Fwd: သစ်ထူးလွင်
58 views
Skip to first unread message
truely white
unread,
Jun 1, 2012, 8:57:57 AM6/1/12
to jeffy...@googlegroups.com
2012/5/31 Kyi Lwin <kyi.k...@gmail.com>
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/5/31
Subject: သစ်ထူးလွင်
To: kyi.k...@gmail.com
သစ်ထူးလွင်
၂၁ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ရုပ်/သံ-ဓါတ်ပုံ)
Posted: 31 May 2012 03:38 AM PDT
၂၁ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် မှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ဓါတ်ပုံ)
ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို (ရုပ်/သံ)
Posted: 31 May 2012 03:33 AM PDT
မြန်မာဟာ အာဆီယံအတွက် အရေးပါတဲ့အဖွဲ့ဝင်နိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတာကိုလဲ အာရှသာမက ကမ္ဘာ့နိုင်ငံတွေကပါ ကြိုဆိုပါကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စူဝန်က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် မေ၃၁ မြင်ကွင်းတွေကို ဦးပီတာအောင်က တိုက်ရိုက်သတင်းပေးပို့ ထားပါတယ်။ (ရိုက်ကူး ကိုသက်)
ဒီဗွီဘီ
ဓါတ်ပုံ (AP)
ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေး
Posted: 31 May 2012 03:19 AM PDT
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
- ရွေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးများ ထိုင်းကျောင်းများသို့ တက်ခွင့်ရရေး
- လက်မှတ်မရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စ
- အလုပ်ရှင်များက လုပ်သားများ၏ ပတ်စပို့စ်များကို သိမ်းထားခြင်း ကိစ္စ
- အလုပ်ရှင်များမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိပါက တာဝန်ယူကုသပေးရန်
အစရှိသည်တို့ကို ဆွေးနွေးပြောကြားသွားကြောင်း အတူလိုက်ပါနားထောင်ခွင့်ရခဲ့သည့်
ထိုင်း သတင်းထောက် Natty Tangmeesan က သတင်းပေးပို့ပါသည်။
Nobel Peace Prize winner Aung San Suu Kyi and Deputy Prime Minister of Thailand ... Police Captain Dr. Chalerm Yubamrung discuss about Burmese migrant workers & refugees issues and how to improve their lives, during that meeting Chalerm said ASSK: children of migrant workers can enter Thai schools.
Chalerm promises to DASSK to do his best to help Burmese migrant workers.
Thai duty prime minister explain that, Burmese migrant workers in TH are around 2 millions but only 800,000 documented.
The government approved 30 baht health fund & 300 baht daily minimum wage for documented migrant workers.
ASSK: asked what about the undocumented workers?
Chalerm answered MM govt needs to verify 1.2 mil undocumented ones.
ASSK: told Chalerm : problems are 1. employers take migrant's passports
2. if injured while working, employers don't pay for doctors.
ASSK: asked Chalerm to make sure that employers take care of their migrant employees.
quoting cover conversation by Thai Reporter (Natty Tangmeesan)
သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်
Posted: 31 May 2012 03:08 AM PDT
မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။
အောင်ဇော် - ပေါ်ပြူလာဂျာနယ်
မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ
Posted: 31 May 2012 01:40 AM PDT
ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။
ဆန္ဒပြသူများသည် နယ်မှ စက်လှေများနှင့် ရမ်းဗြဲမြို့သို့ ချီတက်လာပြီး မြို့ခံ လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန် တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူတွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"
ဒုတိယ တောင်းဆိုချက်ကိုလည်း သူက ယခုလို ပြောကြားသည်။
"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလို ကြီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။
ရမ်းဗြဲ ပြည်သူများ ဆန္ဒပြ တောင်းဆိုသော မေလ ၃၀ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် တစ်ခြား လူကြီးများ လူသတ်မူ ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိနေသဖြင့် တစ်ခြား မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိုသူများက ပြည်သူများ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည် ဟု ကတိပြုခဲ့ကြောင်း သူက ဆိုသည်။
" အာဏာပိုင်တွေဘက်က တုန့်ပြန် ပြောကြားတာက ဒေသအတွင်းက အရပ်လူကြီး ၅ ဦးနဲ့ ဖမ်းထားတဲ့ သူတွေဟာ လူသတ် တရားခံတွေကို တွေ့ပေးမယ်။ ကျန်တဲ့ တောင်းဆိုချက်တွေကိုလည်း နောက်ပိုင်းမှာ ဖြေရှင်းပေးမယ်ဆိုပြီး ပြောပါတယ်" ဟု သူက ဆက်ပြောသည်။
နယ်မှ တက်လာသူ လူပေါင်း ၂၀၀ ခန့်သည် သူတို့ တောင်းဆိုချက် ပြည့်ဝစွာ မရရှိသဖြင့် နယ်သို့ မပြန်ကြသဖြင့် ရမ်းဗြဲ အထက်တန်းကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။
" ကျွန်တော်တို့ ဆန္ဒ မပြည့်ဝဘူးလို့ ထင်ပါတယ်။ တောင်းဆိုတာတွေကို အပြည့်အ၀ မရသေးဘူး။ လူကြီးတွေလည်း မရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် လိုအပ်ရင် ဆက်လက် ဆန္ဒပြဖို့ ရွာကို မပြန်ဘဲ ဒီမှာ (ရမ်းဗြဲ)မှာ နေနေတာ ဖြစ်ပါတယ်" ဟု ကျောက်နီမော် ဒေသခံ တစ်ဦးက ပြောသည်။
ရမ်းဗြဲ ကျောက်နီမော် ဒေသတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ယခု လူသတ်မူ မဖြစ်ခင်ကတည်းက အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့် တိုင်ကြားမူများ ရှိခဲ့သော်လည်း ပိုက်ဆံ ယူပြီး အရေးမယူဘဲ နေခဲ့ကြောင်း၊ သို့အတွက် ယခုလို ပြစ်မူကြီးများ ဆက်လက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကာ ရဲအရာရှိများကို အထူး ပြစ်တင် ဝေဖန်လျှက် ရှိကြောင်း ကျောက်နီမော် ဒေသခံ ပြောဆိုသည်။
ကျောက်နီမော်ရဲစခန်းသို့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖုံးလိုင်းမကောင်းဘူး၊ ဘာမှ မကြားရဘူး စသဖြင့် ပြောဆိုပြီး ဖုံးကို ချ ချသွားခဲ့သည်။
ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ် သင်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် မေလ ၂၈ ရက်နေ့က ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား မေလ ၃၀ ရက်နေ့က သဂြိုလ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။
မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ
Posted: 31 May 2012 01:32 AM PDT
မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။
လူသတ်မှုဖြစ်နေ
ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး  ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။ ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ  ထားခဲ့တယ်။ နောက်တော့ အပေါ်ပြန်တက်ပြီး ပြန်ထွက်သွားတယ်လို့ ခန့်မှန်း၇တယ်။ အသေးစိတ်အားလုံးပြောလိုက်ရင် တရားခံပြေးမယ့်လမ်းကြောင်းကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာ ။ တစ်ခုခုကျူးလွန်ခံထားရတာတွေတော့ မရှိဘူး။ မှုခင်းဆေးပညာအရ ခွဲစိတ်တော့မျ သေချာပြောလို့ရမှာ။  မရှိတာတော့ သေချာဖို့များတယ်။ အသတ်ခံရပြီးမှ မီးလောင်တဲ့သဘော၊ ဓားက ဦးခေါင်းခွံကို ခုတ်ထားတာက သေစေတဲ့အကြောင်းရင်းပဲ။ လူသတ်မှုပဲ၊ ပုဒ်မ ၃၀၂ပဲ၊ ဒီထက်ပိုတာလည်းရှိကောင်းရှိနိုင်တယ်´´ဟု ဒုတိယတိုင်းရဲတပ်မှူးက သတင်းသစ်သို့ ပြောပြခဲ့သည်။
ပြောင်းလာတာ တစ်ပတ်တည်းရှိ
´´လောလောဆယ်တော့ အတိအကျပြောလို့မရသေးဘူး။ ကိုယ်တစ်ခြမ်းလောင်သွားတယ်။ လူနာကသေပြီးသားကို မီးလောင်တာလို့ထင်ရတယ်။ မိသားစုဝင် ငါးဦးရှိတယ်။ အငယ်ဆုံးသမီးပါ။ မြို့ထဲကပဲ လမ်းမတော်ကို ပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခင်းဖြစ်တဲ့အချိန်မှာ မိသားစုဝင်တွေမရှိဘူး။ တိတိကျကျကိုတော့ မှုခင်းဆရာဝန် စစ်ချက်ထွက်လာပြီးမှပဲ သိရမယ်´´ဟု သေဆုံးသူ၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဒေါက်တာ ဆေးခိုင်က ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက၍ နံနက် ၁၁နာရီ ၄၅မိနစ်တွင် မီးလောင်ကြောင်း မီးသတ်စခန်းသို့ အကြောင်းကြားမှုကြောင့် နံနက်၁၁နာရီ ၅၃မိနစ်တွင် မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်လေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းတည် ၁၂နာရီ ၁၀မိနစ်တွင် မီးငြိမ်းသွားကြောင်း မီးလောင်မှုကြောင့် စောင်တစ်ထည်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာတစ်ချပ်သာလောင်ကျွမ်းခဲ့ပြီး ငွေကျပ်ငါးထောင်ဖို့ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ အခင်းဖြစ်ရာသို့ မှုခင်းထောက်လှမ်းရေး(CID)မှ အဖွဲ့ဝင်များ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ခရိုင်မြို့နယ်စခန်းမှူးများက လာရောက်စစ်ဆေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ အဖြစ်မှန်ကို လမ်းမတော်ရဲစခန်းနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဆဲဖြစ်ပြီး တရားခံ မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နေဆဲဖြစ်သည်ဟု သိရသည်။
အမှုအား သက်ဆိုင်ရာက (ပ)၁၃၀/၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၀၂/၄၃၆/၂၀၁၂/၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။ အလောင်းအားရန်ကုန်ဆေးရုံကြီးမှ ပီအာရ် ၉၆ဖြင့် လက်ခံထားရှိသည်။ သေဆုံးသူမှာ မစုစန္ဒီအောင် အသက်(၁၆)နှစ်ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးရာတွင် အခင်းဖြစ်နေအိမ်မီးဖိုချောင်မှ ကော်အရိုးတပ် အရိုးအသွား ၁၂လက်မ ဓားတစ်ချောင်းနှင့် နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း(၁၄)မျိုး၊ ကာလတန်ဘိုး ကျပ်(၁၀၄၅၀၀၀၀)ခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။
The First News Journal
ရဲတပ်ကြပ် တစ်ဦးရိုက်နှက်မူကြောင့် ဒေသခံ လူကြီးတစ်ဦး ခေါင်းကွဲ၊ ငါးချက် ချုပ်ရ
Posted: 30 May 2012 08:03 PM PDT
ရဲ ဒုတပ်ကြပ် အဆင့် ရှိသူ တစ်ဦး၏ ရိုက်နှက်မူကြောင့် တောင်ကုတ်မြို့နယ်မှ အသက် ၅၅ နှစ်ရှိ လူကြီးတစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် ငါးချက်တိတိ ချုပ်လိုက်ရကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။
 ဦးခေါင်းမှ ချုပ်ဒဏ်ရာနှင့် ဦးထွန်းနု
ရဲဒုတပ်ကြပ်၏ ရိုက်နက်၍ ဦးခေါင်းကို ငါးချက်တိတိ ချုပ်လိုက်ရသူမှာ တောင်ကုတ်မြို့နယ် ပေါက်ပြင် ကျေးရွာမှ ဦးထွန်းနု ဖြစ်သည်။
အဆိုပါ သတင်းကို လက်ခံ ရရှိပြီးနောက် ကာယကံရှင် ဖြစ်သူ ဦးထွန်းနုကို နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ သူအရိုက်ခံရပုံနှင့် ပတ်သက်၍ ဦးထွန်းနုက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။
" ဒီလ ၂၆ ရက်နေ့က ကင်းတောင် ရဲစခန်းမှူးရဲ့ ခေါ်ယူချက် အရ အဲဒီ စခန်းကို သွားပါတယ်။ ရဲကင်းကို ရောက်တဲ့ အခါ ရဲစခန်းမှူး မရှိပါ ။ အရက်သောက်နေတဲ့ ဒုတပ်ကြပ် ခင်မောင်ညွန့်ကို တွေ့ပါတယ်။ အဲဒီ အချိန်မှာဘဲ ဦး မှတ်ကြီးဆိုသူ ရောက်လာပါတယ်။ ဦးမှတ်ကြီးဆိုသူက ကျွန်တော် နွားမွေးစားဖက် ယူထားတဲ့ နွားရှင်ဖြစ်ပါ တယ်။ နွားမွေးစားဖက် ယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးမှတ်ကြီးနဲ့ ကျွန်တော် အကြားမှာ ပြဿနာရှိပါတယ်။ ဒါကြောင့် စခန်းမှူးက ကျွန်တော်ကို စခန်းကို ခေါ်တာ ဖြစ်ပါတယ်။ အဲဒီ စခန်းမှာဘဲ ကျွန်တော်နဲ့ ဦးမှတ်ကြီး ဆွေးနွေးတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေပါ။ အဲဒီ အချိန်မှာ ဦးမှတ်ကြီးကို ဒုတပ်ကြပ် ခင်မောင်ညွှန့်က အိမ်ကို ပြန်လွှတ်ပြီး ကျွန်တော့ကို ကြိုးနဲ့ တုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတယ်" ဟု သူက ပြောသည်။
ဦးထွန်းနုမှာ ဒုတပ်ကြပ် ခင်မောင်ညွှန့်၏ ရိုက်နှက် ကန်ကျောက်မှုကြောင့် ၆ ပေခန့် နက်သော ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း၊ ရေမြောင်းမှ ပြန်အတက်တွင် ခင်မောင်ညွှန့်မှ အပေါ်မှ ကျောက်တုန်းဖြင့် ထုချရာ ဦးခေါင်းတွင် ဒဏ်ရပြင်းထန်စွာ ရရှိသွားကြောင်း သူက ပြောသည်။
" တကယ့်ကို လူမဆံစွာ ကျွန်တော်ကို ရိုက်နှက်ပါတယ်။ ကျွန်တော့် တသက်မှာ ဒီလို ရိုက်နှက်တာမျိုး တကြိမ်မှ မခံစားခဲ့ဖူးပါ။ ဦးခေါင်းကွဲသွားပြီး သွေးတွေ စီးကျလာတဲ့ အတွက် ကျွန်တော် ခေါင်းမူးပြီး သတိမေ့လု မတတ် ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးတာ စခန်းအပြင်ဘက်ကို ရောက်သွားပါတယ်။ ကျွန်တော်ရဲ့ အသံကို ကြားတော့ ရွာသားတချို့ လိုက်လာပြီး ကျွန်တော်ကို တွဲယူပီး ရွာမ ဆေးရုံကို ပို့ပါတယ်။ ကွဲသွားတဲ့ ဦးခေါင်းကို ၅ ချက် တိတိ ချုပ်လိုက်ရပါတယ်" ဟု သူက ပြောသည်။
သူ့အား ယခုကဲ့သို့ ရိုက်နှက်ခြင်းမှာ ဦးမှတ်ကြီးမှ ပိုက်ဆံ ပေးထား၍ ဖြစ်ပုံရကြောင်း သူက ပြောသည်။
" ဦးမှတ်ကြီးက ရဲစခန်းမှူးကို ပိုက်ဆံ ပေးထားပုံရပါတယ်။ ဒါကြောင့် အရက်မူးနေတဲ့ ဒု တပ်ကြပ် ခင်မောင်ညွန့်က ကျွန်တော်ကို ရိုက်နှက် တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိရင် ဖမ်းဆီး အရေးယူနိုင်ပါတယ်။ ခုလို ညှဉ်းပမ်းနှိပ်စက်တာက ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံ ၀န်ထမ်းတွေ အနေနဲ့လည်း မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုအခါ အဆိုပါ ရိုက်နက်မူကို တောင်ကုတ်မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်ပြီး တိုင်တန်းကြားထားသည်ဟု သူက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့က အရက်မူးနေသော ဆားပြင် စခန်းမှူး ဒုရဲအုပ် စိုးမိုးအေးက အဆိုပါ ကျေးရွာတွင် ရိုးရိုးသားသား လုပ်ကိုင် စားသောက် နေသူ ဦးတင်မောင်၏ သား မောင်တင်ဝင်းဆိုသူကို သူတို့အားလှောင်ပြောင် ပြောဆိုသည်ဟု ဆိုကာ မတရား ဖမ်းဆီး ရိုက်နှက်ခဲ့သ ဖြင့် ဆေးရုံတင်ခဲ့ရသည်။
ပြည်သူ့များအား ကူညီပါရေစေ - ဟူသော ဆိုင်းဘုတ်ကို ရဲစခန်းရုံးရှေ့တွင် ထောင်ထားပြီး ငွေကြေးချမ်းသာသူများထံမှ တန်စိုး လက်ဆောင်များယူကာ ဆင်းရဲသား ပြည်သူများအား ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းနှိပ်စက်မူ ပြုလုပ်နေသော တောင်ကုတ်မြို့နယ်မှ အကျင့်ပျက် ရဲများကို အရေးယူ အပြစ်ပေးရန် ပြည်သူများက အထူးလိုလားနေကြောင်း သတင်းများ ရရှိသည်။ 
 မောင်ရမ္မာ-နိရဉ္စရာ
ရမ်းဗြဲမြို့နယ်မှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြု့ ကျင့်သတ်ဖြတ်တဲ့ တရားခံတဦးကို ဖမ်းမိထား
Posted: 30 May 2012 08:07 PM PDT
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
အဓမ္မပြု့ ကျင့်သတ်ဖြတ်ခံရတဲ့ မသီတာထွေး
 ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနေ ဦးလှတင်-ဒေါ်မမြ၏သမီး
မသီတာထွေး(၁၆)နှစ် ကို လွန်ခဲ့သော (၂၈.၅.၂၀၁၂)  ညနေဘက်(၅) နာရီ ခန့်က
 အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံတဦးကို ဖမ်းဆီးမိထားကြောင်းသိရပါသည်။
 မသီတာထွေး ဟာ  (၂၉.၅.၂၀၁၂) နေ့ မနက်(၉) နာရီအချိန်တွင်
 ချောင်းဝရွာနှင့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က
ကာရီဘောင်ဆည် အဟောင်းပေါ်တွင်  ဓါးဒါဏ်များနှင့်  သေဆုံးနေတာ
ဖြစ်ပါသည်။
ဖြစ်စဉ်မှာ “မသီတာထွေး တယောက်တည်းပြန်လာသောအခါ ကုလားများက
လူခြေတိတ်တဲ့နေရာမှ   စောင့်နေပြီး ခန္ဓာတွင် ဝတ်ဆင်လာသော ရွှေများကို
လုယက်ပြီး ဗလက္ကာယပြုကျင့်ပြီးနောက် လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်
ခဲ့တယ်’’လို့ ၄င်း အား ရှာဖွေရာတွင် ပါဝင်သော ရွာလူကြီးတယောက် အဆိုအရ
သိရပါသည်။
ယခုအခါတွင် မသီတာထွေး ရုပ်အလောင်းကို ကျောက်နီမော်ဆေးရုံ ရင်ခွဲရုံတွင်
စစ်ဆေးနေကြောင်း သိရပြီး မသင်္ကာသော ကျောက်ထရံကုလားရွာက ထွက်ပြေးသွားသော
မုဒိန်းကောင်လို့ ယူဆရသော ကုလားတယောက်အား ဖမ်းဆီးထားတယ်လို့
ကျောက်နီမော်ရဲ စခန်းက  အတည်ပြုပြောကြားပါသည်။
“ပျောက်လို့လာတိုင်တော့ ကျွန်တော်တို့လဲ လူငယ်ချင်းချစ်လို့ကြိုက်လို့
လိုက်သွားတယ်လို့ ထင်တာပါ၊ မိုးလင်းလို့ ရွာသားတွေက
အလောင်းတွေ့တယ်လို့ပြောမှ   လိုက်သွားလိုက်တာ အခုလို တွေရတယ်’’လို့
တာဝန်ကျ ရဲအရာရှိတစ်ယောက်မှ ပြောပါသည်။
သူကဆက်လို့ “ဒါ ရိုးရိုးလုယက်မှုမဟုတ်ပါ။ ကျူးလွန်ပြီး
ဗလက္ကာယပြုကျင့်ထားတယ်။ နောက် လူသတ်တယ်။ ဒီဖြစ်စဉ်တွေက သာမညမဟုတ်ဘူး
တရားခံတွေဟာ အတွေ့အကြုံရှိတဲ့ သွေး အေးအေး နဲ့  ရက်စက်စွာ သတ်ပြစ်ခဲ့တာ။
လည်ကို လှီးပီးတော့ ညာဖက်ပခုံးမှာ ဓါးခုတ် ရာ ရင်ဘက်တွေ မှာ
ကျောကုန်းတွေမှာ နာရွက်တွေပြတ်နေတယ်။ တရားခံတွေ ဟာ မူးယစ်ဆေးဝါး
သုံးစွဲကြတယ်လို့လဲ ထင်တယ်။ တရားခံ မူဆလင်ကုလားတယောက်ကို တော့
ဖမ်းမိထားပါတယ်။ သူထွက်ဆိုထားတာကတော့သူပါကြောင်း”ပြောပြပါသည်။
သေဆုံးသွားသော ရခိုင်အမျိုးသမီးမှာ လက်ဝတ်လက်စား ရွှေဆွဲကြိုး ရွှေနားဂပ်
လက်စွပ်များလဲ ပါသွားကြောင်း၊ ဆွေးမျိုးတော်စပ်သူ တယောက်ကလည်း
ရွှေက(၂)ကျပ်သားနီးပါး ရှိကြောင်း ပြောပြပါသည်။
အဆိုပါ လူယက်ပြုကျင့် ကျူးလွန်ခဲ့တဲ့ အတွက် ကျောက်နီမော်မြို့နယ်တဝိုက်မှာ
လူထုအုံကြွမှု ကုလား-ရခိုင်ပြဿနာတွေ မ ကြီးထွားအောင် ရဲစခန်းမှူး မြို့ 
နယ်မှူး ကျောက်ဖြူခရိုင်မှူးများ အားလုံး ရောက်နေပြီးတော့
လုံခြုံရေးတွေလဲ တင်းကျပ်အောင် ချထားကြောင်း သိရပါသည်။
တရားခံကုလား နောက်နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်လို့ သိရပြီး
နာမည်မဖေါ်လိုသော ရဲဝန်ထမ်းတယောက်က ဒီကုလားရွာနားမှာ လူယက်မှုတွေ
မကြာမကြာဖြစ်ကြောင်း။ တိုင်လာလျှင်လဲ ငွေနဲ့ ရှင်းပြစ်ကြောင်း။ အခုလဲ
ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ကြောင်း’’လို့ ပြောပါသည်။
Myanmar  News Now
7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂
Posted: 30 May 2012 05:58 PM PDT
7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂
 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၂
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၆
Posted: 30 May 2012 05:54 PM PDT
အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၆
ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်
Posted: 30 May 2012 04:36 PM PDT
သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ
“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။
သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။
“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။
ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။
အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏  ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။ (ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-uwsa-.html)
တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင်  စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ    ရှိ၏။  ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။
သျှမ်းသံတော်ဆင့်
ဒေါ်အောင်ဆန်းစုကြည်ကို ဘိုနို က ဆုအပ်နှင်းမည်
Posted: 30 May 2012 04:31 PM PDT
ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono
နယူးဒေလီ (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့်ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေးမည် ဖြစ်သည်။
IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းက
ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွား
စေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။
 မဇ္ဈိမသတင်းဌာန
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်
Posted: 30 May 2012 04:13 PM PDT
မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)
အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အဆိုပါအကြောင်းကြားစာတွင် ဟိုင်မိုစက်ရုံအလုပ်သမားများ၏ ဆန္ဒပြရခြင်းဖြစ်စဉ်အား ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့အနေဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အလုပ်သမားများဆန္ဒရှိပါက ၎င်းတို့၏ လက်မှတ်များနှင့် တကွပေးပို့သွားမည်ဟု ၄င်းကပြောသည်။
Hi Art  ကုမ္ပဏီပိုင် ဟိုင်မို ဆံပင်တုစက်ရုံမှ အလုပ်သမားများသည် အခြေခံလစာ နည်းပါးမှုကြောင့် မေလ ၉ ရက်နေ့မှစတင်ကာ ဆန္ဒပြခဲ့ပြီး အခြေခံလစာတိုးမြှင့်ပေးရေးအပါအ၀င် တောင်းဆိုချက် အချက် ၄၀ ကျော်ကို တောင်းဆိုခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးခြင်းကိစ္စကို လိုက်လျောပေးခြင်းမရှိသေးပေ။ အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများ အလုပ်ဆက်လက် လုပ်ကိုင်လိုခြင်းရှိမရှိကို ယနေ့နောက်ဆုံးထား၍ အကြောင်းကြားရမည်ဖြစ်ကြောင်း စာကပ်ထုတ်ပြန်ခဲ့သည်။
ဟိုင်မို စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် မယမင်းလွင်က အလုပ်သမား ၀န်ကြီးဋ္ဌာနမှ လာရောက်ညှိနှိုင်းပေးမှုများနှင့်ပတ်သက်၍ “ အလုပ်သမားဝန်ကြီးဌာနကလူတွေက ဖြေရှင်းပေးမယ်ပြောပြီးရောက်လာပေမယ့် သူတို့ကအလုပ်ရှင်ပြောတဲ့အတိုင်း လက်ခံဖို့ပဲပြောတယ်။ အလုပ်ရှင်ဘက်ကရော ကျွန်မတို့အလုပ်သမားတွေဘက်ကပါ ကျေနပ်လောက်တဲ့ နှုန်းထားတစ်ခုကို သတ်မှတ်ပေးတာမဟုတ်ဘူး ” ဟု YPI သို့ပြောသည်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့နေ့လည်တွင် ဟိုင်မိုဆံပင်တုစက်ရုံမှ ဆန္ဒပြ အလုပ်သမား များအား အနုပညာရှင်များလှူဒါန်းသည့် ဆန် (၁၀) အိတ်နှင့် ပေါင်မုန့်များပေးအပ်ခဲ့ပြီး၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ နှင့် ဆန်နီမြန်မာ စက်ရုံများရှိ ဆန္ဒပြအလုပ်သမားများအား သွားရောက်အားပေးစကား ပြောကြားခဲ့သည်။
ယခုလအတွင်း အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အဓိက တောင်းဆိုသည့် အလုပ်သမားဆန္ဒပြမှုများ စက်ရုံပေါင်း (၃၀) ၀န်းကျင်တွင် ရက်ဆက်နီးပါး ဖြစ်ပွားခဲ့ရာ စက်ရုံအချို့သာ ပြေလည်မှု ရရှိခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO)နှင့် ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၊ ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးဝင်းက “ကျွန်တော်တို့ကတော့ အလုပ်ရှင်နဲ့ အလုပ်သမားပြေလည်အောင် မနားတမ်းညှိပေးနေတယ်။ အလုပ်သမားဘက်ကလည်းသူတို့လစာကို တိုးပြီးလိုချင်မှာပဲ။ ကျွန်တော်တို့  ဘက်ကတော့ ပြေလည်အောင်ထပ်ပြီးညှိသွားပေးမှာပါ”ဟု ပြောသည်။
ဟိုင်မို စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိပြီး ၂၀၀၅ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်ဟုသိရှိရသည်။           ။
Yangon Press International
တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း
Posted: 30 May 2012 04:11 PM PDT
မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။
“ဒီလ(မေလ)ကုန်ရင် ရပ်ကွက်တစ်ခုလုံး ဖယ်ပေးရမယ်လို့ပြောတယ်၊ ဖယ်ပေးရရင် ဘ၀ရပ်တည်ရေး တော်တော်ခက်ခဲသွားမှာပါ”ဟု အဆိုပါရပ်ကွက်နေ ဦးသန်းဇော်အောင်ကပြောသည်။
“ပြင်ဦးလွင်မြေပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို သိန်း(၂၀၀၀)ကျော်အထက်မှာ တန်ကြေးရှိနေပါပြီ။ အရင်တုန်းကတော့ မြို့စွန်ကျတဲ့အတွက် တန်ကြေးမရှိဘူး။ အခုမှဈေးတက်လာတဲ့အတွက် သိမ်းတယ်လို့ မြင်ပါတယ်”ဟု အဆိုပါအရေး လိုက်လံဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ဦးအောင်ကျော်ဆန်း က ပြောသည်။
ယခုကဲ့သို့ ဖယ်ရှားပေးရန်အတွက် မေလ(၂၄) ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သစ်တောအာဏာပိုင်များသည် ရပ်ကွက်နေပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ဖယ်ရှားပေးရန် သတိပေးချက်ကို လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်းသိရသည်။
“တစ်အိမ်တစ်ယောက်စီ လာခဲ့ဖို့ခေါ်ခဲ့တယ်။ လကုန်လို့မဖယ်ပေးရင် တရားဥပဒေအရ ပိုင်နက်ကျူးကျော်မှုနဲ့ အရေးယူမယ်လို့ ခြိမ်းေ
...
[Message clipped]  
--
truely white
unread,
Jun 4, 2012, 9:43:23 AM6/4/12
to jeffy...@googlegroups.com
2012/6/4 Kyi Lwin <kyi.k...@gmail.com>
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/6/3
Subject: သစ်ထူးလွင်
To: kyi.k...@gmail.com
လောင်စာဆီ မပါသော ငြိမ်းချမ်းရေး ယာဉ်ကြီး ကချင်ပြည်နယ်သို့ မရောက်နိုင်
Posted: 03 Jun 2012 07:15 AM PDT
      ငြိမ်းချမ်းရေး  ဆိုသော  စကားလုံးသည်  အလွန်လှပါသည် ။ ကြားရသူအပေါင်း`၏ နားတွင်လဲ အလွန်မဂ်လာရှိပါ ။ ကျက်သရေလဲ ရှိပါ`၏ ။ခက်နေသည်က  ငြိမ်းချမ်းရေး ဆိုသော ယာဉ်ကြီးကို လောင်စာဆီထည့်မမောင်းနှင်ဘဲ ခေါင်းဆောင်များက ဝိုင်းပြီးတွန်နေခြင်းဖြစ်သည် ။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ နှင့် ပြည်သူတွေက ထိုယဉ်ကို စီးဘို့ စောင့်နေကြသည် ။ စောင့်ရင်းနှင့် သေတွင်းကို ခုန်ဆင်းနေကြရသော ဒုက္ခသည်တွေရဲ့  အသက်တွေလဲ မနဲလှပေ ။ထိုကဲ့သို့ ဆက်ပြီး တွန်းနေမည်ဆိုလျှင် ဆက်မတွေးရဲ စရာပင် . . ငြိမ်းချမ်းရေး ယာဉ် အတွက်လောင်စာဆီက ဒုက္ခသည်တွေရဲ့  အသက်အိုးအိမ် ပေးဆပ်နေသလို ဖြစ်နေပြီ ။
      အခက်အခဲများ ရှိမည်ကို တွေးမိပါသည် ။ ထိုအခက်အခဲများ ဖြေရှင်းနိုင်သော နည်းလမ်းမှာ နှစ်ဘက်ခေါင်းဆောင်များ အတ္တတွေဖြေလျှော့ ပြီး ဒုက္ခရောက်နေသော ပြည်သူတွေဂရုနာနှင့် ကိုယ်ချင်းစာတရားထားလိုက်လျှင် ငြိမ်းချမ်းရေးယာဉ်ကြီး ခရီးနှင်လို့ ရမည်မှာ အသေအချာ ပင် ဖြစ်ပါသည် ။
      ငြိမ်းချမ်းရေး ယာဉ်အတွက် လိုနေသော လောင်စာမှာ မေတ္တာ ၊ ဂရုဏာ ၊ စေတနာ ဆိုသော လောင်စာများ ပင်ဖြစ်ပါသည် ။ထိုလောင်စာများ ထည့်ပြီး မောင်းနှင်ပါက လိုရာခရီးကို အချိန်တို အတွင်း ရောက်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည် ။
by - zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
အလှူရှင် အရောက်နည်းသော ကံပိုင်တည် မြို့ အနီးက စိန်ကြိုင် ဒုက္ခသည်စခန်း . .zawmoehetet
ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေခြင်း
Posted: 03 Jun 2012 06:38 AM PDT
နေပြည်တော်ပျဉ်းမနားမြို့နယ် မင်္ဂလာသာခေါင် ရပ်ကွက်အတွင်း မိုးလေပြင်းသဖြင့် သုံးနာရီခန့် မီးပျက်အပြီး မီးပြန်လာချိန်တွင် ရပ်ကွက်သို့ လျှပ်စစ်ဓာတ်အားပေးသည့် ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေသည်ကို ဇွန်လ(၂)ရက်နေ့ည ဆယ်နာရီခန့်က တွေ့ရစဉ်။
By Popular Myanmar News Journal
နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို
Posted: 03 Jun 2012 06:17 AM PDT
ရန်ကုန်၊ ဇွန် ၃
နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော်၊ Chatrium ဟိုတယ်တွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ပတ်သက်သူများ စုပေါင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ခင်ဗျားတို့ တော်ချင်ချင် မတော်ချင်ချင်ပေါ့ဗျာ။ ကျွန်တော်တို့က မိဘအဖြစ်ပဲ ခံယူပါတယ်။ မိဘဆိုတာဟာ ကိုယ့်ရဲ့သားသမီးတွေကို ထမင်းကျွေးနိုင်ရမယ်။ ပြည်သူလူထုက ကျွန်တော်တို့ သားသမီးတွေပဲ။ သူတို့ကို ထမင်းမကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရတက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျောက်လုပ်နေတယ်”ဟု ၀န်ကြီး ဦးအောင်မင်းဆိုသည်။
ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ
Posted: 03 Jun 2012 06:24 AM PDT
ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။
ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”
“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။
အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။
လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။
ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။
အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။
 Ethnic Voice of Burma (EVB)
မုံရွာ-ပုသိမ် လမ်းခွဲမှာ ဆန္ဒပြ
Posted: 03 Jun 2012 05:10 AM PDT
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ် ရှိ ပုသိမ်-မုံရွာ လမ်းခွဲတွင် ယနေ့(၂-၆-၁၂) ညနေ(၃း၃၀)ခန့်မှ စတင်၍ ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာ အုပ်စု အတွင်း မှ ဒေသခံများက မုံရွာ-ပုသိမ် လမ်းဆုံရှိ တရုတ်ဆိုက်( ကြေးနီ မိုင်း စခန်း) သို့ လာရောက် စုဝေး၍ ဆန္ဒပြခြင်း ဖြစ်ပြီး အင်အား ၁၅၀ ကျော် ရှိသည်။
ထို့အတူ ဝက်မှေးဆင်တဲ မှ ဒေသခံများကလည်း အင်အား (၂၀၀)ခန့် လာရောက်ပူးပေါင်းကြကြောင်း သိရသည်။
ဆန္ဒပြနေရာသို့ ဆာလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်းမှ လာရောက် ညှိနှိုင်းပေးနေကြောင်း ထိုနေရာတွင် ရှိနေသော ကိုရဲရင့်ကျော်(မုံရွာ) မှ ပြောကြားသည်။
သိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့၊ အဲဒီ လယ်ယာမြေပေါ်မှာ စက်ရုံသုံးမြေတွေ ဆက်လက် မပုံဖို့ ၊ ပိတ်ထားခံရတဲ့ အမက ကျောင်း ပြန်ဖွင့်ပေးဖို့ ၊ နဲ့ ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာပါလို့ သူက ဆက်လက်ပြောပါတယ်။
ဆားလင်းကြီး ကြေးနီတောင် ပတ်ဝန်းကျင်ဒေသတွေ မှာ စီမံကိန်း ဟု ဆိုပြီး လယ်ယာမြေတွေ သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာပဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်းက မြေတွေ လာရောက်ပုံထားတဲ့ အတွက် မြေယာပျက်ဆီးမှု များ ဖြစ်ပေါ်နေသည်ကြောင့် ဆက်လက်မပုံရန် တောင်းဆိုကြခြင်းဖြစ်သည်။
သတင်းနှင့်ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
ညနေ(၅း၀၀)
၂-၆-၁၂
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိ
Posted: 03 Jun 2012 12:03 AM PDT
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန်လည်ဖြေဆိုခဲ့ခြင်းမရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား ရောက်၍ မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့သေးသည်။
By: Popular Myanmar News Journal
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို
Posted: 03 Jun 2012 12:00 AM PDT
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က
ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး
ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊
ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊
မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese
ရန်ကုန်တိုင်း ဒေသကြီးကို ညနေ ၅ နာရီမှ မနက် ၅ နာရီမီးအပြည့်ပေးတော့မည်
Posted: 02 Jun 2012 08:19 PM PDT
ယခင်က ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ်မီး အုပ်စုအလိုက်ခွဲဝေပေးနေရာမှ ယခုအခါ အဆိုပါ အုပ်စုများကို ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား အပြည့်အဝဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပေးဝေမှုကို ဇွန်(၁)ရက်ညနေမှ စတင်ခဲ့ခြင်းဖြစ်ပြီး နေ့ဘက်လျှပ်စစ်မီးပေးဝေမှုကို အုပ်စု(၃) အုပ်စုအနက် (၀၅းဝ၀)နာရီမှ (၁၁းဝ၀) နာရီအထိတွင် အုပ်စု(၂)စုကိုလည်းကောင်း ၊ (၁၁းဝ၀)နာရီမှ (၁ရးဝ၀)နာရီအထိတွင် အုပ်စု(၂) စုကို လည်း ကောင်း အလှည့်ကျဓာတ်အားပေးမည် ဖြစ်ပြီး (၁ရးဝ၀)နာရီမှ နောက်တစ်နေ့ (၀၅းဝ၀) နာရီအထိ အုပ်စု(၃)စုလုံးကို ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်မီဒီယာ ဂရုပ်သို့ ပြောကြားသည်။
KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝ၀) နာရီ အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပြီ ဖြစ်သဖြင့်  မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။သို့ရာတွင် ရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းများအားလုံးကို ယခင်အတိုင်း ၁ရးဝ၀ မှ ၂၃းဝ၀ နာရီအတွင် ဓာတ်အား သုံးစွဲခြင်းမပြုရန်ကန့်သတ်ထားကြောင်းသိရသည်။
စောမြင့်သန်း(ပေါက်တော) -ရန်ကုန်တိုမ်း
လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ
Posted: 02 Jun 2012 11:59 AM PDT
ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။
 ပြစ်မှု ကျူးလွန်သူမှာ သာကေတမြို့ နယ် ၁ရပ်ကွက် ထူပါရုံ (၉) လမ်းတွင် နေထိုင်သူ မျိုးလွင် အသက် (၄၂) ဖြစ်ပြီး မှုခင်းဖြစ်ပွားပြီး (၄၄) နာရီအကြာ ဇွန်လ (၁) ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၇ လမ်း လူသတ်မီးရှို့မှု ရွှေပုစွန်အိတ် မှတဆင့် ခြေရာခံနိုင် ဟုဆို
ရန်ကုန်၊ ဇွန် ၁
ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
လမ်းမတော် မြို့နယ်ရှိ ရွှေပုဇွန် မုန့်တိုက်မှ CCTV ကင်မရာနှင့် မျက်မြင် သက်သေများအရ လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရွှေပုစွန် မုန့်တိုက် တံဆိပ်ပါသော အိတ် ကိုင်ဆောင်ထားကြောင်း၊ ယင်းလူ၏ ပုံစံကို ခဲပန်းချီဆွဲ၍ သက်ဆိုင်ရာ ရဲစခန်းများကို အသိပေး ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံးမှ ရဲအုပ်တစ်ဦး ပြောသည်။
“ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတာ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။
၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် ဒုတိယရဲမှူးကြီး တစ်ဦး အပါအဝင် အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေး တပ်ဖွဲဝင်များ မြို့နယ်မှူး၊ စခန်းမှူးများ ပါဝင်သည့် အထူး အမှုစစ်အဖွဲ့ကို ဖွဲ့၍ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။
အဆိုပါ နေအိမ်ရှိ သက်သေခံပစ္စည်းများရှာဖွေရာတွင် မီးလောင်ထားသော လုံချည်နှင့် အင်္ကျီ အပိုင်းအစ၊ ဘောင်းဘီ အပိုင်းအစ၊ သွေးပါသော ဆံပင်၊ စက္ကူစ၊ အတွင်းခံ ဘောင်းဘီ၊ မှို့စ၊ ပလက်တီနံ ဆွဲကြိုးပြတ်စ၊ ဖယောင်းတိုင်၊ ဓားတစ်ချောင်း၊ ဝက်အူလှည့် ၁ ချောင်း သိမ်းဆည်မိခဲ့ကြောင်း ရဲတပ်ဖွဲမှူးရုံးထံ ဇွန်လ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။
ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ
Posted: 02 Jun 2012 11:04 AM PDT
ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက်လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အတွက် မကျေနပ်ကြောင်း  ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
“ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲု့ ရခိုင်ပြည်နယ် ရဲမှူးကြီး ဦးအောင်ကျော်ဦး တို့ ကျောက်ဖြူ ဆောက်လုပ်ရေး ရိပ်သာမှာ တည်းခိုနေတဲ့ အတွက် ခုလို သွားရောက်ပြီး မတရား အသတ်ခံခဲ့ရတဲ့ မသီတာထွေး အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်” ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။
ဆန္ဒပြသူ ၂၅၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခွဲက ကျောက်ဖြူမြို့လယ် သာသနာ့ ရိပ်သာရှေ့မှ စုရုံးကာ ကျောက်ဖြူ ပြည်သာယာဈေး အရှေ့ဘက်သို့ ချီတက်ပြီး ထိုမှတဆင့် ဆောက်လုပ်ရေး ရိပ်သာရှေ့သို့ ဆက်လက် ချီတက်ကာ  ဆန္ဒပြခဲ့ကြသည်။
“ ကျွန်တော်တို့ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ် ဒီလိုမျိုး ပြဿနာတွေ ထပ် မပေါ်ပေါက်ရအောင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပီးရင် ပြစ်မူ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ တောင်းဆိုကြပါတယ်။ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ပြောကြားပါတယ်။”
ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းမှ ၁၀ ရက်အတွင်း ရုံးထုတ် တရားစွဲဆိုရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ တရားရုံးတွင်လည်း လူအများကို တက်ရောက်နားထောင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ တရားသူကြီးများမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သူက ဆက်ပြောသည်။
ဆန္ဒပြရာတွင် အမျိုးသားများ သာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း မျက်မြင်များက ပြောသည်။
ဆန္ဒပြသူများသည် ပြစ်မူကျူးလွန်သူများကို သေဒဏ်ပေး၊ သေဒဏ်ပေးဟု ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီခွဲတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်။
ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ အနီးရှိ သပြေချောင်းကျေးရွာမှ မသီတာထွေးမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက မုဒိမ်းကျင့်ခံရသည့် အပြင် လည်ပင်းကို ဓါးနန့် လှီးဖြတ်ခံရပြီ ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ရစရာမရှိအောင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် မုဒိမ်းမူများ ယခင်က ပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ လူမဆံစွာ ရက်စက် ကြမ်းကြုတ် သတ်ဖြတ်သည့် အပြုအမူမျိုး  တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြား ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အထူး ဒေါ်သ ထွက်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ လူထု အတွင်း ဒေါသ ထွက်နေသဖြင့် ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို ကျောက်ဖြူ ရဲစခန်း အချုပ်တွင် မထားရဲဘဲ ကျောက်ဖြူ ထောင်ထဲတွင် ချုပ်နှောင်ထားရကြောင်း ကျောက်ဖြူရဲ  တာဝန်ရှိသူ တစ်ဦးမှ  ပြောကြားသည်။
(နိရဉ္စရာ)
ဝန်ကြီး၏ ဂရုဏာကြေး ကျပ် ၇ သိန်း အပေါ် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မသီတာထွေး မိခင် မေးခွန်းထုတ်
Posted: 02 Jun 2012 10:58 AM PDT
ရခိုင်ဝန်ကြီးများမှ ပေးအပ်သော ဂရုဏာကြေး ကျပ် (၇) သိန်းနှင့် ပတ်သက်ပြီး အတင်း အဓမ္မပြု ကျင့် သတ်ဖြတ်ခံလိုက်သော မသီတာထွေး၏ မိခင် ဒေါ်မမြက ငွေကို လက်မခံမီ ငွေပေးအပ်သော ၀န်ကြီးအား မေးခွန်း ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။
မသီတာထွေးသည် ယခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။ (ဓါတ်ပုံ လေးဝတီ)
“ ဂရုဏာကြေး လာပေးတဲ့ ရခိုင်ဝန်ကြီးက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်ပါတယ်။ သူက ကျပ် ၇ သိန်းကို မသီတာထွေး မိခင် ဒေါ်မမြကို ပေးပါတယ်။ အဲဒီငွေကို လက်မခံခင်မှာ ဒေါ်မမြက ဒီငွေတွေဟာ ကုလားတွေဆီက လျော်ကြေး ပေးတာလား ဆိုပီး ၀န်ကြီးကို မေးပါတယ်။ ဒါဆိုရင် ကျွန်မ မယူပါရစေနဲ့ ဆိုပြီး ပြောပါတယ်” ဟု အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ လူကြီး တစ်ဦးမှ ပြောသည်။
ဝန်ကြီးက အဆိုပါ ငွေမှာ လူသတ် တရားခံ မိသားစုများက ပေးသောငွေ မဟုတ်ကြောင်း ပြောကြားပြီးမှ ငွေကို လက်ခံယူခဲ့သည်ဟု ဆိုသည်။
“ ၀န်ကြီးက ဒီငွေတွေဟာ သူတို့ ၀န်ကြီးတွေ စုပေါင်းပြီး ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကုလားတွေဆီက ပေးတဲ့ ငွေမဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ဒါမှ ဒေါ်မမြက မျက်ရည်တွေကျပြီး ငွေကို လက်ခံပါတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသည် တစ်ခြား ပြည်နယ် နှင့် ခရိုင် အဆင့် လူကြီးများနှင့် အတူ အခင်း ဖြစ်ပွားပြီးနောက် ရမ်းဗြဲ့မြို့နယ် ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိလာစဉ် အဆိုပါ ဂရုဏာကြေးကို မသီတာထွေး မိခင် ဒေါ်မမြအား ယမန်နေ့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် ၀န်ကြီးက ယခု သမီးသေဆုံးသွားမူနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဖြစ်စေလိုပါသလဲ ဟု မိခင် ဖြစ်သူ ဒေါ်မမမြကို မေးမြန်းခဲ့ကြောင်း၊ ဒေါ်မမြက ပြစ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို သူ့ သမီး အသေဆိုးနဲ့ သေဆုံးသလို သေဆုံး စေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
“ ၀န်ကြီး တရား ဥပဒေနဲ့ အညီ ဖြစ်စေရပါမယ်။ ၀န်ကြီးက ၇ ရက် အချိန်ပေးပါ။ အမူနဲ့ အတူ တရားခံတွေကို ဖေါ်ထုတ်နေပါတယ်  ဆိုပီး ပြောဆိုသွားပါတယ် ” ဟု သူက ဆက်ပြောသည်။
ယခုအခါ အခင်း ဖြစ်ပွားရာ ကျောက်နီမော် ကျေးရွာပတ်ဝန်းကျင်တွင် ငြိမ်သက်နေပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လူကြီးများ ရောက်ရှိနေပြီး လုံခြုံရေးကိုလည်း ကျေးရွာ တချို့တွင် တိုးမြှင့်ထားကြောင်း သိရသည်။
 မောင်အေး-(နိရဉ္စရာ)
လက်ပံတောင်ကြေးနီစီမံကိန်း တောင်သူများ ဆန္ဒပြ
Posted: 02 Jun 2012 10:53 AM PDT
ဆားလင်းကြီးမြို့နယ် မှလယ်သိမ်းခံရသည့် တောင်သူများစုပေါင်း၍ ယနေ့ဇွန်လ၂ ရက်နေ့ ညနေ၃နာရီ ၃၀မိနစ်အချိန်ခန့်မှစတင်၍ စွန်ပစ်မြေများလယ်ယာမြေများပေါ်တွင် မစွန့်ပစ်ရန်နှင့် လက်ပန်းတောင်းတောင်စီမံကိန်းအားရပ်နားထားပေးရန် မုံရွာ၊ပုသိမ်လမ်းမကြီးဘေးရှိ ကြေးနီတူးဖော်ရေးကုမ္ပဏီဖြစ်သည့် မြန်မာဝမ်ဘို ကုမ္ပဏီတည်ရှိရာရှေ့တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ ကြောင်းလယ်သိမ်းခံ ၀က်မှေးကျေးရွာမှတောင်သူတစ်ဦးကပြောကြားသည်။
 The Voice Weekly
ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ
Posted: 02 Jun 2012 10:48 AM PDT
ဓါတ်ပုံ-KNG
ရန်ကုန်၊ ဇွန် ၂
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။
"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။
အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။
မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။
ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော်လင့်ချက်ကောင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။
သံတွဲ တောင်ကုတ်လမ်း ကားတိမ်းမှောက် ကိုးဦးသေ သုံးဦး ဒဏ်ရာရ
Posted: 02 Jun 2012 10:38 AM PDT
ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။ ဓါတ်ပုံ(နိရဉ္စရာ)
ရန်ကုန်၊ ဇွန် ၂
မုတ်သုံရာသီ ရောက်ချိန်တွင် တောင်ပြို၊ တံတားကျိုး ဖြစ်လေ့ရှိသော ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နှင့် တောင်ကုတ်မြို့ကို ပြေးဆွဲသော ကင်တာ (၁၆) ပေကား တစ်စီး ဇွန်လ ၁ ရက်နေ့က ဘီးချော် တိမ်းမှောက်မှုကြောင့် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲ အရွယ် ယောက်ျားလေး နှစ်ဦးနှင့် မိခင်ဖြစ်သူ အပါအဝင် လူ ကိုးဦး ပွဲချင်းပြီး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုကို သွားရောက် ကူညီခဲ့သူ သံတွဲမြို့ ရဲအောင်လံ ကားဂိတ်မှ ဂိတ်မှူး ဦးကျော်ကျော်က The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ သံတွဲ - တောင်ကုတ် အဝေးပြေး ၂၂ မိုင် လမ်းပိုင်း၌ ဇွန်လ ၁ရက်နေ့ မွန်းလွဲ လေးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သံတွဲမှ တောင်ကုတ်သို့ ပြေးဆွဲနေသော အဆိုပါယာဉ်မှာ ခရီးသည် လိုက်ပါမှု နည်းပါးသဖြင့် သဲများကို တင်ဆောင်လာရာတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်များမှာ သဲဖုံး၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“သဲပါ တင်လာတဲ့ ကားမို့လို့ သဲဖုံးပြီး သေကုန်တာ။ နို့မို့ဆို ဒီလောက် မသေဘူး” ဟု ဦးကျော်ကျော်က ဆိုသည်။
“ကားမှာ တင်လာတဲ့သဲက တစ်ပေကျော်လောက် ထူတယ်။ လူတွေက သဲအပေါ်ကနေ လိုက်ကြတာ။ ကားမှောက်တော့ သဲတွေ ပိကုန်တာပေါ့” ဟု ယင်းယာဉ် တိမ်းမှောက်မှုတွင် သွားရောက် ကူညီခဲ့သော သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။
သံတွဲ - တောင်ကုတ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အများစုမှာ ခရီးသည် ရရှိမှု နည်းပါးသဖြင့် ကုန်ပစ္စည်းများကိုပါ ရောနှော တင်ဆောင်လေ့ ရှိကြောင်း၊ ခရီသည် အလွန်အမင်း နည်းသည့် အချိန်တွင် ငပလီကမ်းခြေမှ သဲများကို တွက်ခြေကိုက်ရန် သယ်ဆောင်လေ့ရှိကြောင်း၊ အဆိုပါ သဲများကို တောင်ကုတ်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ဆောက်လုပ်မည့် သူများကို ရောင်းချကြကြောင်း သံတွဲ ဒေသခံများက ပြောကြားသည်။
သေဆုံသူများတွင် အသက် တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲအရွယ် ယောက်ျားလေး နှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး၊ အဘိုးအို တစ်ဦး ပါဝင်ပြီး အမျိုးသား သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း ၎င်းက ရှင်းပြသည်။
အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်
<
...
[Message clipped]  
--
truely white
unread,
Jun 6, 2012, 9:06:34 AM6/6/12
to jeffy...@googlegroups.com
---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/6/5
Subject: Fwd: သစ်ထူးလွင်
To: thuta thu <theinh...@gmail.com>, Thein Han <u.thein...@gmail.com>, Grace juli77 Juli <grace...@gmail.com>, mehmwun...@aol.com, narziko...@gmail.com, ninimyo mimi <ninimy...@gmail.com>, Mandalay Monk <mandal...@gmail.com>, hlaing htun <hlai...@googlemail.com>, ayetha...@gmail.com, ko naylin <konay...@gmail.com>, dr math <dr.ma...@gmail.com>, "Dr. Kyaw Nyunt" <drkya...@gmail.com>, yannau...@gmail.com, EQUITYAD3000 3000 <equity...@gmail.com>, sanno...@gmail.com, Kyi Lwin <s.ky...@gmail.com>, minya...@gmail.com, ဇေ ယျာ <zayy...@gmail.com>, alfarome...@gmail.com, chit wine <chitw...@gmail.com>, Min Thu <mgmi...@gmail.com>, Maung Thit Aung <mgthit...@gmail.com>, jyawsar <jya...@gmail.com>, "mitmit.ns mitmit.ns" <mitm...@gmail.com>, lwinma...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, maykhat2 <mayk...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, gwbob...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Soe Thaung <soe.t...@gmail.com>, khinwai phyoe <khinwa...@gmail.com>
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/6/5
Subject: သစ်ထူးလွင်
To: kyi.k...@gmail.com
ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး
Posted: 05 Jun 2012 04:08 AM PDT
သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး
ဇွန်လ ၅ -၂၀၁၂
မြတ်ညို  (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။
မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင်ယမန်နေ့ က
ကမ္ဘောဒီးယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား
၁၀ဦးခန့် ဒါဏ်ရာရရှိသွားပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးမိုးဆိုသူမှာ ယနေ့ နံနက်ပိုင်းက
ဆေးရုံတွင် သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြောသည်။ ၀ိုင်းရိုက်သည့်
ကမ္ဘောဒီးယားလူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားများကပြောသည်။
 “ အလုပ်သမား တွေက နေ့ဆိုင်းညဆိုင်းရှိပါတယ်။ ညဆိုင်းအလုပ်လုပ်တဲ့
အလုပ်သမားတစ်ယောက်က ကမ္ဘောဒီယားတွေနေတဲ့ အဆောင်နားက သစ်ပင်မှာ
ပုခက် နဲ့ အိပ်နေတယ်။ အဲဒါကို ကမ္ဘောဒီးယားတွေက ၀ိုင်းရိုက်ကြတယ်။ အဲဒါကို
 ကျနော်တို့ က အလုပ်ရုံကိုဖြေရှင်းပေးဖို့ ပြောခဲ့ပေမယ့် မရှင်ခဲ့ပဲ အခု
လိုဖြစ်သွားတယ်။ ကျနော့်မှာလည်း မဲစေ့မှာ ပေါက်ပြဲသွားတယ်”ဟု ကိုတင်ဝင်းကပြောသည်။
 ယမန်နေ့ နေ့လည် ၁နာရီခန့် က အလုပ်သမားများ အိပ်နေရာသို့ ဓါးဖြင့်ဝင်ခုတ်၊ဓါးဖြင့်
ဝင်ထိုးသဖြင့် အလုပ်သမား ကိုမိုးမှာ ၀မ်းဗိုက်ပေါက်ပြဲသွားပြီး သေဆုံးခဲ့သည်။
 အလုပ်ရုံတွင် MOU နားလည်မှုစာချွန်လွှာဖြင့် လာရောက် အလုပ်လုပ်ကိုင်သည့်
မြန်မာအလုပ်သမား ၅၀၀ ခန့် ရှိသည်။ အဆိုပါ အလုပ်သမားများအနက် အမျိုးသား
၂၀၀ ခန့် နှင့် အမျိုးသမီး ၃၀၀ခန့် ရှိကြသဖြင့် ယခုကဲ့သို့ ရိုက်သတ်သေဆုံးမှုများရှိလာသဖြင့်
မြန်မာအလုပ်သမားများမှာ အထူးစိုးရိမ်နေကြောင်းသိရှိရသည်။
ယခုအလုပ်ရုံတွင် ယခင် ၂နှစ်ခန့် ကလည်း ကမ္ဘောဒီယား အလုပ်သမားနှင့်မြန်မာအလုပ်သမားများ
ပြဿနာဖြစ်ခဲ့ဖူးသည်။ အလုပ်ရုံတွင်  MOU နှင့်လာသည့် မြန်မာအလုပ်သမားများအား
ကမ္ဘောဒီယားအလုပ်သမားများနေထိုင်ရာဘက်တွင်ထားရှိသဖြင့် ယခုကဲ့သို့
ပြဿနာဖြစ်ခြင်းဖြစ်ကြောင်း အလုပ် သမား များကပြောသည်။
Myanmar News Now
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံမှ မြန်မာအလုပ်သမားများ
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ မြန်မာအလုပ်သမားများ
အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်
Posted: 05 Jun 2012 03:28 AM PDT
ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၇ မိနစ်
စံခလပူရီ (မဇ္ဈိမ)။   ။ ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ အပါအ၀င် ပါတီဝင် အများအပြားသည် အထက်အဆင့်၏ အလွဲသုံးစားပြုမှုအား သက်ဆိုင်ရာ တိုင်းပါတီရုံးသို့ တိုင်းကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ ဇွန်လဆန်းက နုတ်ထွက်ခဲ့ကြကြောင်း တိုင်း/ရုံး အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ ပဲခူးမြို့ခံ တဦးက ပြောသည်။
“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့ လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
လွန်ခဲ့သည့် လများ အတွင်း၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်မှ ကော်မီတီဝင်များမှ လယ်သမားများအား ဖြန့်ဖြူးရန် အကြောင်းပြ၍ ဓါတ်မြေသြဇာ လျှောက်ထားခဲ့ပြီး ရရှိလာသည့်အခါ သုခမိန် ပွဲရုံ၌ ရောင်းချခဲ့ကြသည်။ ထိုမှ ရရှိ လာသည့် အမြတ်ငွေ ကျပ်သိန်း ၆၀၀ ခန့်အား ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်။ အလားတူ စားအုန်းဆီ ဖြန့်ဖြူးရေးနှင့် အခြား စီးပွားရေး လုပ်ပိုင်ခွင့် ပါမစ်များအား အစိုးရထံမှ လျှောက်ထားပြီး ပါမစ်များအား ရောင်းချကာ ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
“တိုင်းဒေသကြီး အဆင့်က ဆိုတာက ဒီကိစ္စတွေက လွန်သွားပြီ။ သူတို့တွေ အနေနဲ့ ဘာမှ လုပ်လို့ မရတော့လို့။ ဒီကိစ္စ ပြည်သူတွေ သိသွားရင် သူတို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ပြီး ပြည်သူတွေ အယုံအကြည် မရှိမှာစိုးလို့ သိုသိုသိပ်သိပ်ပဲ ဒီကိစ္စကို လုပ်ဆောင်နေကြတာ။ ဒါပေမယ့် ဒီခြစားမှုကို တကယ်သိတဲ့ အောက်ခြေ အဖွဲ့ဝင်တွေက လုံးဝ မကျေနပ်ကြလို့ အခုလို ဖြစ်သွားတာ” ဟု အဆိုပါ တိုင်းရုံး ပါတီဝင်ဟောင်း တဦးက ပြောသည်။
ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း က “တိုင်စာများသည့် အုပ်ချုပ်ရေးမှူးများအား ထုတ်ပယ်ပေးမည်”ဟု ပြောထားသဖြင့် ပဲခူးတိုင်း စည်ပင် ဝန်ကြီး ဦးရဲမြင့်၏ တပည့်များက ရပ်ရွာအုပ်ချုပ်ရေး ကိစ္စရပ်များတွင် ဝင်ရောက် ချယ်လှယ်ကြကာ ၎င်းတို့နှင့် အဆင်မပြေသည့် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများအား “လီဆယ် တိုင်တန်းလျက်” ရှိနေကြောင်း အင်းတကော် ကျေးရွာမှ ပြည်ခိုင်ဖြိုး ပါတီဝင် တဦးမှ မီဒီယာများသို့ ပေးပို့သည့် စာတစောင်၌ ဖော်ပြပါရှိသည်။
တိုင်းရင်းသားဒေသများမှ ပြည်သူတို့၏ တောင်းဆိုချက်များအား ဥပဒေပြုရန်ပြင်ဆင်နေ
Posted: 05 Jun 2012 03:22 AM PDT
ဂျာတော့(ပ်) (မြစ်မခ)
ဇွန်(၅)ရက်၊၂၀၁၂ခုနှစ်။
တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီပူးပေါင်း  ကွင်းဆင်းလေ့လာရေးခရီးစဉ်မှ  ရရှိလာသည့် တိုင်းရင်းသားပြည်သူများ၏တောင်းဆိုချက်များအား   ဇွန်(၄)ရက်နေ့တွင် ဥပဒေအရာရှိများနှင့် တိုင်ပင်ဆွေးနွေး၍   ဥပဒေပြုရန်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
စတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားဒေသအသီးသီးမှပြည်သူများ တင်ပြထားသည့်   ပြည်သူတို့၏လိုအပ်ချက်များအား   ဆွေးနွေးတင်ပြရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟု ခေါင်းစဉ် သုံးခုအောက်တွင်ပြည်သူများတောင်း  ဆိုချက်အား ထည့်သွင်း   ရေးသားထားကြောင်းကိုလည်းလွှတ်တော်ကိုယ်စာလှယ်များထံက   သိရှိရသည်။
“ပြည်သူတွေကလည်း အပြိုင်အဆိုင် တင်ပြ။ တစ်ပြည်နယ်တစ်ခုထဲကို အချက်(၁၀၀)ကျော် တင်ပြတယ်။   ဒါကို မနေ့က အစည်းဝေးလုပ်တယ်။ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး တူတဲ့အချက်တွေကို   အကုန်ပေါင်းပြီး စာတမ်းပြုစုထားပြီးပြီ”
ဟု အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး   အတွင်းရေးမှူး ဦးခက်ထိန်နန်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှ ဇယား (၁)တွင်ပါရှိသည့်ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့် အချို့အားဇယား(၂) ဖြစ်သည့်  
“စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေကို ခန့်ချင်ရင် ခန့်လို့ရအောင်။ပြည်နယ်အစိုးရ   လုပ်ပိုင်ခွင့်ဘာမှ မရှိလို့ အခွင့်ပေးဖို့၊
ရခိုင်ပြည်နယ်က ဂတ်(စ်)ဆိုရင် ပြည်ထောင်စုအစိုးရကပဲ ယူလိုက်တယ်။
ကချင်ပြည်နယ်က ပြည်နယ် ကျောက်စိမ်း၊ သစ်တော၊ ရွှေတွေကို ပြည်သူတွေလည်းအကျိုးခံစားခွင့်ရှိရမယ်”   ဟု ဦးခက်ထိန်နန် က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းမှ   ကိုယ်စားလှယ်များကတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့    မေလ(၂၀) ရက်နေ့မှ (၁၂)ရက်ကြာကွင်းဆင်းလေ့လာခဲ့ကြောင်း   သိရှိရသည်။ အဆိုပါကိုယ်စားလှယ် အဖွဲ့အနေဖြင့်ကျန်ရှိနေသေးသည့်   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးများ   သို့ ဇွန်လ (၆) ရက်နေ့တွင်ဆက်လက်သွားရောက်  မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
by Shwe Myitmakha Media Group
သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီ
Posted: 05 Jun 2012 03:14 AM PDT
ဓါတ်ပုံ- နိရဉ္စရာ
သံတွဲမြို့တွင်ဂျီတီအိုင်ကျောင်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး တက်ရောက်နေကြသော တောင်ကုတ်မြို့မှ ကျောင်းသူကျောင်းသား များကို တောင်ကုတ်မြို့ခံများက မော်တော်ကားလေးစီးဖြင့်
လာရောက်ခေါ်ဆောင် သွားပြီ ဖြစ်ကြောင်း သိရသည်။
 ရခိုင်ကျောင်းသားများနှင့် သံတွဲမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့
 အကြား ပြဿနာများဖြစ်မလာစေရန် နေရပ်သို့
ပြန်လည်ခေါ်ဆောင်ထား ခြင်းဖြစ်သည်ဟု သိရသည်။
7Day News Journal - Facebook
ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို
Posted: 05 Jun 2012 02:26 AM PDT
ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။
The Voice Weekly
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။
ကိုမြအေးက တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း လည်း ပြောဆိုသွား ပြီး ယနေ့ထုတ် သတင်းစာတွင် သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆို သည့် စကားလုံး ကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆို သွားသည်။
" ၈၈မျိုးဆက် ကျောင်းသားများကိုယ်စား ကျွန်တော် သွားတာပါ။ ဆန္ဒမပြဖို့ ဖြန်ဖြေပေးဖို့ အတွက် သွားတာပါ။လှုံဆော်ဖို့အတွက် သွားတာ မဟုတ်ပါဘူး" ဟု ကိုမြအေးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။
ကျောက်နီမော် ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှား လျင် သေဒဏ်အထိ ချမှတ်ပေးဖို့ တောင်းဆိုသွား သကဲ့သို့ တောင်ကုတ် တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။
ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁၀၀ ကျော် ထိရောက်ရှိလာပြီး သတင်းမီဒီယာသမား များနှင့် လေ့လာအကဲခတ်နေသူ အခြား ဘာသာဝင်များမှာ ၁၀၀၀ နီးပါး ခန့်ရှိသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။
ဗြိတိန်က အစဉ်အလာများကို​ဖျက်​၍ ​ဒေါ်အောင်​ဆန်းစုကြည်အား ဂုဏ်ပြုမည်
Posted: 05 Jun 2012 02:07 AM PDT
2470_David_Cameron_Myanmar_Visit3.jpgြ
ဗိတိန်ဝန်ကြီးချုပ် David Cameron က ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့် ဧပြီလတွင် တွေ့ဆုံစဉ်က လန်ဒန်သို့ လာရောက်လည် ပတ်ရန် ဖိတ်ကြားခဲ့။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံက နိုင် ငံ့ခေါင်းဆောင်များသာ မိန့်ခွန်းပြောကြားခွင့်ရသည့် သမိုင်းဝင် နာမည်ကျော် ၀က်စ္စ်မင်စတာ ခန်းမကြီးတွင် လာမည့် ဂျွန်လ ၂၁ ရက်၊ ကြာသာ ပတေးနေ့၊ ညနေ ၃ နာရီတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
ကနဦး၌ ထိုသို့ ဖိတ်ခေါ်မှုကို ဗြိတိန်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာမဟုတ်သဖြင့် အထက်လွှတ်တော် အမတ်များ၏ ကန့်ကွက်မှုများ ရှိ ခဲ့သော်လည်း ဗြိတိန် ၀န်ကြီးချုပ် David Cameron နှင့် နိုင်ငံခြားဝန်ကြီး William Hague တို့၏ထောက်ခံ မှုဖြင့် အောက် လွှတ်တော် အမတ် John Bercow က အဆိုပါ ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။
ဗြိတိန်နိုင်ငံ၏ ဓလေ့ထုံးစံများအရ ၀က်စ္စ်မင်စတာခန်းမကြီးတွင် မိန့်ခွန်းပြောကြားခွင့် ရရှိသူများမှာ နိုင်ငံ့ခေါင်းဆောင်/နိုင်ငံ့အကြီး အကဲ များသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ့သမိုင်းတွင် နိုင်ငံ့အကြီးအကဲတစ်ဦး မဟုတ်သည့် ပုဂ္ဂိုလ်များအနက် ပထမဦး ဆုံးသော မိန့် ခွန်းပြောကြားခွင့်ရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ၀က်စ္စ်မင်စ တာခန်းမကြီးတွင် နောက်ဆုံး မိန့်ခွန်းပြောကြားခွင့်ရရှိသူမှာ နိုင်ငံ့အကြီးအကဲမှာ အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်ခ် အိုအားမား ဖြစ်ပြီး ယမန်နှစ် (၂၀၁၁) က သူ၏ ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
---
Reference: deccanhearld.com
Photos courtesy of Getty Images Asia-Pacific.
 Written by မောင်သြ  - shwelone
ဇွန် ၅ ရက်မှစပြီး ၂၄ နာရီ မီးအပြည့်ရမည်
Posted: 05 Jun 2012 01:10 AM PDT
မန္တလေးမှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြခဲ့စဉ် (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးကို အပြည့်အဝပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး   အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရန်ကုန်တိုင်း(မ်)ဂျာနယ် သို့ပြောကြားသည်။
ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
    " ဇွန်လ ၅ ရက်နေ့ (ယနေ့) ကစပြီးတော့ ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား ၂၄ နာရီ အပြည့်ပေးတော့ မှာပါ ရွှေလီ ရေအားလျှပ်စစ်ကရတဲ့ ဓာတ်အားလည်း အပြည့်အ၀ပြန်ရနေပါပြီ အဲ့ဒါကြောင့် ယခင်အတိုင်း ပုံမှန် အပြည့်အ၀ပေး သွားမှာ ပါ  " ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းကို KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝဝ) နာရီ အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီး ဖြစ်သောကြောင့်   မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ယခင်အတိုင်း ပိုမိုဖြန့်ဖြူး လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။
Reporter: သန်းနိုင်ဦး - Yangon Media Group
စည်ပင်သာယာ ဥပဒေ ရေးဆွဲရေး ပြည်နယ်အချို့ အခက်ကြုံ
Posted: 05 Jun 2012 12:48 AM PDT
နေပြည်တော်၊ ဇွန် ၂
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၎င်းတို့ ဘတ်ဂျက်ကို ကိုယ်တိုင် ရှာဖွေခွင့်ပြုထားရာ ဒေသနှင့် ကိုက်ညီသော စည်ပင်သာယာ ဥပဒေများ ရေးဆွဲနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက စီစဉ်နေသော်လည်း ၁၉၉၃ တည်ဆဲ စည်ပင်ဥပဒေများနှင့် ကိုက်ညီခြင်း မရှိသဖြင့် ဥပဒေ ရေးဆွဲနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ ပြည်နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများအတွက် ဥပဒေပြုနိုင်ခွင့် ရှိသော်လည်း ၁၉၉၃ စည်ပင်သာယာ ဥပဒေသည် ပြည်နယ်နှင့် တိုင်းများအပေါ် လုပ်ကိုင်ခွင့် မပေးထားကြောင်း၊ တည်ဆဲ ဥပဒေတစ်ရပ် မဖျက်သိမ်းသေးသည့် အတွက် ဥပဒေသစ်များ ပြုရန် အခက်ကြုံနေကြောင်း ၎င်းက ရှင်းပြသည်။
“ဒီဥပဒေကို မဖျက်ရသေးရင်လည်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် စတာတွေ ထုတ်ပြီး လုပ်နိုင်ကိုင်နိုင်အောင် ဆောင်ရွက်ပေးလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ် ဥပဒေချုပ် ဦးသိန်းလွင်ကလည်း မိမိတို့ပြည်နယ် အနေနှင့် စည်ပင်သာယာ ဥပဒေ ရေးဆွဲရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ ဇယား ၂ အပိုဒ် (၈) အရ စီစဉ်နေသော်လည်း ဒေသအတွက် ရည်ရွယ်သော ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စု အစိုးရက ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ထိပ်တိုက် ဆန့်ကျင်ကွဲလွဲမှုများ ရှိနိင်သည်ဟု သဘောပေါက်၍ ပြည်နယ်တွင် စည်ပင်သာယာ ကိစ္စရပ်များကို လက်ရှိ တည်ဆဲဥပဒေ အရသာ ဆောင်ရွက်နေရပြီး ၁၉၉၃ စည်ပင်သာယာ ဥပဒေ မဖျက်သိမ်းသေးသည့် အတွက် ပြည်နယ် လွှတ်တော်က ဥပဒေပြုနိုင်ရန် ကြန့်ကြာနေရကြောင်း ၎င်းက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု အစိုးရ၏ ဥပဒေပြုဇယားတွင် စည်ပင်သာယာ ကိစ္စရပ်များ မပါဝင်သဖြင့် ပြည်နယ်လွှတ်တော် အနေနှင့် စည်ပင်သာယာ ဥပဒေကို လွတ်လပ်စွာ ရေးဆွဲနိုင်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးမြင့်လွင်က သုံးသပ် ပြောကြားသည်။
တံဆိပ်ခေါင်းခွန်တိုး၍ နွမ်းပါးသူများ တရားစရိတ်အခက်အခဲရှိလာ
Posted: 05 Jun 2012 12:30 AM PDT
 အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on 5 Jun, 2012
နိုင်ငံတော်မှ တံဆိပ်ခေါင်းအခွန်နှင့် ရုံးခွန်နူန်းထားများအား တိုးမြှင့်လိုက်ခြင်းကြောင့် ဆင်းရဲသည့် ပြည်သူများ အနေဖြင့် တရားရင်ဆိုင်သည့်အခါတွင် စားရိတ်အခက်အခဲပြသာာများဖြစ်ပေါ်နိုင်ကြောင်း ဥပဒေပညာရှင်များ က သုံးသပ်သည်။
“အက်ဥပဒေပြင်ဆင်တိုင်း ပြင်ဆင်တိုင်း အခွန်းနူန်းတော့ နည်းနည်းပြောင်းကောက်ပါတယ်။ ခေတ်ကာလနဲ့ လည်းအညီ နောက်   ငွေကြေးအခက်အခဲရှိတဲ့သူတွေအတွက်လဲ တရားရင်ဆိုင်နိုင်တဲ့ အခွန်နူန်းထားဖြစ်တယ်။ အခုကအဲဒီလို မဟုတ်တော့ဘူး။ ပိုက်ဆံမရှိတဲ့သူက မှန်တော့လည်း တရားမစွဲနိုင် မလုပ်နိုင်တာနဲ့ ပိုက်ဆံနဲ့ ရင်ဆိုင်နိုင်တဲ့ သူကနိုင်ပြီး မတရားတာတွေ ဖြစ်နေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။
အဆိုပါ အခွန်နူန်းများ ပြောင်းလဲတိုးမြှင့်ခြင်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး ၁၁/၂၀၁၂ သဘောတူခွင့်ပြုချက်အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၁၂၂/၂၀၁၂ ဖြင့် ၂၀၁၂ မတ်လ(၁၅)ရက်နေ့နေ့စွဲဖြင့်  တံဆိပ်ခေါင်း ခွန်များအား အဆ (၁၀၀)တိုးလိုက်ကြောင်း၊ ထိုနောက် (၁၁/၂၀၁၂) အစည်းအဝေးသဘောတူခွင့်ပြုချက်အရ ၂၀၁၂ မတ်လ(၁၅ )ရက်နေ့မှာပင် ရုံးခွန်အမိန့်ကြေညာ စာအမှတ် ၁၂၃/၂၀၁၂ ဖြင့် ရုံးခွန်များအား အဆ(၁၀၀)တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရှေ့နေတွေတော် ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန် တိုးတားတောင်မသိလိုက်ဘူး။ အဲလိုပြောင်းလဲမယ် ဆိုရင်လည်း   ပြည်သူတွေကို ကြိုပြီးအကြောင်းကြားသင့်တယ်။ အခုပြည်သူတွေအနေနဲ့ အမှုတစ်ခုဖြစ်ပြီဆိုရင် မှန်နေလဲ ပိုက်ဆံမရှိရင် တရားစွဲဖို့ အဆင်မပြေဘူး။ တရားစွဲတယ်ဆိုတာ တံဆိပ်ခေါင်းတက်ပြီးစွဲရတာ။ အခု တံဆိပ်ခေါင်းခွန်တွေကို အဆ (၁၀၀)လောက်တိုးပြီးသတ်မှတ်လိုက်တော့ ပြည်သူတွေအတွက်တော်တော်လေး နှစ်နာမှုတွေ ဆုံးရှုံးမှုတွေဖြစ်လာတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
ပြောင်းလဲလိုက်သော ရုံးခွန်များတွင် ရှေ့နေကိုယ်စားလှယ်စာမှာ ယခင် (၅)ကျပ်မှ ယခု (၅၀၀)ကျပ်သို့ လည်းကောင်း၊ ရုံးသို့လျှောက်    လွှာမှာ ယခင် (၅)ကျပ်မှ ယခု (၅၀၀)ကျပ်သို့လည်းကောင်း၊ တရားမမှုစွဲဆိုပါက (အများဆုံး)ယခင် ကျပ်(၁၅၀၀၀) မှ ယခု ကျပ်(၁၅၀၀၀၀၀) သို့လည်းကောင်း ပြောင်းလဲသွားကြောင်းနှင့် အလားတူ တံဆိပ်ခေါင်းခွန်များကိုလည်း အဆ ၁၀၀ အထိ (ဥပမာ- သဘောတူစာချုပ် ယခင်(၆)ကျပ်မှ ယခု ၆၀၀ကျပ်)ထိုးမြှင့်မူများရှိကြောင်း သိရသည်။
“ကျွန်တော့် သူငယ်ချင်းအသိုင်းဝိုင်းထဲက အမှုတစ်ခု ဖွင့်မလို့ဆိုပြီး တရားရုံးတော့ ရောက်ခဲ့ဘူးတယ်။ ရှေ့နေ တွေကလည်း တရားစွဲရင်တံဆိပ်ခေါင်းတပ်ပြီးဆွဲ ရတယ်။ အဲတံဆိပ်ခေါင်းကြေး ဘယ်လောက်၊ ရုံးခွန်ကဘယ် လောက်ဆိုပြီး ရှင်းပြတယ်။ အဲဒါနဲ့ သူငယ်ချင်းက ကုန်ကျမယ့် ပိုက်ဆံတွက်ပြီးတော့ မတိုင်ခဲ့ရပဲ ပြန်လာခဲ့ရ တာမျိုးတော့ ကြုံခဲ့ဘူးတယ်” ဟု တာမွေမြို့နယ်မှ ကိုဇော်မင်းဌေးက ပြောသည်။
မြန်မာနိုင်ငံတော်၏ ရုံးခွန်အက်ဥပဒေကို ၁၈၇၀ ခုနှစ် ဧပြီ(၁)ရက်နေ့နှင့် တံဆိပ်ခေါင်ခွန်အက်ဥပဒေကို ၁၈၉၉ ခုနှစ်ဇူလိုင်လ(၁)ရက်နေ့တွင် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး (၁၉၅၇) ခုနှစ်၌ အဆိုပါအက်ဥပဒေများကို အနည်းငယ် ပြင်ဆင်ကာ (၁၉၅၈)ခုနှစ်တွင် တံဆိပ်ခေါင်းခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း(လုံးဝ)မပြုဘဲ ရုံးခွန်အက်ဥပေဒ ကိုသာ အပိုဒ်(၂)တွင် အနည်းငယ်တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုနောက် ရုံးခွန်အက်ဥပဒေနှင့် တံဆိပ်ခေါင်း အက်ဥပဒေပြင်ဆင်ခြင်းများကို (၁၉၆၂)ခုနှစ် မှ (၁၉၈၈)ခုနှစ် အထိ ပြင်ဆင်မူလုံးဝမတွေ့ရှိခဲ့ရပဲ ၁၉၉၀ ခုနှစ်တွင်သာ ဥပဒေအမှတ် ၆/၉၀ နှင့် ၇/၉၀ အရ အဆိုပါ  အက် ဥပဒေများအား ပြင်ဆင်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာအလုပ်သမားဆန္ဒပြမှုများမှ စက်ရုံ(၁၅)၀န်းကျင် ပြေလည်မှုမရှိသေး
Posted: 05 Jun 2012 12:23 AM PDT
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 5 Jun, 2012
လှိုင်သာယာစက်ရုံများတွင် အလုပ်သမားဆန္ဒပြမှုများမှာ (၁)လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စက်ရုံ(၁၅)ရုံဝန်းကျင်မှာ ယခုတိုင် ပြေလည်မှုမရရှိသေးကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုများပြေလည်နိုင်ရန် အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်သိန်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးညွှန်ကြားရေမှူးချုပ် ဦးဝင်းရှိန်၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားချုပ်ဦးမျိုးအောင် နှင့် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့မှညှိုနှိုင်းဖြေရှင်းပေးသော်လည်း    ပြေလည်မှုမရရှိခဲ့ခြင်း ဖြစ်သည်။
 “အချင်းချင်းညှိုနှိုင်းရန်အရေးကြီးတယ်။ ဟန်ချက်မပျက်သွားစေချင်ဘူး။ ကိုယ့်အထုတ်ကိုယ်ဖြည်သလို ဖြစ်ရင်မကောင်းဘူး။”ဟု အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးမြင့်သိန်းကပြောသည်။
လက်ရှိအချိန်အထိ ပြေလည်မှုရရှိသွားသော လှိုင်သာယာစက်ရုံများမှာ UNNO Myanmar Yes, စံပယ်ပွင့်၊ ပုလဲ၊ Global Footwear၊ နေမင်းအောင်၊ YJ၊ MO-Z၊Lucky Shoes၊ Asia Roseနှင့် Hall Markစက်ရုံများဖြစ်ပြီး၊ ရွေပြည်သာမှ Grand Royal၊မြောင်းတကာ သံမဏိစက်ရုံတို့ဖြစ်ကြောင်း သိရှိရသည်။
အလုပ်သမားများတောင်းဆိုသော အခြေခံလစာကို တတ်နိုင်သလောက်ညှိုနှိုင်းပေးရန် သံမဏိစက်ရုံကဲ့သို့ အလုပ်ရှင်အလုပ် သမားညှိုနှိုင်းအဆင်ပြေမှုရရှိစေလိုကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက ရှင်းပြသည်။
၁၉၉၄ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပြီး အထည်ချုပ်စက်ရုံ ၆၅ ရုံ၊ ၁၉၉၉ ခုနှစ်တွင် အလုပ်ရုံ ၃၀၀ ကျော် တိုးတက်လာခဲ့သည်။ အလုပ်သမား နှစ်သိန်းခွဲခန့် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင် ခဲ့ကြောင်းလည်း သိရသည်။
၂၀၀၃ ခုနှစ်တွင်မူ လုပ်ငန်းများပြန်လည်ကျဆင်းလာ၍ ရှစ်သောင်းခွဲခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး လျော်ကြေး ပေးကာ အလုပ်ထွက် ခဲ့ရခြင်းဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်း ဥက္ကဌ ဦးမြင့်စိုးက ဆိုသည်။
အလုပ်သင်ဝန်ထမ်းတစ်ယောက်အား တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ရှိမည်ဖြစ်ကြောင်း ဦးမြင့်စိုးက ဆက်ပြောသည်။
စက်ချုပ်အလုပ်သင်တယောက်အနေနဲ့ တစ်လလျှင် လုပ်အားခ ခြောက်သောင်းခြောက်ထောင်ငါးရာနှင့် အလယ်လတ်တန်းစား လူတယောက်အနေနဲ့ စက်ချုပ်အလုပ်သင်တယောက်အနေနဲ့ တစ်လလျှင် လုပ်အားခခြောက်သောင်းခြောက်ထောင့်    ငါးရာနှင့် အလယ်လတ်တန်းစား လူတယောက်အနေနဲ့ ခုနှစ်သောင်းသုံးထောင် ရရှိမည်ဖြစ်ကြောင်း အထည်ချုပ်ဥက္ကဌက ညှိုနှိုင်းဆွေးနွေး ခဲ့သည်။
“ကျမတို့ ဒီလုပ်ခနဲ့ အဆင်မပြေပါဘူး။ အရင်တုန်းက အချိန်ပိုးကြေးမရှိတာတောင် လေးသောင်းရှစ်ထောင် ရပါတယ်။ အခု အချိန်ပိုကြေးမပါရင် နှစ်သောင်းခုနှစ်ထောင်ရတယ်ဆိုတော့ အဆင်မပြေပါဘူး။” တိုင်ရီဖိနပ် စက်ရုံက မမိုးဝေကပြောသည်။
 အဆိုပါညှိုနှိုင်းမှုသည် မနေ့က ဇွန်လ(၄) ရက်နေ့ထိ ပြေလည်မှုမရရှိခဲ့သဖြင့် ဆက်လက်ညှိုနှိုင်း ဖြေရှင်း မည်ဖြစ်ကြောင်း သိရှိရသည်။ လှိုင်သာယာစက်မှုဇုံရှိ စက်ရုံ(၁၅)ရုံခန့်မှာ လက်ရှိအချိန်အထိ ပြေလည်မှု မရှိသေးကြောင်းကိုလည်း သိရှိရသည်။
နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်
Posted: 05 Jun 2012 12:21 AM PDT
မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပေ မယ့် နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ သံသယရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေဟာ ခိုင်ခိုင်မာမာမရှိသေးသလို လူပုဂ္ဂိုလ်တွေအပေါ်မှာ တည်နေ သလိုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။
စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ အာရှဒေသ၊ လုံခြုံရေးညီလာခံမှာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း တက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်ရဲ့ သဘောထားကို တတ်ရောက်လာသူအချို့က မေးခွန်းထုတ်ခဲ့ကြပါ တယ်။ စစ်တပ်အနေနဲ့ လက်ရှိမြန်မာအစိုးရပြုလုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ၁၀၀% ထောက်ခံပါတယ်လို့ ပြောခဲ့ သလို လက်ရှိ လွှတ်တော်တွင်း စစ်တပ်က ၂၅ % နေရာယူထားတာကိုလည်း တဖြည်းဖြည်း လျှော့ချ သွားဖွယ်ရှိတယ်လို့လည်း စကားပြန်ကတဆင့် ပြောသွားပါတယ်။
လွှတ်တော်ထဲ ၂၅ % ပါဝင်ပတ်သက်မှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဥပမာ အားဖြင့် ရေချိုထဲကငါးကို ရုတ်တရက် ရေငန်ထဲကို ထည့်လို့မရသလို အသွင်ကူးပြောင်းရေးအတွက် အချိန်တော့ယူရပါမယ်၊ အခုဖွဲ့စည်းပုံပါ ၂၅ % တပ်က နေရယူထားတာဟာ အသေဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး၊ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊ သင့်လျော်တဲ့အချိန် ကျရင်တော့ ၂၅ % ပါဝင်မှုကို လျှော့ချပြီး အပြောင်းအလဲတွေ ရှိလာမှာပါ ဆိုပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဖြေဆိုသွားတာပါ။
ဒါပေမယ့်လည်း မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေး သုံးသပ်လေ့လာသူ တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ အခုလို ကတိပေး ပြောဆိုမှုတွေအပေါ်မှာ သံသယရှိပါတယ်။ အထူးသဖြင့်တော့ အပြောင်း အလဲတွေ၊ ဒီလို ပြောဆိုချက်တွေဟာ တစ်ခုလုံးကို တကယ် ကိုယ်စားပြုရဲ့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ တည်သလိုဖြစ်နေသလားဆိုတာ သူက မေးခွန်းထုတ်ပါတယ်။
“ကျနော်တို့ သတိထားပြီးတော့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ် မှူးကြီးစောမောင်ကလည်းပဲ အလားတူပဲ ဦးစီးချုပ်ဖြစ်စဉ်ကာလ န၊ဝ၊တ ဥက္ကဋ္ဌဖြစ်စဉ်ကာလက ဒီရွေးကောက်ပွဲပြီးလို့ရှိရင် စစ်တန်းလျားကိုပြန်ပါမယ်လို့ ကတိတွေပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဖယ်ရှားလိုက်တဲ့အခါကျတော့ ဒီကတိတွေက သူနဲ့အတူ ပျောက်ကွယ်သွားတာမျိုးတွေ ရှိတယ်။ အခုလည်းပဲ ဗိုလ်ချုပ်ကြီးလှမင်းပဲဖြစ်စေ၊ ဒါမှမဟုတ် သမ္မတကြီးဦးသိန်းစိန်ပဲဖြစ်စေ- နောက်ပြီးတော့ ဦးရွှေမန်းပဲဖြစ်စေပေါ့လေ- သူတို့က ခေါင်းဆောင်တွေ ပီပီပေါ့နော် ကတိကဝတ်တွေ ပေးထားပေမဲ့ တချိန်ချိန်ကျလို့ရှိရင် တပ်မတော်က အမျိုးမျိုးကြောင့် အာဏာပြန်သိမ်းဖို့၊ နောက်ကြောင်းပြန် လှည့်ဖို့ ဖြစ်လာမယ်ဆိုလို့ရှိရင် သူတို့ကို ဖယ်ရှားလိုက်တာနဲ့ သူတို့ရဲ့ကတိစကားတွေက သူတို့နဲ့အတူတူ ပါသွားတဲ့ သဘောမျိုးပဲဖြစ်သွားမှာပဲ။”
ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်းဦးကတော့ အာဏာပိုင်တွေအတွင်းမှာကို တဦးနဲ့တဦး အပြောအဆိုတွေ မညီညွတ်သေးတာကြောင့် အခု အပြောင်းအလဲဆိုတာဟာလည်း ခိုင်မာပါ့မလား စိုးရိမ်တယ်လို့ ပြောပါတယ်။
“ကျနော့်အထင်ပြောရရင်တော့ စိတ်ချရလောက်တဲ့အနေအထားမျိုးတော့ မရောက်သေးဘူးဗျ။ အထူး သဖြင့် တိုင်းရင်းသားတွေ ဆွေးနွေးတာဟာ တကြောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းဖြစ်နေ တယ်။ ပြောတာဆိုတာတွေက မညီညွတ်သေးဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေးက စိတ်ချရတဲ့ငြိမ်းချမ်းရေး ရမှသာလျှင် ပြီးပြည့်စုံလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီတော့ အခုလို ငြိမ်းချမ်းရေး တည်ဆောက် ယူတဲ့နေရာမှာ စိတ်မချနေရလို့ရှိရင် အမေရိကန်ဆီက လက်နက်တွေယူပြီးတော့ ဒီတိုင်းရင်းသားတွေကို ပြန်တိုက်နေရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ အဲဒါက စဉ်းစားစရာဖြစ်နေပါတယ်။”
အာရှလုံခြုံရေးညီလာခံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာလည်း တက်ရောက်နေ တာပါ။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေ ကို ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က လိုလိုလားလားရှိတယ်လို့ မစ္စတာ Panetta က ပြောခဲ့ပါတယ်။ ဦးဌေးအောင်ကတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထား ရှိနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာစစ်တပ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်မယ်လို့ပြောပါတယ်။
“သူတို့အနေနဲ့ အစကတည်းကကို မြန်မာစစ်ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေမှာသွားပြီးတော့ စစ်ပညာသင်ချင်တာမျိုးတို့၊ အနောက်နိုင်ငံတွေမှာပဲ သွားပြီးတော့ အနောက်နိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေတင်မကဘဲနဲ့ အနောက်နိုင်ငံထုတ် ပစ္စည်းတွေကို ဝယ်ယူချင်တာမျိုးတို့၊ သူတို့ရဲ့ သားသမီးတွေကိုလည်း အနောက်နိုင်ငံတွေမှာပဲ ပညာသင်စေချင်တာမျိုးတို့ ဒါမျိုး အနောက်နိုင်ငံတွေကို သူတို့အနေနဲ့ အထင်ကြီးလေးစားတဲ့စိတ်ဓာတ်တွေလည်း ရှိတယ်။ အဲဒါကြောင့် အခု အမေရိကန်နိုင်ငံက လာပြီး ဗမာအစိုးရခေါင်းဆောင်တွေကို အခုလိုပေါ့ ကမ်းလှမ်းမှုတွေ လုပ်လာမယ်ဆိုရင်တော့ ဒါ အများကြီးကောင်းတယ်လို့ပဲ ကျနော်က ယူဆပါတယ်။”
လက်ရှိ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ စစ်အုပ်စုအတွင်း အပြောင်းအလဲကို လက်မခံတဲ့ သဘောထား တင်းမာသူတွေ ရှိနေဆဲပဲလို့ လေ့လာသူတွေက ယူဆနေကြတာပါ။ ဒါကြောင့်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုပြီးတော့ နိုင်ငံတကာကလည်း စူးစမ်းနေပုံရပါတယ်။ အထူးသဖြင့် ကချင်ဒေသ မှာ အပစ်ရပ်ဖို့ သမ္မတက ညွှန်ကြားချက်ထုတ်ပေမဲ့ စစ်တပ်ကလိုက်နာမှုမရှိဘူးလို့ ယူဆချက်တွေကြောင့် စစ်တပ်ဟာ အပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တယ်လို့ မြင်နေကြတာပါ။ ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးကတော့ စစ်တပ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ထောက်ခံပါတယ်၊ မြန်မာ့စစ်တပ်ဟာ ဘယ်တုန်းကမှ အစိုးရကို ပုန်ကန်တာမျိုး မရှိခဲ့ဘူး လို့ ပြောဆိုသွားပါတယ်။
 By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နော်ဝေဝန်ကြီးချုပ် ကြိုဆို
Posted: 05 Jun 2012 12:18 AM PDT
နော်ေ၀၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဇွန်လ (၁၅) ရက်နေ့ ကနေ (၁၈) ရက်နေ့အထိ သွားရောက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေနိုင်ငံခရီးစဉ် အချိန်ဇယားကို နော်ဝေ နိုင်ငံခြားရေးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပြီး နော်ေ၀၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို သူရဲ့ဖိတ်ကြားချက်ကို လက်ခံပြီး နော်ဝေနိုင်ငံကို လာရောက်လည်ပတ်မှာကို ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေဝန်ကြီးချုပ် Mr.Jens Stoltenberg တို့ဖြစ်ပါသည်။
“အခုနောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံကို လာရောက်ပြီး ကိုယ်တိုင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်အလွန်ပဲ ၀မ်းသာပီတိဖြစ်ရပါတယ်။ မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုကို နော်ဝေနိုင်ငံက နှစ်ပေါင်းများစွာ အားပေးထောက်ခံခဲ့သလို လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ကျွန်တော်တို့  ကြိုဆိုပါတယ်လို့” နော်ေ၀၀န်ကြီးချုပ်က ပြောဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံ Oslo မြို့ကို ဇွန်လ (၁၅) ရက်နေ့မှာ ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေ့နေ့လည်ပိုင်းမှာ နော်ဝေး၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီးချုပ်က ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ (၁၆) ရက်နေ့မှာ နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား တက်ရောက်မှာဖြစ်ပြီး ညနေပိုင်းမှာ နော်ဝေရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဇွန်လ (၁၇) ရက်နေ့မှာတော့ ဘာဂန်မြို့ကို လာရောက်မှာဖြစ်ကြောင်း မြို့ခံ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ မကေသီအောင်က အခုလို ပြောပါတယ်။
" ဘာဂန်မြို့မှာကျတော့ ဒေါ်စုကို ပထမဦးဆုံးသော နိုင်ငံတကာဆုဖြစ်တဲ့ ရက်ဖ်တို လူ့အခွင့်အရေးဆုကိုပေးခဲ့တဲ့ ရက်ဖ်တိုဖောင်ဒေးရှင်း၊ ဒေါ်စုမကြာခဏကျေးဇူးတင်ကြောင်း ပြောလေ့ရှိတဲ့ ဖောင်ဒေးရှင်းပေါ့နော်။ အဲဒီဖောင်ေးဒရှင်းကို ဒေါ်စုလာလိမ့်မယ်တဲ့။ ပြီးတော့ ဘာဂန်မြို့မှာ ရှိနေတဲ့ ဗမာတွေအားလုံးနဲ့ တွေ့ဆုံပွဲလေး တခုလုပ်မယ်။ ဒေါ်စုကလည်း မိန့်ခွန်းပြောမယ်။ ဒေါ်စုကိုပြန်လည် မေးခွန်းထုတ်တာ၊ ဒေါ်စုနဲ့ပေါ့လေ၊ ဘာတွေ တိုင်းပြည်အတွက် အကူအညီပေးနိုင်မလဲလို့ ဒီမြို့ကလူတွေနဲ့ စကားပြောမယ်။ အဲဒီဟာကတော့ နာရီဝက် တစ်နာရီလောက်ပဲရှိမယ်။ အဲဒါပြီးလို့ရှိရင် ဒေါ်စုက ဗမာတွေရော၊ နောက်ပြီးတော့ ဒီဘာဂန်မြို့မှာရှိနေတဲ့ နော်ဝေလူမျိုးတွေကိုရော မြို့လယ်မှာ ဒေါ်စုက မိန့်ခွန်းပြောမယ်"
နော်ဝေခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ (၁၈) ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကာကွယ်ရေးကော်မတီဝင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။
RFA-Burmese
ခမောက်ကြီးမြို့နယ် အေးချမ်းသာရပ်ကွက်တွင် မြစ်ရေလျှံပြီး နေအိမ်များနှစ်မြုတ်
Posted: 05 Jun 2012 12:15 AM PDT
၅ ဇွန် ၂၀၁၂
                  ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊အေးချမ်းသာကျေးရွာတွင် မြစ်ရေလျှံပြီး ကမ်းနားနေ နေအိမ်အချို့ ရေ နှစ်မြုတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရွာခံတစ်ဦး၏ပြောပြချက်အရသိရှိရပါတယ်။
                   ရေထပတ် နှင့် မိုးများအဆက်မပြက်ရွာသွန်းမှုကြောင့်ပါချန်မြစ်ရေလျှံကာ မြစ်ကမ်းနဘေးရှိ ရဲစခန်း အပါဝင် လူနေအိမ် အချို့နှစ်မြုတ်သွားခြင်းဖြစ်တယ်လို့ အေးချမ်းသာကျေးရွာနေ ဒေါ်နွဲ့ကပြောပါတယ်။
                   ရွာခံဒေါ်နွဲ့က“မနေ့(၄.၆.၂၀၁၂)ကတည်းက မြစ်ရေကလျှံနေတာ(၅.၆.၂၀၁၂)ရက်နေ့မှာတော့ အေးချမ်းသာရဲစခန်းအပါဝင် အိမ်ခြေ လေးဆယ်ကျော်လောက်ရှိမယ် လုးံလုးံကိုမြုတ်တာ ရေဘေးဒုက္ခသည်တွေ ကိုတော့ အေးချမ်းသာရွာဦးကျောင်းရှိ ဓမ္မာရုံနှင့် ရွာအထက်ပိုင်းရှိ ဆွေမျိုးမိတ်ဆွေအိမ်မှာ တည်းကြတယ်” ဟုပြော ပါတယ်။
နံနက် ၁၁း၃၀ နာရီတွင် ရွာခံပြောကြားချက်အရ ဒုက္ခသည်များတည်းခိုရာ ရွာဦးကျောင်းအထိရေများဝင်လာပြီး ဓမ္မာရုံကျမ်းပြင်အထိ ရေရောက်နေတယ်လို့သိရပါတယ်။
                 ဒုက္ခသည်တွေနဲ့ပက်သက်ပြီး စားရေးသောက်ရေးကိစ္စကိုတော့ ရွာမှ အရန်မီးသတ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ လိုက်လံကူညီမှုများ ရှိတယ်လို့ သိရပြီး အကူညီများလည်းထပ်မံ လိုအပ်ကြောင်း သိရပါတယ်။
                 အေးချမ်းသာရပ်ကွက် သည် ထိုင်းနိုင်ငံ နာမ်မကျော့ရပ်ကွက် နှင့် ပါချမ်မြစ် တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး ပါချမ်မြစ်တစ်လျှောက် တွင်ရှိသော မြန်မာပိုင် မာရမ်း၊ဖေါ့ဆုတ်၊ဆိပ်ဖူးကျေးရွာများတွင်လည်း မြစ်ရေလျှံ မှုများနှင့် ကြုံတွေ့နေသည်ဟု သိရှိရပြီး ပျက်စီးဆုးံရှုးံမှုကိုမူ အတည်မပြုနိုင်ခြင်းမရှိသေးပေ။
ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု ယနေ့ စစ်ဆေးမည်
Posted: 04 Jun 2012 07:13 PM PDT
 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားမှုကို ယနေ့  စတင် စစ်ဆေးတော့မှာဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သောကျးရွာ အုပ်ချုပ်ရေးမှူး ရုံးမှာ လယ်သမား ၆ ဦးကို မနက်ကိုးနာရီ စတင်စစ်ဆေးမှာဖြစ်ပြီး မည်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။
လနဲ့ချီပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ မြေဧက ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေက သီးစားစိုက်ပျိုး လုပ်ကိုင်ခွင့်ပြုဖို့ အပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြိးခဲ့တဲ့ မေ ၂၁ရက်နေ့မျာ ကုမ္ပဏီကို သီးစားချထားပေးခဲ့ပါတယ်။ ခရိုင်အဆင့် ရပ်ကွက် ကျေးရွာအဆင့်အုပ်ချုပ်ရေးမှူးတွေထံကတဆင့် မေလ ၂၇ရက်နေ့မှာ လယ်သမားတွေ သိခဲ့ရတာဖြစ်ပြိး မကျေနပ်တဲ့အတွက် လယ်သမားတွေက မြေယာကော်မတီထံမှာ မြေယာမှုခင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ကျေးရွာမြေယာကော်မတီရဲ့ ဥက္ကဌတာဝန်ဖြစ်တာကြောင့် တာဝန်ယူစစ်ဆေးပေးရမှာဖြစ်ပါတယ်။ မနက်ဖြန်စတင် စစ်ဆေးမယ်ဆိုတာ အကြောင်းကြားလာတယ်လို့ ဒီလယ်မြေအငြင်းပွားမှုကိစ္စမှာ လယ်သမားတွေဘက် လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေက ပြောါပတယ်။
´´ဒီနေ့ပဲအကြောင်းပြန်တယ်။ ယနေ့ ကို မနက်ပိုင်း ၉နာရီမှာ ၆ဦးစစ်မယ်။ အဲဒျီေကးရွာရုံးမှာပဲ စစ်မယ်။ ညနေ၂နာရီထိုး နောက်၆ဦး ထပ်စစ်မယ်။ တနေ့ကို ၁၂ယောက်နှုန်းနဲ့ လယ်သမား ၈၀ကျော်ကုန်တဲ့အထိ စစ်မယ်။
လယ်သမားတွေက ဒီလယ်မြေတွေပေါ်မှာ ဒီနေ့ ထယ်တိုးနေကြတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
´´လယ်သမားတွေ ဒီနေ့ ထယ်တွေထိုးတယ်။ အဲဒါကလည်း မြေယာဥပဒေအရ ၁၉၆၃ခုနှစ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေပိုဒ် ၃၊နည်းဥပဒေ၃(ခ)မှာ တောင်သူလယ်သမားတွေကို လယ်ယာလုပ်ငန်းခွင်ထဲကို မ၀င်ရဆိုပြီးတားမြစ်ခြင်း မပြု၊ တောင်သူလယ်မားတွေ လယ်မလုပ်ရဘူး မတားရဘူး။ (က)မှာ တောင်သူလယ်သမားတွေ လယ်လုပ်ကိရိယာတွေကို ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ၊ တရားရုံးတခုခုကနေ ၀ရမ်းမကပ်ရ၊ အဲဒါပါတယ်´´
ဒီမြေကို အစိုးရက သိမ်းမယ်လို့ ကောလာဟလတွေပျံနှံနေချိန်မှာ ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေးပေးပြီး စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ သူတို့ လှည့်ဖြားခံရတယ်လို့ ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်နေတာဖြစ်သလို ဇေကမ္ဘာကုမ္ပဏီကလည်း လယ်ပဲစိုက်တော့မယ်ဆိုပြီး ရပ်တည်ဆောင်ရွက်နေတာဖြစ်ပါတယ်။
by အေးနိုင် (ဒီဗွီဘီ)
ကလေးဝမြို့နှင့်ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာ အနီးတွင် ရေနံမှော်အသစ်ပေါ်
Posted: 04 Jun 2012 07:14 PM PDT
ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင်
မတ်လဆန်းပိုင်းမှ စတင်ကာ ရေနံမှော်အသစ်ပေါ်နေကြောင်း သိရသည်။
ကလေး-ကလေးဝကားလမ်းဘေးရှိ ပိတောက်စိုက်ခင်း၊ သစ်တောကြိုးဝိုင်းအနီး
တွင်တည်ရှိကာ လာရောက်တူးဖော်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
( မှော်ကတော့ မတ်လဆန်းပိုင်းလောက်က စပေါ်တာပါ။ ကျွန်တော်တို့ကတော့
ဒီမေလထဲကမှ ရောက်ခဲ့တယ်။ ပေါ်ကာစကတော့ အတောင်ရေ တစ်ရာအောက်လောက်နဲ့လည်း
ဆီတွေ့ကြတယ်။ ဒါပေမယ့် ကျင်းကရေရှည်မခံဘူးလေ။ ဒီတော့
ကျင်းနက်နက်လိုက်ကြတယ်။ ခုတော့ အနည်းဆုံးတောင်ရေ ၂၅၀ ကနေ ၃၅၀ လောက်ထိ
လိုက်ကြတာတွေ့ရတယ်။ ပေါက်နေတဲ့ ကျင်းတွေထဲမှာတော့ တစ်ရက်ကို ပေပါ ၆
လုံးရနေတဲ့ကျင်းက တစ်ကျင်းရှိတယ်။ ကျန်တဲ့ ကျင်းတွေလည်း
အနည်းအများခပ်နေကြရတာပါပဲ။ မနေ့ကပဲ အတောင် ၂၈၀ နဲ့ တစ်ရက်ကို
နှစ်လုံးလောက်ခပ်ရမယ့် ကျင်းတစ်ကျင်းပေါက်သွားတယ် ) ဟု
မှော်သားတစ်ဦးမှပြောပြခဲ့သည်။
ရေနံမှော်တွင် လက်ရှိ ကျင်းပေါင်း ၁၀၀ ခန့် တူးဖော်နေကြပြီး
ကလေးဝမြို့နယ်နှင့် ကလေးမြို့နယ်အတွင်းမှ လာရောက်တူးဖော်နေကြပြီး
အများစုမှ ရေနံလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်ပြီး အခြားမှော်များမှ
ရွှေ့ပြောင်းလားကြသူများဖြစ်သည်။ ရေနံဈေးနှုန်းမှာ တစ်ပေပါလျှင် ကျပ်
တစ်သိန်းတစ်သောင်းဈေး ပေါက်နေပြီး မှော်အမည်ကို ခုနစ်မိုင်မှော်ဟု
ယာယီပေးထားကြကြောင်းသိရပါသည်။
မှော်တည်ရှိရာမှာ မြစ်သာမြစ်နှင့် တစ်မိုင်ခန့်အကွာ
တောင်ကုန်းပေါ်တွင်ဖြစ်ပြီး နွေရာသီ ရေရှားပါးမှုကြောင့် မှော်သားများမှာ
ကျင်းအတွက်သုံးရေနှင့် လူသုံးရေ၊ ချိုးရေတို့ကို မြစ်အတွင်းသို့
သွားရောက်သယ်ယူကြရသည်ဟု သိရသည်။
( ဒီမှာက ရေပဲရှားတယ်။ တောင်ကျချောင်းရေကလည်း သိပ်မရှိတော့
မြစ်ထဲသွားခပ်ရတယ်။ ဆိုင်ကယ်နဲ့သွားရတာပေါ့။ နောက် ကျင်းတွေမှာ
စက်မောင်းဖို့နဲ့ ရေထုပ်လုပ်ဖို့အတွက်လည်း ရေက မရှိမဖြစ်လိုနေတော့
တစ်ရက်ကို မြစ်ထဲ လေးငါးခေါက်ဆင်းနေရတယ် ) ဟု မှော်သားတစ်ဦးမှ
ပြောခဲ့သည်။
လနဲ့မြ - မြန်မာပို့ စ် ဂျာနယ်
ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီးတစ်သံနှင့် ငလျှင်လှုပ်ရှားမှုတစ်ခုဖြစ်ပွား
Posted: 04 Jun 2012 06:23 PM PDT
ဇွန် ၄ ရက် ၂၀၁၂
                   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည်
၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပွားပြီး ကော့သောင်းတစ်မြို့နယ်လုးံ
 စက္ကန့်အနည်းငယ်ကြာ ငလျှင်လှုပ်ရှားမှု တစ်ခုဖြစ် ပွားခဲ့ပါတယ်။
ကမ်းနားပိုင်း တွင်နေထိုင်သော အသက်  ( ၇၅) နှစ်အရွယ် အဘွားအိုတစ်ဦးမှ
သူ့သက်တမ်းတလျှောက် ဒီလိုပေါက်ကွဲပြီး မြေကြီးလှုပ်ခက်တာ တခါမှမကြုံဖူးဘူး
မြေပြိုသံလိုပေါက်ကွဲသံကြားပြီး ငလျှင်လှုပ်လိုက်တော့ ဆူနာမီများဖြစ်လာမလားဆို
ပြီးစိုရိမ် မိတယ်လို့ပြောပါတယ်။
 ကော့သောင်းမြို့နေ လူလတ်ပိုင်းတစ်ဦးကလည်း ကျွန်တော်ကော့သောင်းမှာနေတာ
 အနှစ် (၂၀) ရှိပြီ ဒီလိုဖြစ်တာ ဒီတစ်ခါပဲကြုံဖူးတယ် ကျွန်တော်တို့ဒီမှာက သဲ စုပ်
သင်္ဘောကြီးတွေက ကော့သောင်းနဲ့အနီးကပ် သဲစုပ်ယူမှုတွေကရှိတော့ တစ်ချို့ကျေးရွာ
တွေလည်း မြေပြိုမှု  တွေနဲ့ရင်ဆိုင်နေရပြီ အခုလည်း ဒီသဲစုပ်သင်္ဘောတွေသဲစုပ်ယူမှု
ကြောင့် မြေအောက်လိုင်ခေါင်းတွေဖြစ်ပြီး ပြိုကျ ပျက်စီးမှုတွေဖြစ်ပြီလားလို့
စိုးရိမ်မီတယ်လို့ ပြောပါတယ်။
ကြေညာခြင်း မရှိသည့်အပေါ် မြို့ခံများမှ ထင်မြင်ချက် အမျိုးမျိုးဖြစ်ကာ စိုးရိမ်စိတ်များ
 ဖြစ်ပေါ်လျှက်ရှိကြောင်း ကော့သောင်းမြို့ ခံတဦးက သတင်းပေးပို့ ထားပါတယ်။
ရွှေတူး အလုပ်သမား ဆန္ဒပြမှု အရှိန်မြင့်
Posted: 04 Jun 2012 04:48 PM PDT
ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်က ရွှေတွင်းတွေမှာ ဆက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရရေး အတွက် အလုပ်သမား ဦးရေ သုံးသောင်းကျော်ဟာ ၃ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီကြား ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ ပြေလည်မှု မရသေးပါဘူး။ အလုပ်သမားတွေ ဘက်ကတော့ သူတို့တောင်းဆိုထားတဲ့ အချက်တွေမရမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဒီရွှေတွင်းမိုင်းတွေကို အကြီးစားလုပ်ငန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာလောက်မှာ ရှိတဲ့ မိုးထိမိုးမိ ရွှေတွင်းဒေသက ရွှေတူးတဲ့မိုင်းတွင်းတွေမှာ ဦးရေ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြတာ ဒီကနေ့ဆိုရင် သုံးရက်ဆက်တိုက် ရှိနေပါပြီ။ အဓိက ကတော့ ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ အသေးစား လုပ်ငန်းရှင်တွေကို ဆက်ပြီးတော့ အလုပ်လုပ်ကိုင်ခွင့် မပေးတာကြောင့် ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့မှာတော့ ကုမ္ပဏီဘက်က တာဝန်ရှိသူတချို့နဲ့ အလုပ်သမားတွေ ညှိနှိုင်းတာ ရှိပေမဲ့ အဆင်ပြေမှု မရသေးဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးအောင်ကျော်က ပြောပါတယ်။
“လူအင်အားကတော့ သုံးသောင်းကျော် ငါးသောင်း ပတ်ဝန်းကျင်ပေါ့လေ။ ဒီအင်အားလောက်နဲ့ ကျနော်တို့ ဆန္ဒပြနေတာပေါ့နော်။ သူတို့က ၇ ရက်နေ့ကျရင် တိကျတဲ့အဖြေကို ပေးပါ့မယ်ဆိုပြီး အခု ကျနော်တို့ကို အဲဒီလို ပြန်ပြောပါတယ်။ ဒီနေ့မှာ ပြောတာပေါ့နော်။ ၇ ရက်နေ့အထိ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ လုပ်သားတွေ ခံစားခွင့်ကို အရင်အတိုင်းရရှိရေး၊ အဲဒီလောက်ပါပဲ ကျနော်တို့တောင်းဆိုတာက။ သိပ်အထွေအထူး မများပါဘူး။”
ဒီပြဿနာဟာ မေလဆန်းကတည်းက လုပ်ငန်းငယ်တွေကို ရပ်ပစ်ကတည်းက ဒီမိုင်းတွင်းတွေမှာ စဖြစ်နေခဲ့တာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ ရှိခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ သူတို့ တောင်းဆိုချက်တွေကို မရမချင်း ဆက်ပြီးတော့ ဆန္ဒပြသွားမှာဖြစ်သလို သက်ဆိုင်ရာအစိုးရ ဌာနတွေဆီကိုလည်း တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“တစ်လကျော်နေပါပြီ။ သူတို့က ဟိုလိုလျှော့လိုက်၊ ဒီလိုလျှော့လိုက်နဲ့ အဲဒီလို လျှော့ လျှော့ပြီးတော့ လုပ်လာခဲ့တာ ကနေ့ အချိန်အထိပေါ့နော်။ ကျနော်တို့ဆိုရင် ဒါ အကုန်ရပ်ထားရတာဗျ။ လူ ငါးသိန်းလောက်ကတော့ အကုန်လုံး အခက်အခဲဖြစ်သွားမှာဗျ။ အခု ကျနော်တို့ဆိုရင်ပဲ ကိုယ့်နေရပ်ကို ပြန်ပို့တဲ့သူက ပို့ခံရတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆန္ဒဖော်ထုတ်တာတွေကို နေပြည်တော်ရယ်၊ ရန်ကုန်အထိမှာပါ လုပ်ဖို့ စီစဉ်ထားတာပေါ့နော်။”
သတ္ထုတွင်း ၀န်ကြီးဌာနကနေ ကွန်ထရက်ယူထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းမယ်ဆိုတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မိုလို့ ဒီစီမံကိန်းတွေအကြောင်း လုပ်ငန်းငယ်တွေကိုလည်း ကြိုတင်အကြောင်းကြားထားတာ ဖြစ်သလို သူတို့ကိုလည်း ၇ လ လုပ်ကိုင်ခွင့် ပေးပြီးသားဖြစ်တယ် ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
“ဒီနေ့လည်း ကျနော် သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။ အဓိက ကတော့ သူတို့က သွားမယ်ဆိုရင် ကျနော်တို့က နိုင်ငံတော်ကို ၇၃ ပိဿာပေါ့။ ငါးနှစ်ဆိုရင် ၅.၅၇ ပေးသွင်းရမှာပေါ့နော်။ နှစ်ရှည်လည်း လုပ်ရမယ့်ဟာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီလို အသေးစားနဲ့သွားမယ်ဆိုရင် တစ်နှစ်ခွဲ နှစ် နှစ်တွင်းမှာ ဒီမိုင်းကြီးက ဆက်ပြီးတော့ ထုတ်လုပ်ဖို့ အခက်အခဲဖြစ်သွားရင် နိုင်ငံတော် အတွက်လည်း နစ်နာမယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ကျနော်တို့က ရှေ့ဆက်သွားဖို့ဆိုရင် ဘယ်လို သူတို့အနေနဲ့ အာမခံချက် ပေးမလဲ၊ ဒါလည်း သူတို့ကို ကျနော်တို့ မေးခဲ့ပြီးပါပြီ။ ပြောခဲ့ပြီးပါပြီ။ ရှင်းခဲ့ပြီးပါပြီ။”
အခု ဒီမိုင်းတွင်းက အသေးစားလုပ်ငန်းတွေကို အကြီးစားလုပ်ငန်းတွေ ပြောင်းနိုင်ဖို့အတွက် အလုပ်သမားတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်သလို အကြီးစားလုပ်ငန်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်း လုပ်ဆောင်သွားဖို့ကိုလည်း ကုမ္ပဏီဘက်က ကူညီနိုင်ဖို့တွေကိုလည်း စီစဉ်ထားတယ်လို့ ဆက်ပြီးတော့ ရှင်းပြပါတယ်။
“ကျနော်တို့မှာ အခု လုပ်ကွက်ကြီးထဲမှာ ရွှေစင် ရယ်၊ ထုံးကြီးရယ် ဆိုပြီးတော့ လုပ်ကွက်ကြီး နှစ်ခု ရှိတယ်။ ဒါကတော့ ကုမ္ပဏီ လုပ်ကွက်ကြီးတွေပေါ့နော်။ ကျန်တဲ့ဇုံတွေမှာ ဇုံ ၁၂ ဇုံ ရှိပါတယ်။ တခြားဇုံတွေမှာ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ မဟုတ်ပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီး စောစောကပြောသလို အစုစားသော်လည်းကောင်း၊ လခစားသော်လည်းကောင်း သူတို့ လုပ်လို့ရတယ်လို့ ပြောထားပါတယ်။”
ဒီရွှေတွင်း လုပ်ကွက်တွေကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ထရိုက် စယူထားတာ ဖြစ်ပြီးတော့ ငါးနှစ်သက်တမ်း စာချုပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အခု မိုးထိမိုးမိဒေသမှာ အသေးစားလုပ်ငန်းတွေက ၃၆ ခုမက ရှိနေပြီးတော့ ဧက ၂၀ ကျယ်ဝန်းတဲ့ လုပ်ကွက်တကွက်ကို တနှစ်ကို ရွှေ ၂၄ ကျပ်သား ပေးဆောင်ပြီး အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
By မသင်းသီရိ - (ဗွီအိုအေ-မြန်မာပိုင်း)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ရွာသားများ မြေပိုင်ဆိုင်မှု ပြဿနာကြောင့် ဆန္ဒပြ
Posted: 04 Jun 2012 04:37 PM PDT
ပြဿနာကို ဖြေရှင်းပေးမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိပါဘဲ၊ ဆန္ဒပြနေသူများအား မထီမဲ့မြင်ပြု လုပ်နေသော တရုတ်နိုင်ငံသားတစ်ဦး
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်
ကြေးနီသတ္တုတူးဖေါ်ရေး စီမံကိန်းလုပ်ငန်းခွင်က ထွက်တဲ့ 
စွန့် ပစ်မြေစာတွေကို အနီးတ၀ိုက်က လယ်မြေတွေပေါ်မှာ စုပုံတဲ့ အတွက် စိုက်ပျိုး
မြေတွေ ပျက်စီးရတာကို ဒေသခံရွာတွေက ဇွန်လ (၃) ၂၀၁၂ နေ့ က နေ့ ရောညပါ
အဲဒီ စီမံကိန်းဆိုက်ထဲ မှာ ကန့်ကွက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
ဝက်မှေး ၊ ကန်တော ၊ ဆည်ထဲ ၊ ဇီးတော ၊ အောင်ချမ်းစည် ၊ ကျော်ရွာ ၊ ဖေါင်းကား ၊
ရွှေလှေ ၊ ကျွန်တောချောင်း စတဲ့  အနီးတ၀ိုက် က ရွာတွေက ဒေသခံ အင်အား ၇၀၀ ကျော်
 ပါဝင် ဆန္ဒပြကြတာဖြစ်ပါတယ်။
အခုလို ဆန္ဒပြနေကြတာကို တရုတ်လူမျိုး ကုမ္ပဏီ ၀န်ထမ်း က ဒေသခံ
ရွာသားတွေကို အကြမ်းဖက်သလို ရိုင်းပြတဲ့  အပြုအမူတွေနဲ့ လည်း
စော်ကားတယ်ခဲ့ပါတယ်။
မိမိတို့ ရဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေက မလိုက်လျော မချင်း နေ့ ရောညပါ
ဆန္ဒပြသွားမယ်လို့  ဒေသခံရွာသားတွေက Myanmar News Now ကို ပြောပြကြ ပါတယ်။
မုံရွာမြို့ - အနောက်ဘက်ကမ်း လက်ပန်းတောင်း သတ္ထုစီမံကိန်းအနီး ကျေးရွာများမှ ပြည်သူများသည် မြေပိုင်ဆိုင်မှု ပြဿနာကြောင့် ယခုထိဆန္ဒပြနေစဉ် မှတ်တမ်းဓါတ်ပုံများ
ဓါတ်ပုံ-Thit Ywet Nge
နူကလီးယား အစီအစဉ်အားလုံး ဖျက်သိမ်းထားကြောင်း မြန်မာကာကွယ်ရေးဝန်ကြီးပြော
Posted: 04 Jun 2012 04:14 PM PDT
မြန်မာအစိုးရရဲ့ နူကလီယား သုတေသန အစီအစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြား လိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စကားပြန်ကနေတဆင့် ရှင်းလင်းပြောခဲ့တာပါ။ မြန်မာအစိုးရဟာ မြောက်ကိုရီးယား ရဲ့ အကူအညီနဲ့ နူကလီးယား လက်နက်တည်ဆောက်ဖို့ နည်းပညာ အကူအညီ ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနIISSက မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်သလို တစ်ချိန်တည်းမှာလည်း နူကလီးယား လက်နက်အစီအစဉ် လုံးဝ ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့အတွက် နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ အိုင်အေအီအေ ရဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုအပ်ကြောင်း IISS အဖွဲ့ရဲ့ နူကလီးယား လက်နက်မပြန့်ပွားရေး နဲ့ ထိမ်းချုပ်ရေး ဆိုင်ရာဒါရိုက်တာ Mr. Mark Fitzpatrick က ပြောပါတယ်။
အိုင်အေအီးအေ အဖွဲ့ရဲ့ တာဝန်ဟာ မြန်မာအစိုးရမှာ စစ်ရေးဆိုင်ရာ နူကလီးယားအစီအစဉ်မရှိဘူးဆိုတာကိုစစ်ဆေးပြီးတင်ပြဖို့ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အိုင်အေအီးအေ အဖွဲ့ရဲ့ စစ်ဆေးမှုကို လက်ခံဖို့ရှိပါသလားလို့ မေးရာမှာ မြန်မာကာကွယ်ရေးဝန်ကြီး အနေနဲ့ သဘောမပေါက်တာလား၊ ဒါမှမဟုတ် အိုင်အေအီးအေ အဖွဲ့ရဲ့ စစ်ဆေးမှုကို လက်မခံလိုတာကြောင့်လား တော့မသိဘူး။ မိမိတို့မှာ နူကလီးယားအစီအစဉ်မရှိတဲ့အတွက်ဘာမှအတည်ပြုစရာအကြောင်းမရှိဘူး၊ အိုင်အေအီးအေလည်း လာရောက် စစ်ဆေးစရာမလိုပါဘူးလို့ မိမိမေးတဲ့ မေးခွန်းကို ပြန်လည် ဖြေကြား ခဲ့ကြောင်း IISS အဖွဲ့က မစ္စတာ Mark Fitzpatrick က ပြောပါတယ်။
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်ရာနှုန်းပြည့် ထောက်ခံပြီး၊အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက အဲဒီ အစည်းအဝေးမှာ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး LeonPanettaကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဒီညီလာခံမှာ ပြောဆိုသွားပါတယ်။
အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနကကြီးမှူးပြုလုပ်တာ ဖြစ်ပြီး နိုင်ငံပေါင်း၂၇ နိုင်ငံကကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
RFA-Burmese
ဝိုင်းမော်မြို့နယ် ၀ါရှောင်ကျေးရွာတွင် ညမထွက်ရအမိန့်ထုတ်ပြန်
Posted: 04 Jun 2012 03:51 PM PDT
ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 4 Jun, 2012
ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ကျေးရွာတွင် ည(၇)နာရီအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရှိရသည်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဒေသခံလယ်သမားများအခက်အခဲကြုံနေရကြောင်းကိုလည်း သိရှိရသည်။
“ထယ်ထိုးတာ၊ မြေဆွဖို့ဆိုတာ.. ကျွဲ၊ နွားတွေနဲ့ မနက်အစောကြီးထွန်ကြရတာ။ အခုက လယ်နဲ့ဝေးတော့ လယ်မှာ အိပ်ရမလား။ အိပ်မယ်ဆိုလည်း မအိပ်ရဲဘူး။ ညပြန်လာမယ်ဆိုရင်လည်း မရဆိုတော့ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။” ဟု ဝါရှောင်ကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာနေဒေသခံများမှာ လယ်ယာစိုက်ပျိုးခြင်းဖြစ်သာ အသက်မွေးဝမ်းကျောင်းပြုနေကြခြင်း ဖြစ်သည်။ ည (၇) နာရီ အပြင်မထွက်ရသည့် မာရှယ်လောကြောင့်  မိုးစပါး စိုက်ပျိုးရန်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
ကန့်သတ်ထားသည့် အချိန်ထက်ကျော်လွန်၍ အိမ်ပြင်ထွက်လာပါက မည်သူ့ကိုမဆို ရန်သူဟု သတ်မှတ်ကာ   မြန်မာအစိုးရစစ်တပ်မှ သေနက်ပစ်ခွင့်ရှိကြောင်း ၀ါရှောင်ကျေးရွာအုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားသည်။
“ဒီနှစ် လယ်မစိုက်ရမှာတောင် ကြောက်နေကြတယ်။ လယ်တော့ ရှိတယ်။ လယ်ထွန်ဖို့ လူမရှိဘူးဖြစ်နေတယ်။” ဟု လယ်သမား တစ်ဦးက ဆက်ပြောသည်။
အလုပ်သမားသမဂ္ဂများဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ
Posted: 04 Jun 2012 03:47 PM PDT
လင်းဘိုဘို | တနင်္လာနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၂ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။       ။ မေလ ဝန်းကျင်အတွင်း အလုပ်သမား ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အဖြေရှာ ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အလုပ်သမား အရေး ကိစ္စများ ကာကွယ် ဖြေရှင်းပေးမည့် သမဂ္ဂအဖွဲ့အစည်းများ အမြန်ဆုံး ဖွဲ့စည်းရန် ထောက်ခံပြောဆိုသည်။
ချတ်ထရီယံ ဟိုတယ်တွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဝန်ကြီးက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိ အလုပ်သမားရေးရာ ပြဿနာများကို အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတထံသို့ ဆက်လက် တင်ပြပေးသွားမည်ဟု ပြောဆိုသည်။
“အလုပ်သမားအဖွဲ့တွေ အမြန်ဖွဲ့ပါ။ သမဂ္ဂပဲခေါ်ခေါ်၊ ဘာခေါ်ခေါ် ဖွဲ့ပါ။ အလုပ်သမား အဖွဲ့တွေ ဖွဲ့ဖို့၊ Civil Society
တွေကကော၊ နိုင်ငံရေးပါတီတွေကကော ကူညီကြပါ။ မြန်မြန်ဖွဲ့ပါ” ဟု ဝန်ကြီး ဦးစိုးသိန်း က ဆိုသည်။
worker3
အလုပ်သမားအဖွဲ့တွေ အမြန်ဖွဲ့ပါ။ သမဂ္ဂပဲခေါ်ခေါ်၊ ဘာခေါ်ခေါ် ဖွဲ့ပါ။ အလုပ်သမား အဖွဲ့တွေ ဖွဲ့ဖို့၊ Civil Society တွေကကော၊ နိုင်ငံရေးပါတီတွေကကော ကူညီကြပါ။ မြန်မြန်ဖွဲ့ပါ (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာပါက အလုပ်သမား လိုအပ်ချက်များ ပိုမိုရှိလာနိုင်ပြီး အလုပ်သမား တို့၏ အနေအထား အားကောင်းလာနိုင်သည်ဟု ဦးစိုးသိန်းက ခန့်မှန်းပြောဆိုပြီး အလုပ်သမားဝန်ကြီးဌာနဘက်မှ အလုပ်သမားရေးရာ အရာရှိများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ရအောင် လုပ်ပေးရန်လိုကြောင်း သူက
ပြောသည်။
“Labor Officer တွေ ထားပြီး Monitor လုပ်ခိုင်းဖို့ လိုမယ်။ အစိုးရဘက်ကလည်း ဒီလိုတွေ ခန့်ထားဖို့ ကျနော် အကြံပြုပါတယ်။ Labor Ministry က Monitor လုပ်ရမယ်။ ၈ နာရီလား၊ ၉ နာရီလား။ ဘာလို့ ဖိနပ်ချွတ်ရလဲ။ ဖိနပ်ချွတ်တဲ့တိုင်းပြည် မရှိဘူး။ စီးရမယ်။ ဖုန်မတက်တဲ့ ဖိနပ်မျိုး စီးရမှာပေါ့။ ထိုင်ရမှာပေါ့။ ခရာမှုတ်ပြီး Break Time ပေးရမှာပေါ့။ စာဖတ်ချိန် ပေးရမှာပေါ့။ လူတွေပဲ၊ လူတွေ။ တိုင်းရင်းသားတွေ၊ မြန်မာတွေ” ဟု စက်မှုဝန်ကြီး က ပြောဆိုခဲ့သည်။
အလုပ်သမားများ၏ အလုပ်ချိန် တောင်းဆိုချက်ကို ကြားသိရ၍ စိတ်ထိခိုက် ခံစားရကြောင်း ဆွေးနွေးပွဲတက်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောသည်။
worker2
အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ သူတို့ကို အလုပ်ချိန်အဖြစ် မနက် ၇ နာရီက ည ၇ နာရီအထိသာ သတ်မှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တခု ကျနော် သွားတွေ့တော့ တော်တော်ပဲ စိတ်မကောင်း ဖြစ်မိပါတယ် (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
“စက်ရုံတခုက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ သူတို့ကို အလုပ်ချိန်အဖြစ် မနက် ၇ နာရီက ည ၇ နာရီ အထိသာ သတ်မှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တခု ကျနော် သွားတွေ့တော့ တော်တော်ပဲ စိတ်မကောင်း ဖြစ်မိ ပါတယ်။ တနေ့ ၈ နာရီ ဆိုတဲ့ အလုပ်သမား အခွင့်အရေးကို နားမလည်ဘဲ သူတို့အခွင့်အရေး တောင်းနေတာ။ တနေ့ အလုပ်ချိန် ၁၄ နာရီအစား ၁၂ နာရီလောက် သတ်မှတ်ပေးရင် သူက တော်တော် ကျေနပ်နေပြီဆိုတဲ့ သဘော ရှိပါတယ်။ ကျနော် တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်” ဟု ပြောဆိုတင်ပြသည်။
အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြဿနာကို အဖြေရှာရမည် ဖြစ်ကြောင်း ကိုကိုကြီး က ထောက်ပြပြီး အခက်အခဲအတွက် ဆန္ဒတောင်းဆိုသူများကို ဆူပူအုံကြွခြင်း အဖြစ် မရှုမြင်ရန် တိုက်တွန်းသည်။
“ဆာလောင်သူတွေကို ဆူလောင်သူတွေအဖြစ် မသတ်မှတ်ဖို့ အရေးကြီးပါတယ်” ဟု ကိုကိုကြီးက ဆိုသည်။
၂ဝ၁၂ ခုနှစ် မေလ တလအတွင်း လစာတိုးတောင်းမှု အလုပ်သမားဆန္ဒတောင်းဆိုပွဲ ဖြစ်ပွားသည့် စက်ရုံ ၅၇ ရုံ (လုပ်သားအင်အား ၃၆,၈၁ဝ ဦး) ရှိပြီး၊ လက်ရှိအချိန်အထိ ညှိနှိုင်း ဖြေရှင်းပြီးစက်ရုံ ၃၈ ရုံ (လုပ်သားအင်အား ၂ သောင်းကျော်) သာ ရှိသေးကြောင်း၊ စက်ရုံလုပ်သား ၁ သောင်းခွဲ ဝန်းကျင်ခန့်အရေး ဖြေရှင်းနေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲတွင် ပြောသည်။
worker1
စက်ရုံလုပ်သား ၁ သောင်းခွဲ ဝန်းကျင်ခန့်အရေး ဖြေရှင်းနေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြော (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
အလုပ်သမားရေးရာ ဝန်ကြီးဌာနတွင် ၂ဝ၁၁ အောက်တိုဘာ ၁၁ က ပြဋ္ဌာန်းသည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ
နှင့် ၂ဝ၁၂ မတ်လ ၂၈ တွင် ပြဋ္ဌာန်းသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ဟူ၍ ဥပဒေ နှစ်ရပ် သာ စီမံဆောင်ရွက်ခွင့်ရှိသည့် ပြဋ္ဌာန်းပြီး ဥပဒေအဖြစ် ရှိနေသည်။
လူမှုဖူလုံရေး ဥပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ လုပ်ခပေးရေး အက်ဥပဒေ၊ အလုပ်သမားလျော်ကြေး အက်ဥပဒေ အပါအဝင် အလုပ်သမား အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် ဥပဒေ ၈ ခုမှာ လက်ရှိတွင် ပြင်ဆင်ရေး ဆွဲဆဲ အနေအထားတွင်ပင် ရှိသေးသည်။
“ဥပဒေပြု လွှတ်တော်က အမတ်တွေကို ကျနော် တခုပဲ မေးချင်ပါတယ်။ တနာရီ ၆၅ ကျပ်နှုန်းနဲ့ ဥပဒေ ရေးဆွဲခိုင်း မယ်ဆို ဖြစ်နိုင်မလားလို့ မေးချင်တယ်” ဟု အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌတဦးက ဆွေးနွေးပွဲတွင် မေးခွန်းထုတ်သွားသည်။
ရခိုင်အဓိကရုဏ်း အစိုးရသတိပေး
Posted: 04 Jun 2012 06:50 PM PDT
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။
“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။  ”
နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။  မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။
တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။
“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေးပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင်သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ဓာတ်ပုံတွေနဲ့ပူးပြီးတော့ လှုံ့ဆော်ထားတာတွေ ရှိတယ်။”
ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက်ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။
တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေသတ်ဖြတ်ခံရတာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ပြောပါတယ်။
“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”
ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ၊ အာဃတတွေနဲ့လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို သုံးသပ်ပါတယ်။
“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာအထိ ယိုယွင်းသွားတယ်လို့ သုံးသပ်ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာအသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ်ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”
မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက်လာတာကို ဦးဆောင်ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့အကြားမှာ အခင်းဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက်သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာကြီးမားတာမရှိကြောင်း ပြောပါတယ်။
ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်းငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
by ကိုမိုးဇော် - (ဗွီအိုအေ-မြန်မာပိုင်း)
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ဆွီဒင်နိုင်ငံသွားမည်
Posted: 04 Jun 2012 02:55 PM PDT
နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံက လွှတ်တော် အစည်းအဝေးတွေကို လေ့လာဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအ၀င် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးဟာ မနက်ဖြန် ဆွီဒင်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။
RFA
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့် ဖြစ်ပါသည်။
ဒီခရီးစဉ်ကို ဆွီဒင်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဆီဒါ) ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာဖြစ်ပြီး ၈ ရက်ကြာမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဆွီဒင်လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒီခရီးစဉ်မှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က အခုလို ပြောပါတယ်။
“ ဆွီဒင်မှာရှိတဲ့ ဆီဒါအဖွဲ့ကနေပြီးတော့မှ ဖိတ်တာကို လွှတ်တော်ရုံးကနေပြီးတော့ စီစဉ်ပေးတာ ဖြစ်တာပေါ့နော်။ အမျိုးသမီးတွေ ဒီ politic မှာလေ ခေါင်းဆောင်ရေးပေါ့နော်။ အဲဒီသွားလေ့လာဖို့ ဆွီဒင်ပါလီမန်တွေ လေ့လာဖို့ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ ပါတယ်။ လူငယ်တွေနဲ့ သူတို့ အကြောင်းတွေပေါ့နော်၊ သူတို့ရှင်းပြဖို့ပါတယ်။ နောက်ပြီးတော့ ဒီလွှတ်တော်မှာ သူတို့ debate လုပ်တာတွေပါတယ်။ ရေဒီယိုနဲ့ တယ်လီဗီးရှင်းကို သွားလေ့လာဖို့ပါတယ်။ အသေးစိတ်တော့ ဟိုရောက်မှ သိမှာပေါ့”
မြန်မာအမျိုးသမီး လွှတ်တော်အမတ်တွေရဲ့ ဆွီဒင်နိုင်ငံ ခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါက်တာ မေ၀င်းမြင့် ၊ ဒေါက်တာ လှမြတ်သွေး ၊ ဒေါက်တာဒေါ်သန်းငွေ ၊ ဒေါ်ခင်ဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်းတို့ အပြင် တခြားတိုင်းရင်းသားပါတီက ၄ ဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၅ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ လအတွင်းကလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မိမြင့်သန်းတို့ ပါဝင်တဲ့ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ ဥရောပတိုက် နော်ဝေနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်။
RFA-Burmese
ဆီးရီးယားတွင် လူ ၁၀ဝ ကျော် အစုအပြုံ လိုက် သတ်ဖြတ် ခံရမှုဖြစ်ပွား
Posted: 04 Jun 2012 02:48 PM PDT
04 JUN 2012  | BY ENVOY
ဆီးရီးယား နိုင်ငံ ဟိုလူ (Houla) ကျေးရွာ တစ်ရွာတွင် လူပေါင်း ၁၀ဝ ကျော် အစုအပြုံ လိုက် သတ်ဖြတ်မှု ဖြစ်ပေါ် လာခဲ့ပြီးနောက် ယင်းဖြစ်ရပ်က ကုလ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်၏ ဆီးရီးယား ငြိမ်းချမ်းရေး အစီအစဉ် များကို ပြင်း ထန်သော စိန်ခေါ်မှုများ ဖြစ်ပေါ် လာ စေခဲ့သည်။
ယင်းသေဆုံးမှုတွင် အ သက် ၁၀နှစ်အောက် ကလေးငယ် ၄၉ ဦး၊ အမျိုးသမီး ၃၂ ဦး အပါ အဝင် အနည်းဆုံးလူပေါင်း ၁၀၈ ဦးထက်မနည်းပါဝင်ကြောင်းသိရ သည်။ ဆီးရီးယား အစိုးရက ယခုသတ်ဖြတ်မှုကြီးတွင် မိမိတို့တပ်ဖွဲ့ ဝင်များ ပါဝင်ခြင်း မရှိဟု ငြင်းဆိုထား သည်။သို့ရာတွင် အတိုက်အခံလှုပ် ရှားသူများကမူ ဒေသအတွင်းလက် နက်ကိုင် တပ်ဖွဲ့များက အဆိုပါ ရွာအား ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့သည် ဟု ပြန်လည်စွပ်စွဲထားသည်။
၎င်း တပ်ဖွဲ့များသည် ဆီးရီးယားသမ္မတ အာဆတ်ကို လိုလားသောအဖွဲ့ များဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေး သမားများအား လက်စားချေသတ် ဖြတ်ခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ဟိုလူအစု အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခြင်းက ဆွန်နီနှင့် အာလာဝတီဘာသာ ဝင်များအကြား တင်းမာမှုပိုရှိလာသ ကဲ့သို့ ဆီးရီးယား အရေးတွင် အယ်လ်ကိုင်ဒါအကြမ်းဖက်သမား များ ပါဝင်ပတ်သက်လာကြောင်း လည်း အကဲခတ်များက ပြောသည်။
ATM
အမှုအား အချိန်ဆွဲထားသဖြင့် ကာယကံရှင် အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိနေ
Posted: 04 Jun 2012 02:43 PM PDT
04 JUN 2012  | BY ENVOY
မြောက်ဥက္ကလာပ မြို့နယ် Y တံတား အနီး၌ လွန်ခဲ့သော နှစ်လ ကျော်ခန့်က ဖြစ်ပွားခဲ့သည့် ယာဉ် တိုက်မှုဖြစ်စဉ် တစ်ခုအား ယခုအချိန် အထိ အမှုဖွင့် အရေးယူမှု မရှိသည့် အပြင် ဆေးရုံကြီး၌ ဆေးဝါး ကုသမှုခံသည့် ဆေးစာကိုပင် သွားရောက် ထုတ်ယူခြင်းမရှိသည့်အတွက် ယာဉ် တိုက်ခံရသူ အနေဖြင့် များစွာဆုံးရှုံး မှုများရှိနေကြောင်း ၄င်းမိသားစု များ ထံမှတစ်ဆင့် သိရသည်။
မတ် ၄ ရက် ည ၈နာရီခွဲ အချိန်တွင် ဒဂုံတက္ကသိုလ်ဒုတိယ နှစ် သင်္ချာ ကျောင်းသူ မဖြူဖြူသန့် (ယာဉ်တိုက်ခံရသူ)နှင့်သူငယ်ချင်း များသည် ရွှေတိဂုံစေတီတော်သာ သနာ ၂၆၀ဝ ပြည့် ဘုရားပွဲသို့ သွားရောက်ခဲ့ရာမှ ပြန်လာပြီး သူ ငယ်ချင်းများနှင့်လမ်းခွဲခဲ့ရာ မြောက် ဥက္ကလာပမြို့နယ် Y တံတားအနီး သို့အရောက်တွင် ယာဉ်မောင်းကို သက်တင်မောင်းနှင်လာသည့် ဒ/၇၆၄၆ ဟိုင်းလတ် အဖြူရောင် ယာဉ်မှ အရှိန်ပြင်းစွာဝင်တိုက်ခဲ့ သည်။
ယာဉ်တိုက်ခံရသည့် အရှိန်ကြောင့် မဖြူဖြူသန့်မှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာများ ရရှိသည့်အပြင် မျက်နှာပြင်၌ ပြင်းထန်စွာဒဏ်ရာ ရရှိခြင်း၊ ဆီးအိမ် ပေါက်ကွဲခြင်းများ ပါခံစားရသည်။ ထို့ကြောင့်ရန်ကုန် ဆေးရုံကြီး အရေးပေါ် ခွဲစိတ်ဆောင် ၇/၈တွင် ၂၁ ရက်ကျော်ကြာဆေး ဝါးကုသခံယူခဲ့ကြောင်းလည်း သိရှိ ရသည်။
“ကျွန်မသမီးကတက္ကသိုလ် ကျောင်းသူပါ။ အခုဇွန် ၁ ရက်ဆို ရင် ကျောင်းတက် ရတော့မယ်။ ဒါ ပေမဲ့ဒီပုံစံနဲ့ဘယ်လိုသွားတက်မ လဲနော်၊ မသေအောင်တောင်မ နည်းကုထားရတာ၊ ယာဉ်တိုက်ခံရ ပြီးကတည်းက ဒီနေ့အထိတိုက် သွားတဲ့ကားသမားကတစ်ခါလေး တောင်လာမမေးဘူး။ ယာဉ်တိုက်မှု ဖြစ်တဲ့ တရားခံ ယာဉ်မောင်းကို လည်း အခုအချိန်ထိအာမခံနဲ့ လွတ်ထားတယ်လို့ သိရတယ်။ သုံးလနီးပါး ရှိသွားပြီ၊ တရားစွဲဖို့မပြောနဲ့ ဆေးရုံ ကြီးက ဆေးစာတောင်အခုထိသွား မထုတ်သေးဘူး။ ဒီအမှုကိုစစ်တဲ့ အမှုစစ်က ယာဉ်ထိန်းနယ်မြေ (၇) က ဒုရဲအုပ်အောင်________ပါ။ အဲဒီယာဉ်မှုစစ်လည်းအခုချိန်အထိ တစ်ခါမှလာမမေးဘူး။ ချိန်းရင် လည်းမအားဘူးလို့ ဆိုပြီး မတွေ့ရဘူး” ဟု ယာဉ်တိုက်ခံရသူ မဖြူဖြူ သန့်၏မိခင်ကရှင်းပြပါသည်။
အမှုအားဥပဒေအကြံတောင်း ခြင်း၊ တရားစွဲဆိုခြင်းများမရှိသည့် အတွက် ဥပဒေကြောင်း အရကူညီ လုပ်ဆောင်ပေးနိုင်ဦးမည် မဟုတ် သေးကြောင်း တရားစွဲဆိုပြီးမှသာ လျှင် ရှေ့နေတစ်ဦး အနေဖြင့်လုပ် ဆောင်ရမည့် လုပ်ငန်း တာဝန်များ စတင် ဆောင်ရွက် နိုင်မှသာ ဖြစ်သည် အတွက် အမှုနှင့်သက်ဆိုင်သည့် ယာဉ်မှုစစ်အနေဖြင့် အမြန်ဆုံး တရားစွဲဆို တင်ပို့သင့်ကြောင်း မဖြူဖြူသန့် ၏ရှေ့နေကရှင်းပြခဲ့သည်။
ရန်ကုန်မြို့အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိသော ယာဉ်တိုက်မှု များ၌ အမှုစစ်များ၏အချိန်ဆွဲမှု ကြောင့် ထိခိုက်နစ်နာသူနှင့်မိသားစု များအနေဖြင့် လူမှုရေး ဆုံးရှုံး နစ်နာ မှုများရှိနေကြောင်း သိရှိရသည်။
မြန်မာပြည်သား KW
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
truely white
unread,
Jun 7, 2012, 9:06:55 AM6/7/12
to jeffy...@googlegroups.com
---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/6/6
Subject: Fwd: သစ်ထူးလွင်
To: thuta thu <theinh...@gmail.com>, Thein Han <u.thein...@gmail.com>, Grace juli77 Juli <grace...@gmail.com>, mehmwun...@aol.com, narziko...@gmail.com, ninimyo mimi <ninimy...@gmail.com>, Mandalay Monk <mandal...@gmail.com>, hlaing htun <hlai...@googlemail.com>, ayetha...@gmail.com, ko naylin <konay...@gmail.com>, dr math <dr.ma...@gmail.com>, "Dr. Kyaw Nyunt" <drkya...@gmail.com>, yannau...@gmail.com, EQUITYAD3000 3000 <equity...@gmail.com>, sanno...@gmail.com, Kyi Lwin <s.ky...@gmail.com>, minya...@gmail.com, ဇေ ယျာ <zayy...@gmail.com>, alfarome...@gmail.com, chit wine <chitw...@gmail.com>, Min Thu <mgmi...@gmail.com>, Maung Thit Aung <mgthit...@gmail.com>, jyawsar <jya...@gmail.com>, "mitmit.ns mitmit.ns" <mitm...@gmail.com>, lwinma...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, maykhat2 <mayk...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, gwbob...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Soe Thaung <soe.t...@gmail.com>, khinwai phyoe <khinwa...@gmail.com>
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/6/6
Subject: သစ်ထူးလွင်
To: kyi.k...@gmail.com
လက်တလောဖြစ်ပေါ်နေတဲ့ အရေးအခင်းများအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်
Posted: 06 Jun 2012 04:05 AM PDT
Aung San Suu Kyi talks to Myanmar Muslims leaders at the National League for Democracy head office in Yangon June 6, 2012. REUTERS
  ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်... နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ...
ဥပဒေစိုးမိုးရေးလို့ ကျမဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသနာတစ်ခုဖြစ်ပြီ၊ အရေးတခုခုဖြစ်ပြီ၊ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုထဲက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန်အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေက ပေါ်လာစရာအကြောင်းမရှိဘူး...
ပြသနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ပြီးပေါ်လာတယ်... ဒါဟာ ဥပဒေပိုင်းဆိုင်ရာတွေက ရှင်းလင်းရမယ့် ပြသနာ... ဥပမာ- ရာဇ၀တ်မှုဖြစ်လာရင် ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းရမှာ အရေးယူရမှာ၊ အမြန်ဆုံးပေါ့နော် အရေးယူရမှာက ရဲအဖွဲ့နဲ့ဆိုင်တယ် တရားရုံးတွေနဲ့ ဆိုင်တယ်ပေါ့နော်... အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်လိုက်လို့ရှိရင် ပြသနာတွေကို ထိန်းထားလို့ရတယ်... မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် ပြသနာတွေက တဆင့်နဲ့ တဆင့် ကြီးထွားနိုင်တယ်...
နောက်တခု ကျမက ပွင့်ပွင့်လင်းလင်းပြောရမယ်... ဒါဟာလဲ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိုးရိမ်ပူပင်မှု ရှိတယ်လို့ ထင်ပါတယ်... လှုံဆော်နေတဲ့ သူတွေများ ရှိသလား... အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်နေတဲ့ သူတွေများ ရှိသလား...
တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် ထပြီး တက်ပြီးတော့ အော်ချင်တဲ့ သူတော့ရှိတယ်... အဲ့လိုအော်ခြင်းအားဖြင့် ကျမတို့အတွက်၊ ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိလား မရှိဘူးလား၊ ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲ့ဒါကလဲ မလိုလားအပ်ဘဲ ပြသနာတွေကို ကြီးထွားနိုင်စေတယ်...
အဲ့တော့ ကျမတို့ နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်... နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ မူတည်တယ်... စိတ်ချမ်းသာမှုဆိုတာ လူနေမှုက စရမှာပဲ... မလုံခြုံတဲ့ သူတွေက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး...
ဒီနိုင်ငံမှာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး။ တိုင်းသူပြည်သား မဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လုံခြုံမှုရှိတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်... ဥပမာ- ကျမခုနက ပြောတဲ့ ထိုင်းမှာ ကျမသွားတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံတယ်... ကျမက ထိုင်ငံသားမဟုတ်ဘူး၊ ဧည့်သည်ပဲ၊ ဒါပေမယ့် ဒီဧည့်သည်တစ်ယောက်ကို စိတ်ချမ်းသာအောင်လို့ စိတ်လုံခြုံအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတာ အဲ့နိုင်ငံရဲ့ သိက္ခာ ဘယ်လောက်မြင့်လဲ... ကျမတို့နိုင်ငံမှာ ဧည့်သည်တွေရော၊ ဒီမှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရော၊ အားလုံးဟာ လုံခြုံမှုရှိဖို့ ကျမတို့ ဦးတည်ရမယ်...
ဒါကြောင့် ကျမတို့ အတန်တန် လူတွေ နားညည်းလောက်အောင် ဥပဒေ စိုးမိုးရေး၊ ဥပဒေစိုးမိုးရေး လို့ ပြောနေတာပါ... ပထမဆုံးဖြစ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် မီးစကနေပြီးတော့ မီးတောက်ကြီး ဖြစ်မသွားဘူး...
အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်... ကျမတို့ ပြည်သူလူထု အားလုံးကလဲ ကိုယ့်အသိုင်းအ၀ိုင်းရဲ့အေးချမ်းမှု၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်...
ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...
နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...
ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)
DVB သတင်းထောက် ကိုခွန်ခေါင် နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ မေးမြန်းချက်မှ 
ကောက်နှုတ်ချက် ဖော်ပြပါသည်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်နဲ့ ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
Posted: 06 Jun 2012 02:51 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ခြောက်ရက်တာ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခရီးစဉ်နှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ကို နံနက် ၁၁း၂၀ နာရီကနေ စတင်ကျင်းပခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ခရီးစဉ်အတွင်း မျှော်မှန်းထားသည်ထက် အများကြီး အဆင်ပြေသည့် ခရီးစဉ်ဖြစ်ဟု ဆို၊ ဇွန်လ ၁၃ ရက်နေ့ စတင်မည့် ဥရောပခရီးစဉ် အကြောင်းကိုပါ ထည့်သွင်းပြောကြား။
Burma VJ Media Network
ဓါတ်ပုံ (NLD)
ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်သတင်းစာရှင်းလင်းပွဲ
Posted: 06 Jun 2012 02:29 AM PDT
အဖွဲ့ချုပ်ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
၂၀၁၂ခု၊ဇွန်လ၊(၆)ရက်နေ့နံနက်(၁၁)နာရီခွဲကအဖွဲ့ချုပ်ရုံး
အစည်းအဝေးခမ်းမ၌ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ်သတ်ပြီး
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ဥက္ကဌကသူမ၏ခရီးစဉ်အတွက်အဆင်ပြေအောင်ဆောင်ရွက်ပေး
ခဲ့သောထိုင်းအစိုးရ၊ထိုင်းပြည်သူများကိုအထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
National League for Democracy
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဗကသများ တွေ့ဆုံ
Posted: 06 Jun 2012 02:16 AM PDT
Burma VJ Media Network
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗကသ)အား တရားဝင်ရပ်တည်နိုင်ရေးအတွက် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒေါက်တာသန်းအောင်နှင့် တွေ့ဆုံရန် ဖိတ်ကြားသဖြင့် ဗကသ ဥက္ကဌ ကိုကျော်ကိုကို၊ ကိုအောင်ကျော်၊ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် စသည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ (ကသဖ)မှ ဒု ဥက္ကဌ ကိုစည်သူမောင်တို့ ဒီကနေ့ ၂၀၁၂ခုနှစ် ဇွန်လ ၆ ရက်နေ့ နေ့လည် ၁း၀၀နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။
By Burma VJ Media Network
AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ်
Posted: 06 Jun 2012 02:06 AM PDT
ရွှေပေါက်ကံစက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်ကြား ရန်ကုန်စက်မှုဇုန် အမှတ်(၁၈) ဗိုလ်တေဇလမ်းရှိ AT garment factory အထည်ချုပ် လုပ်သားများသည် ယနေ့ ဇွန်(၆) ရက် နံနက်(၇)နာရီခန့် မှ စ၍ လုပ်ခလစာငွေနည်းပါးမှုအား တိုးမြှင့်ပေးရန်အတွက် လုပ်ငန်းခွင်မ၀င်ဘဲ စုံရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် အောက်ခြေအဆင့် ၀န်ထမ်းများ၏ လုပ်ခ လစာနည်းပါးနေသည့်အတွက် အထက်ပိုင်းအဆင့် ၀န်ထမ်းများကပါ ၄င်းတို့နှင့် အတူ ပူးပေါင်း တောင်းဆိုပေးခြင်းဖြစ်သည်။
ယင်းစက်ရုံ၏ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး လုပ်ခလစာမှာ အချိန်ပိုကြေးနှင့် ရက်မှန်ကြေးအပါအ၀င် ကျပ်(၂)သောင်း ၀န်းကျင်ခန့်သာရှိကြောင်း သိရသည်။ ယင်းဆန္ဒဖော်ထုတ်မှုအတွက် နံနက်(၉)နာ၇ီခန့်မှ စ၍ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်ခေါင်းဆောင် (၂၅)ဦးတို့ တွေ့ဆုံ၍ အခြေခံ လုပ်ခလစာအား ကျပ်(၃)သောင်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ နေ့လည် ၁နာ၇ီ၃၀ခန့်တွင် ကုမ္ပဏီဘက်မှ ကျပ်(၁)သောင်းခွဲသာ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သိုသော် ၄င်းပမာဏအား အလုပ်သမားများ၏ ဆန္ဒတောင်းခံခဲ့ရာ လက် ခံခြင်းမရှိကြပဲ အနည်းဆုံး ကျပ်(၂)သောင်း တိုးမြှင့်ပေးမှ ကျေနပ်နိုင် မည်ဟု ဆုံးဖြတ်ကြ၍ လက်ရှိတွင် ဒုတိယအဆင် ထပ်မံ ညှိနှိုင်းဆွေးနွေ မှု ပြုလုပ်လျက် ရှိသည်။
ညွန့်ဝင်း
Popular Myanmar News Journal
အလုပ်သမားဆန္ဒပြမှုတခုအားတွေ့ ရစဉ်
နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်
Posted: 06 Jun 2012 02:05 AM PDT
အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု ၄င်းက ပြောသည်။ပြည်ဝန်ကြီး ဦးအောင်ကြည်က ယခင်က ပြဋ္ဌာန်း ခဲ့သည့် လူမှုဖူလုံရေးဥပဒေမှာ အား နည်းချက်များ၊ အမှားများ ရှိနေ ကြောင်း၊ ထိုအမှားများကို သိထား သည့်အတွက် နိုင်ငံတကာ စံညွှန်း နှင့်အညီ ကောင်းမွန်အောင် ပြင် ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ပံ့ပိုးပေးမည့် အတိုင်းအတာများ လည်း ပါဝင်ကြောင်း ၄င်းက ထပ် လောင်းပြောသည်။ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌဦးယု လွင်အောင်က ''လူမှုဖူလုံရေးက အိမ်ရာစီမံကိန်း ရန်ပုံငွေဆိုပြီး ထူ ထောင်မယ်။ အဖွဲ့ဝင်သူက ၁၅ နှစ်ဆက်တိုက်ထည့်ဝင်လို့ အိမ်ရာ တန်ဖိုးရဲ့တစ်ဝက်ေ လာက်ရပြီဆိုရင် ကျန် ၅ဝ ရာခိုင်နှုန်းကို ဘဏ်က ငွေချေးနိုင်ဖို့ ထောက် ခံပေးလိုက် မယ်''ဟု ပြောသည်။ဥပဒေအသက်ဝင်ပါက အိမ် ရာစီမံကိန်းရန်ပုံငွေ ထူထောင်မည် ဖြစ်ပြီး အလုပ်သမား အများစု ရှိ သောနေရာ၊ အလုပ်သမားများ အဆိုပြုသောနေရာတို့တွင် အိမ် ရာများဆောက်လုပ်ပေးမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ကြမ်းအရ လူမှုဖူလုံရေး အိမ်ရာစီမံ ကိန်းရန်ပုံငွေအတွက် အလုပ်သမား လစာ၏ ၂ဝ ရာခိုင်နှုန်းကို ထည့် ဝင်ရမည်ဟုသိရသည်။
Popular Myanmar News Journal
ရခိုင်ပြည်နယ်တွင်းပြဿနာ ထပ်မံမဖြစ်ပွားစေရေး အဖွဲ့အစည်းစုံ ကြိုးပမ်းနေ
Posted: 06 Jun 2012 01:49 AM PDT
‎ရခိုင်ပြည်နယ် မြို့နယ်သုံးခုအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး အဖွဲ့များ၊ မြို့မိ မြို့ဖများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
''အန်ကယ်တို့ပါတီကရော၊ မြို့မိမြို့ဖတွေကရော ဘာသာရေး အဖွဲ့ အစည်းတွေကရော နောက်ထပ်မဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းနေ ကြတယ်''ဟု ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဇွန်လ ၅ ရက်နေ့ ပေါ်ပြူလာနယူးစ်ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအရ ပဋိပက္ခဖြစ်ရာ သုံးနေရာစလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ် ပြီ ဖြစ်ကြောင်း၊ ဈေးများနှင့် အခြေခံ ပညာကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ပြီဖြစ်ကြောင်း တောင်ကုတ်မြို့နေသူ တစ်ဦးက ပြောသည်။
''လက်ရှိကတော့ အေးအေးဆေးဆေးပါဗျာ''ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု အသတ်ခံရမှုဖြစ်စဉ်အား တရားခံဟုယူဆရသူ ၃ ဦးကို စစ်ဆေးမှုပြု လုပ်နေကြောင်း၊ တောင်ကုတ်မြို့၌ ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ၁ဝ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍လည်း တရားဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်း ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုး သမီးတစ်ဦး မုဒိမ်းကျင့်၊ ပစ္စည်းလု၊ အသတ်ခံရသည်မှ အစပြု ခဲ့ခြင်းဖြစ်ပြီး ယင်းပဋိပက္ခများအား နိုင်ငံပိုင်သတင်းစာမှလည်း ဖော်ပြထားသည်။
မိုးမြင့်မြတ်
၁ - ၂၈.၅.၂ဝ၁၂ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေး ၂၇ နှစ် (ဘ) ဦးလှတင်သည် ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီး နေ အိမ်သို့ ပြန်လာစဉ် ကျောက်နီမော်ကျေးရွာ ကျောက်ထရံရပ်ကွက်နှင့် ချောင်းဝကျေးရွာသို့သွားသော တာပေါင်လမ်းဘေးရှိ ကုက္ကိုပင်အနီး ပျားတော (ဒီရေတော)၌ ၄င်းအား လူ(၃)ဦးက ဓားဖြင့် ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
၂ -၃.၆.၂ဝ၁၂ နံနက် ၆ နာရီတွင် မသီတာထွေးဖြစ်စဉ်နှင့် ပတ်သက် ၍ တောက်ကုတ်မြို့တွင် အသိပေးနှိုးဆော်စာ ဖြန့်ဝေခြင်း ဖြစ်ပွားခဲ့သည်။ ထိုနေ့ညနေ ၄ နာရီတွင် သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ မှန်လုံယာဉ်ပေါ်မှ လူဆယ်ဦးအား သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
၃ -၃.၆.၂ဝ၁၂ ညပိုင်းတွင် လူစုလူဝေးဖြင့် စစ်တွေမြို့ ရဲစခငန်းအား ဝိုင်းဝန်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
၎ - ၄.၆.၂ဝ၁၂ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက အားလုံးပြန် လည် တည်ငြိမ်အေးချမ်းစေရန် ရပ်မိရပ်ဖများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်နိုင်ခဲ့သည်။ သံတွဲ နည်းပညာ ကောလိပ်အား ဆယ်ရက်မျှ ကျောင်း ပိတ်ထားလိုက်သည်။
၅ - ၅.၆.၂ဝ၁၂ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့ သည်။
Popular Myanmar News Journal
ချစ်သူကို မီးရှို့သတ်သူ လူသတ်တရားခံ လွင်ဦးရဲ့ ဘ၀အကြောင်း
Posted: 06 Jun 2012 01:36 AM PDT
လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။
တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။
ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။
လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့ ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။
ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး စာတော်တဲ့ သူဖြစ်ပါတယ်။
ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက် ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။
လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့ သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။
လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး "ခရီးသွားနေသည်" လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။.. သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။မီးရှို့ခံ၇တဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့ အတန်တန်ပြောခဲ့ရှာကြောင်း သိ၇ပါတယ်။
by Zaw Lwin Win
အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်
Posted: 06 Jun 2012 01:25 AM PDT
"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။
အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။
ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။"
 ဒေါ်အောင်ဆန်းစုကြည်
အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။
ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။
7Day News Journal
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
Posted: 06 Jun 2012 01:44 AM PDT
ဓါတ်ပုံ(ချော-အစိမ်းရောင်လွင်ပြင် - ဘလော့ဂ်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသာဦးအား မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
--------------------------------------------------------------------------
ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၁၄/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)
ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ)တို့အရ အောက်ပါဒုတိယဝန်ကြီး များအား မိမိသဘောဆန္ဒ အလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁)       ဦးတင့်လွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၂)       ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
                                                                                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမ္မတရုံးဝက်ဆိုဒ်
မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ
Posted: 05 Jun 2012 05:39 PM PDT
မိုးထိမိုးမိ ရွှေတောမှာ ရွှေလုပ်သားများ ဆန္ဒပြနေစဉ် (ရုပ်/သံ)
မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊နယုန်လပြည့်ကျော်(၁)ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၅) ရက်
မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ
 မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းခရိုင် ၊ ရမည်းသင်းမြို့နယ် ၊ တူးကုန်းအုပ်စု ရွှေများထွက်ရှိရာ မိုးထိမိုးမိ ဒေသ တောင်ကြီးသည် ၁၈မိုင်ပါတ်လည်ကျယ်ဝန်းပြီး ဧရိယာအားဖြင့် လုပ်ကွက်ဧရိယာ(၆၁၀၅)ဧက ရှိပါသည်။ ယခင်က ၎င်းရွှေလုပ်ကွက်ဒေသများကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ခဲ့ပြီး ထိုအချိန် က သတ္တုတွင်းဝန်ကြီးဋ္ဌာန ၊ ရဲ နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို လာဘ်ငွေပေးပြီး ရွှေကြောရှိရာ တောင်ပေါ် သို့တက်၍ ခိုးတူးခဲ့ကြရခြင်းဖြစ်ပါသည်။
အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီလီမီတက်က နိုင်ငံတော်သို့ ၅-နှစ်သက်တမ်းအတွက် ရွှေသတ္တု  ၅.၅၇၇ တန် ပေးဆောင်ရမည်ဟူသော သဘောတူညီချက်ဖြင့် ဤမိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့် လိုင်စင် ကို ရရှိခဲ့ပါသည်။ ၁၆-၅-၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က တစ်တောင်လုံးရှိ အင်းပိုင်(ခ) စက်ပိုင် နှင့် အင်းသားများ လူ၅-သိန်းကို ပြောဆိုခဲ့သည်မှာ မင်းတို့လုပ်ကြ ၊ စက်တွေထောင်ကြ ၊ အင်းသား တွေမွေးကြ ၊ မင်းတို့ တဲကနေတိုက်ဖြစ်စေရမယ်။ မင်းတို့သားသမီးတွေအတွက် ကျောင်းတွေဆောက်ပေးမယ်။ ငါတို့ လုပ်ကိုင်ခွင့်သက်တမ်းကာလတစ်လျှောက် လက်တွဲခေါ်ဆောင်မယ်။ တွဲလုပ်ကြမယ်။ ငါတို့ကုမ္ပဏီလည်း ဆက်လုပ်ခွင့်ရမယ် ၊ မင်းတို့ကလည်း အပြစ်အနာအဆာမရှိဘူးဆိုရင် လုပ်ငန်းတွေကို မရပ်ဆိုင်းဘူး။ ရိက္ခာပေးမယ်။ ဗြုံးထည့်အိပ်ပေးမယ်။ ငွေလည်းပေးမယ်။ အစစအရာရာထောက်ပံ့မယ်လို့ ပြောခဲ့တဲ့အတွက် အသေးစားရွှေလုပ်ငန်းရှင်များသည် ယုံကြည်ချက် ၊ မျှော်လင့်ချက် အပြည့်အ၀ဖြင့် ရှိစု မဲ့စု မိမိတို့ပိုင်ဆိုင်ကြ သော မွေးရပ်မြေမှ အိမ၊် ခြ၊ံ ယာ၊ မြေ၊ ကျွဲ၊ နွား ပါမကျန် ပေါင်နှံရောင်းချ၍ အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း Adit (အက်တာ) နှင့် လေးပင်အင်းများ ရေရှည်တည်တန့်ခိုင်မြဲအောင် လုပ်ကိုင်၍ ရင်းနှီးမြှုပ်နှံခဲ့ ကြတယ်။ တရားဝင်လုပ်ပိုင်ခွင့်ရထားတဲ့ “အမျိုးသား……” ကုမ္ပဏီက ၅-နှစ်တွဲလုပ်မယ် ၊ လုပ်ခွင့်ရမယ်ဆို တော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေရောင်းချပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်တယ်။
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ရဲ့ လက်အောက်မှာ အစုရှယ်ယာတစ်ခုကို သိန်း ၁၀၀၀ (တစ်ထောင်)နဲ့ မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီများ ရှိပါတယ်။ ကန္တာရစိမ်း ၊ အာရှအမြုတေ ၊ ရွှေပြည်အေး ၊ ကြယ်ငါးပွင့် ၊ ရွှေတောင်ကျော ၊ ဝေလင်းထိုက် ၊ မြမျိုးသက်ဦး ၊ ရွှေညီအကို ၊ ရေတော်သား ၊ ရွှေပလောင် ၊ ဓနစမ်းရေ ၊ နေခြည်ပွင့် ၊ ရဲညီနောင် ၊ မိုးရွှေဝါ ၊ မြင့်မိုရ်ရွှေတောင် ……… စသည်ဖြင့် ၂၉-ခုခန့် ရှိပါသည်။ ၎င်းမိတ်ဖက်ကုမ္ပဏီများဟာ အင်းပိုင်(ခ)စက်ပိုင်များရဲ့ တာဝန်ခံကုမ္ပဏီများလည်းဖြစ်ပါတယ်။
ထိပ်ဆုံးမှာ နိုင်ငံတော်အစိုးရထံမှ လုပ်ပိုင်ခွင့်ရထားသော “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” နှင့် ၎င်းအောက်မှာ သိန်း၁၀၀၀ဖြင့်ဝင်ထားသော မဲန်ဘာ(ခ)မိတ်ဖက်ကုမ္ပဏီရှိပါတယ်။ မိတ်ဖက်ကုမ္ပဏီအောက်မှာမှ ယင်းကတာဝန်ခံထားသော အင်းပိုင်(ခ)စက်ပိုင် ၊ ၎င်းအောက်မှာမှ အင်းသားများ နှင့် ၊ အင်းသားများအောက်မှာက လက်လုပ်လက်စား ဈေးသည်များရယ်လို့ လူတန်းစားအဆင့်ဆင့်ရှိနေပါတယ်
အင်းပိုင်တစ်ချို့ဟာ အင်းသားကနေ ကြိုးစားရှာဖွေစုဆောင်းပြီး အင်းပိုင်ဖြစ်လာတာတွေလည်း ရှိပါတယ်။ အင်းပိုင်တွေဟာ လုပ်ပိုင်ခွင့်ရပြီဆိုတော့ မြေရှင်းရ ၊ ညှိရ ၊ ဘက်ဟိုးနဲ့လာထိုးပေးတာကို ဘက်ဟိုးဖိုးပေးရ ၊ နေ့စားတွေငှားပြီး ခုတ်ရ ထွင်ရ ရှင်းရတယ်။ အဆောက်အဦ  တဲတွေဆောက်ရတယ်။ စက်တွေ ၀ယ်ထောင်ရတယ်။ နောက် အင်းသားတွေကို ကျွေးမွေးပြီး (စားစရိတ် စိုက်ထုတ်ပြီး) အင်းကိုတူးရ တယ်။ အင်းတူးရတာဟာ အတောင် ၈၀ ၊ ၁၀၀ အနဲဆုံးတူးရပါတယ်။ ထွက်လာတဲ့ဗြုံးကို အင်းပိုင်ဟာ အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီကြီးကို တစ်ဝက်တိတိ ခွဲပေးရပြီး အင်းပိုင်ရဲ့ တာဝန်ခံကုမ္ပဏီကို ကျန်တစ် ၀က်ရဲ့ ၄ပုံ-၁ပုံ ပေးရပါသေးတယ်။ ကျန်တာကိုမှ ကြိတ်ခွဲ ၊ ရွှေထုတ် ၊ ကုန်ကျစရိတ် နှုပ်ပြီး အင်းပိုင်၊ အင်းသား ခွဲဝေယူရတာပါ။
ဒီ အမျိုးသား ကုမ္ပဏီရောက်လာမှ အောက်တွင်ဖေါ်ပြပါ လိုင်စင်ကိုလည်း တာဝန်ခံကုမ္ပဏီမှတဆင့် ထုတ်ပေးထားတာဖြစ်ပြီး ရွှေလုပ်ကွက်ဧရိယာတစ်ခုလုံးကို အသေးစားရွှေထုတ်လုပ်မှု ဇုန်(၁) မှ (၁၂)ထိ ခွဲခြား သတ်မှတ်ခြင်း ၊ ရွှေသတ္တုတူးဖေါ်ထုတ်လုပ်ရန် Adit (ခ) အက်တာ(တောင်ကိုဖောက်သွားတာ) နှင့် လေးပင်အင်းများကို အမှတ်စဉ်(၁) မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များပေး၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
စတင်ပြုလုပ်စဉ်က လမ်းများမကောင်း၍ လမ်းဖောက်လုပ်ရေးများမှာ အင်းအားလုံးက လုပ်အားပေးခဲ့ ကြရပါတယ်။ လမ်းမကောင်း၍ ဗြုံးကြိတ်စက် စသည်စက်ကရိယာများကို ဖြုတ်၍ တောင်ပေါ်သို့ထမ်းတင်ခဲ့ကြ ရပါတယ်။
အမျိုးသားကုမ္ပဏီလူကြီးများသည် စတင်ဝင်ရောက်စဉ်က နှုပ်ကတိဖြင့်ပြောဆိုခဲ့သည်များကို ဘာတစ်ခုမှ လုပ်မပေးခဲ့ပါ။ စားစရိတ်မပေး ၊ ဗြုံးထည့်အိပ် တစ်အိပ်မှမပေး (ဗြုံးအိပ် ၄အိပ်ကို ၁၀၀၀ိ/ တစ်ခါ ကို အိပ်ခွံ ၄၀၀, ၅၀၀, ၆၀၀ ၀ယ်ရပါတယ်။) အမျိုးသားကုမ္ပဏီအဖွဲ့ကရော မဲန်ဘာကရော ဘာထောက်ပံ့မှုမှမပေးဘဲ ဗြုံးထွက်လာသောအခါ ဥပမာ- ဗြုံးအိပ် ၁၀၀ဆိုလျှင် သူတို့စိတ်ကြိုက်ရွေး၍ အိပ် ၅၀ ယူပါသည်။ “သူတို့က ထိုင်ရက်က နေယူနေတာ၊ အင်းသားများမှာတော့ တွင်းထဲမှာ အန္တရာယ်အမျိုးမျိုးနဲ့ မြေပြိုမှာကြောက်ရ ၊ ဆရာကသပ်ရပ်မှ ၊ မသပ်ရပ် ရင် နောက်လိုက်တွေ ဒုက္ခရောက်ကြရ” ဟု အင်းသားများက ပြောကြပါသည်။
ယခင်က စားစရာမရှိရင် ဗြုံးအိပ် ၅အိပ် ၁၀အိပ်မှ တစ်အိပ်လောက်အရင်ကြိတ်ပေးတာမျိုး ယခုအမျိုးသားကုမ္ပဏီကတော့  အိပ် ၁၀၀ရမှ အိပ်၂၀၀ရမှ ကြိတ်ခွင့်ပြု၍ လူအများမှာ အတော်ပင် ဒုက္ခရောက် ရှိခဲ့ပေမဲ့ ကြရပါတယ်။ ၎င်းအပြင် ဗြုံးကျောက်ခဲ လက်ထဲမှာရှိလျှင် ၁-ခဲကို ၁ိသားဆိုလျှင် ထောင်တစ်နှစ်ချတာတွေလုပ် ပါသည်။ ဇုံ(၅)ကျောက်စရစ်တောင်မှ ကြယ်ငါးပွင့်ကုမ္ပဏီမှာလုပ်နေသော ၁၅-နှစ်သား ကလေးတစ်ဦးဟာ ဗြုံးအိပ်နဲ့မိလို့ ထောင်ဒဏ် ၇-နှစ်ချပစ်လိုက်သည်မှာ ယခုဘယ်ထောင်မှာ ရောက်နေမှန်းမသိရပါ။ ဇုံ(၈)ဟာ ရွှေအများဆုံးထွက်ရာဒေသဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်ဟာ ရှမ်းနာမည် စိုင်းဝင်းမြင့်ဟု အမည်ခံထားသော တရုပ်လူ မျိုးစစ်စစ်ဖြစ်ပါတယ်။ ဇုံ(၈)မှာ ဂဲခိုးလို့ဆိုပြီး ဖမ်းဆီးလက်ပြန်ကြိုးတုပ် နေပြည်တော် နှင့် ရမည်းသင်းရဲစခန်းကို ပို့တာ အများဆုံးဖြစ်ပါတယ်။ ကွမ်းယာထည့်တဲ့အိပ်နဲ့ဘဲထည့်လာလာ ၊ လမ်းပေါ်မှာဘဲ တွေ့တွေ့ ၊ အက်တာက ဘဲ ထွက်လာလို့တွေ့တွေ့ ၊ ကိုယ့်အိမ်မှာလည်း ထားလို့မရ တွေ့ရင်ဖမ်းပါတယ်။ ဖမ်းပြီးရဲစခန်းပို့လွန်းလို့ “အင်း သားခိုးတာက နဲနဲလေး ၊ မင်းတို့ခိုးတာက တိုင်းပြည်ကုန်တော့မယ်လို့ ရမည်းသင်းက အာဏာပိုင်များကပြော ပြီး အရေးယူမပေးတော့မှ ဖမ်းတာ ဆီးတာ ရပ်သွားပါတော့တယ်။ ဟု အင်းသားများကပြောပြကြပါတယ်။
တရားဝင်လုပ်ခွင့်ရပြီ ။ အနဲဆုံး ၅-နှစ်သက်တမ်းလုပ်ခွင့်ရမယ်ဆိုလို့ အင်းပိုင် အင်းသားအားလုံးက ငွေအား လူအား ကြိုးစား ပမ်းစား လုပ်ကိုင်ခဲ့၍ ယ္ခုတော့ သာသာယာယာ စိုစို ပြေပြေ ရှိလာခါမှ သူတို့ကို ၇-လ တောင်မှ လုပ်ခွင့်ပေးပြီးပြီ ၊ အခုတော့ အကြီးစားစက်များနှင့် ကမ္ဘာ့စံချိန်မှီ မိုင်းတွင်းဖြစ်ပေါ်ရေး ၊ အကြီးစား ရွှေထုတ်လုပ်ငန်း အသွင်ကူးပြောင်းရေး ၊ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်းတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကို ကိုယ်ချင်းမစာ ၊ မညှာမတာ အတင်းအဓမ္မ အားလုံးကို မောင်းချသည်မှာ မည်သို့ မျှ မဖြစ်သင့်ပါ။ မည်သို့မျှ တရားမျှတမှုမရှိပါ။ အင်းသားများ၏ပြောပြချက်အရ ၎င်းအမျိုးသား ကုမ္ပဏီက ယနေ့ အထိ အက်တာ တစ်ခုမှမဖေါက်နိုင်သေးပါ။ နိုင်ငံတော်သို့ တစ်လလျှင် ရွှေ ၇၃ိ/ သား ပေးသွင်းနေတာဟာ အမျိုးသား---- ရဲ့ ဗြုံးတစ်စေ့မှ မပါပါ။ အင်းပိုင် အင်းသားများလုပ်လို့ရတဲ့ ရွှေတွေသာဖြစ်ကြောင်း အားလုံးက ပြောကြပါတယ်။
ဒီ ပိတ်ပင်ကန့်သတ်မှုကို ၅-၁-၂၀၁၂ ရက်နေ့မှာ ရွှေသတ္တုထုတ်လုပ်မှု ဇုံတာဝန်ခံ (ခ) မိတ်ဖက် ကုမ္ပဏီများမှတဆင့် အကြောင်းကြားခဲ့ပါတယ်။ သိန်း ၁၀၀၀- သာရှယ်ယာဝင်ထားတဲ့ မဲန်ဘာ(ခ)တာဝန်ခံများ က လက်အောက်ခံအင်းပိုင်များကို ရော်ကြေးပေးမည်ဆိုပါလျှင် အင်းပိုင် တစ်ဦး တစ်ဦးကို သိန်းရာနှင့်ချီ၍ ရင်းနှီးမြှပ်နှံထားရပြီး ယခုအခါမှာတော့ မဲန်ဘာများမှာ မရော်နိုင်ဘဲ ထွက်ပြေးနေကြကြောင်း ပြောပါတယ်။
အင်းပိုင် အင်းသားများဟာ ဤမိုးထိမိုးမိ ရွှေလုပ်ကွက်တောင်ကြီးပေါ်မှာ အားသွန်ခွန်စိုက်ရင်းနှီးမြှပ်နှံ ထားမှုများကို ဘာမှမရရှိဘဲ မခံစားရဘဲ လက်လွတ်ပြီး ကိုယ့်အရပ်ကိုယ်ပြန်ရမည်ဆိုလျှင်လည်း ကိုယ့်အရပ်မှာ နေစရာ လုပ်စရာ လုပ်ဖက်ကရိယာ ဘာဆိုဘာတစ်ခုမှ မကျန်ရှိတော့၍ မပြန်နိုင်ပါ။ ဤတောင်ကြီးပေါ်မှာပင် မိမိတို့ရသင့်ရထိုက်သည့် စစ်မှန်သော အခွင့်အရေးများကို မရရအောင် ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ် ကြောင်းပြောကြပါသည်။
၁-၆-၂၀၁၂-ရက်နေ့မှစတင်၍ “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်” ပင်မစခန်းကြီးတွင် ဇုံ ၁၂-ဇုံမှ အင်းပိုင် အင်းသား လက်လုပ်လက်စားများပါမကျန် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
                “အမျိုးသားကြီးပွားတိုးတက်ရေးအင်အားစု ကုမ္ပဏီလီမီတက်”ကတော့ ၇-၆-၂၀၁၂ရက်နေ့မှာ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ပြောကြား၍ ဆန္ဒပြသူများက နေ့စဉ်  ရက်ဆက် မိမိတို့ဇုံအသီးသီးတွင်၎င်း ပင်မစခန်းကြီးတွင်၎င်း တောင်းဆိုဆန္ဒပြမှုများကို လူသောင်းနှင့်ချီ၍ ပြုလုပ်နေကြပါကြောင်း။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၅.၆.၂၀၁၂)
စကားများရန်ဖြစ်စဉ် ဓားနှင့်ထိုး၍ သေဆုံး
Posted: 05 Jun 2012 03:41 PM PDT
06 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ထန်းတပင် မြို့နယ်နေ အသက် ၂၄နှစ်အရွယ် အမျိုးသမီးမှ မေလ ၂၅ရက်နေ့ နံနက် ၁၁း၄၅ အချိန် ခန့်တွင် ၄င်းနေအိမ်၌ ရှိစဉ် အစ်ကို ဝမ်းကွဲတော်သူ မျိုးမင်းထွန်း (၂၅) နှစ်နှင့် ကိုမင်းညွန့်ရန် (၂၈)နှစ်တို့ နှစ်ဦး ဓားထိုးခံရပြီး လဲကျနေကြောင်း သိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။
မျိုးမင်းထွန်းမှာ ရင်ညွန့်ထိုး သွင်းဒဏ်ရာ တစ်ချက်နှင့် လဲကျ သေဆုံးနေပြီး ကျော်ဦး(ခ)ကိုဦး(ခ) မောင်ဦး(ခ)အရှည်ကြီး (၄၂)နှစ် နေသူမှ စကားများရန်ဖြစ်စဉ် ဓား နှင့်ထိုးသွားကြောင်း သိရ၍ အရေး ယူပေးရန် တိုင်ကြားခဲ့သည်။ သောင်ကြီးရဲစခန်းက (ပ) ၃၆၄/၁၂ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရအမှုဖွင့် စုံစမ်းလျက်ရှိသည်။
နိုင်မိုး
အမျိုးသမီးတစ်ဦးအား မတရားပြုကျင့်မှု
Posted: 05 Jun 2012 03:39 PM PDT
05 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ဒလ မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မေလ ၂၄ရက် နေ့ ည၈နာရီ အချိန် ခန့်တွင် ရန်ကုန် ဘက်ကမ်းမှ အဝတ် လျော်ပြီး နေအိမ်သို့ ပြန်လာစဉ် စက်မြေ ရပ်ကွက်တွင် လွန်ခဲ့သော ၃နှစ် ခန့်က ရင်းနှီးခဲ့သည့် ဟန်ထွေး(၃၂) နှစ်၏ နေအိမ်ရှေ့အရောက် ပြော စရာရှိကြောင်း ပြော၍ ခေါ်သဖြင့် ၄င်းနေအိမ်သို့ လိုက်ပါသွားစဉ် မီးဖို ချောင်အရောက် ချွန်ထက်သောအရာ ဖြင့် ဝမ်းဗိုက်ကို ထောက်၍ ခြိမ်းခြောက် ပြောဆိုကာ သားမယားအဖြစ် ၃ကြိမ် ပြုကျင့် ခဲ့ကြောင်း ၄င်းနောက် ဖေးသို့ ခေတ္တထွက်သွားစဉ် ထွက် ပြေးခဲ့ကြောင်း မေလ ၂၆ရက်နေ့ ည(၁၂း၄၅)အချိန်ခန့်တွင် သက် ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ဒလရဲစခန်းက (ပ)၃၁၂/၁၂ ပြစ်မှုပုဒ်မ ၃၇၆အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
နိုင်မိုး
ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်
Posted: 05 Jun 2012 03:35 PM PDT
သေကြာဂြိုဟ်သည် မြေကမ္ဘာနှင့် နေတို့အကြားဝယ် ဇွန်လ(၆)ရက်နံနက် ၁၁နာရီ ၂၉ မိနစ်မှ စတင်၍ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့သောဖြတ်သန်းမှုသည် ထူးခြားသည် နက္ခတ်တာရာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သည့်အပြင် နက္ခတ်ဗေဒင်ပညာအလိုအရလည်း အရှေ့တောင်အာရှနိုင်ငံများအပေါ်အကျိုးသက်ရောက်မှုသိသာလိမ့်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာယိုယွင်းကျဆင်းမှုတို့ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်ဗေဒင်ပညာရှင်တို့ကဆိုကြသည်။
ကမ္ဘာနှင့်နေအကြား သောကြာဂြိုဟ်ဖြတ်သန်းသွားခြင်းသည် ကမ္ဘာနှင့်နေအကြား လဖြတ်သွားသဖြင့်ဖြစ်ပေါ်သည့် နေကြပ်ခြင်းဖြစ်စဉ်နှင့်တူညီသော်လည်း ထိုသို့မြင်တွေ့ကြရမည်မဟုတ်ပဲသေကြာဂြိုဟ်အား နေပေါ်မှ အစက်အပြောက်ငယ်တစ်ခုသဖွယ်သာမြင်တွေ့ရမည်ဖြစ်သည်။
ယခုဖြစ်စဉ်မျိုးသည် နောင်နှစ်ပေါင်း ၁၀၅ နှစ်(သို့) ၁၂၂ နှစ်ခန့်တွင်မှ ထပ်မံဖြစ်ပေါ်ဖြစ်ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။
သေကြာဂြိုဟ်၏တစ်ရက်သည် ကမ္ဘာရက်နှင့်တွက်မည်ဆိုပါက ၂၄၃ ရက်မျှကြာမြင့်သည်။
UPKP
Popular Myanmar News Journal
လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပေးပြီ
Posted: 05 Jun 2012 03:22 PM PDT
မြန်မာနိုင်ငံကို လျှပ်စစ်မီး အပြည့်အဝပေးနိုင်ရန် အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကလျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးခြင်းကို ပြည်တွင်း လုပ်ငန်းရှင်များ အပါအဝင် ပြည်ပမှ လုပ်ငန်းရှင်များ ကလည်း လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယခုအခါ  နိုင်ငံတော် အနှံ့ လျှပ်စစ်မီးများ အမြန်ရ ရှိစေရေး  အတွက်  နိုင်ငံတော် အစိုးရနှင့်အတူ  ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပါဝင်ရင်းနှီးပေးရန် အထူးလိုအပ်လျက်ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန  သည်  မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်မီးဓာတ်အားလိုင်းထည့်ဝင်ခြင်း ၊ မဟာ ဓာတ်အား   လိုင်းမှ လျှပ်စစ်ဓာတ်အား ရယူဖြန့်ဖြူးခြင်း ၊ မဟာဓာတ်အားလိုင်းမှ အပ အခြားသင့်တော် သည့် နေရာများတွင် လျှပ်စစ်ဓာတ်  အား ထုတ်လုပ် ဖြန့်ဖြူး ခြင်း နှင့် မဟာ  ဓာတ်အားလိုင်းမှ အဆိုပါ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း   များကို လုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ့ မှုကော်မရှင် ၊ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ၊ အမှတ်(၂)  လျှပ်စစ် စွမ်းအားဝန်ကြီး  ဌာန စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး   တက်ရေး ကော်မတီ  ဖုန်း ၀၆၇-၄၀၆၃၃၄ ၊၄၁၁၀၇၁၊၄၁၀၂၀၃ ၊၄၀၅၀၅၀၊ သို့ ဆက်သွယ် စုံစမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်
Posted: 05 Jun 2012 03:07 PM PDT
ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့  အစိုးရ သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့  အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့  စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့ ပြောပါတယ်၊ ဒီအကြောင်းကိုတော့  မသင်းသီရိက ပြောပြပေးမှာပါ၊
ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး  ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့  ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့  အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊
ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း  မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊
“သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။”
ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့  သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။
“တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ”
အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊
“ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ..  ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့  အသိပေးတာတွေ လုပ်ပါတယ်”
ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ  ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို  ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့  ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိုးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
 By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)
သမ္မတ ရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည် နဲ့ မသက်ဆိုင်
Posted: 05 Jun 2012 03:02 PM PDT
သမ္မတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် နဲ့ မပတ်သက်ဘဲ
ပြည်တွင်းရေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက
ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။
မနေ့က ထိုင်းနိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ရာမှာ -
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပေါ် မြန်မာအစိုးရက အသိအမှတ်ပြုပါတယ်၊ ထိုင်းအစိုးရကလည်း မိမိတို့နိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်အတွင်း သွားလာ လှုပ်ရှားမှု မှန်သမျှ အချိန်နဲ့တပြေးညီ မြန်မာ အစိုးရကို အသိပေးနေခဲ့တာပါ၊ ထိုင်းမှာ ရှိနေစဉ်အတွင်း ထိုင်း နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စေမယ့် ကိစ္စ မှန်သမျှ ကို ခွင့်ပြုမှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အတွင်းရေးမှူးက တဆင့် အသိပေး ထားခဲ့ ပါတယ်၊ ဒါကြောင့် စမုတ်စခွန် က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီ သွားရောက်တာ၊ ထိုင်း ဒုတိယ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံတာ၊ တပ်ခရိုင်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်တာ စတဲ့၊ နိုင်ငံရေးနဲ့ မရောယှက်တဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကိုသာ ကန့်သတ်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းအနေနဲ့ မိမိတို့ တိုင်းပြည်ကို ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုမျိုး အတွက်မှ အသုံးချခံမှာ မဟုတ်ပါဘူး၊ ဥပမာအားဖြင့် - လူမျိုးစု ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး၊ ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်- လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က ပြောကြားခဲ့တာပါ။
မနေ့ညနေပိုင်းက ထိုင်း နိုင်ငံခြားရေးဝန်ကြီး နဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ တယ်လီဖုန်း က တဆင့် ပြောဆိုခဲ့ကြရာမှာ - သမ္မတ ဦးသိန်းစိန် ရဲ့ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင် ကြောင်း၊ ပြည်တွင်းမှာ လျှပ်စစ်မီး ကိစ္စ ၊အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ အတွက် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ကပြောဆိုခဲ့တယ်လို့ ထိုင်း နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆူရာပေါင် က အတည်ပြု
ပြောကြားခဲ့ပါတယ်။
RFA Burmese
ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗကသအမှုဆောင်များကို ခေါ်ယူ
Posted: 05 Jun 2012 03:00 PM PDT
ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးဖို့ ဗကသများ အဖွဲ့ချုပ် အမှုဆောင်တွေကို မနက်ဖြန်နေ့လည် ၁ နာရီမှာ ဖိတ်ခေါ်ထားတယ်လို့ သတင်းရရှိပါတယ်။
ဒါကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ရုံးဆိုက်ရာ ရန်ကုန်မြို့က လွှတ်တော်ဟောင်း အဆောက်အဦကို လိုက်သွားရမယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။
"ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးကို ဗကသများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍
ဆွေးနွေးရန်ရှိပါသဖြင့် မပျက်မကွက် တက်ရောက်ပါရန် အကြောင်းကြား ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို အကြောင်းကြားစာ လာတယ်ဗျာ။ ရန်ကုန် အရင်တုန်းက လွှတ်တော် အဲဒီကို ၁ နာရီမှာ ဖိတ်ထားတယ်။"
ဒီနှစ်ဆန်းပိုင်းမှာ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့
ကျောင်းသားခေါင်းဆောင် ၁၂ ဦးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီ အဖြစ် ပြန်လည် ဖွဲ့စည်းပြီး အနယ်နယ် အရပ်ရပ်မှာ ကျောင်းသား
သမဂ္ဂတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေတာပါ။
အခုတော့ အဲဒီ ၁၂ ဦးစလုံး ဆွေးနွေးပွဲကို မပျက်မကွက် တက်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ် အသီးသီးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတွေ
က တိုင်းရုံးကို ခေါ်သွားရမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ၁၉၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်း
နှစ်ပတ်လည် အခန်းအနားကို အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမမှာ မနက်ဖြန် ပြုလုပ်ဖို့ စီစဉ်ထားကြပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအဝင် အမှုဆောင်တွေ တက်ရောက်မယ်လို့ သိရပါတယ်။
RFA Burmese
Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ
Posted: 05 Jun 2012 02:57 PM PDT
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ဒါကြောင့် အဲဒီအလုပ်သမားတွေက NLD ရှေ့နေကွန်ယက်အဖွဲ့ကို အကူအညီတောင်းတဲ့အတွက် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဒီကနေ့ သွားရောက် တွေ့ဆုံပေးလိုက်တယ်လို့ NLD အလုပ်သမားရေး ဆောင်ရွက်သူ ဦးသက်ဝေက ပြောပါတယ်။
Grand Royal စက်ရုံ အလုပ်သမားတွေဟာ လုပ်သက်ပေါ် မူတည်လို့ တစ်နေ့ကို ၁၁၀၀ ကျပ်ကနေ ၁၄၀၀ ကျပ် ဝန်းကျင်သာရကြပြီး၊ အချိန်ပိုကြေးနဲ့ပေါင်းမှ တစ်လကို ကျပ် ၅ သောင်း ဝန်းကျင်ပဲ ရကြတဲ့အတွက် တစ်လကို ကျပ်ငွေ ၆ သောင်းကျော် ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလို ဆန္ဒပြတောင်းဆိုချိန်မှာ အလုပ်ရှင်ဘက်က အခုအလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ မဆွေးနွေးဘဲ၊ အခြားအလုပ်သမားတချို့နဲ့ပဲ ဆွေးနွေးပြီး သဘောတူစာချုပ်တွေ လက်မှတ်ထိုးလိုက်ကြပါတယ်။
အဲဒီသဘောတူညီချက်မှာ အများစု တောင်းဆိုထားတဲ့ လုပ်ခလစာနှုန်းထား မပါရှိဘဲ စည်းကမ်းတချို့ လျှော့ပေးတာမျိုးပဲ ပါတဲ့အတွက် ကိုယ်စားလှယ်တွေဘက်က သဘောမတူဘဲ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီအခြေအနေမှာ ၃ ရက်အတွင်း အလုပ်မဆင်းရင် အလုပ်ကနေ ထုတ်ပစ်မယ်ဆိုတဲ့ အလုပ်ရှင်နဲ့ သူ့အလုပ်သမားတချို့ရဲ့ သဘောတူညီမှုထဲက အချက်ကိုထောက်ပြီး အလုပ်သမားကိုယ်စားလှယ် ၁၇ ဦးကို ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
RFA-Burmese
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
Posted: 05 Jun 2012 02:51 PM PDT
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"
ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။
ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။
" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"
ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြောသာဖွင့် ပေးထားပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီးမှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
RFA-Burmese
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
truely white
unread,
Jun 8, 2012, 8:42:13 AM6/8/12
to jeffy...@googlegroups.com
---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/6/7
Subject: Fwd: သစ်ထူးလွင်
To: Khant Rider <Khant...@gmail.com>, thuta thu <theinh...@gmail.com>, Thein Han <u.thein...@gmail.com>, Grace juli77 Juli <grace...@gmail.com>, mehmwun...@aol.com, narziko...@gmail.com, ninimyo mimi <ninimy...@gmail.com>, Mandalay Monk <mandal...@gmail.com>, hlaing htun <hlai...@googlemail.com>, ayetha...@gmail.com, ko naylin <konay...@gmail.com>, dr math <dr.ma...@gmail.com>, "Dr. Kyaw Nyunt" <drkya...@gmail.com>, yannau...@gmail.com, EQUITYAD3000 3000 <equity...@gmail.com>, sanno...@gmail.com, Kyi Lwin <s.ky...@gmail.com>, minya...@gmail.com, ဇေ ယျာ <zayy...@gmail.com>, alfarome...@gmail.com, chit wine <chitw...@gmail.com>, Min Thu <mgmi...@gmail.com>, Maung Thit Aung <mgthit...@gmail.com>, jyawsar <jya...@gmail.com>, "mitmit.ns mitmit.ns" <mitm...@gmail.com>, lwinma...@gmail.com, Aung Thura Aye <ayeyarwad...@gmail.com>, maykhat2 <mayk...@gmail.com>, achitshonelay <achits...@gmail.com>, winkhinmaung45 <winkhin...@gmail.com>, mahhyu <mah...@gmail.com>, sonyb...@gmail.com, peternaywin <peter...@gmail.com>, oasischi...@gmail.com, kispa nadi <kispan...@googlemail.com>, eiei <eieit...@googlemail.com>, seinl...@gmail.com, makerb...@gmail.com, yta471 <yta...@gmail.com>, Kyi Pyar <makyi...@gmail.com>, haazaw <tha...@gmail.com>, ayethid...@gmail.com, shiftd...@gmail.com, win Naing <nain...@gmail.com>, tinzaw...@gmail.com, ayeyarwady.k...@gmail.com, crazyjo...@gmail.com, narsi...@gmail.com, tharg...@gmail.com, Shwe Tone <ech...@gmail.com>, parpar cho <parpa...@gmail.com>, yoyo...@gmail.com, shadow....@gmail.com, nmk.n...@gmail.com, yinh...@gmail.com, moonl...@gmail.com, mohmoh...@gmail.com, moreset...@gmail.com, roseb...@gmail.com, eieith...@gmail.com, aunt...@gmail.com, tunse...@gmail.com, kyawmin...@gmail.com, Aye Aye <ayea...@gmail.com>, akm...@gmail.com, aunghtet.for...@gmail.com, ahtun...@gmail.com, ayeay...@gmail.com, tayza...@gmail.com, babyg...@gmail.com, bobosa...@gmail.com, "bluesky.1756" <bluesk...@gmail.com>, comet...@gmail.com, cro...@googlemail.com, chan mya <chan...@gmail.com>, denize...@gmail.com, dr.sunmo...@gmail.com, gwbob...@gmail.com, hninwu...@gmail.com, hkawngs...@gmail.com, info.n...@gmail.com, jenif...@gmail.com, jeffy...@gmail.com, Kaung Khant Zan <kaun...@gmail.com>, kyawsimaw <Kyaw...@gmail.com>, Ko Nanda <kon...@gmail.com>, ကျော် ဖြိုး <kyawp...@gmail.com>, Kathy Maw <km...@extron.com>, lu naing <luna...@gmail.com>, marlarsoe <marl...@gmail.com>, marfuture <marf...@gmail.com>, Mandalar Charm <mandal...@gmail.com>, mgk...@gmail.com, MMO <maungma...@googlemail.com>, mickey mya <micke...@gmail.com>, Minnaing Maung <zwevi...@gmail.com>, notallo...@gmail.com, neore...@gmail.com, nanga...@gmail.com, nut shinnaung <nutshin...@gmail.com>, newhor...@gmail.com, nayc...@gmail.com, Naychi Moe <nayc...@yahoo.com>, naua...@gmail.com, "pyg.su2007" <pyg.s...@gmail.com>, phoebe naw <nawp...@gmail.com>, ronal...@gmail.com, roni...@gmail.com, sophayoo2007 <sophay...@gmail.com>, sulp...@gmail.com, shwe wutt yee <shwew...@gmail.com>, soelwins...@gmail.com, "saw.georgy" <saw.g...@gmail.com>, san...@gmail.com, "theinthanhtike.et" <theintha...@gmail.com>, thiri oo <thirim...@gmail.com>, thetma...@gmail.com, tuk pi <tukp...@gmail.com>, tunc...@gmail.com, twy...@gmail.com, thuyei...@gmail.com, usil...@gmail.com, ukyawmin22650 <ukyawm...@gmail.com>, vash...@gmail.com, wint...@gmail.com, yin yin oo <ooy...@gmail.com>, yarzark...@gmail.com, yan2...@gmail.com, ZHL <zinhni...@gmail.com>, zawza...@gmail.com, zawae...@gmail.com, decemb...@gmail.com, zarnim...@gmail.com, min.ht...@gmail.com, susul...@gmail.com, 84ya...@gmail.com, kyaw.h...@gmail.com, Soe Thaung <soe.t...@gmail.com>, khinwai phyoe <khinwa...@gmail.com>
---------- Forwarded message ----------
From: Kyi Lwin <kyi.k...@gmail.com>
Date: 2012/6/8
Subject: Fwd: သစ်ထူးလွင်
To:
2012/6/7 သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရ
Posted: 07 Jun 2012 04:47 AM PDT
 By Popular News
လောပိတ တည်ရှိရာ ကယားပြည်နယ် သုံးမြို့နယ်တွင် လျှပ်စစ်မီးမရလောပိတ ရေအား လျှပ်စစ် တည်ရှိရာ ကယားပြည်နယ် အတွင်း ငါးမြို့နယ် သာ လျှပ်စစ် ရရှိ သောကြောင့် ဒေသခံများက တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ တင်ပြလိုက်ကြောင်း သိရသည်။
“လျှပ်စစ်မြို့တော် တို့လွိုင် ကော်၊ ဖယောင်းတိုင်ဆောင်ထား တို့ကယား-ဖြစ်နေတယ်”ဟု လွိုင် ကော်မြို့၊ အစိုးရရုံးလမ်းတွင်နေ ထိုင်သည့် ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ ကယားပြည်နယ်တွင် လွိုင် ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်များသာ လျှပ် စစ်မီးပုံမှန်ရရှိပြီး ရှားတော့၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ်ခွဲ တို့တွင် လျှပ်စစ် ဓာတ်အားပေးစက်များဖြင့် တစ်နေ့ လျှင်သုံးနာရီသာ လျှပ်စစ်ဓာတ် အားသုံးစွဲနေရကြောင်း သိရသည်။
“ကျွန်တော်တို့ ကယားပြည် နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိ တယ်။ လျှပ်စစ်မီးကို ၉၂ ရွာပဲ ရပြီးတော့ဆောင်ရွက်ဆဲရွာလေးရွာ ရှိပါတယ်။ လျှပ်စစ်လုံးဝ မရရှိသေး တာ ၄၁၅ ရွာ ရှိနေသေးတယ်”ဟု လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ညို က ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ သို့ တင်ပြ ခဲ့သည်။ ယင်း တင်ပြချက်များတွင် ကျေးလက်မီးလင်းရေးမူ ၂၄ ချက် ကို ဖြေလျော့လျက် ဓာတ်အားပေး နိုင်ရေး အဓိကထားပြောကြားခဲ့ပြီး အောင်ပန်း၊ လွိုင်ကော်၊ ဘော်လခဲ ကားလမ်းတစ်လျှောက် လျှပ်စစ်မီး ရရှိရန် လိုအပ်နေပြီဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
“တစ်နိုင်ငံလုံးရဲ့ သုံးပုံ နှစ်ပုံ လောက်ကို ဖြန့်ဝေပေးနေတဲ့မြို့နယ် ကမီးမရတော့ ကျန်တဲ့ တိုင်းနဲ့ ပြည် နယ်တွေကိုတော့ မပြောပလောက် ဘူး။ အခုအခြေအနေ ကတော့ ပြောင်းလဲလာမယ့် အခြေအနေတွေ ဖြစ်လာမှာပါ”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ပြ သည်။
လက်ရှိ အခြေအနေတွင် ကယားပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အတွက် မယ်စဲ့ မြို့နယ် တွင် နယ်စပ်ကုန်သွယ်ရေး လုပ် ငန်းများ လုပ်ကိုင်တော့မည် ဖြစ်သောကြောင့် ယခုရရှိနေသော 50 kw ဓာတ်အားမှ 100kw ဓာတ်အား ပေးစက်သို့တိုးမြှင့်ပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် လွိုင်ကော် မြို့တွင် လောပိတရေတံခွန်မှထုတ် လုပ်သော ဘီလူးချောင်း အမှတ် ၁၊ ၂ ရေအားလျှပ်စစ်စီမံကိန်းတို့ ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးလျက်ရှိပြီး ယခုအခါအမှတ် ၃ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
အောင်ထက် (NYK)
ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံ့ချ
Posted: 07 Jun 2012 03:52 AM PDT
စောဇင်ညီ(မြစ်မခ)
ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။
ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေးကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။
ဘာသာဝင်ကောင်းမပာုတ်ပာု သတ်မှတ်ရခြင်းမှာ အစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအား အလိုမတူဘဲ ပေါင်းသင်းဆက်ဆံ၍ မရကြောင်း၊အလိုတူပါကလည်း မိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိသဖြင့်ဘာသာရေးကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု  မြန်မာနိုင်ငံအစ္စလမ်သာသနာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။
“ကျွန်တော်တို့ဘာသာမှာ မွတ်စလင်လူမျိုးတွေက အဲ့ဒီလို မုဒိန်းကျင့်လို့ရဖို့နေနေသာသာ လက်ထပ်ရင် တောင် လူကြီးတွေ သဘောတူမှရတာပါ။ဒါကြောင့်သူတို့က ဘာသာဝင်ကောင်းတွေ မပာုတ်ပါဘူး။”ပာုဦးဝဏ္ဏရွှေက ပြောသည်။
အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ မွတ်စလင်အမျိုးသားသုံးဦးထဲမှ တစ်ဦးမှာလက်ထပ်ရန် ငွေလိုရာမှ ကျောက်နီမော် ရွာသူ (၁၆)နှစ်အရွယ် အမျိသမီးငယ်အားအတင်းအဓ္ဓမ ရွှေ၊ ငွေလက်ဝတ်လက်စားများယူ၍ တစ်ယောက် တစ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ကြောင်း   မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
“သူတို့ ဘာသာသနာဝင်ကောင်းတွေ မပာုတ်ပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာနောက်ထပ်လူကောင်း (၁၀) ယောက် အသက်စတေး ရတာတော့ နှမြောစရာပါ၊  လတ်တလောဆိုတော့ ဒေါသအလျောက်ဖြေရှင်းကြတာ ဖြစ်မှာပါ။” ပာု ဦးဝဏ္ဏရွှေက ဆက်ပြောသည်။
အထက်ပါ မုဒိန်းမှုနောက်ဆက်တွဲအနေဖြင့် တောင်ကုတ်မြို့တွင်မွတ်စလင်လူမျိုး(၁၀)ဦးအား ရွာသားများက အကြမ်းဖက် သတ်ဖြက်မှုဖြစ်ပွားခဲ့သည်။
ထိုအချက်ကြောင့် မွတ်စလင်လူမျိုးများက တရားဥပဒေအရအမြန်ဆုံးဖြေရှင်းပေးရန် ဇွန်လ ၅ရက်နေ့က  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်အား ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေအညီ အရေးယူနိုင်ရေးအတွက်
ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒု-၀န်ကြီး အပါအ၀င် အရာရှိ(၁၆)ဥိးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း လိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ဇွန်လ(၆)ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်သည်။
 by Shwe Myitmakha Media Group
ဇွန်လ(၉)ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်မည်
Posted: 07 Jun 2012 03:50 AM PDT
ရန်နိုင်(မြစ်မခ)
ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။
၂၀၁၁-၂၀၁၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးအသိုင်းအ၀ိုင်းက စုံစမ်းသိရှိရသည်။
“မနေ့က ညနေ (၃)နာရီ ခွဲလောက်မှာ မြို့နယ်ပညာရေးမှုးရုံးက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေနဲ့ တာဝန် ရှိသူတွေကို အစည်းအဝေးခေါ်ပြီးတော့   ပြောတယ်။ ဆယ်တန်းအောင်စာရင်းတွေကို (၉) ရက်နေ့မှာ ထုတ်ပြန် မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ဆရာမကြီးတွေကိုလည်း ကျောင်းတွေမှာ ဂျူတီစောင့်ဖို့ တာဝန်တွေ ခွဲပေးထားတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အမက(၁၇)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးဦးက ပြောသည်။
အောင်စာရင်းကြေညာစာရွက်များ ကပ်မည့်နေရာနှင့် အနီးပတ်ဝန်းကျင်ရှိ နေရာများတွင် ဆရာ၊ဆရာမများက တာဝန်ခွဲဝေ၍ စောင့်ကြည့်ရန် မြို့နယ်ပညာရေးမှုးရုံများမှ ပြောကြားထားကြောင်းကိုလည်း သိရှိရသည်။
"(၉)ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ထုတ်ပြန်ကြေညာမှာ သေချာပါတယ်"ဟု တာမွေ မြို့နယ်ပညာရေးမှုးရုံးရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ်များက မြို့နယ်အသီးသီးရှိ အောင်စာရင်းတွင် မပါဝင်သော တချို့သော ကျောင်းသူ၊ ကျောင်းသား များမှ စိတ်လိုက်မာန်ပါဖြင့်   အောင်စာရင်းကြေညာဆိုင်းဘုတ်များရှိ ကြေညာစာရွက်များကို ဆုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်တွင် ထိုကဲ့သို့ မဖြစ်စေရန်အတွက် သက်ဆိုင်ရာ နယ်မြေ အလိုက် ဆရာ၊ ဆရာမများကို တာဝန်ချထားပေးခြင်း ဖြစ်ကြောင်းကိုလည်း  သိရှိရသည်။
“အောင်စာရင်းထွက်တော့မယ်ဆိုတာ ကြားတော့ရင်တွေ အရမ်းခုန်ပြီး ၀မ်းသာနေတယ်။ စာမေးပွဲအောင် စာရင်းထွက်ပြီးတာနဲ့ပြီးတာ မဟုတ်ဘူး။ အမှတ်စာရင်းတွေ ကောင်းပါစေလို့ ဆုတောင်းတယ်။ ဒီခေတ်မှာ အမှတ်မကောင်းရင် လိုင်းကောင်းရမှာမဟုတ်ဘူး”ဟု ၂၀၁၁-၂၀၁၂ စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူ နေပြည်တော် လယ်ဝေးမြို့နယ်မှ မရတနာက ပြောသည်
။
သက်ဆိုင်ရာ မြို့နယ်ပညာရေးမှုးရုံများမှ မထုတ်ပြန်မီ ဇွန်လဆန်းပိုင်းကပင် ဆယ်တန်းအောင်စာရင်းရလဒ်များ ဇွန်လ (၉) ရက်နေ့ထွက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ဇွန်လ(၆)ရက်နေ့အထိ အခြေခံ ပညာဦးစီးဌာနများနှင့် စာစစ်ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကိစ္စနှင့် ပတ်သတ်၍ ၎င်းတို့ မသိရှိ ကြောင်း မြစ်မခမီဒီယာသို့ ပြောကြားခဲ့သည်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇွန်လ (၃) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
by Shwe Myitmakha Media Group 
မြန်မာအပေါ် သြစတြေးလျ ပိတ်ဆို့မှုများ ရုတ်သိမ်းမည်ဟု ကြေညာ
Posted: 07 Jun 2012 03:49 AM PDT
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။         ။ စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆိုလိုက်သည်။
ကြာသပတေးနေ့ နံနက်ပိုင်းက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကျပ်ကိုင်မှုဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ထိရောက်တော့မှာမဟုတ်ဘဲ ထိတွေ့ဆက်ဆံမှုကသာ ပိုမိုသာလွန် ကောင်းမွန်ကြောင်း သြစတြေးလျ ဝန်ကြီးက ပြောသည်။
DASSKAusFMBob4
စစ်လက်နက် တင်ပို့ရောင်းချခြင်းမှအပ မြန်မာနိုင်ငံအပေါ် သြစတြေးလျနိုင်ငံမှ ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုအားလုံးကို ရုတ်သိမ်းမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောဆို (ဓါတ်ပုံ ရဲမင်း/ မဇ္ဈိမ)
လူ ၁၂၆ ဦးအား ခရီးသွားလာခွင့်နှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပေးလိုက်သည်။
၂ဝ၁၂ ခုနှစ် ဧပြီလအတွင်းကလည်း အစိုးရ အရာရှိနှင့် လူပုဂ္ဂိုလ် ၂ဝဝ အတွက် ဖွင့်ပေးခဲ့ပြီး ကျန်ရှိနေသေးသူများ အတွက်လည်း ပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
သို့သော် ပိတ်ဆို့မှုများအား လိုအပ်လာပါက ပြန်လည်ချမှတ်မည်ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ်များအား သြစတြေးလျနိုင်ငံ သို့ လာရောက်ခွင့်ကို ပြန်လည်ရပ်တန့်နိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
ဖွံ့ဖြိုးရေး အကူအညီများ တိုးမြှင့်ပေးရန်အတွက် မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် Bob Carr သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်
နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံအတွက် အကူအညီများနှင့် ပိတ်ဆို့မှုများ ဆက်လက် ရုတ်သိမ်းရေးကိစ္စတို့ကို ဆွေးနွေး ခဲ့သေးသည်။
“အရေးယူပိတ်ဆို့မှုတွေကိစ္စ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ကျမကတော့ ပိတ်ဆို့မှုတွေ ဆိုင်းငံ့ထားတာကို
ထောက်ခံပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ က ပြောသည်။
ထို့ပြင် “ပြုပြင်ပြောင်းလဲမှုတွေ ရှေ့မဆက်ဘူးဆိုရင်တော့ ဒါကြောင့်ရလာတဲ့ အကျိုးဆုလာဘ်တွေလည်း ရုတ်သိမ်းခံ ရမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သေးသည်။
DASSKAusFMBob1
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ၏ ဖိတ်ကြားချက်ကို လက်ခံကာ ၂ဝ၁၃ ခုနှစ်တွင် လာရောက်နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ ရဲမင်း/ မဇ္ဈိမ)
သြစတြေးလျနိုင်ငံသို့ လာရောက်ရန် Bob Carr ၏ ဖိတ်ကြားချက်ကို လက်ခံကာ ၂ဝ၁၃ ခုနှစ်တွင် လာရောက်နိုင်မည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။
သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင်
နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်ပြီး ကူညီမှုများကို ကုလသမဂ္ဂ အဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံတကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။
အကူအညီအများစုကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ပေးအပ်လေ့ရှိပြီး ထိုဒုက္ခသည်များအရေး ဆောင်ရွက်
နေကြသည့် နိုင်ငံတကာ NGO များ၊ လူမှုအဖွဲ့အစည်းများနှင့် သြစတြေးလျ စေတနာ့ဝန်ထမ်းများအတွက်
ထောက်ပံ့လေ့ရှိသည်။
ထို့ပြင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုနှင့် HIV/AIDS ထိန်းချုပ်ရေးအတွက်လည်း AusAID က ကူညီပေးလျက် ရှိသည်။
မြန်မာအစိုးရအနေနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ပါက အကူအညီများလည်း ထပ်မံတိုးမြှင့်သွားဖို့ ရှိကြောင်း AusAID ၏ ညွှန်ကြားရေးမှူးချုပ် Peter Baxter က မေလအတွင်းက ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုယူမည့် နော်ဝေးခရီးစဉ် အသေးစိတ်အစီအစဉ်
Posted: 07 Jun 2012 03:42 AM PDT
နော်ဝေး ပါလီမန် (ယာဘက်) နှင့် နီးကပ်စွာတည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမည့် Grand Hotel (ဓာတ်ပုံ - ကိုညို၊ အော်စလို)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ၎င်းရရှိခဲ့သည့် နိုဘဲလ်ဆုကို နှင်းအပ်မည့် အခမ်းအနားသို့ ကြိုတင်စာရင်း ပေးသွင်းထားသူ မြန်မာများ တက်ရောက်ခွင့် ရမည်ဟု သိရသည်။
ယင်း နိုဘဲလ်ဆု နှင်းအပ်ပွဲကို လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုတွင် ကျင်းပမည် ဖြစ်ပြီး ထိုအခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အတွင်း ပါဝင်သည့် အစီအစဉ် တခုလည်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုချီးမြှင့်မယ့် မြို့တော်ခမ်းမမှာ ထိုင်ခုံပေါင်း ၉၇၀ လောက် ရှိတော့ နော်ဝေးနိုင်ငံ ပြင်ပက လျှောက်ထားတဲ့ မြန်မာတွေ အပါအ၀င် နော်ဝေးက မြန်မာနိုင်ငံသား တော်တော်များများ အခမ်းအနား တက်ရောက်နိုင်မယ့် အကြောင်း နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီဝင် တယောက်က ကျနော့်ကို ပြောပါတယ်။ဖိတ်စာတွေ စပြီး ပို့နေပြီလို့လည်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီဝင် ဦးကျော်သွင်က ပြောသည်။
နိုဘဲလ် ဆုပေးပွဲ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲတွင် အော်စလို ဆိပ်ကမ်းအနီးရှိ နိုဘဲလ်ငြိမ်းချမ်းရေး စင်တာတွင်
ဒေါ်အောင်ဆန်းစုကြည်က နော်ဝေးအပါအ၀င် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကားနိုင်ငံ အသီးသီးမှ
လာရောက်မည့် မြန်မာများနှင့် မီဒီယာသမားများအား ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမည်ဟု သိရသည်။
မြန်မာများနှင့် သီးသန့်တွေ့ဆုံအပြီး ညနေပိုင်းတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပမည့် မြို့တော် ခမ်းမရှေ့တွင် လာရောက် နှုတ်ဆက်မည့် လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
၂၄ နှစ်အတွင်း ဒုတိယအကြိမ် နိုင်ငံပြင်ပ ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ၅ နိုင်ငံသို့ လှည့်လည် သွားရောက်ရန် စီစဉ်ထားရာ ဇွန်လ ၁၅ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ အခမ်းအနား၌ မိန့်ခွန်းပြောပြီး ထိုနေ့ မွန်းလွဲပိုင်း၌ နော်ဝေးနိုင်ငံသို့ ခရီးဆက်မည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေးလေဆိပ် အထူးဂိတ်ပေါက်မှ တဆင့် တည်းခိုရာ ဟိုတယ်သို့ တိုက်ရိုက် ခေါ်ဆောင် သွားမည်ဖြစ်ရာ အစောပိုင်းက မြန်မာများ စီစဉ်ထားသည့် အိုးစည်ဒိုးပတ်ဝိုင်းများ မြန်မာ အကများဖြင့် လေဆိပ်မှ စောင့်မျှော် ကြိုဆိုမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း၊ သို့သော် သံတမန်များနှင့် အစိုးရ ဧည့်သည်များသာ တည်းခိုသည့်
Grand Hotel ရှေ့တွင် ကြိုဆိုမည့် အစီအစဉ် ဖြစ်နိုင်ကြောင်း ဦးကျော်သွင်က ဆိုသည်။
“လေဆိပ်အထွက်မှာ အဝေးက လက်ပြရုံလောက်ပဲ ရမှာဆိုတော့ ဟိုတယ်ရှေ့ကပဲ စောင့်ပြီး မြန်မာတွေ ပန်းစည်းဆက်မယ်၊အိုးစည် ဒိုးပတ်ဝိုင်း ပါမယ်။ NLDအလံနဲ့ နော်ဝေးအလံကိုင်ပြီး ကြိုဆိုကြမယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးရောက်မဆိုက် မြန်မာတွေကို ပြောမယ့် နှုတ်ခွန်းဆက် စကားလည်း ကြားရတာပေါ့” ဟု သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးနိုင်ငံခရီးစဉ် ၃ ရက်တာအတွင်း အစိုးရအဖွဲ့၊ နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီနှင့် အော်စလိုစင်တာမှ တာဝန်ရှိသူများ အပါအ၀င် ပညာရှင်များ၊ နော်ဝေး နိုင်ငံ လူမှုအဖွဲ့အစည်း များ၏ သီးခြား ဖိတ်ကြားမှု အစီအစဉ်များ၊ အမေးအဖြေ ကဏ္ဍများနှင့် အစီအစဉ် အပြည့်ဖြစ်နေသည့် အပြင် နိုဘဲလ်ဆု ချီးမြှင့်မည့် အခမ်းအနား မတိုင်ခင် မနက်ပိုင်းတွင်လည်း နော်ဝေးနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ခ် ဦးစီးသည့် အော်စလိုစင်တာ၌ အကန့်အသတ်နှင့် ဖိတ်ကြားထားသော နိုင်ငံတကာနှင့် နော်ဝေး တတ်သိပညာရှင် အနည်းငယ်တို့နှင့်အတူ
ဒီမိုကရေစီရေး ဆိုင်ရာ ဆွေးနွေးခြင်းနှင့် အပြန်အလှန် အမေးအဖြေ ပြုလုပ်မည့် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
“ကျနော် နောက်ဆုံးအကြိမ် ရန်ကုန်မှာ သူနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က အော်စလိုကို မိန့်ခွန်းပြောဖို့၊ အင်တာဗျူး အမေးအဖြေ လုပ်ဖို့လောက်နဲ့တော့ မလာချင်ဘူး၊ သူက လူတွေနဲ့ စကားပြောဆို၊ ဆွေးနွေးချင်တာပါလို့ ပြောခဲ့တာကို သတိတရနဲ့ အော်စလို ငြိမ်းချမ်းရေး စင်တာ ရုံးခန်းမှာ ဒီက ပုဂ္ဂိုလ်တချို့ကိုဖိတ်ကြားပြီး သူနဲ့တွေ့ဆုံဆွေးနွေးမေးမြန်း စကားပြောကြဖို့ စီစဉ်ထားတာပါ” ဟု ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဘွန်ဒယ်ဘစ်ခ်က ပြောသည်။
နော်ဝေးနိုင်ငံ ဘုရင်နှင့် တော်ဝင်မိသားစု တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘဲလ်ဆု ချီးမြှင့်မည့် ပွဲသည် နိုဘဲလ်ဆု ချီးမြှင့်ခဲ့သည့် သမိုင်းတွင် တကြိမ်မှ မရှိခဲ့ဘူးသော လူတဦးတည်းအား ဒုတိယ အကြိမ် ဆုချီးမြှင့်သည့် အခမ်းအနားတခုဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို နေအိမ်အကျယ်ချုပ် ကျခံနေရသူအား ချီးမြှင့်ခဲ့သည်မှာလည်း နိုဘဲလ်ဆု ချီးမြှင့်ရေးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏
ခင်ပွန်း မိုက်ကယ်လ်အဲရစ် (၁၉၉၉ တွင် ကွယ်လွန်) နှင့် သား ၂ ဦးတို့က ဆု လက်ခံရယူခဲ့သည်။
နိုဘဲလ်ဆု ချီးမြှင့်သည့် အခမ်းအနားကို နော်ဝေးနိုင်ငံတွင် အလွန်ချမ်းအေးလှသည့် ဒီဇင်ဘာလ၌သာ ကျင်းပလေ့ ရှိသော်လည်း ယခု အခမ်းအနားကိုမူ ၁၉၉၁ ခုနှစ်က အခမ်းအနားသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် အနေဖြင့် ရာသီဥတု ကောင်းမွန်လှပသော ဥရောပ၏ နွေရာသီတွင် သီးသန့် ကျင်းပခြင်း ဖြစ်သည်။
နိုဘဲလ်ဆု လက်ခံအပြီး နောက်တနေ့ ဇွန် ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုများအနက် ပထမဆုံး ချီးမြှင့်ခံရသည့် ဆုဖြစ်သော ရပ်ဖ်တို လူ့အခွင့်အရေး ဆုရွေးချယ်ရေးအဖွဲ့ အခြေစိုက်ရာ နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်၍ ဆုလက်ခံမည်ဟု သိရသည်။
၎င်းသည် ဘာဂင်မြို့ရှိ သော်ရိုးရပ်ဖ်တို အဆောက်အဦးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ခန်းမ၊ သုတေသနနှင့် ယဉ်ကျးမှု ဆိုင်ရာများ၊ ရပ်ဖ်တိုဆုနှင့် ပတ်သက်သော အကြောင်းအရာ များကို လေ့လာကြည့်ရှုမည့် အပြင် ကြိုတင်ဖိတ်ကြားထားသည့် စီးပွားရေး၊ သုသေသနနှင့် ပညာရေး နယ်ပယ် အသီးသီးရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစကားပြောမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ခန်းမတွင် နိုင်ငံတကာရောက် မြန်မာများ၏ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံများ၊ မြန်မာပြည်သူများ၊ သံဃာတော်များ၏ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သည့် မှတ်တမ်း ဓာတ်ပုံများနှင့် မြန်မာပြည်ဆိုင်ရာ စာအုပ်များ၊ မြန်မာ့အနုပညာ ပစ္စည်းများ ပြသထားကြောင်း ဘာဂင်မြို့နေ ကိုကျော်ထင်က ပြောသည်။
“ကျနော်တို့ ဘာဂင်မြို့က မြန်မာတွေနဲ့ ၄၅ မိနစ် တွေ့ဆုံ စကားပြောဖို့ အချိန်ရမယ်၊ အမေးအဖြေတွေ အတွက်လည်း စီစဉ်ထားပါတယ်။ တိုင်းရင်းသားတွေက လက်ဆောင် ပေးလိမ့်မယ်။ ပန်းကုံးစွပ်တာ၊ ပန်းခြင်းပေးတာတွေ လုပ်မယ်၊ ပြီးတော့ ညနေပိုင်းမှာ ကျောက်တုံးပြာ (Blue Stone) ကြီးရှိတဲ့ မြို့လယ် အပန်းဖြေကွင်းပြင်မှာ ဘာဂင်မြို့သား အားလုံးနဲ့ စုစည်းပြီး လူထုဟောပြောပွဲ တခုလုပ်မယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးခရီးစဉ် တခုလုံးတွင် အချိန်မရသောကြောင့် မူလက စိတ်ကူးထားသည့် မြန်မာနိုင်ငံသားများ၏ ရိုးရာအဆိုအက ဖျော်ဖြေရေး အစီအစဉ်များ မလုပ်နိုင်တော့ကြောင်း သူက ဆက်ပြောသည်။
သို့သော်ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝန်းကမူ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဆိုင်းဝိုင်း အပါအ၀င် အဆိုအကများနှင့် ဧည့်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။
“လန်ဒန်မှာ အကြီးဆုံး လူ ၂၅၀၀ ဆံ့တဲ့ နာမည်ကြီး Royal Festival ခမ်းမကြီးကို ငှားထားတယ်။ တယောက်ကို စတာလင် ၁၀ ပေါင်နဲ့ လက်မှတ်ရောင်းမယ်။ ရန်ကုန်က ရောက်နေတဲ့ ဆိုင်းဆရာ ရွာစားကျော် သီရိမောင်မောင် ရဲ့ဆိုင်းအဖွဲ့က ဧည့်ခံတီးလုံးတွေ တီးပေးမယ်။ အဆိုတော် ဒေါ်မာမာအေးကသီချင်းတွေဆိုမယ်။တိုင်းရင်းသား အကတွေ လည်းပါမယ်။လူရွှင်တော် ကိုဇာဂနာနဲ့ ပန်းချီထိန်လင်းက အခမ်းအနားရဲ့ အစီအစဉ်မှူးတွေ လုပ်မယ်” ဟု လန်ဒန်ရှိ ကြိုဆိုရေး အလုပ်အဖွဲ့ဝင် ကိုမောင်မောင်အောင်က ပြောသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာများကို နှုတ်ခွန်းဆက် စကားပြောဆိုမည် ဖြစ်ပြီး သူ့အား ဖိတ်ကြားထားသည့် BBC အသံလွှင့်ဌာနသို့ သွားရောက်မည်ဟု သိရသည်။
လန်ဒန်တွင် ကျင်းပမည့် အစီအစဉ်၌ လက်မှတ်ရောင်းရငွေ တချို့ကို အခန်းငှားရမ်းခ ပေးချေမည် ဖြစ်ပြီး ပိုငွေနှင့် အလှူငွေများအား ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းစေလိုသည့် နေရာများသို့ လှုဒါန်းမည့် အစီအစဉ် ပါဝင်မည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ တက္ကသိုလ်မှ ချီးမြှင့်သည့် ဒေါက်တာဘွဲ့ကို လက်ခံယူကာ စကားပြောခြင်းနှင့် ဗြိတိန်ပါလီမန်၌ မိန့်ခွန်းပြောမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ် ဥရောပ ၅ နိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၄ ရက်မှ၂၇ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏နော်ဝေးနိုင်ငံခရီးစဉ်၊အကြမ်းဖျင်းသိရသည့်အစီအစဉ်များ)
                   ၁၅-၀၆၂၀၁၂(သောကြာနေ့)
   (ပထမနေ့)
(က )             (သောကြာ)မွန်းလွဲ၁၄း၁၀နာရီ   (ဒေါ်အောင်ဆန်းစုကြည်ဆွီဇာလန်မှအော်စလိုလေဆိပ်ဆိုက်ရောက်မည်)
(ခ)               (ညနေ၃နာရီခန့်)
တည်းခိုရာGrand Hotelရှေ့၊မြန်မာနိုင်ငံသားများကြိုဆိုရေးအစီအစဉ်။
(ဂ)      (့ညနေပိုင်း၊၁၇း၀၀မှ၁၈နာရီ)
 နော်ဝေးနိုင်ငံဝန်ကြီးချုပ်  နှင့်တွေ့ဆုံမည်၊
 (ဃ)           ညနေ(၁၈း၃၀)
ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းပွဲလုပ်မည်၊
ဝန်ကြီးချုပ်ကဒေါ်အောင်ဆန်းစုကြည်အား၊ညစာစားပွဲနှင့်တည်ခင်းဧည့်ခံမည်။
(မြန်မာတချို့လည်းဖိတ်ကြားခံရဟုသိရ)
                      (ဒုတိယနေ့)
               ၁၆-၀၆၂၀၁၂(စနေနေ့)နိုဘယ်လ်ဆုချီးမြှင့်မည့်ရက်။
(က)        မနက်ပိုင်း(၀၉း၀၀မှ၁၀း၃၀)အစီအစဉ်မသိရသေး။
(ခ)              (စနေနေ့(နေ့လည်၁၁နာရီ)
ဝန်ကြီးချုပ်ဟောင်းဘွန်ဒါဗစ်၏အော်စလိုစင်တာ၌သီးသန့်ဖိတ်ကြားထားသည့်တတ်သိပညာရှင်များ
အထူးဧည့်သည်များနှင့်အမေးအဖြေ၊ဆွေးနွေးမှု။
(ဂ)         နေ့လည်၁၃မှ၁၄း၃၀
      မြို့တော်ခမ်းမတွင်နိုဘယ်လ်ဆုချီးမြှင့်မည့်အခမ်းအနား၊
       ဒေါ်အောင်ဆန်းစုကြည်မှနိုဘယ်လ်မိန့်ခွန်းပြောမည်။
(မြန်မာများစုစုပေါင်း၁၅၀ခန့်ခွင့်ပြုချက်ရဟုသိရ၊ နိုဘယ်ဆုအခမ်းအနားကထိုင်ခုံ၊ရှေ့ဆုံးတန်းရော
အလယ်မှာပါ မြန်မာနိုင်ငံသားတွေကိုနေရာချပေးဘို့အစီအစဉ်ရှိတယ်လို့သိရ။
နိုဘယ်လ်ဆုအခမ်းအနားကျင်းပစဉ်လန်ဒန်မှဖိတ်ကြားထားသည့်မြန်မာအမျိုးသမီးတဦးက
မြန်မာ့စောင်းတီးခတ်ဧည့်ခံမည်။
NCGUBအဝေးရောက်ညွန်ပေါင်းအစိုးရ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်းလည်းအဲဒီရက်အတောအတွင်း
DVBသတင်းဌာနဘုတ်အဖွဲ့အစည်းအဝေးနဲ့တိုက်ဆိုင်နေလို့နိုဘယ်လ်ဆုအခမ်းအနားလည်း
တက်ရောက်နိုင်ဘွယ်ရှိတယ်လို့သတင်းထွက်နေ)
(ဃ)  ညနေ ၁၅း၃၀မှ ၁၆း၁၅နာရီ
မြန်မာနိုင်ငံသားများကိုဒေါ်အောင်ဆန်းစုကြည်သြ၀ါဒစကားပြောမည်။
ဒါပေမဲ့၊ဒေါ်အောင်ဆန်းစုကြည်နဲ့၊မြန်မာနိုင်ငံသားများနဲ့သီးခြားတွေဆုံမဲ့အခြေအနေက
ိုနိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုမပေးပါ၊
“မိမိတို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြန်ကြားရေးအဖွဲ့ထံကအတည်ပြုချက်မရသေးလို့ပါ၊
ယနေ့ထိတိကျတဲ့အစီအစဉ်များရေးဆွဲလို့မရသေးပါ”ဆိုပြီးနိုင်ငံခြားရေးဌာနပြောခွင့်ရသူကပြောပါတယ်။
(င) ညနေ၁၆း၃၀မှ၁၇း၃၀နာရီထိ
အော်စလိုဆိပ်ကမ်းကိုမျက်နှာမူထားသည့်အော်စလိုမြို့တော်ခမ်းမရှေ့ရင်ပြင်စင်မြင့်ပေါ်မှ
ဒေါ်အောင်ဆုကြည်ကလာရောက်ဂါရ၀ပြုသည့်မြို့လူထုကိုမိန့်ခွန်းပြောမည်။
(မည်သူမဆိုလာရောက်နိုင်သည့်လေဟာပြင်ဟောပြောပွဲ)
(စ)ညနေ(၁၈း၀၀နာရီမှ၁၉း၃၀)ထိ
တည်းခိုရာဟော်တယ်သိုပြန်၍အနားယူမည်။
(ဆ)ညနေ(၂၀း၀၀မှ၂၁း၀၀)ထိ
 နိုဘယ်လ်ကော်မတီအဖွဲ့ဝင်(၁၅)ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်သီးသန့်ညစာစားမည်။
                    (တတိယနေ့)
  ၁၇-၀၆-၂၀၁၂(တနင်္ဂနွေနေ့)
နံနက် ၀၉း၀၀မှ၁၀း၃၀နာရီထိ
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးအပါအ၀င်ဝန်ကြီးအဖွဲ့နှင့်တွေဆုံမည်။
နံနက်၁၁း၃၀
နော်ဝေးနိုင်ငံဒုတိယမြို့တော်ဘာဂင်သို့သွားရန်လေဆိပ်ဆင်းမည်။
၁၉၉၀ခုနှစ်ကဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့သည့်ရပ်ဖ်တိုလူ့အခွင့်အရေးဖောင်ဒေးရှင်း
သိုဆုလက်ခံမည့်ခရီးစဉ်ဖြစ်သည်။(အဆိုပါရပ်ဖ်တိုလူ့အခွင့်အရေးဆုသည်ဒေါ်အောင်ဆန်းစုကြည်
အားပထမဆုံးအကြိမ်နိုင်ငံတကာမှနှင်းအပ်သည့်ဆုဖြစ်ပြီး၊ဘာဂင်မြို့သားသော်ရိုးရပ်ဖ်တ
ိုထင်ရှားသည့်လူ့အခွင့်အရေးလှုပ်ရှားသူ၁၉၂၂-၁၉၈၆)
နေ့လည်စာကိုရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်များနှင့်အတူစားမည်။
နေ့လည်၀၁း၀၀နာရီ
ရပ်ဖ်တိုလူ့အခွင့်အရေးဆုကိုလက်ခံမည်၊ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောမည်။
ဒုတိယမြောက်အစီအစဉ်အဖြင့် ရပ်ဖ်တိုဟောက်စ်(ရပ်ဖ်တိုရိပ်သာ)တွင်ဖွင့်လှစ်ထားသည့်
ဒေါ်အောင်ဆန်းစုကြည်အခန်း(Aung San Suu Kyi’s Room)သို့လှည့်လည်ကြည့်ရှုမည်။
မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံမည်၊သြ၀ါဒစကားပြောမည်။
တတိယမြောက်အစီအစဉ်အဖြင့်ညနေ၁၆း၀၀ခန့်တွင်ဘာဂင်မြို့လည်လူထုရင်ပြင်၌စုစည်း
ရောက်ရှိလာသည့်ဘာဂင်မြို့သူမြို့သားများကိုနှုတ်ခွန်းဆက်စကားပြောဆိုမည်။
ညနေပိုင်းအော်စလိုသို့ထွက်ခွါမည်။
မိတ်ဆွေဖြစ်သူဝန်ကြီးချုပ်ဟောင်းဘွန်ဒယ်ဘစ်ခ်တည်ခင်းဧည့်ခံသောညစာစားပွဲသို့
တက်ရောက်မည်။
စတ္ထုထနေ့(နောက်ဆုံးနေ့)
၁၈-၀၆၂၀၁၂(တနင်္လနေ့)
နံနက်၀၉း၀၀နာရီ
နော်ဝေးပါလီမန်ကိုလေ့လာကြည့်ရှုမည်၊နိုင်ငံခြားရေးဌာန၀န်ကြီးများနှင့်နှုတ်ဆက်မည်။
နော်ဝေးကာကွယ်ရေးဌာနလူကြီးများနှင့်တွေ့မည်။
ထိုမှတဆင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ၊နိုင်ငံတကာခေါင်းဆောင်များပါဝင်ဖွဲစည်းထားသော
အော်စလိုဖိုရမ်ဖွင့်ပွဲသို့တက်ရောက်ဖွင့်လှစ်ပြီးမိန့်ခွန်းပြောမည်။
နေ့လည်ပိုင်းတွင် အော်စလိုလေဆိပ်မှတဆင့်အိုင်ယာလန်နိုင်ငံသို့ထွက်ခွါမည်။
မှတ်ချက်။
(၁)
နိုဘယ်လ်ဆုချီးမြှင့်သည့်ညချမ်းတွင်အိုင်ယာလန်မှကမ္ဘာကျော်အဆိုတော်ဘိုနီဦးဆောင်သည့်
U2တေးဂီတအဖွဲ့ကအော်စလိုသိုလာရောက်ဧည့်ခံဖြေဖြော်မည်ဟုသတင်းရသည်၊
(အတည်မပြုနိုင်သေးပါ။)
(၂)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ယခုခရီးစဉ်အတွင်း (World Freedom Fund)ဆိုတဲ့မြန်မာပြည်ဒီမိုက
ရေစီစနစ်အသွင်ပြောင်းရေးအတွက်ဘက်စုံကဏ္ဍများ
မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများအတွက်ရံပုံငွေအဖွဲ့တခုကိုဒေါ်အောင်ဆန်းစုကြည်ကိုအကြီး
အမှုးအဖြစ်ထားပြီးနော်ဝေးနိုင်ငံကဂုဏ်သိက္ခာကြီးမားတဲ့နိုင်ငံရေး၊့လူမှုရေးနယ်ပယ်ကပုဂ္ဂိုလ်များနဲ့
ဖွဲ့စည်းမယ်လို့အဆိုပါအဖွဲ့ကိုကမကထပြုဆောင်ရွက်နေသူတဦးထံကတဆင့်သတင်းရပါတယ်။
လောလောဆယ် အဲဒီအဖွဲ့ကိုဆွီဒင်နိုင်ငံကနော်ဝေးခရိုနာတသန်းမတည်ထားကြောင်းသိရတယ်။
(အသေးစိတ်သတင်းမထုတ်ပြန်သေးပါ)
သတင်းထောက်ကိုညို(အော်စလို)
အသွင်ကူးပြောင်းရေးနှင့် ရုရှားဒီမိုကရေစီ - အပိုင်း (၂) (ရုပ်/သံ)
Posted: 07 Jun 2012 03:26 AM PDT
အသွင်ကူးပြောင်းရေးနှင့် ရုရှားဒီမိုကရေစီ - အပိုင်း (၂) (ရုပ်/သံ)
ဒီဗွီဘီ--- မိုးအေး တင်ဆက်သည်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့၌ NLD အား လူထုပိုမိုထောက်ခံလာ
Posted: 07 Jun 2012 02:25 AM PDT
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေ မိုင်းယန်းမြို့၌ ကျားဖြူပါတီစည်းရုံးရေးအား လူထုအားမလိုအားမရဖြစ်နေပြီး အစိုးရဝန်ထမ်း တခိျု့နှင့် ပင်စင်စားအများစုမှာလည်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ပိုမိုပါဝင်လာနေကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
“အခု မိုင်းယန်းကဒေသခံတယောက်က  NLD ပါတီဝင်ဖို့ အတွက် စည်းရုံးရေးဆင်းနေတယ်။ ရဲတွေ၊လ၀က တွေ၊ စစ်မှုထမ်းဟောင်းတွေ ၊ ထောက်လှမ်းရေးဟောင်းတွေ NLD ထဲဝင်ကြတယ်။ ကြံ့ဖွတ်ပါတီကတော့ လှန့်နေပြီ။ ကျားဖြူပါတီကလဲ လှုပ်ရှားမှုသိပ်မရှိဘူးလေ။ ကျနော့အနေနဲ့ပြောရရင်တော့ သိပ်အားမရဘူး ဖြစ်နေတယ်” ဟု မိုင်းယန်းဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့်အားပြောပြသည်။
NLD အတွက်စည်းရုံးရေးဆင်းနေသည့် စိုင်းနွံ (အသက် ၅၀ ကျော်) မှာ ၁၉၉၀ ကလည်း မိုင်းယန်းမြို့နယ် NLD ပါတီ၏ လွှတ်တော်အမတ်အဖြစ်အနိုင်ရခဲ့ဖူးသည်။
ကျားဖြူပါတီကိုယ်စားလှယ်အဖြစ် စိုင်းလုံက စည်းရုံးရေးလှုပ်ရှားသော်လည်း ကျယ်ပြန့်အားရမှုမရှိသဖြင့် ဒေသခံလူထုက 0x158င်းအား အားမလိုအားမရဖြစ်နေကြောင်းလဲ စိုင်းအိုက်က ပြောသည်။
“၂၀၁၀ တုန်းက မိုင်းယန်းမှာ ကျားဖြူပါတီက ရုံးမရှိဘူးလေ။ လူထုက အရမ်းကိုမျှော်လင့်တယ်။ ရုံးစိုက် စေချင်တယ်။ အခု ကျားဖြူကိုယ်စားလှယ်ရှိလာပြန်တော့ စည်းရုံးရေးက အားရစရာမရှိတော့ လူထုက တွေဝေရတော့တာပေါ့ဗျာ။ NLD  လဲထပ်ဝင်လာတော့ ခြင်္သေ့က လန့်သွားတာပေါ့” ဟု စိုင်းအိုက်က ဆက်လက်ပြောပြသည်။
မိုင်းယန်းမြို့နယ်သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရအောင် လုပ်ဆောင်ရမည်ဟု ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းအဖွဲ့က ကြုံးဝါးထားသည်။
သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ယာဘကို မုန့်ဝယ်သလို ဝယ်ယူသုံးစွဲနေကြ
Posted: 07 Jun 2012 02:14 AM PDT
ယာဘဆေးပြားများ (ဓါတ်ပုံ-အင်တာနက်)
သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်၌လည်း ယာဘ မူးယစ်ဆေးကို ဆယ်ကျော်သက်အရွယ် လူငယ် မှအစ ဘုန်းတော်ကြီးများ အမျိုးသမီးများပါမကျန် ဖောဖောသီသီဝယ်ယူသုံးစွဲနေကြကြောင်း မန့်တုန့် ဒေသခံများကပြောသည်။
“ အခု ယာဘတွေ မှိုလိုပေါက်နေတာက မန့်တုန့်မြို့နယ် မုံးမော်အုပ်စုမှာ ပါ။ လူတွေက ယာဘကို နေကြာစေ့ ဝယ်စားသလို လွယ်လွယ်ကူကူနဲ့ဝယ်နေကြတယ်။ စိတ်မချမ်းသာစရာဗျာ ၁၂ နှစ်သား ကအစ အိုကြီးအိုမတွေလဲ သုံးကြတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်ဖို့အရေးဘဲ သိကြတာကိုး။ ယာဘသုံးရင် အလုပ်တွင်တယ်လို့ဘဲ သိကြတယ်လေ” မန့်တုန့်ဒေသခံ စိုင်းခမ်းကပြောသည်။
အဆိုပါယာဘများကို ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် အခြေစိုက် KDA ပြည်သူ့စစ်က စတင်သယ်ယူရောင်းချပြီး ယခုအခါ ဒေသခံများကုန်သည်များပါမကျန် သယ်ယူရောင်းချသဖြင့် ပေါများလာကြောင်း မန့်တုန့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။
“အဲဒီယာဘတွေကို မိုင်းယု၊ မိုင်းဝီး၊ ကွတ်ခိုင်ဘက်ကနေ သယ်လာတယ်။ ယာဘ ၄ မျိုးရှိတယ်။ ZY စာတန်းပါ ယာဘက တပြား ၁၀၀၀ ပေးရတယ်။ WY စာတန်း ၁၂၅၀၊  WY1 က ၁၅၀၀၊ 881 က ၂၀၀၀ ကျပ်။ လူတွေက အလုပ်လုပ်နိုင်ဖို့ဘဲစဉ်းစားတယ်။ ဆိုးကျိုးက ဘယ်လိုရှိတယ်ဆိုတာ စိတ်မ ဝင်စားကြဘူး။ အမျိုးသမီးတွေ ၊ ဘုန်းကြီးတွေလဲ သုံးတယ် ” ဟု အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။
ယာဘ၏ ဆိုးကျိုးကိုသိသူတခိျု့ မိမိသားသမီးများအား မြို့တက် ကျောင်းထားကြပြီး စီးပွါးရေး ဦးစားပေး ငွေရှာ လိုကြသည့် မိဘအများစုမှာမူ မိမိ သားသမီးများအား တရုတ်ပြည်ပို့ကာ အလုပ်လုပ်စေကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။
မန့်တုန့်မြို့နယ်ရှိ မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယုအုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံအများ စုမှာ သျှမ်းလူမျိုးဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။
သျှမ်းသံတော်ဆင့်
NLD ပါတီ ဒီဇင်ဘာတွင် နိုင် ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပမည်
Posted: 07 Jun 2012 02:05 AM PDT
ရေးသားသူ - ဝေမာသိမ့်
နေရာ - ရန်ကုန်
ရက်စွဲ June 07, 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက် နိုင်ငံလုံးဆိုင်ရာပါ တီညီလာခံကိုဒီဇင်ဘာတွင်ကျင်းပ မည်ဖြစ်ကြောင်း မြို့နယ်တိုင်းတွင် ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းရေးလုပ် ငန်းစဉ်များ ကိုပြင်ဆင် ဆောင်ရွက် နေသည့်  လွှတ်တော် ကိုယ်စားလှယ်  များက ဆိုကြသည်။
''ဗဟို ကော်မရှင်ဥက္ကဌ ဘဘဦးဝင်းတင်   ကပြောတယ်။နိုင်ငံ လုံးဆိုင်ရာ  ညီလာခံကြီးကို ၂၀၁၃ ကိုရောက်သွား နိုင်ပေမယ့်မူလ ရည်ရွယ်ထား တဲ့ဒီဇင်ဘာမှာ ကျင်းပသွား မယ်။ ဒါကြောင့်တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ကို ဖွဲ့စည်း ပေးခဲ့ပြီးပြီ။  ရပ်ကျေးကနေခရိုင်အ ထိအ ဆင့်ဆင့် ဖွဲ့စည်း  ဖို့မြို့နယ်အလိုက်တာ ဝန်တွေခွဲဝေပေးထားပြီးပါပြီ။ဒါ ကြောင့် ပြင်ဆင်ဆောင်ရွက်နေ ပါပြီ။''  ဟု လှည်းကူး မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်  ဦးဖြိုးမင်း သိန်းက ဆိုသည်။
 NLDပါတီအား ဒီမိုကရေစီနည်းလမ်း ကျသောပါတီကြီး  အဖြစ်တည်ထောင်သွားရန်  ညီလာခံ ကျင်းပနိုင်ရေး ဗဟိုကော်မရှင်က လမ်းညွှန်ပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်တိုင်းတွင် ရပ်ကျေးမှာ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့်ပါတီဖွဲ့ စည်းရေး လုပ်ငန်း များ  ကိုဆောင်ရွက် နေကြပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ မြတ်ဉာဏစိုးနှင့်လှည်းကူး မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့ကဆိုသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ် ဉာဏစိုးက ''NLD အနေနဲ့အသစ် တဖန်ပြန်လည်မွေးဖွားဖို့ရှေ့နှစ်ဆန်း မှာနိုင်ငံလုံး ဆိုင်ရာပါတီ ညီလာခံ ကျင်းပပြီ ဒီမိုကရေစီနည်းလမ်းတကျ သွေးသစ်လောင်း တည် ထောင်  ဖို့ရှိပါတယ်။ ကျွန်တော်က ကျွန်တော့် မဲဆန္ဒတွေဖြစ် တဲ့မြို့နယ်လေးမြို့နယ်မှာပါတီပြန်  လည်ဖွဲ့စည်းရေး လုပ်ငန်း တွေ  ကိုဦး ဆောင်ပြီး ဆောင်ရွက်နေပါတယ်'' ဟုဆိုသည်။
လှည်းကူး မြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်းက လှည်းကူးမြို့နယ်တွင် ပါတိဝင်အင်အား စုဆောင်းခြင်းကို စတင်လုပ်ဆောင်လျှက်ရှိပြီး အင်အားနှစ်သောင်းဝန်း ကျင်ရှိပြီဖြစ် ကြောင်း၊ ယခုလအတွင်း မြို့နယ်တွင်း တွင် လှည့်လည်၍ပါတီမူဝါဒများနှင့်ပါတီ ဖွဲ့စည်းပုံများ  ကိုရှင်းလင်း  ပြောကြား သွားမည်ဖြစ်ကြောင်း  သိရသည်။ ထိုသို့ဆောင်ရွက်ရခြင်း မှာ အဖွဲ့ချုပ်မှ မြို့နယ်အလိုက် စည်းရုံးရေးလုပ်ငန်းများ  နှင့်ပါတီဖွဲ့စည်း ရေးလုပ်ငန်း များ ကို ဆောင်ရွက်ကြ ရန်ညွှန်ကြားခဲ့သည့်အတွက် ပထမအကြိမ်တတိယလွှတ်တော်ပုံမှန် အစည်းအဝေး များ  အပြီးတွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
အဆိုပါလုပ်ငန်းကို အမျိုးသား  လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ ဒေါက်တာမြတ်ဉာဏစိုး က တာမွေမြို့နယ် ရှိရပ်ကွက်(၂၀)အား အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်မှမြို့ နယ်တာဝန်ခံများ နှင့် အတူတကွ စတင်လုပ်ဆောင် နေပြီဖြစ်ပြီး၊ ကျန် သည့် မြို့နယ်များဖြစ်သည့်  မင်္ဂလာ တောင် ညွှန့်မြို့နယ်၊  ဒေါပုံမြို့နယ်၊ ပုဇွန်တောင် မြို့နယ်နှင့်ဗိုလ်တထောင်မြို့နယ် များကိုလည်း ဆက်လက်  ဆောင်ရွက် သွား ဖြစ်ကြောင်း  သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ညီလာခံကျင်းပနိုင်ရေး ဗဟိုကော်မရှင်ကို မေ(၉)ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်ဖွဲ့စည်း ပြီးနောက်တွင် ပါတီစည်းရုံးရေး လုပ်ငန်းများ နှင့် ပါတီဖွဲ့ စည်းရေး  လုပ်ငန်း များ ကို မြို့နယ် အလိုက်   ဆောင်ရွက် စေခဲ့ခြင်းဖြစ် ကြောင်း   သိရသည်။
Yangon Media Group
...
[Message clipped]  
--
Reply all
Reply to author
Forward
0 new messages