာရွက်နဲ့ လာသူတွေ၊ တောကျော်၊ တောင်ကျော်တွေ၊ ခုန်ချသူတွေ၊ ခုန်တက်သူတွေ၊ ခလုတ်တိုက်သူတွေ၊ ထီပေါက်သူတွေ၊ ဘယ်လိုသူတွေပဲ ရှိရှိ ကျနော်တို့တတွေဟာ မြန်မာတွေ (ဗမာတွေ) Burmese တွေပဲလို့ တသဘောတည်း ရှိနေပါတယ် ခင်ဗျား။ BADAတွေ၊ BAWA  တွေ၊ ဘစတွေ၊ ၈၈ မျူိးဆက်တွေ၊ အေဘီတွေ၊ အင်န်အယ်ဒီတွေ၊ သုံးရောင်ခြယ်တွေ၊ တပ်ဦးတွေ၊ သမဂ္ဂတွေ၊ တပ်မတော်သားဟောင်းတွေ၊ လူ့ဘောင်သစ်တွေ၊ ဒုက္ခသည်တွေ၊ ခိုလှုံသူတွေ၊တိုင်းရင်းသားတွေ၊  ရွှေဝါရောင်တွေ၊ ဘာတွေ ညာတွေ ဘယ်လိုမျိုး အဖွဲ့အစည်းတွေ အမျိုးမျိုး အစစုံရှိနေနေ “ဒီလူနဲ့ ဒီလူတွေချည်းမို့” လုပ်စရာရှိ အားလုံး အတူတူပဲ ၀ိုင်းလုပ်ကြသူတွေချည်း စုစုစည်းစည်း ရှိနေပါတယ် ခင်ဗျား။ ဒါကြောင့် ကျနော်တို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
အဲသည်လူတွေကပဲ လက်တွဲပြီးတော့ အောင်ဆန်းဦး (လဲ့လဲ့နွယ်သိန်း (ကလောင်အမည် - မေတ္တာဦး)) အိမ်ရှေ့လည်း ဆန္ဒသွားပြခဲ့တာပဲ။ သည်မြန်မာမိသားစုတွေပဲ ဒေါ်စု မွေးနေ့ အဆက်ဆက်ကို လွတ်မြောက်ရေးဆုတောင်းပွဲ အဖြစ် အသွင်ပြောင်းပြီး မပျက်မကွက်လုပ်ခဲ့ကြတာပါပဲ။ Total ပဲဖြစ်ဖြစ် Chevron ပဲ ပြောင်းပြောင်း မြန်မာပြည်ပိတ်ဆို့အရေးယူနိုင်ဖို့ စစ်အာဏာရှင်အားပေး အလိုတော်ရိတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ဆွေးနွေးပွဲတွေ လှုံ့ဆော် နိုးကြားမှုအလံတွေကို လွှင့်ထူခဲ့ကြသူတွေချည်းပါပဲ။ ဒီပဲယင်းမှာ ဒေါ်စုနဲ့ ဒီမိုကရေစီပြည်သူတွေကို လုပ်ကြံခဲ့သူတွေကို ကန့်ကွက်မှုတွေ ရောက်တဲ့နေရာကနေ အစွမ်းကုန် ထကြွခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲသည် မြန်မာကွန်မြူနီတီ မိသားစုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား … ကျနော်တို့ မြန်မာမိသားစုတွေဟာ လူမှုရေးအဖွဲ၊ ဖျော်ဖြေရေး၊ ပညာရေးအဖွဲ့၊ ဘာသာရေးအဖွဲ့တွေ ဘယ်လိုပဲ များများ၊ ဘုန်းကြီးကျောင်းတွေ ဘယ်လိုပဲ ကွဲပြား ကွဲပြား၊ မြန်မာပြည်အရေးမှာ ဘယ်တုန်းကမှ လက်နှေးခဲ့သူတွေ၊ တွန့်တိုသံသယထားသူတွေ မဟုတ်ခဲ့ပါဘူး ခင်ဗျား။ အတူတူတွဲပြီး စတိတ်ရှိုးတွေ၊ တရားပွဲတွေ၊ ရန်ပုံငွေပွဲတွေ ခြိမ့်ခြိမ်သဲကျင်းပကြသူတွေ ဖြစ်ပါတယ်။ စာပေဟောပြောပွဲတွေလည်း တတ်နိုင်သလောက် ရှိတဲ့ အင်အားနဲ့ ကျင်းပကြသူတွေ ဖြစ်ပါတယ်။
၂၀၀၇ သံဃာ့အရေးတော်ပုံကြီးမှာ မြန်မာပြည်သူတွေနဲ့ အတူတူ ငိုကြွေးခဲ့သူတွေ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကို လမ်းမတွေမှာ အမေရိကန်သား မြန်မာပြည်ချစ်သူတွေနဲ့လက်တွဲပြီး မြန်မာပြည်အတွက် ဟစ်ကြွေးခဲ့သူတွေဖြစ်ပါတယ်။ တရုတ်သံရုံးနဲ့ ယူအင်န်ရုံးတွေမှာ ခွပ်ဒေါင်းအလံကို လွှင့်ထူပြီး မြန်မာ့အရေး အာရုံစိုက်လာကြဖို့ ရုန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ မြန်မာပြည်က အကျဉ်းစံ သံဃာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီပံ့ပိုးခဲ့ကြသူတွေ ဖြစ်ပါတယ်။ သံဃာ့အရေးတော်ပုံကို ထောက်ခံတဲ့ ရန်ပုံငွေပွဲတွေကို မိမိတို့ ချွေးနည်းစာတွေနဲ့ ကျင်းပခဲ့သူတွေပါ။ ၂၀၀၈ နာဂစ်မုန်တိုင်းက စတင်ပြီး ပဲခူးရေဘေး၊ ရခိုင် ဂီရိမုန်တိုင်းက ဒုက္ခသည် မြန်မာပြည်သူတွေကူညီဖို့ ရန်ပုံငွေပွဲတွေ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး စေတနာ့ဝန်ထမ်းရတာကို ဂုဏ်ယူနေတဲ့ အဲသည် မြန်မာကွန်မြူနီတီ မိသားစုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
ရယ်မောစရာ တခုကြားဖြတ်ပြောရရင် မြန်မာ့ပြည်ရဲ့ ၈၈ ဒီမိုကရေစီသမိုင်းကို လိမ်ညာတဲ့ အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသရုပ်ဆောင်တွေကို အမေရိကန်ပြည်မှာ ကန့်ကွက်ဆန္ဒပြခဲ့သူတွေရော၊ အားပေးကြည့်ရှုသူတွေ အားလုံးဟာ ဘေးဧရိယာမှ အတူတကွ နေထိုင်ပြီး မတူညီသော သဘောထားတွေကို ထုတ်ဖော်ပြသခဲ့ကြသူတွေဖြစ်ပါတယ်။ Agree to Disagree ဆိုတော့ ကန့်ကွက်စရာရှိ ကန့်ကွက်၊ သဘောကွဲလွဲစရာရှိလည်း ကွဲလွဲပြီးတော့ မြန်မာ့အရေးအတွက် ဆက်လုပ်စရာရှိတာ တွဲလုပ်စရာရှိလည်း တွဲလုပ်ကြသူတွေ ဖြစ်ပါတယ်။
မြန်မာပြည်အရေးအတွက် အမြဲတန်း နိုးကြားတက်ကြွနေတဲ့ ဆန်ဖရန်စစ္စကိုနဲ့ ဘာကလေမြို့တော်တွေမှာ ၂၀၀၇ နောက်ပိုင်းမှာ သြဂုတ် ၈ နေ့ကို Burma Day  အဖြစ် သတ်မှတ်ခွင့်ရကြတာမို့ အမြဲတန်း နှစ်စဉ် ရှစ်လေးလုံးနေ့ကျရင်  ခွပ်ဒေါင်းအလံနဲ့ မြန်မာ့လွတ်လပ်ရေးခေတ်ဦး ပြည်ထောင်စု ကြယ် ၅ပွင့် အလံကို အမေရိကန်အလံတိုင်မှာ လွှင့်ထူခွင့် ရခဲ့ကြတဲ့ ဆန်ဖရန်ဘေးဧရိယာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
 လက်ရှိ မျက်မှောက်အရေးတွေကိုလည်း ကျနော်တို့မြန်မာမိသားစုတွေက အဆက်မပြတ် စွမ်းသမျှ လှုပ်ရှားနေဆဲဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံတဲ့ ကန့်ကွက်ပွဲတွေ လုပ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ပျော်ပွဲဆင်ခဲ့ကြသူတွေပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခင်၊ ရှမ်း တိုင်းရင်းသားအားလုံး ဆုံစည်းကြရာ အချင်းချင်း ယိုင်းပင်းဖို့ တက်ကြွသူတွေဖြစ်တဲ့ မြန်မာမိသားစု ကွန်မြူနီတီပါ။
ကချင်ဒုက္ခသည်တွေ အရေး၊ ဧရာဝတီမြစ်ကြီးနဲ့ မြစ်ဆုံဆည်အရေးတွေမှာ ကန့်ကွက်တာတွေ၊ ဆွေးနွေးပွဲတွေ လှုံ့ဆော်ပွဲတွေ လုပ်ခဲ့ကြသလို လတ်တလော ရခိုင်အရေးမှာ ဒုက္ခသည် ရခိုင်ပြည်သူတွေ ကူညီအားပေးဖို့ အလှူငွေရန်ပုံငွေပွဲတော် ကျင်းပနိုင်ခဲ့ပါတယ်။ ဒေါ်အာင်ဆန်းစုကြည် ခင်ဗျား … မြန်မာပြည်က အမျိုးသားရေးစွမ်းဆောင်သူတွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့ အိပ်ခ်ျအိုင်ဗီစင်တာ ကူညီရေး အလှူခံ လှုံ့ဆော်တာတွေတင်သာမက ၊ အန်ကယ်ဦးဝင်းတင်ရဲ့ နိုင်ငံရေးအကျဉ်းသားကူညီမှုတွေကိုလည်း ထောက်ခံသူတွေပါ။ ၈၈ မျိုးဆက်တွေရဲ့ လက်ရှိ မြန်မာအရေး ဦးဆောင်နေမှုတွေကို ဂုဏ်ယူ ၀မ်းမြောက် နှစ်ထောင်း အားရ ဖြစ်နေကြသူတွေပါ။
နာရေးကူညီမှုအသင်း ဦးကျော်သူ၊ စွယ်စုံရ လူရွှင်တော် ကိုဇာဂနာတို့ အမေရိကန်ပြည်ထောင်စုကို အလည်လာရောက်တော့လည်း လှိုက်လှဲပျုငှာစွာ ကြိုဆို ဧည့်ခံ ဂုဏ်ယူခဲ့ကြသူတွေ ပါ ခင်ဗျား။ အဲသည်လိုမျူိး မြန်မာ့အရေးအတွက် ဂုဏ်ယူဖွယ် ဆန်ဖရန်ဘေးဧရိယာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
မြန်မာပြည်အရေးအတွက် (JADE အရေးယူမှု) ကိုအထူးအားစိုက်ခဲ့သူ ဒီမိုကရက်ပါတီက အထင်ကရပုဂ္ဂိုလ်၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ တွန်လင်တို့စ် အခြေစိုက်တဲ့ ဆန်ဖရန်စစ္စကို ဘေးဧရိယာပါ။ ရှေးရိုးမစွဲဘဲ အမြဲတန်း အပြောင်းအလဲနဲ့ လွတ်လပ်မှုတွေကို အားပေး မြေတောင်မြှောက်ပေးတဲ့ ဒီမိုကရက် နိုင်ငံရေးသမားတွေကြောင့် အာရှသားတွေ၊ နိုင်ငံရပ်ခြားက ပြောင်းရွှေ့လာသူတွေ မျက်နှာမငယ်ရတဲ့ ဆန်ဖရန်စစ္စကို ဘေးဧရိယာပါ။ အဲသည်က မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
တကယ်တန်း ပြန်စဉ်းစားကြည့်လိုက်ပြန်တော့ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှတင် မဟုတ်ပါဘူး။ အမေရိကန်ပြည်တ၀ှမ်းလုံးမှာ ရောက်ရှိနေတဲ့ မြို့နယ်တိုင်း ပြည်နယ်တိုင်းက မြန်မာကွန်မြူနီတီအားလုံး၊ မြန်မာမိသားစုတွေ အားလုံးဟာ ကျနော်တင်ပြခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားမှုတွေမှာ (ကျနော် ရေးသား ဖြည့်စွက်ရန် ကျန်သွားတဲ့၊ သည်ထက်လည်း ပိုမိုသာလွန်တဲ့ စွမ်းဆောင် ကြိုးပမ်းချက်တွေနဲ့) ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးလွှင့်တင်ပြီး ရပ်တည်ဆောင်ရွက်ခဲ့ကြသူတွေ ချည်းပါပဲ။ သူတို့တတွေ အားလုံးက ငြိမ်းချမ်းရေး မိခင်၊ ဒီမိုကရေစီ သူရဲကောင်း၊ မြန်မာ့အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ရောက်ရှိနေရာ အရပ်တွေကနေ ညီညာဖျဖျ အသီးသီး ထကြွလို့ လှိုက်လှဲပျူငှာစွာ ကြိုဆိုနေကြပါတယ်။
မြန်မာပြည်ကြီးအတွက် ကျရာ ရောက်ရာနေရာဒေသကနေ အသန့်ရှင်းဆုံး ဖြူစင်သော မေတ္တာ စေတနာတွေ ပေးဆပ်နိုင်စွမ်းသမျှတွေကို လမ်းခင်းပြီးတော့ ကျနော်တို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် (ကျန်းမာပါစေ)။ ။
            
Posted by MoeMaKa at 1:49 AM 0 comments  
Labels: Maung YitOp-Ed

WEDNESDAY, JULY 18, 2012

Pyay Say Nit - ဘယ်သူ့ကိုသွားတိုင်ရပါ့မလဲ

ဘယ်သူ့ကို သွားတိုင်ရပါ့ မလဲ
ပြေ၊ဆေး၂
ဇူလိုင် ၁၉၊ ၂၀၁၂


http://1.bp.blogspot.com/-Pltqz8bdN3w/UAeSWWUHPAI/AAAAAAAAn2Y/MLda6F14Z-M/s1600/China-and-Burma-border.jpeg
အခုထောင်ထဲမှာ မြန်မာတွေ ၁ သောင်းလောက် အဖမ်းခံထားရတယ် တဲ့ ...
လာနေကျ ညိုညစ်ညစ် အညာသားလေးသည် လူနာထိုင်ခုံမှာ ထိုင်ရင်းလမ်းမဘက်ကို ငေးတွေတွေကြည့်နေလေသည်။သူက ကိုယ့်ဆေးးခန်းကိုလာနေကျလည်းဖြစ်သည်။ သူ့အပေါင်းအသင်း တရွာတည်းသားတွေကိုလည်း ဖျားတဲ့နာတဲ့အခါ သူကခေါ်ခေါ်လာတတ်သည်။ ဒီတခေါက်တော့ သူစကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကိုယ်က အပြင်ထွက်လာတော့ သူသည် ထိုင်ရာမှထလာပြီး
'ဆရာ တခါတည်းနှုတ်ဆက်လိုက်တာ ကျွန်တော်တို့ ရွာပြန်တော့မယ်'
ဟုဆိုသည်။

ကိုယ်ကသူ့ကိုအံ့သွားသည်။ သူရွှေလီက ပန်းပုထုတဲ့ဆိုင်မှာ အလုပ်ဝင်နေတာ ၄နှစ်လောက်ရှိနေပြီ။တလကို ယွမ် ၁၂၀၀ (မြန်မာငွေ ၁သိန်းခွဲခန့်) ရသည်။ ပိုင်ရှင်သူဌေးက ထမင်းကျွေး နေဖို့နေရာပါပေးသည်။ သူက လူပျိုဖြစ်သော်လည်း အိမ်ထောင်သည်တွေအတွက်လည်း သူဌေးက နေစရာပေးသည်။ ဘာပဲဆိုဆိုသူတို့ အဆင်ပြေနေသည်ဟုပြောလို့ရသည်။ တလတလ ရွာကိုငွေပြန်ပို့ပေးနိုင်သည်။
အခုလိုအဆင်ပြေနေတာဘာလို့ရွာပြန်မလဲ ဟု ကိုယ်အံ့နေသည်။

"မင်းဘာလို့ပြန်မှာလဲ ဒီမှာ အဆင်ပြေနေသားပဲ "
ဟုမေးလိုက်တော့

"ဟုတ်တယ်ဆရာ အရင်ကတော့ဟုတ်တယ်။ အခုတလော အဆင်မပြေတော့ဘူးဆရာ။ သူဌေးကလည်း အရင်လိုမဟုတ်တော့ဖူး လခလည်းမပေးတာ ၃လရှိနေပြီ။ တလောက ကျွန်တော် ဒီမူဆယ်ကနေအပြန် ဂျယ်ဂေါင်မှာ တရုတ်ရဲဖမ်းတာခံရသည်။ တရုတ်ရဲက ပတ်စပုတ်အနီလေးပါလား စစ်တယ်။ ကျွန်တော့်မှာ ဘယ်ရှိမလဲ။ ကျွန်တော်က ရွှေလီထဲကို ၆ညအိပ် ၇ရက် တခါဖြတ် တခါသုံး ကဒ် အစိမ်းလေးလုပ်ထားတာ။ ဒီကဒ်လေးက မြန်မာဘက်ကနေလုပ်ပေးတယ်။ တခါ ဖြတ်ကဒ်ကငွေ ၁ထောင်ကျပ်ပေးရတယ် ။

တရုတ်ဘက်ကတော့ တပြားမှ မတောင်းပါဘူး။ ရယ်တော့ရယ်ရတယ် ဆရာ။ ကျွန်တော်တို့ မြန်မာပြည်ကထွက်ပြီး တရုတ်ပြည်ထဲ ၆ညသွားအိပ်တာ မြန်မာဘက်ကနေ ၁၀၀၀ တောင်းတယ်လေ။ မြန်မာပြည်ကနေထွက်ခပေါ့နော်။ ၆ည အအိပ်ခံရတဲ့ တရုတ်က တပြားမှ မတောင်းဘူး။ စဉ်းစားလို့မရဖူးဆရာ။ ကိုယ့်တိုင်းပြည်ကနေ သူများတိုင်းပြည်သွားကျွန်ခံအလုပ်လုပ်ကြရတဲ့ ကျွန်တော်တို့လို အလုပ်သမားတွေဆီကနေ မြန်မာပြည်က ထွက်ခငွေတောင်းရတယ်လို့လေ။ ဒီလိုတခါသုံး ကဒ်အစိမ်းက တပတ်တခါလုပ်ရင်တလ ၄၀၀၀ကျပ်ကုန်နေပြီ။ ကျွန်တော်တို့ ကထားပါတော့ အလုပ်ကြမ်းသမားတွေဆို မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် ခြံစည်းရိုးကျော်ပြီး ခိုးဝင် ခိုးထွက်ကြတယ်။

တရုတ်ရဲနဲ့မိရင် အချုပ်ထဲရောက်တာပဲ။ကောင်မလေးတွေလည်းပါတယ်။ တလောက ဟိုးနမ့်ခမ်းနားက မန့်တပ်ဘက်ရွာကလာတဲ့ အသက်၈၀ကျော်အဖိုးကြီးနဲ့ ၆နှစ်အရွယ်ကောင်မလေး မြေးအဖိုးနှစ်ယောက်က အဖိုးကြီးရဲ့သားရှိတဲ့ ရွှေလီကစက်ရုံကိုသွားဖို့ ထွက်လာကြတာ။မြန်မာလ၀က ကသူတို့ကို ပတ်စပုတ်လုပ်မပေးဖူးတဲ့။ ဒါစာအုပ်အနီကိုပြောတာ ။ ဒီစာအုပ်အနီက တနှစ်သက်တမ်းရှိတယ်။ တနှစ်အတွင်း ရွှေလီထဲ ၀င်ထွက်လို့ရတယ်လေ။ ဒီအနီရောင်ပတ်စပုတ်ကလည်း ဟိုးအရင်လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတော့ လူတိုင်းနယ်တိုင်းကိုလုပ်ပေးတယ်လို့ ပြောတာပဲ။ အခုတော့ နမ့်ခမ်းကမို့ လုပ်မပေးဖူးတဲ့ ။ မူဆယ် ပုံစံ၁၀ရှိမှ လုပ်ပေးမှာတဲ့ လုပ်ရင်လည်း စာအုပ်ဖိုး ဓါတ်ပုံရိုက် သုံးလေးထာင်ကုန်တယ်။”

သူပြောတာကို ကိုယ်ကမရှင်းလို့
“နေပါဦး ။ အနီရောင်ပတ်စပုတ်ကို မူဆယ်ပုံစံ ၁၀ ရှိမှပဲလုပ်ပေးတယ်ဆိုတော့ မြန်မာပြည်ဘယ်ကပဲလာလာ မှတ်ပုံတင်ရှိနေရင် မြန်မာနိုင်ငံသားပဲလေ။ ရန်ကုန်ကနေ တခြားနိုင်ငံတွေထွက်ဖို့ ပတ်စပုတ်လုပ်ရင် မှတ်ပုံတင်နဲ့လုပ်ကြရတာပဲလေ။ တနိုင်ငံလုံးက ဘယ်မြို့ကဖြစ်ဖြစ် လုပ်လို့ရတာပဲ။ ပတ်စပုတ်ရရင် နိုင်ငံခြားထွက်လို့ရပြီလေ။ အခု မူဆယ်ပုံစံ၁၀မရှိတာနဲ တခြားမြို့ကနေလာတဲ့သူက ပတ်စပုတ်အနီလုပ်မပေးဖူးဆိုတာတော့ နည်းနည်း လွဲနေတယ်ထင်တာပဲ …”
ဟု ကိုယ်ပြောတော့
သူက

“ ဒါပေမယ့်ဆရာ မူဆယ်ပုံစံ ၁၀ မရှိလဲ ပိုက်ဆံ မြန်မာငွေ၁သောင်း ၂သောင်းပေးရင်ရတယ်ဆရာ။ တရုတ်တွေဆို တရုတ်ငွေ ယွမ် ၁၀၀ ပေးရင်ရတယ်။ တခါတလေနည်းနည်းပိုပေးရတယ်။ အခု ၁ယွမ်ကို မြန်မာငွေ ၁၃၃ ကျပ်ပေါက်တယ်လေ။ ဒီလိုဆိုတော့ ဒါ “ဟ”ပေးထားတဲ့သဘောပေါ့။ အနီရောင်ပတ်စပုတ် လုပ်ချင်ရင် ငွေ၂သောင်းလောက်ကုန်မယ်ပေးရင်ရမယ်ဆိုဆဲ့သဘောပေါ့။ ဒါဘာလို့လဲလို့ ကျွန်တော် လ၀က ကလူတယောက်ကို မေးကြည့်ဖူးတယ်။ အရာရှိဖြေတာက ဒီလို“ဟ” ထားပေးရတဲ့အကြောင်းက လ၀က ၀န်ထမ်းတွေ ဒီမူဆယ်ဘက် လာချင်အောင်လို့ဆွယ်တာတဲ့လေ။ ဟုတ်မဟုတ်တော့ မသိပါဘူးဆဆရာရယ်။ …”
သူသက်ပြင်းချပြီး လမ်းမဘက်ငေးနေပြန်သည်။

“ဆက်ပါဦး …”
“အခုနက အဖိုးကြီးမြေးနှစ်ယောက် ကပိုက်ဆံမရှိဖူး ကဒ်စိမ်း ၁၀၀၀ လုပ်ဖို့လည်း မရှိဖူး ဒါနဲ့ ခြံစည်းရိုးပေါက်ကနေခိုးအ၀င် တရုတ်ရဲနဲ့တိုးတော့ အဖမ်းခံရတယ်။ ဒီအဖိုးကြီးနဲ့မြေးမလေးကို ရဲစခန်းမှာ ချုပ်ထားတယ်။ သူတို့လိုပဲ ပတ်စပုတ်မပြနိုင်လို့ ရဲကဖမ်းလို့ အချုပ်ခန်းပို့လိုက်ရင် ၂နာရီအတွင်း အမြန်လုပ်ရတယ်။ တရုတ်စကားပြန်နဲ့ ရဲစခန်းမှာ ယွန် ၅၀၀ ပေးပြီးရွေးရတယ် မရွေးနိုင်ရင် အခု ရထားလမ်းဖောက်နေတဲ့ဆီကို အလုပ်ကြမ်းလုပ်ဖို့ ပို့တယ်။ ရွှေလီက ဆေးဖြတ်စခန်းကိုပို့တယ်။ ယောကျာ်းလေးဆို ကိစ္စမရှိပေမယ့် ဆိုးတာက မြန်မာမလေးတွေဆို တကိုယ်လုံးရှိသမျှ အ၀တ်အစားတွေ ချွတ်ရတယ်။ ကောင်မလေးတွေကရှက်တော့ ဆောင့်ကြောင့်ထိုင်ချတယ်။ တရုတ်ရဲက မရဖူး။ ပေါင်ဖြဲခိုင်းတယ် ၊ သူတို့ပြောတာက မူးယစ်ဆေးဝါးတွေ အင်္ဂါစပ်ထဲဝှက်ထားမလားလို့ရှာတာတဲ့ ။ ဒါ လူ့အခွင့်အရေးခြိုးဖောက်တာလို့ ပြောသံကြားဖူးတယ်။ တရုတ်ရဲတွေဟာ မသင်္ကာလို့စစ်ဆေးရင် တရားခံလို ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်ကိုခေါင်းပေါ်တင်ခိုင်းထားတယ် ခြေနဲ့ကန်၊ နံပါတ်ဒုတ်နဲ့ရိုက်တယ်။ အဖမ်းခံရရင် ထမင်းမစားရတော့ဘူး။ လိုက်ကျွေးတဲ့သူရှိရင်တောင် ရဲစခန်းနားကပ်လို့မရဖူး။ တလောက မူဆယ်ဘက်ကနေ နာရေးကူညီမှုအသင်းကရုဏာက လာပြီးကျွေးဖူးတယ်။ ကိုမြမောင်တို့ လာကျွေးဖူးတယ်။ အသိမရှိရင်တော့ ငတ်တာပဲ။ အခုထောင်ထဲမှာ မြန်မာတွေ ၁သောင်းလောက် အဖမ်းခံထားရတယ်တဲ့။ ဆေးဖြတ်စခန်းမှာ ရက်ရက်စက်စက်စစ်ဆေးတယ် ပြီးရင် ၀က်ကျွေးတဲ့ဆန်နဲ့ ပြုတ်တဲ့ ဆန်ပြုတ်တိုက်တယ်။သူဌေးကလည်း လိုက်မရွေးဘူးလေ။ လခမပေးရသေးတဲ့ အလုပ်သမားဆို သူဌေးတွေက ရဲနဲ့ပေါင်းပြီး အဖမ်းခိုင်းတာ ပေါင်းစားတာလည်း လုပ်တယ်လေ။ ကျွန်တော်အဖမ်းခံရတော့ အသိမြန်မာက ယွမ် ၅၀၀ နဲ့လိုက်ရွေးပေးလို့ လွတ်လာတာ။ အခု တယွမ် ၁၃၃ ဆိုတော့ ၅၀၀x ၁၃၃= ၆၆၅၀၀ ကျပ်ပေါ့။ ဒါကြောင့် ကျွန်တော် ဒီမှာ မလုပ်ချင်တော့ဘူး လစာ ၃ လစာလည်းမရဖူး။ ရွာပြန်ပြီး လယ်ပဲ စိုက်စားတော့မယ် ။ …”
သူ့အသံကတိုးတိမ်နေသည်။

သူက …
“ ဒါနဲ့ … ဆရာ၊ ဒါတွေကို ကျွန်တော်တို့ ဘယ်သူ့ဆီသွားတိုင်လို့ရလဲဆရာ။ မြန်မာရဲလား၊ လ၀ကလား၊ မယကလား၊ မြို့နယ်ရုံးလား၊ စသုံးလုံးလား၊ အက်စ်ဘီလား၊ ကျားဖြူပါတီလား၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီလား၊ ကြံ့ခိုင်ရေးပါတီလား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလား။ လူ့အခွင့်အရေးရုံးလား၊ ပီအယ်လ်အိုလား။ နိုင်ငံတော်သမတကြီးဆီကိုလား။ တိုင်လို့ကောရလားဆရာ။ တိုင်ချင်တယ်ဆရာ။ အခု ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံဆို။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ရင်ရလား။ မင်းကိုနိုင်ကို တိုင်ရမလား။ … … … … ”

ကိုယ်လည်း သူ့ကို ဘာပြန်ဖြေရမှန်းမသိ။

“ဒါ …တရုတ်ရဲက သူ့နိုင်ငံဥပဒေအတိုင်း လုပ်နေတာပေါ့လေ။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာတော့ရှိတယ်။ လူ့ဂုဏ်သိက္ခာဆိုတာရှိတယ်။ ငါတို့တွေက အဖေမရှိတဲ့ သားသမီးတွေလို မိဘမဲ့တွေလိုဖြစ်နေတယ်။ ငါတို့နောက်ကနေ မားမားမတ်မတ် ရပ်ပေးမယ့်လူ မရှိဖူး ဖြစ်နေတယ်။ ဟုတ်တယ်ကွ ဘယ်သူ့သွားတိုင်ရမှန်းငါလည်းမသိဖူး။တခုတော့ရှိတယ် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ထားတဲ့သူတိုင်းကို တပြည်လုံးကလူတွေကို အနီရောင် ပတ်စပုတ် တနှစ်ခံတဲ့ စာအုပ် လုပ်ပေးလိုက်ရင် ဒီပြဿနာ မရှိတော့ဘူးပေါ့ ဘာလို့ လ၀က က လုပ်မပေးချင်တာပါလိမ့် ၊ ထုံးစံအတိုင်း အပေါ်ကချထားတဲ့မူလို့ ပြောဦးမှာပါ။ ကိုယ့်နိုင်ငံသား ဒုက္ခရောက်တဲ့မူ ကိုဘာလို့ မပြင်ချင်ရတာလဲ တွေးလို့ကိုမရဖူးဖြစ်နေတယ်။ ဒီမူက မြန်မာအလုပ်သမားတွေကို သေတွင်းပို့နေတာကွ …”
ဟု ရှက်ရှက်ဖြင့်ဖြေလိုက်သံက အားမရှိတာသေချာသည်။

သူက မျှော်လင့်ချက်မရှိမှန်း အဖြေကိုသိပြီးသော ကျောင်းသားလို မျက်နှာပြင်က အပြောင်းအလဲမရှိ။ ထုံတေတေ ဝေေ၀ရီရီ။

“ရွာပြန်တာာပဲ ကောင်းပါတယ်၊ ဆရာရာနော …”
ဟုသူပြောရင်း ဆေးခန်းထဲမှ လေးပင်လေးကန်ထွက်သွားခဲ့လေသည်။
ထိုစဉ် တရုတ်နံပါတ်တပ်ထားသော ပရာဒိုပုံ ကားတစီး ဆေးခန်းရှေ့တွင်ထိုးရပ်လိုက်ပြီး ကားပေါ်မှ မောက်ကြွကြွ မာန်ထထ စိနငနဲတကောင် ဆေးခန်းထဲဝင်လာသည်။
ဆေးခန်းနံရံပေါ်က ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖနှစ်ယောက်က စိုက်ကြည့်နေသည်။

(Photo – Bo Han, Facebook, Migrant Workers ar Burma-China border)
Posted by MoeMaKa at 9:55 PM 0 comments  

Martyrs' Day at the Martyrs' Mausoleum in Rangoon

အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ပြု
ဓာတ်ပုံသတင်း
ဇူလိုင် ၁၉၊ ၂၀၁၂


ယနေ့နံနက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဂါရ၀ပြုသည်။
အခမ်းအနားသို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလည်း တက်ရောက်ခဲ့သည်။ (ဓာတ်ပုံများ - AP)









Posted by Moemaka at 9:16 PM 0 comments  

Thet Khine - today 65th Day


နှိုင်းရဲရမယ်
သက်ခိုင်၊ ဇူလိုင် ၁၉ ၊ ၂၀၁၂
ညီလေးရေ ...
ပေါင်မုန့်အတွက် တိုက်
လူမျိုးတသိုက် ခိုက်
အော် ...
ကိုယ်ကျိုးစီးပွား အတွက်
မမိုက်ပါနဲ့လား ကွယ်

အာဇာနည်နေ့ကွဲ့ ...
ဘာမထီတွေ တွေ့ကြမယ့်ပွဲ
ရဲရင် လှမ်းခဲ့
မှတ်တမ်းနဲ့ သမိုင်း
ယှဉ်ခိုင်း နှိင်းရဲရမယ်။

 (၁၉း၀၀)
(၁၇.၇.၁၂)
(ဓာတ်ပုံ။ ၂၀၁၂ ဇူလိုင် ၁၉ ၊ ပေါင်းတည်မြို့၊ အာဇာနည်နေ့ အလေးပြုရန် ချီတက်လာသော လူငယ်ကျောင်းသားများ၊ အောင်ပြည့်စုံအေး၏ ဓာတ်ပုံ၊ ဖေ့စ်ဘွတ်မှ)
Posted by MoeMaKa at 9:11 PM 0 comments  
Labels: PoemsThet Khine

Ashin Dhamma Piya - ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်


ပညာရေးမူဝါဒကို ပြန်လည်ပြုပြင်ပေးမည်ဆိုလျှင်
ဒေါက်တာဓမ္မပိယ၊ ဇူလိုင် ၁၉၊ ၂၀၁၂
          “ပညာရဲရင့် ပွဲလယ်တင့်” တဲ့။ မြန်မာတို့ရဲ့ ဆိုရိုးစကားပါ။ ဒီစကားနှင့်စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ပညာရဲရင့်လျှင် (သို့မဟုတ်) ပညာရှင်တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် ပွဲလယ်တင့်မည်လို့ ဆိုရိုးပြု ထားတဲ့စကားပါ။ ဒါပေမဲ့ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်မှာ မတင့်တယ်နိုင်သေးတဲ့အဖြစ်၊ မ၀င့်ထယ်နိုင် သေးတဲ့အဖြစ်ပါ။ ပညာအရည်အချင်းများ နည်းပါးနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများမှာ အလုပ်သမားဘ၀နဲ့ (များသောအားဖြင့်) ကျင်လည်နေကြရဆဲပါ။
          ဒီလိုဖြစ်နေရတဲ့အကြောင်းရင်းကို ရှာကြည့်တော့ သင်ကြားပို့ချပေးတဲ့ ပညာရေးစနစ်ကပဲ စနစ်မမှန် လို့လား။ ပြဋ္ဌာန်းပေးထားတဲ့ ဘာသာရပ်တွေကပဲ လွဲချော်နေလို့လား။ သို့မဟုတ် သင်ကြားပို့ချပေးသူများကပဲ သင်ကြားနည်းစနစ်များ မမှန်လို့လား။ တစ်ခုခုတော့ လွဲမှားနေလို့ဖြစ်မှာပါ။ ဒါဆိုရင် ပညာရေးစနစ်ကို ပြန်လည်ပြုပြင်ဖို့ (Education Reform လုပ်ဖို့) ဘယ်သူမှာ တာဝန်ရှိသလဲ။ အဖြေကတော့ ရှင်းနေတာပါ။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိနေတာပါ။
သို့သော် နိုင်ငံတော်က ပညာရေးစနစ်ကို ခေတ်နှင့်တန်းဝင်အောင် (သို့မဟုတ်) ခေတ်စနစ်နှင့်ညီအောင် ပြန်လည်ပြင်ဆင်ပေးခြင်းမျိုးကို ဥပဒေပြဋ္ဌာန်းပြီး ပြုလုပ်မပေးနိုင်သေးဘူး ဆိုလျှင် (“တောကြောင်တွေ လက်ခမောင်းခတ်”ဖို့ အခွင့်အရေးမျိုးသာ ဖြစ်နေဦးမှာပါ။ ဥပဒေနဲ့ပြဋ္ဌန်းပေး ထားတာမျိုးမဟုတ်သေးဘူးဆိုလျှင်) ပြည်သူတွေဖက်ကလည်း ဘာမှကူညီပေးနိုင်မည်မဟုတ်ပါ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကို တည်ထောင်နိုင်ရန် ပညာရေးအခန်းကဏ္ဍ၏ အရေးပါမှုကို နိုင်ငံတော်မှ လေးလေးနက်နက် စဉ်းစားနိုင်ဖို့ပါ။

မြန်မာပညာရေး နိမ့်ကျနေတာ လက်ခံနိုင်ရဲ့လား
          မြန်မာလူမျိုးများရဲ့ ပညာရေးအဆင့်အတန်းများ ဘယ်လောက်များ နိမ့်ကျနေလို့လဲ မျိုးချစ်ဝါဒီများက ပြန်လည်ခြေပကောင်း ချေပကြမှာပါ။ ရှည်ရှည်ဝေးဝေး မပြောလိုပါ။ မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်း စာမေးပွဲကို  အောင်မြင်ထားသူတစ်ယောက်က နိုင်ငံခြားတက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ပညာသင်ကြား လိုလျှင် (ဘယ်ဝင်ခွင့် စာမေးပွဲကိုမှ မဖြေရပဲ) လက်ခံနိုင်သောတက္ကသိုလ် ဘယ်နိုင်ငံမှာရှိသလဲ ပြောကြားဖို့ပါ။
          ချွင်းချက်ထား၍ ပြောရမည်ဆိုလျှင်တော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အချို့က ပညာရေးထူးချွန်သော မြန်မာနိုင်ငံမှ ကျောင်းသားတစ်ယောက်စ၊ နှစ်ယောက်စကို (၀င်ခွင့်မဖြေရပဲ) လက်ခံတယ်ဆိုတာကိုတော့ ကြားဖူးပါရဲ့။ ဒါမျိုးကတော့ အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဆယ်တန်းစာမေးပွဲတွင် တော့ပ်တင်း (top ten)၀င်ထားတဲ့ ကျောင်းသားမျိုး၊ ငါးဘာသာ၊ ခြောက်ဘာသာဂုဏ်ထူးရှင်ကျောင်းသားမျိုးကို ရွေးကောက် ခေါ်ယူထားတာဖြစ်လို့ မဆန်းဘူးလို့ ပြောလိုက်ခြင်းပါ။ ဒီအချက်ကိုလဲ သိထားဖို့ပါ။
          ပညာရေးဆိုတာ တစ်ဦးတစ်ယောက်တည်းဆိုင်တဲ့ကိစ္စ၊ မိသားစုတစ်စုတည်းဆိုင်တဲ့ကိစ္စမျိုး မဟုတ်ပါ။ ပညာရေးဆိုတာ နိုင်ငံသားအားလုံးအတွက်ပါ။ သို့သော် ပညာဆိုတာ ယူတတ်သူမှ ရတာပါ။ ရောင်းလို့၊ ၀ယ်လို့ရတဲ့ ရောင်းကုန်မျိုးမဟုတ်လေတော့ ပညာတန်ဖိုးကို တန်ဖိုးဖြတ်ပေးဖို့ မလွယ်ပါ။ ဒီလိုဆိုရင် ဘာ့ကြောင့် မြန်မာပြည်မှာ လူအချို့က “ပညာကို ငွေနဲ့ဝယ်မှ ရနိုင်တယ်” လို့ ပြောနေကြတာလဲ။ ပြောစရာပါ။ သူတို့စကားက ဘာကိုပြောချင်တာလဲ။ စဉ်းစားနိုင်ဖို့ပါ။ အဖြေကတော့ ရိုးရိုးစင်းစင်းလေး။ ပညာရေးမှာ ပြဋ္ဌာန်း ထားတဲ့ စနစ်မမှန်လို့ပါ။ 
          ဂရိခေတ်က ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ဆိုကရေးတီးစ်က ပညာကို အရောင်း အ၀ယ်မျိုးမဖြစ်ရအောင် ကျောင်းသားများကို ပညာဒါနပြုပြီး ပညာကို စေတနာနဲ့သင်ပေးခဲ့သူပါ။ ဒီတော့ အခကြေးငွေယူပြီး ပညာသင်ပေးတဲ့ ဆရာများအုပ်စုက ဆိုကရေးတီးစ်ဟာ ကျောင်းသားများ ဘုရားသခင် အပေါ်မှာ ယုံကြည်မှုတွေကို ဖျက်ဆီးနေသူ၊ ကျောင်းသားများရဲ့ စိတ်ဓာတ်များကို ဖျက်ဆီးနေသူရယ်လို့ စွဲချက်တင်ပြီး ရုံးတော်မှာ အစစ်အဆေးခံရတဲ့အထိဖြစ်ခဲ့တာ။ ရုံးတော်ရဲ့ဆုံးဖြတ်ချက်အရ နောက်ဆုံးပြစ် ဒဏ်က တိုင်းပြည်က ထွက်ခွာသွားချင်ရင်လည်းသွား၊ သို့မဟုတ် အဆိပ်သောက်၍ သေနိုင်ရင်လည်းသေ။ အဖြေက ဒီနှစ်မျိုးပါ။
 ဖေါက်ပြန်ရေးသမားမဟုတ်တဲ့ ဆိုကရေးတီးစ်က သူလုပ်နေတဲ့ အလုပ်ဟာ အမှားမဟုတ် ဘူးဆိုတာ ယုံကြည်ထားတာဖြစ်လို့ သူရဲ့စေတနာ၊ သူ့ရဲ့သစ္စာကို တိုင်းသူ၊ ပြည်သားတွေ တစ်နေ့နေ့တော့ သိလာမှာပါလို့ သက်သေထူပြထားခဲ့ချင်တဲ့အတွက် အဆိပ်သောက်ပြီး သေသွားခဲ့သူပါ။
          ပညာရေးစနစ်နှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုရမည်ဆိုလျှင် ပညာရေးစနစ်များ မှန်ကန်လျှင် ကျောင်းသား၊ ကျောင်းသူများ ကျူရှင်တက်ရန်မလိုပါ။ ကျောင်းသင်ခန်းစာ၊ အိမ်စာများနဲ့ပင် လုံလောက်ပြီး ကျူရှင်မလိုတဲ့စနစ်မျိုးပါ။ ဥပမာ၊ ပညာရေးစနစ်များ မှန်ကန်စွာ ကျင့်သုံးတဲ့ အနောက်တိုင်းနိုင်ငံများ၌ (အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံစသည့်နိုင်ငံများ၌) အခြေခံ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဘာသာ ရပ်များ၊ တက္ကသိုလ်ဘာသာရပ်များအတွက် ကျူရှင်တက်ဖို့မလိုပါ။

ကျူရှင်မလို ကျူတာတွေ လိုတယ်၊ ဘကတွေ လိုတယ်
သင်္ချာဘာသာရပ်တို့လို၊ သိပ္ပံဘာသာရပ် တို့လို၊ အင်္ဂလိပ်စာဘာသာရပ်တို့လို ဘာသာရပ်မျိုး၌ နားမလည်ရင် မေးမြန်းနိုင်ရန် ကျူတာများကို ထားပေး ခြင်းပါ။ သို့သော် ထိုကျူတာများကို စာသင်ပြပေးတဲ့အတွက် ကျူရှင်ဖိုးကို ကျောင်းသားက ပေးရန်မလိုပါ (ကျောင်းများ၊ တက္ကသိုလ်များက ပေးသည်)။ မြန်မာနိုင်ငံမှာတော့ ပညာရေးမှန်သမျှ (မူလတန်းပညာရေးက အစ) ကျူရှင်ခများကို ပေးနေရခြင်းပါ။ အစိုးရပိုင်ကျောင်းများမှာလည်း ဘာခ၊ ညာခနဲ့ ပိုက်ဆံပေးရ၊ ပညာရေးဝန်ထမ်းများကိုလည်း ဟိုအတွက်၊ ဒီအတွက် ပိုက်ဆံပေးရ၊ ကျူရှင်တွေမှာလည်း ကျူရှင်ခတွေပေးရမို့ မိဘများအတွက် ချောင်လည်လှသည်တော့ မဟုတ်ပါ။ မိဘချင်း ကိုယ်ချင်းစာနာနိုင်ဖို့ပါ။
          ပိုက်ဆံမတတ်နိုင်သူ ဆင်းရဲသားမိသားစုများမှ ပေါက်ဖွားလာရသော ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာကို အခမဲ့သင်ပေးသော ဘကကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)များလို ပညာဒါန ပေးသော ကျောင်းများ (အနည်းငယ်) ရှိနေသေးသည့်အတွက် တော်ပါသေးရဲ့ဟု နှလုံးသွင်းလျှက် စိတ်သက် သာရာ ရမိခြင်းပါ။ သို့သော် ဘကကျောင်းများမှာ ဆိုကရေးတီးကိန်းများ ဆိုက်နေ၍လားမသိ အခက်အခဲ များစွာနှင့် ကြုံတွေ့နေရခြင်းပါ။
 ပိုက်ဆံမတတ်နိုင်၍ ဘုန်းတော်ကြီးသင်ကျောင်းများ၌ တက်ရောက်ပညာ သင်ကြားနေရသော ကိုးတန်း၊ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအား နှစ်ကျမဟုတ်ခဲ့လျှင် ပညာရေးမှူး များမှ အပြင်ဖြေခွင့်ကို ခွင့်ပြုမပေးနိုင်တာမျိုးတို့ပါ။ (သို့သော် အချို့မြို့နယ်များ၌ ဖြေခွင့်ပြုပြီး၊ အချို့မြို့နယ်များ၌ ဖြေခွင့်မပြုနိုင်တာမျိုးပါ။) ဘာကြောင့်နည်း။ အဖြေက ပညာရေးစနစ်မမှန်ကန်လို့ပါ။ ဒီအဖြေပဲ ထွက်တာပါ။  
          ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို နိုင်ငံတော်အစိုးရမှ အထက်တန်းကျောင်းများအဆင့်သို့ တိုးမြှင့်ပေးရတာမျိုးကို ဘာ့ကြောင့် တာဝန်တွေ ကြီးလေးနေရသလဲဆိုတဲ့အချက်။ နိုင်ငံပိုင်ကျောင်းများ၌လည်း ထ-တွဲများ တွဲပေးမည်ဆိုလျှင် တွဲပေးနိုင်ပါလျက် ကျောင်းအုပ်များမှာ အကြောက်တရားများ မကင်းနိုင်သေး၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား ထ-တွဲကျောင်းများ ပြုလုပ်မပေးရဲတဲ့အချက်။ ဒီအချက်တွေ ကြောင့် နိုင်ငံနဲ့လူမျိုးအတွက် အများကြီး နစ်နာနေတာပါ။ ဒါတွေကို နိုင်ငံတော်က သတိမူနိုင်မည်မဟုတ်ပါ။
          ပညာလိုချင်ပါလျှက် ပညာရရေးအတွက် စာမေးပွဲများကို အပြင်ဖြေဆိုခွင့် မရရှာကြသော ကျောင်း သား၊ ကျောင်းသူများအတွက် နစ်နာနေခြင်းပါ။ ကျောင်းသား၊ ကျောင်းသူများ နစ်နာနေခြင်းအတွက် တိုင်းပြည် မှာလည်း နစ်နာနေခြင်းပါ။ ထို့ကြောင့် နိုင်ငံတော်မှ ပညာရေးအတွက် ဥပဒေများကို ပြန်လည်ပြင်ဆင် ပေးမည် ဆိုလျှင် အပြင်ဖြေကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရေးနှင့် ဘကကျောင်းများကို အထက်တန်း ကျောင်းများ (သို့မဟုတ်) အထက်တန်းကျောင်းခွဲများ ဖွင့်လှစ်ပေးနိုင်ရေးကိုပါ စဉ်းစားပေးနိုင်ကြဖို့ပါ။       

ပညာရေးအားနည်းလို့ အကြမ်းဖက်သူတွေ အားကောင်းနေတာ
          ယနေ့ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေတဲ့ ပြည်နယ်များမှ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေဟာ မဖြစ်သင့်တင့်အရာတွေပါ။ လူမျိုးစုအတွက် တိုက်ပွဲဝင်နေခြင်းပါလို့ အကြောင်း ပြပြီး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ လူမှုရေးတွေကိုဖျက်ဆီးနေခြင်းပါ။ ဆူပူအကြမ်းဖက်မှုတွေကို ဖန်တီးနေ ခြင်းပါ။ ငြိမ်းချမ်းစွာနေလိုသူတွေကို တိုက်ခိုက်နေခြင်းပါ။ ဒီဖြစ်ရပ်တွေကို ကောက်ချက်ချကြည့်ရင် အဓိက အကြောင်းရင်းက ပညာရေးအားနည်းခြင်းကြောင့် ဖြစ်နေရခြင်းပါ။ သူ့အခွင့်ရေးလား၊ ကိုယ့်အခွင့်ရေးလား ဆိုတာ နားမလည်နိုင်တာပါ။ မှန်မှန်ကန်ကန် မတွေးတောနိုင်တာပါ။ အကျိုးအကြောင်း ဆီလျော်အောင် မစဉ်းစားနိုင်တာပါ။ ဒါတွေဟာ ပညာရေးအားနည်းခြင်းရဲ့ အဓိကအကြောင်းရင်းတွေလို့ ဆိုရမှာပါ။
တစ်ချိန်တစ်ခါတုံးက ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို အကာအကွယ် မပေးနိုင်တဲ့ အစိုးရမျိုးမို့ တစ်တိုင်းပြည်လုံးအုံကြွပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတာ။ ဒီမိုကရေစနစ်ကို တိုင်းပြည်မှာ ကျင့်သုံးနိုင်ဖို့ စုပေါင်းတောင်းဆိုခဲ့ကြတာ။ ဒါတွေကို ပြည်သူတွေ သိထားပြီးသားပါ။
          သို့သော် အခုအချိန်မှာ ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို အကာအကွယ် ပေးနိုင်တဲ့ ဒီမိုကရေစီးအစိုးရဆိုတာ ရှိလာပြီ။ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ပြည်သူ၊ ပြည်သား တွေကိုပါ ပါဝင်ကူညီကြပါလို့ တိုင်းသိ၊ ပြည်သိ အတင်းအလင်း ထုတ်ဖေါ်ပြောဆိုထားပြီးပြီ။ ဒီတော့ ပြည်သူ၊ ပြည်သားတွေအားလုံး၊ ပြည်နယ်အသီးသီးရှိ လူမျိုးစုများ အားလုံးကပါ ပူးပေါင်းပါဝင်ကြဖို့ပါ။ ငြိမ်းချမ်းစွာ နေလိုတဲ့ပြည်သူ၊ ပြည်သားတွေကို ကိုယ်တိုင်က ငြိမ်းချမ်းစွာနေခြင်းဖြင့် ပါဝင်ကူညီ စောင့်ရှောက်နိုင်ကြဖို့ပါ။
          “မိမိကိုယ်ကို ချစ်လျှင် (ဆူပူမှု၊ အကြမ်းဖက်မှု အကုသိုလ်တရားတွေ မဖြစ်ရအောင်၊ စိတ်မှာ ငြိမ်းချမ်း စွာဖြင့် ကုသိုလ်တရားတွေ တိုးပွားအောင်) မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ရာ၏” (ဓမ္မပဒ ၁၅၇)။ ဘုရား ဟော တရားတစ်ပုဒ်ပါ။
ကျယ်ပြန့်တဲ့အဓိပါယ်ကို အနည်းငယ်ရှင်းပြပါရစေ။ စောင့်ရှောက်ခြင်းဆိုသည်မှာ- သီလဖြင့်စောင့်ရှောက်ခြင်း၊ သမာဓိဖြင့်စောင့်ရှောက်ခြင်း၊ ပညာအသိဖြင့်စောင့်ရှောက်ခြင်းရယ်လို့ စောင့် ရှောက်ခြင်း သုံးမျိုးရှိနေခြင်းပါ။ ဘ၀တန်ဖိုးကို သိထားတဲ့သူတွေဟာ လူသားတို့ရဲ့ ဂုဏ်သိက္ခာတန်ဖိုးတွေကို ပျက်စီးစေနိုင်တဲ့ အကုသိုလ်ဒုစရိုက်တွေကို ပြုရမှာ ကြောက်ကြတာ။ ပညာတတ်ပေါများတဲ့ နိုင်ငံများမှာ မှုခင်း တွေ နည်းပါးတယ်ဆိုတာ ဒီသဘောပါ။
ဗုဒ္ဓ္ဓဘာသာကျင့်စဉ်အရ သမာဓိအလေ့အကျင့်က စိတ်ကို ငြိမ်းချမ်း စေခြင်းပါ။ ပညာအလေ့အကျင့်က ဆူပူအကြမ်းဖက်မှုတွေကို ဖြစ်ခွင့်မရအောင် အသိပညာနှင့် ကာကွယ်ပေး ခြင်းပါ။ တိုင်းပြည်ကို မငြိမ်မသက်မှုတွေဖြစ်အောင် ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်ပေးခြင်းမျိုးဟာ ဒီမိုကရေစီ ကျင့်ထုံးတွေ မဟုတ်ဘူးဆိုတာ ပြည်သူတွေသိကြဖို့ပါ။ ထိုသို့ပြုလုပ်နေခြင်းဟာ များသောအားဖြင့် ပညာရေး အားနည်းသူတွေဖြစ်ပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးမှာ အသိတရားတွေ လွဲချော်နေခြင်းပါ။ 

ဘကတွေကို အားပေးပါ
          ထို့ကြောင့် မြန်မာနိုင်ငံ၌ မွေးဖွားသော ကျောင်းသား၊ ကျောင်းသူတိုင်း အထက်တန်းပညာများကို မသင်မနေရ ပညာရေးမျိုး အဆင့်ထိရောက်အောင် ပြည်သူများကပါ ၀ိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ပါ။ မူလွန်များကို အလယ်တန်းကျောင်းအဆင့်ဖြစ်အောင်၊ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်းများ ဖြစ်အောင် တိုးမြှင့်ပေးကြရမှာပါ။ နိုင်ငံနှင့်လူမျိုး ပညာရေးအဆင့်အတန်းများ နိမ့်ကျမသွားရအောင် သမိုင်း တစ်လျှောက်လုံး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍများကိုလည်း ပြန်လည်သုံးသပ်နိုင် ကြဖို့ပါ။ ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် ပြည်သူများနှင့်အတူ အမျိုးသားပညာရေးအတွက် အစဉ် ကျိုးပမ်းဆောင်ရွက်ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေး(ဘက)ကျောင်းများကိုပါ တိုးမြှင့်ပေးဖို့ပါ။ မူလတန်း ကျောင်းများကို အလယ်တန်းကျောင်းအဆင့်၊ မူလွန်ကျောင်းများကို အထက်တန်းကျောင်းများအဆင့် တိုးမြှင့် ပေးနိုင်ကြဖို့ပါ။
          ဘကကျောင်းများ၏ အနေအထားများမှာ အစိုးရထံမှ အထောက်ပံ့မယူဘဲ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဘကကျောင်းများကို ဖွင့်လှစ်ထားရခြင်းပါ။ ဆင်းရဲသော ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်း ပညာများကို ဆက်လက်သင်ယူနိုင်ရန် ပညာဒါနပြုပေးသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုသာ အားကိုးပြု၍ ကျောင်းတက်နေကြရသူတွေပါ။ ထို့ကြောင့် (ငွေကြေးစွမ်းနိုင်သော) ဘကကျောင်းများကို အလယ်တန်းကျောင်းများအဆင့်၊ အထက်တန်းကျောင်းများအဆင့်သို့ တရားဝင် တိုးမြှင့်ပေးခြင်းဖြင့် နွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို အားပေးကူညီရာ ရောက်နိုင်မှာပါ။ “ပညာမြင့်မှ လူမျိုးတင့်မည်”ဆိုလျှင် ဘယ်နည်းနှင့်ပဲမြင့်မြင့် မြင့်ဖို့က အဓိကမဟုတ်ပါလား။ 

မူလ၊ အလယ်၊ အထက်တန်း သီးခြားကျောင်းကိုယ်စီ
          နောက်တစ်ခု အကြံပြုပြောကြားလိုသည်မှာ အမေရိကန်နိုင်ငံစသော တိုးတက်ပြီးသော တိုင်းပြည် များ၌ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများကို အတန်းပေါင်းစုံ စုပေါင်း ထားတဲ့စနစ်ကို မကျင့်သုံးပဲ သီးသီးသန့်သန့် ထားတဲ့စနစ်ကို ကျင့်သုံးကြခြင်းပါ။
ဥပမာ၊ မူလတန်းကျောင်းကို အလယ်တန်း၊ အထက်တန်းတို့နှင့် ရောမထားပဲ မူလတန်းသက်သက်။ အလယ်တန်းကျောင်းဆိုလဲ အလယ် တန်းသက်သက်၊ အထက်ကျောင်းဆိုလဲ အထက်တန်းကျောင်းသက်သက် ထားတဲ့စနစ်မျိုးပါ။ အကျိုးတရား အနေနဲ့ ကျောင်းသား၊ ကျောင်းသူများ အရွယ်ညီ၍ ထိန်းသိမ်းရာ၌ လွယ်ကူခြင်း၊ သင်ကြားပေးသောဆရာ၊ ဆရာမများအတွက် ကျောင်းသင်ခန်းစာများကို သင်ကြားရာ၌ အရွယ်ရောက်နေကြပြီဖြစ်သော ကျောင်းသား၊ ကျောင်းသူများကို ဆိုက်ကို (စိတ်ပညာ)သုံး၍လည်းကောင်း၊ ပညာပေးသင်ခန်းစာများကို သုံး၍လည်းကောင်း၊ ဘ၀ရည်မှန်းချက်များ ခိုင်မာလာအောင် အားပေးတိုက်တွန်း၍လည်းကောင်း ပညာသင်ကြားရေးစနစ်ကို  တိုးမြှင့်ပေးနိုင်၍ အကျိုးကျေးဇူးမျာစွာရှိကြောင်း သုတေသီတို့က အဆိုပြုထားခြင်းပါ။   
ပညာရေးသည် ငြိမ်းချမ်းရေး ဖြစ်ပါတယ်
          စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ဖို့ ပညာရေးဟာ မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေး ရောင်ခြည်ပါ။ လွန်ခဲ့ရက်အနည်းငယ်ခန့်က သမ္မတကြီးကိုယ်တိုင် တိုင်းပြည်ကို ပြောကြားသွားတဲ့မိန့်ခွန်းထဲမှာ စီးပွားရေး၊  ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်များ လုံလောက်စွာ ရရှိနိုင်ရေးကအစ မြေပေါ်မြေအောက် သယံ ဇာတများကို စနစ်တကျ ခွဲဝေသုံးစွဲရေးများအထိ တိုင်းသိ၊ ပြည်သိ မိန့်ခွန်းပြောကြားခြင်းကို ကြားသိလိုက်ရ၍  တိုင်းပြည်အတွက် အားတက်နေမိခြင်းပါ။
သမ္မတကြီးတင်ပြသွားသော အချက်အလက်များကို စနစ်တကျ အကောင်အထည်ဖေါ်နိုင်ဖို့ ကျောင်းသင်ခန်းစာများနှင့်ဆက်နွယ်သော ပညာရေး (Academic Education) မျိုးနှင့် ပြည်သူ့ရေးရာမူဝါဒများ၊ နိုင်ငံတော်မှ ဥပဒေပြုပြဋ္ဌာန်းပေးထားသော နိုင်ငံသားကောင်းတို့ သိသင့်၊ သိ ထိုက်ပြီး၊ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းဥပဒေများကို သင်ကြားပို့ချပေးခြင်း၊ အဆင့်ဆင့် ပညာပေးခြင်းစတဲ့ စီဗစ်ခ် အက်ကျူကေးရှင်း(Civic Education) မျိုးကို တိုင်းသူပြည်သူများအား သိစေဖို့ပါ။ သင်ကြားပေးနိုင်ဖို့ပါ။
          ပညာတတ်တွေ ပေါများလာအောင် အစိုးရကျောင်းတွေ၊ နိုင်ငံတကာအဆင့်မှီ ပုဂ္ဂလိကကျောင်းတွေ (ပုဂ္ဂလိကကောလိပ်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများ)ကို ဖွင့်လှစ်ပေးနိုင်ဖို့ပါ။ လူငယ်လူရွယ်တိုင်းကို ကျောင်းသင်ခန်းစာများနှင့် ပျော်ပိုက်နိုင်အောင် ဆွဲဆောင်ခြင်း၊ ပညာသင်ကြား၍ရရှိလာသော တက္ကသိုလ် ဒီဂရီ များအတွက် ဂုဏ်ပြုအသိအမှတ်ပြုခြင်း (Credit ပေးခြင်း)၊ အလုပ်ခွင်၌ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ လစာကို တိုးမြှင့်ပေးထားခြင်း-စတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အာမခံချက်အချို့ကို ပေးနိုင်တဲ့ အစီအစဉ်များကို ရေးဆွဲပေးနိုင်ဖို့ပါ။ ထိုသို့ပြုလုပ်ပေးမည်ဆိုလျှင် ကမ္ဘာ့အလယ်၌ မြန်မာလူမျိုးများ၏ ပညာ ရေးသည် “ပညာရဲ့ရင့် ပွဲလယ်တင့်” နိုင်လာမည်ဖြစ်ကြောင်း ရေးသားတင်ပြရခြင်းပါ။ ချမ်းသာစွာ အိပ်စက် နိုင်ကြပါစေ။

Posted by MoeMaKa at 4:48 PM 0 comments  

Saw Ngo - ဟိုကောင်တွေကို လားပင်စင် ပေးပါ့မယ်

ကာတွန်း စောငို - ဟိုကောင်တွေကို လားပင်စင် ပေးပါ့မယ် 
ဇူလိုင် ၁၉၊ ၂၀၁၂
Posted by Ko Oo at 3:37 PM 0 comments  
Labels: Cartoon BoxSaw Ngo

Design Ko Myoe - 65th Anniversary of Burma's Martyrs' Day


ဂရပ်ဖစ်ဒီဇိုင်း ကိုမျိုး - ၆၅ နှစ်မြောက် အာဇာနည်နေ့ ပိုစတာ
ဇူလိုင် ၁၉၊ ၂၀၁၂
Posted by MoeMaKa at 3:16 PM 0 comments  

Burmese song in Singapore


စင်ကာပူရောက် မြန်မာပြည်သားများ စုပေါင်း သီဆိုထားကြသည့် ဗိုလ်ချုပ်အောင်ဆန်းသီချင်း
ရုပ်သံ
ဇူလိုင် ၁၈၊ ၂၀၁၂

http://2.bp.blogspot.com/-_ixjiyUJryU/UAbq1uinWjI/AAAAAAAAYWE/07OOVSFOBaE/s1600/burmese%2Bin%2Bsingapore.jpg


ဗမာသူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း) 
တေးရေး-သဟာယ ဆရာတင် 

(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်) ၂

ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကိုရှိဖို့ မွေးရမယ်။
သြော်...ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။

သံပြိုင်။ ။(ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ၂
တိုင်းပြည်အကျိုး စွန့်ခဲ့တယ် များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

အာရှနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။
နေမျိုးသာကီ ဗမာပြည်လက်ရုံး၊ ကမ္ဘာ့နိုင်ငံလုံး၊ ထင်ပေါ်စေတယ်၊
စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ပြောင်တယ်။
တကယ်ပင် သတိုးမဟာ ဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်၊ သားကောင်းများလို့ ခေါ်ရလောက်ပေမယ်၊
ဥဒါန်းတွင်စေမယ်...ဗမာသူရဲကောင်း အပေါင်းတွေရယ်...။

သံပြိုင်။ ။(ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ၂
တိုင်းပြည်အကျိုး စွန့်ခဲ့တယ် များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။



Posted by Moemaka at 9:47 AM 0 comments  
Labels: song

Thiha Maung Maung - 65th Martyr's Day Postcard

၆၅ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ
ဒီဇိုင်း - သီဟမောင်မောင်
ဇူလိုင် ၁၈၊ ၂၀၁၂

Posted by Aung Htet at 7:42 AM 0 comments  

Letter to Moemaka

ဟင်္သာတမြို့ အကျဉ်းဦးစီး ထောင်ပိုင်ကြီး၏ အကျင့်ပျက်ချစားမှုကို အရေးယူပေးပါ (မိုးမခပေးစာ)
ဆွေမင်းထက်
ဇူလိုင် ၁၈၊ ၂၀၁၂


အင်္ဂပူမြို့နယ်နေ ကိုသန်းထွန်းဆိုသူသည် ယုံသလင်းတွင် လောင်းကစားပြုနေချိန်တွင် ဟင်္သာတခရိုင် ဓနရဲအုပ် ကိုမြင့်ခိုင်နှင့်အဖွဲ့မှ သက် သေခံများနှင့်အတူဖမ်းဆီးပြီး ဟင်္သာတအကျဉ်းထောင်တွင် ထောင် (၉) လ ချခံခဲ့ရပါသည်။ ထောင်ထဲတွင် သက်သက်သာသာနေနိုင်ရန်အ တွက် ငွေသား သိန်း (၂၀) နှင့် သူပိုင် ဗင်ကားကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ အကျဉ်းဦးစီးဌာနမှ ထောင်ပိုင်ကြီး ဦးလှသိန်းထွန်းစီး ဖို့ပေးထားရပြီး ထောင်ကလွတ်မှ ပြန်ယူမယ်လို့ သိရပါတယ်။

ထောင်ထဲမှာ အလုပ်မလုပ်ချင်သည့်သူများ၊ အစိုးရဌာနနှင့် ပိုင်သည့်သူများ၊ လူကုံထန်အသိုင်းအ၀ိုင်းထဲမှ သူများသည် ထောင်ထဲတွင် သက်သက်သာသာနေချင်လျှင် တလကို ငွေ ၅၀၀၀၀ ပေးရပါတယ်။ မပေးနိုင်တဲ့သူများကတော့ ထောင်ပတ်လည် မြက်တွေနှုတ်၊ အိမ်သာ ဆေး၊ စိုက်ခင်းထဲဝင်၊ အိမ်ကလာတွေ့သည်တောင် မှတ်ပုံတင်ပြ ဟိုရစ် ဒီရစ်နှင့် ပေးနိုင်သည့်သူများကျတော့လည်း ဘာမှမလုပ်ရပဲ အေး အေးဆေးဆေး နေရပါတယ်။

ပေးနိုင်ကမ်းနိုင်သည့် ကိုသန်းထွန်းဆိုသူက ထောင်ဓမ္မာရုံထဲတွင် အပြင်အ၀တ်အစားနှင့် အိမ်က မိန်းမတောင် ထောင်ထဲ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်လို့ရပါတယ်။ ညဘက်ဆိုလည်း ထောင်ထဲတွင် မအိပ်ရဘဲ ထောင်ပိုင်ကြီးအိမ်မှာ လာနေခိုင်းထားပါတယ်။ အပြင် ကိုလည်း ထွက်ခိုင်းပါတယ်။ ထောင်အ၀တ်အစားတောင်မ၀တ်ရဘဲ ရိုးရိုးအ၀တ်အစားနှင့်ပါ။ ကျန်တဲ့ပိုက်ဆံမပေးနိုင်တဲ့အကျဉ်းသားများအတွက် အများကြီးနစ်နာလှပြီး ဒီမိုကရေစီစနစ်ဆီဦးတည်နေတဲ့ခေတ်ကြီးမှာ လာဘ်စားနေသည့် ၀န်ထမ်းအချို့ကို ထိထိရောက်ရောက် အရေးယူပေးပါရန် သမတကြီးသိစေပါရန် တင်ပြအပ်ပါတယ်။

ဟင်္သာတ အကျဉ်းဦးစီးဖုန်း (ရုံး) ၀၄၄ ၂၁၀၁၀၊ (အိမ်) ၀၄၄ ၂၁၀၁၁ ကို ဆက်သွယ်မေးမြန်းလို့ရအောင် ထည့်ပေးလိုက်ပါတယ်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives




--



 






Reply all
Reply to author
Forward
0 new messages