ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်

68 views
Skip to first unread message

truely white

unread,
Feb 25, 2012, 7:26:18 AM2/25/12
to jeffy...@googlegroups.com

ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်

Browse › Homeမြန်မာ့သတင်း » ရန်ကုန်-မော်ကျွန်း အဝေးပြေး ကားတစ်စီးတိမ်မှောက်
ရန်ကုန်-မော်ကျွန်းအဝေးပြေးကား ပြေးဆွဲလျက်ရှိသော မှန်လုံကားတစ်စီးသည်
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် မော်ကျွန်းမြို့မှ အထွက် ရာဇူတိုင် အမှတ်(၁) တံတားအလွန်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ ၁၆ယောက် ဒဏ်ရာရရှိခဲ့သည်။ ဖြစ်ပွားပုံမှာ ဒရိုင်ဘာကိုမြင့်ဝေ မောင်းနှင်သော ကားသည် ရာဇူတိုင်အမှတ်(၁) တံတားသို့ အရောက်တွင် ဘရိတ်ချို့ယွင်း သွားပြီး လမ်းဘေးသို့ ထိုးဆင်းသွားရာ သေဆုံး သူငှက်တော်ကျေးရွာနေ ကိုထွန်းသိန်း ၂၃ နှစ်သည် ကားပေါ်က ခုန်အဆင်း မြေပြင်ပေါ်သို့အရောက် ကားမှာ ၄င်းပေါ်သို့ လဲကျတိမ်းမှောက် သွား၍ ကားဝိတ် ပိမိသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။ ကားအတွင်း ကျန်ရှိသူများမှာ ဒဏ်ရာများ ရရှိပြီး ကားကိုအားချင်းတည့်မတ်ကာ ကယ်ထုတ်ခဲ့ရသည်။ ၄င်းကားမှာ အရှေ့ပိုင်းအနည်းငယ် ပျက်စီးသွားပြီး နောက်ဖက်နှင့် ဘေးဖက်ရှိ လေကာမှန်တချို့လည်း ပျက်စီးသွားသည်။ ဒဏ်ရာရရှိသူများအနက် စပယ်ယာကိုစိုင်းရတ် ၂၇ နှစ်(လည်ချောင်း၊ ရင်ဘတ်ဒဏ်ရာ)နှင့် ဆရာတော် ဦးဥတ္တရ (ဦးခေါင်းဒဏ်ရာ)တို့ ဒဏ်ရာပြင်းထန်၍ အရေးပေါ်ကုသလျက်ရှိပြီး အခြားဒဏ်ရာ ရရှိသူ လေးယောက်ကိုလည်း ဆေးရုံတင် ကုသလျက်ရှိသည်။

ပေါ်ပြူလာဂျာနယ်
သစ်ထူးလွင် 2/25/2012 07:43:00 AM ShareThis


--


   ___  စိတ်နှလုံးရွှင်လန်းပြီး
                                 အပန်းလဲပြေနိုင်ပါစေ__


                                                                       (ဖြူစင်)
 






Reply all
Reply to author
Forward
0 new messages