သစ်ထူးလွင်
|
|
့ KIA တပ်ဖွဲ့ဝင်များက စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး ကို ၀င်ရောက်တိုက်ခိုက်ရာလေးဦးသေဆုံး Posted: 28 Apr 2012 07:35 AM PDT
မြန်မာအစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ကချင်
လက်နက်ကိုင်အဖွဲ့ KIA တပ်ဖွဲ့ဝင်များက ဝိုင်းမော် မြို့နယ်
စဒုံးမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့နံနက်ပိုင်းက
ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် လူလေးဦး
သေဆုံးခဲ့သည်ဟု The Voice Weekly က စုံစမ်းသိရှိရသည်။
ဆော့လော် တောင်တန်းများပေါ်တွင် KIA တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။ The Voice Weekly |
||
|
၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး Posted: 28 Apr 2012 02:49 AM PDT
အခု
၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့
ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု
တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေးဆွဲမှုတွေ ကိုလည်း ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။ MRTV-4 ![]() |
||
|
Posted: 28 Apr 2012 02:46 AM PDT
ကိုရီးယား
စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra
မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ်
စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။ MRTV-4 ![]() |
||
|
ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်မှု အတွက် မတည် ရင်းနှီးငွေ Posted: 28 Apr 2012 02:43 AM PDT
ပုဂ္ဂလိက
အာမခံ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ
လုပ်ကိုင်ခွင့် ရရှိသူများဟာ အာမခံ ကုမ္ပဏီ လုပ်ကိုင်ဖို့ အတွက် မတည် ရင်းနှီးငွေ များကို မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိတဲ့ ကုမ္ပဏီ တွေဟာ မိမိတို့ လုပ်ကိုင်မယ့် လုပ်ငန်း အလိုက် မတည် ရင်းနှီးငွေ များကို ပေးသွင်း ရမှာ ဖြစ်ပါတယ်။ ဒီလိုပေးသွင်း ရာမှာ အသက် အာမခံ လုပ်ငန်း တစ်မျိုးကိုသာ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ မြန်မာငွေကျပ် သန်း ၆ ထောင်ပေး သွင်းရမှာ ဖြစ်ပြီး အထွေထွေ အာမခံ လုပ်ငန်း လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာ ငွေကျပ် သန်းပေါင်း လေးသောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် အာမခံ လုပ်ငန်းနဲ့၊ အထွေထွေ အာမခံ လုပ်ငန်းကိုပါ လုပ်ကိုင်မယ့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကတော့ မြန်မာငွေကျပ် သန်းပေါင်း လေးသောင်း ခြောက်ထောင် ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မတည် ရင်းနှီးငွေတွေ ကိုတော့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာနက အတည်ပြုချက် ရရှိပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင် လုပ်ပြီးသား ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကသာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်တစ်ခုခုမှာ စက်တင်ဘာလနဲ့ အောက်တိုဘာလ လောက်မှာ ပေးသွင်း ရမယ့်ငွေများကို တစ်ခါတည်း ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ![]() |
||
|
ထားဝယ် စီမံကိန်း ဂျပန် ၀င်ရောက်မည် Posted: 28 Apr 2012 01:56 AM PDT
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ
ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ
ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ "နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။ ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ "ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။
The Voice
Weekly
|
||
|
ဖားကန့် - အင်းတော်ကြီးလမ်း ပိတ်ပင် Posted: 28 Apr 2012 01:49 AM PDT
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသသို့ အဓိက ဝင်ထွက် သွားလာရေး လမ်းကြောင်း တစ်ခု ဖြစ်သော ဖားကန့် - အင်းတော်ကြီး ကားလမ်းမကြီးကို အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများကြောင့် ပိတ်ပင်ထားကြောင်း ဧပြီ ၂ရ ရက်နေ့တွင် ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား အင်တော်ကြီး ဒေသ တုံပင်ကျေးရွာ အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကေအိုင်အေဘက်မှ အထက်ပါလမ်းကို သွားလာခွင့် မပြုတော့ခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။ "မနေ့ည ဝှေ့ခါ အောက်နားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ သေနတ်သံတွေ ကြားရတယ်" ဟု ဝှေ့ခါ ကျေးရွာ အုပ်စု မှော်သစ်ကုန်း မှော်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ဖားကန့် - အင်းတော်ကြီးလမ်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သော်လည်း ဖားကန့် မြို့နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း မရှိပေ။ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖားကန့် ဒေသသို့ ဝင်ထွက် သွားလာသည့် လမ်းကြောင်းများကို ကေအိုင်အေဘက်မှ ပိတ်ပင်လိုက်သည့်အခါ ဆန်တစ်အိတ် ဈေးနှုန်း (၁၆ပြည်) မှာ ရ သောင်းထိပင် မြင့်တက်ခဲ့ဖူးသည်။ "လမ်းပိတ်တာက ခဏပဲ ဖြစ်မယ် ထင်တယ်" ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာမှ ဖားကန့်သို့ သွားရန် အတွက် စောင့်နေသူ အမျိုးသား တစ်ဦးက ဆိုသည်။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ကေအိုင်အေနှင့် ရွှေလီမြို့တွင် ၃ ကြိမ် တွေ့ဆုံပြီးသော်လည်း သဘောတူညီမှု မရရှိသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ကုန်းပိတ်ဒေသ တစ်ခု ဖြစ်နေသော ဖားကန့် မြို့သည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ထိန်းချုပ်နယ်မြေ ဆက်စပ် နေသည့်အတွက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ အများစု လုပ်ငန်းခွင်များကို ရပ်နားထားကြကြောင်း ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တူညီစွာ ပြောဆိုကြသည်။ The Voice Weekly |
||
|
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ Posted: 28 Apr 2012 01:36 AM PDT ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအကြီးအကဲနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာဌာနအကြီးအကဲ Ms.Catherine Ashton နှင့်အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ ဧပြီလ ၂၈ ရက်
နံနက် ၁၀ နာရီက အမျိုးသားဒီမို ကရေစီ
အဖွဲ့ချုပ်ရုံးမှာတွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် အီးယူ နိုင်ငံခြားရေးရာအကြီးအကဲမှာ မိမိအနေဖြင့် မြန်မာနိုင် ငံသို့ လာရောက်ခဲ့ရာတွင် သတင်းအချက်အလက် ၃ခုယူဆောင်လာခဲ့ကြောင်း ၊ ယင်းတို့မှာလက်ရှိဖြစ်ပေါ် လျှက်ရှိသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးတိုးတက်မှုများကိုလက်ခံကြောင်း၊ ယင်းနိုင်ငံရေးတိုးတက်မှုများဆက် လက်ပေါ်ပေါက်နိုင်အောင် ဥရောပသမဂ္ဂအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အပေါ်ယခုထက်ယုံကြည်မှုရရှိရန် မြန်မာပြည်သူများနှင့် ပူးပေါင်းလက်တွဲ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံသို့ ယူရိုငွေသန်း၁၅၀နှင့်အတူ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များတွင်အ ကူအညီပေးအပ်သွားမည်ဖြစ်ပြီး ၄င်းတို့၏ရုံးခွဲကို အဆိုပါနေ့ နေ့လယ် ၃ နာရီတွင် အင်းယားမြိုင်လမ်း အမှတ် ၄၅ တွင်ဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ကြောင်းသိရသည်။ Popular Myanmar News Journal |
||
|
တိုက်ပွဲများကြောင့် KIOနှင့်ငြိမ်းချမ်းရေး ဆွေးနွေးရန် နေရာညှိနှိုင်းမရသေး Posted: 28 Apr 2012 01:29 AM PDT ဂျာတော့ပ်(မြစ်မခ)
ဧပြီ(၂၇)ရက်၊၂၀၁၂ခုနှစ်။ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ (KIO)နှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား နှစ်ဖက်ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရန် နေရာ၊ဒေသများအား နှစ်ဖက်အကြားညှိနှိုင်းနေဆဲဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ထံက သိရှိရသည်။ “ဦးအောင်သောင်းတို့နဲ့က ပြောတဲ့အတိုင်း မဖြစ်လာတော့ ရှေ့ဆက်ပြီး သိပ်အဆင်မပြေဘူး။ ကျွန်တော်တို့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ကို တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်။” ဟု ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။ ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များ စစ်ပွဲဖြစ်နေသည်မှာ ယမန်နှစ် ဇွန်လမှစတင်လျှင် ယခုအချိန်တွင်(၁၁)လ ကြာမြင့်နေပြီဖြစ်သည်။ နှစ်ဖက်ကြားငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲမှာ ယခင်ထက် ပိုမို ပြင်းထန်နေသည်။ မြန်မာအစိုးရစစ်အင်အား (၁၀၀)ရှိသည့် နာဖော့်ကျေးရွာတွင်လည်း ယခုအချိန်တွင် စစ်အင်အား (၁၀၀၀)ကျော်ရှိနေပြီဖြစ်ပြီး ကချင်ပြည်နယ်တွင် အစိုးရတပ်မ(၁၃)ခု အခြေစိုက်ထားရှိကြောင်း ၄င်းတို့ထံက သိရှိရသည်။ ဧပြီ (၂၀)ရက်နေ့ အစိုးရဘက်က မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အား ကေအိုင်အေ က ငြင်းပယ်ထားသဖြင့် ဧပြီ (၂၄)ရက်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဗန်မော်မြို့တွင် တွေ့ဆုံရန် ထပ်မံစာရေးသားပေးပို့ခဲ့သည်။ “ဗန်မော်ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး ထိုးစစ်ပဲ ဆင်နေတာ။ ဌာနချုပ်တွေ ကိုတောင် ထိုးစစ်ဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ပြည်တွင်းမှာ ဆွေးနွေးမယ်ဆိုတာ မဖြစ် သေးဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အမြဲတွေးနေပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေသေးတော့ တခြားလုံခြုံတဲ့နေရာမှာတွေ့ရင် ပိုပြီးအဆင်ပြေလိမ့်မယ်ထင်တယ်။” ဟု အင်ရှန်ဆန်အောင် က ဆက်ပြောသည်။ ကေအိုင်အိုကလည်း ငြိမ်းချမ်းရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရွက်လိုသဖြင့် ဧပြီ(၂၅) ရက်နေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဆွတ်လွတ်ဂမ်ကို ခန့်အပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ လဂျာယန်ကျေးရွာ၊ ဒေါ့ဖုန်းယန်တို့တွင် နေ့စဉ် လက်နက်ကြီးများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မလိရေအားလျှပ်စစ် တည်ရှိရာ နေရာဒေသ တွင်လည်း ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံတို့ကဆိုသည်။ ယင်းတို့ တိုက်ပွဲများဆက်တိုက် ပစ်ခတ်နေခြင်းနှင့်ပတ်သက်၍ စစ်ရေးသည် ၎င်းနှင့် မဆိုင်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆိုထားသဖြင့် ဦးအင်ရှန်ဆန်အောင်က အောက်ပါအတိုင်း ပြောဆိုခဲ့သည်။ “စစ်အင်အား အလုံးအရင်း တိုးလာနေတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ သူတို့မလုပ်ကြဘူး။ အစိုးရက သက်သက်၊ စစ်တပ်ကလည်း သက်သက်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ စစ်နဲ့ပတ်သက်ပြီး၊ နိုင်ငံရေးကို အခါတည်း ဆွေးနွေးချင်နေတာ။” ဟု ဦးအင်ရှန်ဆန်အောင်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရွှေလီမြို့၌ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေး ရာတွင် ကေအိုင်အေက “အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးတပ်က တပ်ပိုင်းဆိုင်ရာမှာ လွတ်လွတ် လပ်လပ် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်။ နောက်လက်နက်ကိုင်တပ်အားလုံးရဲ့ အကြီးအကဲလည်း ဖြစ်တယ် ဆိုတော့။ သူသဘောမတူရင် သမ္မတ အမိန့်ကဘာပဲဖြစ်ဖြစ် မနာခံဘူးဆိုတဲ့ သဘောလား။ အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးမှာ အားနည်းချက်ရှိလား။” ဟု ကေအိုင်အေတာဝန်ရှိသူ တစ်ဦးက မေးမြန်းခဲ့သည်။ ထိုမေးမြန်းချက်နှင့်ပတ်သက်၍ “သမ္မတကြီးရဲ့ အမိန့်နဲ့ ပတ်သက်ပြီးတော့ ကျတော်ပြောချင်ပါတယ်။ သမ္မတ လုပ်ပိုင်ခွင့်နှင့် ညွန်ကြားချက် အမိန့် လုပ်ပိုင်ခွင့်တွေနဲ့ ကျတော်တို့ တချို့ ကိစ္စတွေမှာ လွှတ်တော်ထဲက လုပ်ရမယ့်လုပ်ငန်းတွေ ပါတယ်။ ဥပဒေနဲ့ ပတ်သက်လာရင် သမ္မတနဲ့ ပတ်သက်တာ နည်းပါတယ်။ သမ္မတက နောက်ဆုံးကျတော်တို့ လွှတ်တော် နှစ်ရပ်က တင်ပြတာကို (၁၄)ရက်အတွင်း လက်မှတ်ထိုးရင် ထိုး ၊ မထိုးရင် လက်မှတ်ထိုးပြီးပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် ဥပဒေအရ သမ္မကလက်မှတ်မထိုးရင်တောင်မှ ကျော် သွားလို့ရတယ် သဘောရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်သည် ဒုတမ္မတအဆင့်ရှိတဲ့အတွက် ဝန်ကြီးဌာနဖြစ်တဲ့ အတွက် ကာကွယ်ရေးဝန်ကြီးထက် ပိုမြင့်ပါတယ်။ ကျွန်တော်တို့ ညွန်ကြားတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်ကို တိုက်ရိုက်ညွန်ကြားတာဖြစ်ပါတယ်။ ” ဟု အစိုးရဘက်က ပြန်လည်ဖြေဆိုခဲ့သည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတအားနေပြည်တော်တွင် တွေ့ဆုံရန် ဧပြီ(၉) ရက်နေ့က စာရေးသားပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းကြားခြင်းမရှိသေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။ Shwe Myitmakha Media Group
|
||
|
ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး Posted: 27 Apr 2012 10:05 PM PDT ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း။ |
||
|
ဘန်ကီမွန်းနဲ့ အိန္ဒိယ၀န်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး Posted: 27 Apr 2012 09:20 PM PDT
အိန္ဒိယနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အိမ်ရှင် ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ မနေ့က သောကြာနေ့မှာ တွေ့ဆုံခဲ့တာပါ။ တနှစ်ကျော်ကျော် ကာလအတွင်းမှာ လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆီးရီးယားအစိုးရရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတကာက ဖိအားပေးရေး အပါအဝင် ပထဝီနိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝှမ်း ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အိန္ဒိယတပ်ဖွဲ့တွေကို အထူးတလည် စေလွှတ်ပေးတဲ့အတွက် မစ္စတာ ဘန်ကီမွန်းက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ကျေးဇူးရှိတင်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ မဏ္ဍိုင်ကြီးသုံးခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး စတာတွေကိုအခြေခံပြီး ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့ တယ်လို့ သတင်းထောက်တွေကို မနေ့က အခုလို ပြောဆိုသွားတာပါ။ "ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့ အားလုံး စိုးရိမ်မကင်းဖြစ်နေကြတဲ့ ဆီးရီးယားနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကအစ သီရိလင်္ကာနဲ့ နီပေါနိုင်ငံတွေ စတဲ့ ဒေသတွင်း အခြေအနေတွေ၊ အိန္ဒိယနဲ့ပါကစ္စတန် ဆက်ဆံရေး သင့်မြတ်အောင်အားပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဘယ်လို ဝိုင်းဝန်းကူညီကြမလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ပါတယ်။" အခုလောလောဆယ် အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့အညီ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုနယ်ပယ်သာမကဘဲနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုလည်း အလေးအနက် ကိုင်တွယ်နေပါတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာကလည်း မစ္စတာဘန်ကီမွန်းကို ပြောဆိုခဲ့ပါ တယ်။ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ပင်လယ်ဓားပြနှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ရေရှည် တည်တံ့မယ့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းကြတာတွေဟာ အိန္ဒိယနိုင်ငံအတွက် ဦးစားပေးရမယ့် တာဝန်ဖြစ် တယ်လို့ မစ္စတာခရစ်ရှနားက ပြောပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး ထွန်းသစ်စနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ အတွက် ရန်ပုံငွေ ဒုတိယအများဆုံး ထည့်ဝင်တဲ့နိုင်ငံဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ သူ ၂၀၀၇ ခုနှစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ အိန္ဒိယနိုင်ငံကို တတိယ အကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့ဇနီးဟာ အရင်က ဘုံဘေလို့အများခေါ်ကြတဲ့ မွန်ဘိုင်းမြို့ကို ဒီကနေ့ သွားရောက်လေ့လာ မှာ ဖြစ်ပါတယ်။ အဲဒီနောက် မစ္စတာဘန်ကီမွန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာတော့ မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ By ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ-မြန်မာပိုင်း) |
||
|
Posted: 27 Apr 2012 09:06 PM PDT ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။သတို့သမီးက ထင်ရှားတဲ့ လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။ ![]()
ပြီးခဲ့တဲ့လက ပြည်မြို့မှာ လယ်သမားအရေး ဆောင်ရွက်နေကြတဲ့ ကိုမာကီး၊ မစုစုနွေး၊ ရှေ့နေကြီး ဦးအောင်သိန်း (ဓာတ်ပုံ - ဘားမားဗီဂျေ)
သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။ ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။ ![]() ဧရာဝတီ(ဘလော့ဂ်) |
||
|
မကွေးမြိ့  Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား၊လူတစ်ဦးသေဆုံး Posted: 27 Apr 2012 08:47 PM PDT
၂၀၁၂၊မတ်လ(၂၈)ရက်၊ညနေ(၆း၀၅) နာရီတွင် မကွေးမြို့ ASIA WORLD Co.,Ltd ပိုင် Green Luck စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးလောင်မှုတွင် ဦးကျောက်ခဲ(ခ)ဦးမောင်ပု၊၈/မကန(နိုင်)၁၈၅၁၈၈ (ဘ)ဦးဘဆန်း၊ချမ်းမြေ့သာယာရပ်ကွက်(ဂ)အုပ်စု၊၅-လမ်း၊မကွေးမြို့ (သ) ၅၉ နှစ်ရှိ သန့်ရှင်းရေးဝန်ထမ်း ခန္ဓာကိုယ်အားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
သို့သော် ဆိုင်တာဝန်ရှိသူများသည် မကွေးမြို့ Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးမီးလောင်မှုကိုဖုံးဖိလိုသဖြင့် ဦးကျောက်ခဲအား ကြိတ်၍ မီးငြိမ်းသတ်ပြီး ည(၉း၃၀)အချိန်ခန့်မှ မည်သည့်ဆေးခန်း၊ပုဂ္ဂလိကဆေးရုံများမှ လက်မခံသဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ဦးကျောက်ခဲဧ။် မူရင်းလိပ်စာကို လိမ်ညာပြီး တပင်ရွာ၊မင်းဘူးဟု လိပ်စာလိမ်လည်ပြီးတင်ပို့ခဲ့ပါတယ်။
သို့သော် မီးလောင်မှုအား မီးလန့်မှုသဘောမျိုးအမှုမဖွင့် ဆေးစာမယူဘဲ ဆေးကုသခဲ့ကြပါတယ်။
ထိုသို့အကြောင်းအအရာများကို တာဝန်သိလူငယ်များမှ သိရှိf၍ သွားရောက်ကြည့်ရှု့ခဲ့သော်လည်း မလိုအပ်ကြောင်း၊ဘာမှမဖြစ်ကြောင်း အားလုံးသော အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြေလည်ပြီးဖြစ်ကြောင်း ဆိုင်တာဝန်ခံများမှ ပြောဆိုငေါက်ငမ်းလွှတ်ခဲ့ကြပါတယ်။
၂၀၁၂၊ဧပြီလ (၂၃)ရက်၊ည (၁၁း၄၀)အချိန်ခန့်တွင် ဦးကျောက်ခဲ(သ)၅၉ နှစ်မှာ မီးလောင်မှု ဝေဒနာများဖြင့် မကွေးပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ပါတယ်။၂၃.၄.၂၀၁၂ ညတွင် သေဆုံးသော်လည်း ၂၄.၄.၂၀၁၂နေ့အထိ အမှုဖွင့်အရေးယူထားခြင်းမရှိပါ။(၂၅) ရက် နေ့လည် (၁၁း၃၀) အချိန်မှ မြို့နယ်မှူး၊စခန်းမှူး၊ဒုရဲအုပ် များလာရောက်စစ်ဆေးခဲ့ပါတယ်။
Green Luck စက်သုံးဆီဆိုင် တာဝန်ရှိသူများသည် ဦးကျောက်ခဲဧ။် ဇနီးအား လိမ်ညာချော့မော့ပြီးအမှု မဖွင့်လိုကြောင်း အတင်းအကြပ်လက်မှတ်ရေးထိုးစေခဲ့ပါတယ်။ ဤအကြောင်းအရာများတွင် ASIA WORLD ၀န်ထမ်းများသည် အထက်အာဏာပိုင်အဖွဲ့အစည်းများကိုပိုင်လျှင် သာမာန်ဆင်းရဲသား၊ပညာမတတ်သောလူများ၊၀န်းထမ်းများ၊လူပုဂ္ဂိုလ်များဧ။် အသက်တစ်ချောင်းကိုပင်လျှင် တရားဥပဒေကို မထီမဲ့မြင်ပြုကာ ငွေပေးဖုံးကွယ်ပြီးရနိုင်သည်ဟု ယူဆပြီး လုပ်ဆောင်ခဲ့ပါသည်။
မကွေးမြို့ရဲတပ်ဖွဲ့များမှလည်း အမှုအား မသိကျိုးကျွံပြုကာ သေဆုံးပြီးမှ အမှုဖွင့်အရေးယူပါသည်။မကွေးပြည်သူဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ကျော်နှင့်တာဝန်ကျဆရာဝန်များသည်လည်း မီးလောင်မှုဖြစ်သော ဦးကျောက်ခဲအား ရဲဆေးစာမပါဘဲ လူသားချင်းရိုင်းပင်းကူညီကာ ကုသပေးခဲ့ပါတယ်။
သေဆုံးကြောင်းဆေးစာတွင်လည်း ဦးကျောက်ခဲဧ။် အသက်အား (၅၉)နှစ်အစား (၇၅)နှစ်ဟု မှားယွင်းရေးသားထားကြပါတယ်။ယခုကဲ့သို ကိစ္စရပ်များ နောက်နောင်မဖြစ်ပေါ်စေ ရန် နိုင်ငံတော်အကြီးအကဲများ၊သက်ဆိုင်ရာဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Myanmar News Now
|
||
|
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ရတော့မည် Posted: 27 Apr 2012 06:16 PM PDT
ပုဂ္ဂလိက ဝန်ထမ်းများ အလုပ်မှ အနားယူသွားပါက ပင်စင်လစာပေးခြင်း စနစ်ကို စင်ကာပူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများ လက်ရှိတွင် ကျင့်သုံးနေကြောင်း လူမှုဖူလုံရေး ဥက္ကဋ္ဌထံမှ သိရသည်။ ဥပဒေသာ အတည်ပြုလိုက်ပါက မူလလစာ၏ ၁၅ ဆအား အရစ်ကျ သို့တည်းမဟုတ် ရာခိုင်နှုန်းအလိုက် လစဉ်ခွဲဝေမှုဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သွားမည်ဟု သိရသည်။ အသက် ၃၅ နှစ်ကျော် လုပ်သက် ငါးနှစ်ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “တစ်လ နည်းနည်းချင်း ထည့်ပြီး ကိုယ်မလုပ်ချင်တော့တဲ့ အချိန်မှာ မူလ လစာရဲ့ ၁၅ ဆ ရမယ်ဆိုတာက ဝမ်းသာစရာ သတင်းပါပဲ။ အဲဒီလို ပြောပြီး ဖြစ်မယ်ဆိုရင် ကောင်းပါတယ်။ ပင်စင်ဆိုတာမျိုးက အစိုးရဝန်ထမ်း အသုးံအနှုန်းဆိုတာလောက်ပဲ သိထားတော့ သိပ်တော့ မယုံချင်သေးဘူး”ဟု ပြောသည်။ အချိန် ခြောက်လမှ တစ်နှစ်အထိယူ၍ ပင်စင်လစာ ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ဝန်ထမ်းများအား အသိပညာများ ဖြန့်ဝေခြင်းကိုပါ ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ဥက္ကဋ္ဌထံမှ ထပ်မံသိရသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျွန်တော်တို့ သိရသလောက် တော်တော်လေးကို ကောင်းတဲ့ ဥပဒေမျိုးလို့ သိထားရပါတယ်။ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာ ရမှုတွေ ဖြစ်လာခဲ့ရင်က အစ လုပ်ငန်းရှင်က ဆောင်ရွက်ပေးရမယ့် အချက်တွေ၊ အဖွဲ့မှာ မှတ်ပုံတင်ပြီးရင် အဖွဲ့က လုပ်ပေးရမယ့် ကိစ္စတွေ ဒါတွေကအစ အသေးစိတ် ထည့်သွင်းထားတာပါ။ ဒါတင် မကသေးဘူး။ နောင်ရေး နေထိုင်ရေးအတွက်ကိုပါ စီစဉ်မှုက ရှိနေတော့ တော်တော်လေး ကောင်းတဲ့ ဥပဒေဆိုတာမျိုးလို့ ကျွန်တော် ပြောနိုင်တယ်” ဟု ပြောသည်။ ဧပရယ်ဦး (ပေါ်ပြူလာဂျာနယ်) |
||
|
ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက် Posted: 27 Apr 2012 06:12 PM PDT
သိန်းခြောက်သောင်းဖိုးအထိ
တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင် DKBA ကဲ့သို့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ တင်သွင်းသော ကားများမဟုတ်ဘဲ
ဦးအောင်သောင်းနှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက
တင်သွင်းသောကားများဟု သိရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံကို
ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း
မဲဆောက်မြဝတီနယ်စပ်တွင် စီးပွားဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက် ပိုင်းတွင်
ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်ကားများကို ဆိပ်ကမ်းမှ
တင်သွင်းချိန်တွင် မဲဆောက်ကားတင်သွင်းမှု ပပျောက်သွား ကြောင်း မြဝတီမြို့မှ
ကုန်သည်တစ်ဦးက ပြောကြားသည်။
ယခုတင်သွင်းသည့်ကားများမှာ
ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ကြေးရှိ ကားများဖြစ်ပြီး မြန်မာကျပ်ငွေနှင့်
သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c)
ကားများဖြစ်ပြီး ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော်
မြန်နိင်ငံသို့ဝင်နေ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
MP(yangonchronicle)
|
||
|
ရွေးကောက်ပွဲအကြိုကာလ ညောင်ကုန်းဓါးထိုးမှု ရုံးတင် Posted: 27 Apr 2012 06:05 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး
ပုလဲမြို့နယ်တွင် ပြီးခဲ့သည် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ
မတိုင်ခင်က ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော ညောင်ကုန်းဓါးထိုးမှုကို
ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း မုံရွာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
"ဓါးနဲ့ထိုးသူလို့ စွပ်စွဲခံတဲ့လူတွေကို ဘယ်မှာ ထိန်းသိမ်းထားမှန်းမသိဘူး အခုမှရုံးတင်တာ”ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့်
မတ်လ ၃၁ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် ဦးမင်းသန့် ပိုင်ဆိုင်သည့်
ဗီဒီယိုရုံတွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖိုတိုရှော့နှင့် ဖန်တီး ထားသော
ညစ်ညမ်းပုံများ ပြနေရာ NLD ပါတီဝင်တစ်ဦးက MP 4 ဖြင့် သက်သေထူရန်
ရိုက်ကူးနေသည်ကို ဦးမင်းသန့်က တွေ့ရှိပြီး MP4 ကို လုယက် ရာမှ
ရန်ဖြစ်ကြကြောင်း ဝိုင်းဝန်းဖြန်ဖြေသဖြင့် လူစုကွဲသွားကြောင်း
ညောင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။
ဗီဒီယိုရုံပြင်ပရောက်ပြီးမှ
ဦးမင်းသန့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာနှင့် သေဆုံးသွားသဖြင့်
ဦးဖိုးကျော် (မဲရုံမှူး)နှင့် ရန်မျိုးဆိုသူတို့အား ဖမ်းထား ကြောင်း ၎င်းတို့
ဓါးနှင့်ထိုးသည့် တွေ့မြင်သူ မျက်မြင်သက်သေမရှိကြောင်း မည်သည့်နေရာတွင်
ထိန်းသိမ်းထားမှန်းမသိဘဲ ယခုတစ်လနီးပါကြာမှ ရုံး ထုတ်ခြင်းသည်
ရိုးသားမှုမရှိကြောင်း ညောင်ကုန်းရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
MP( yangonchronicle)
|
||
|
ဝန်ကြီး ဦးတင့်ဆန်းသားဖြိုးကိုကိုတင့်ဆန်းရဲ့  စေတနာ မှန်ပေါ်ပါပြီ Posted: 27 Apr 2012 05:45 PM PDT
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလများက
မြောင်းမြမြို့ ကားလမ်းတလျှောက် တပ်ဆင်ထားသော ပုသိမ်-မြောင်းမြ ကားလမ်းအား
ဖြိုးကိုကိုတင့်ဆန်း ပိုင် ACE ဆောက်လုပ်ရေးမှ တာဝန်ယူဆောင်ရွက်နေပါသည်
ဟူသော ဆိုင်းဘုတ်များကို ရွေးကောက်ပွဲတွင် ရှုံးနိမ့် သွားသောအခါ
တိတ်တဆိတ်ပြန်လည် ဖြုတ်သိမ်းသွားကြသည် ။
မြောင်းမြ မြို့ နေ လူထု မှလဲ ဖြိုးကိုကိုတင့်ဆန်းသည် မြောင်းမြ မြို့  အပေါ် အမှန်တကယ် ကောင်းကျိုးဆောင်ရွက်လိုသည် မှန်ခဲ့ သော် ရွေးကောက်ပွဲတွင် ရှုံးသည် နိုင် သည်ဖြစ် တာဝန်ယူထားသော လမ်းကိုဆက်လက်ပြုပြင်သင့် သည် ဟုမှန်သော်လည်း ယခု အခါတွင် ၎င်း၏စိတ်ရင်း အမှန်ကို မြို့ နေလူထုမှ သိရှိသွားကြသည်ဟု ပြောဆိုနေကြပါသည်။ ဖြိုးကိုကိုတင့်ဆန်းသည် မြောင်းမြ ကားလမ်းကိုအမှန်တကယ် စေတနာဖြင့် ပြုပြုင်ပေးလို၍ မဟုတ်ပဲ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက်သာပြည်သူကို သွေးဆောင်စည်းရုံးခြင်းသာဖြစ်သည် ။ Myanmar Mediamm |
||
|
လူ့အခွင့်အရေးလှုပ်ရှားသူမစုစုနွေး အိမ်ထောင်ပြုတော့မည် Posted: 27 Apr 2012 05:38 PM PDT ![]() လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး သည် မကြာမီ အိမ်ထောင်ပြုတော့မည်ဟု မိသားစုအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ သိရှိရပါသည်။ မင်္ဂလာပွဲအား မေလ ၂၇ ရက်နေ့တွင် မှော်ဘီ ရှိ ရွှေည၀ါဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်တွင် ပြုလုပ်မည်ဟု သိရပါသည် ။ ၎င်း နှင့် လက်ထပ်မည့်ခင်ပွန်းလောင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများထဲ မှ ကို------- နှင့် ဖြစ်သည် ။ Myanmarmedia အဖွဲ့ မှ သတို့ သားလောင်း အမည်အား ခေတ္တ လျှိုဝှက်ထားပါသည် ။ Myanmarmedia |
||
|
ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ? Posted: 27 Apr 2012 03:19 PM PDT
ပြီးခဲ့တဲ့ နှစ်က အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ စိမ်းလဲ့ ကန်သာ အစိုးရဧည့်ဂေဟာမှာ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ သွားရောက်တွေ့ဆုံပြီး ပူးတွဲ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ကြိုဆိုလျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က သတင်းစာ ဆရာတစ်ဦးရဲ့ မေးမြန်းချက် ကို ဖြေကြားပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာ သတင်းဌာနက ဦးအောင်သန်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲကို ဝင်လာဖို့ နည်းစနစ် (Technically) အရ အဆင်မပြေဘူး ဖြစ်နေပါတယ်။ အစိုးရဖက်က အဲဒါကို အဆင်ပြေအောင် လုပ်ပေးနိုင်ပါသလား” လို့ ပြည်ထောင်စုဝန်ကြီးကို မေးမြန်းခဲ့တာပါ။ အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီး လာမယ့် ရွေးကောက်ပွဲအမှီ ဝင်ဖို့ရှိပါသလား၊ ကိုယ်တိုင် ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလားလို့ ဆက်လက် မေးမြန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ဝင်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်းတွေကိုပဲ ကျွန်မတို့က ကြည့်မှာဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားပါတယ်။ အဲဒါအပြင် ၎င်းရွေးကောက်ပွဲ ဝင်ဖို့အတွက် ကိစ္စမှာ အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရဦးမှာ ဖြစ်ကြောင်း၊ အဲဒီလို တင်ပြပြီးမှသာ ဘယ်လိုဖြေရမယ်ဆိုတာ သိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဦးအောင်ကြည် နဲ့ လေးကြိမ်မြောက်တွေ့ ဆုံဆွေးနွေးပြီး နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲ ၀င်ဖို့ ဖြစ်လာတာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေကို ဦးအောင်ကြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ညှိတဲ့ကိစ္စမှာ လွှတ်တော် နှစ်ရပ်စလုံးက သေသေချာချာ မလေ့လာဘဲ လက်ခံပေးလိုက်တဲ့ ကိစ္စမှာ ကျမ်းကျိန်တာပြင်ပေးတာလဲပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေလိုက်လျောပေးရာ မှာ သမ္မတဦးသိန်းစိန် အစိုးအဖွဲ့ တဖက်ထဲက လိုက်လျောပေးလိုက်တာမဟုတ်ပါဘူး၊ အဲ့ဒီကိစ္စကို ဦးအောင်ကြည်က အမျိုးသား လွှတ်တော်နဲ့ညှိ၊ အမျိုးသား လွှတ်တော် ကအတည်ပြု့ပေးပြီး ၊ ပြည်သူ့လွှတ်တော်က ထပ်စိစစ်အတည်ပြု့ပေးလိုက်တာဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်မှတ်တမ်းမှာပါ ပါလာမှာဖြစ်လို့တရားဝင်မဝင်စဉ်းစားကြည့်လို့ရပါတယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဥပဒေကြောင်းအရ မလိမ့်တပါတ်လုပ်ထားတဲ့ ပြည့်ခိုင်ဖြိုးအစိုးရနဲ့ လွှတ်တော်ကို ရစ်နေတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို အဲ့ဒီကိစ္စ မေးတဲ့ video clip တခုမှာဒေါ်စုက ဒါ ဥပဒေကြောင်းအရ issue ၊ ဥပဒေပညာရှင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ပိုဆိုင်တယ်၊ ၊ဦးဥာဏ်ဝင်း ကိုမေးပါလို့ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြောသွားတာကို တွေ့ ရမှာပါ NLD လွှတ်တော်မတက်တဲ့ပြသာနာ ရဲ့ rootcause က စကားလုံးဆိုင်ရာ ပြဿနာမဟုတ်ဘူး၊ ပြင်ပေးပါမယ်လို့ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တဲ့ကိစ္စကို မပြင်ပေးနိုင်တော့လို့ ဥပဒေကြောင်း အရ ထောက်တာပါ။ ဥပဒေပြု့မဏ္ဍိုင်လွှတ်တော်ရဲ့ ပြီးစလွယ်တရားဝင်အတည်ပြု့လိုက်တဲ့အမှားကိုထောက်တာ။ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တာ တရားဝင်ဖြစ်လို့ Rule of law အပိုင်းနဲ့လဲဆိုင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့  နံနက် ၉ နာရီခွဲမှာ အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ---- ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲမှာ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုလည်း ပြောကြားသွားပါတယ်။၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့တယ်။ သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသော ရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့တာကို တွေ့ရပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို သေချာမသိဘဲနဲ့ သတင်းဌာနတွေ၊ နိုင်ငံရေးပရောဟိတ်ကြီးတွေ၊ even လွတ်တော်အမတ်တွေအများစုက အစ NLD လွှတ်တော်မတက်တဲ့ပြဿနာ ရဲ့root cause ဖြစ်တဲ့ " ပြင်ပေးပါမယ်လို့ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တဲ့ကိစ္စ ကို မပြင်ပေးနိုင်တော့လို့ ဥပဒေကြောင်းအရ ထောက်တာ " ကို နားမလည်၊ မမြင်နိုင်ဘဲ၊ကျမ်းကျိန်တဲ့စကားလုံးဆိုင်ရာ ပြဿနာလို့ဆိုပြီးပြောဆိုနေကြတာ ဟာ နိုင်ငံရေးကို ပိုပြီး ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီကိစ္စ မှာ NLD နဲ့ အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုတွေကို စောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုပါတယ်။ သစ်ထူးလွင် |
||
|
ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည် Posted: 27 Apr 2012 12:37 PM PDT နယူးဒေလီ (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး
ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည်
ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ ![]() ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။ စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ် တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ |
||
|
Posted: 27 Apr 2012 03:27 PM PDT
ထက်အောင်ကျော်။ (၂၆-၀၄-၂၀၁၂)
အသက် ၄၀-ကျော်ရင် မျက်စိမှုန်တယ်ဆိုတဲ့ ဆိုရိုးနဲ့အညီ ကျနော်လဲ စာကြည့်မျက်မှန် တ လက် ဆောင်ထားရတာ ၂-နှစ်လောက်ရှိနေပါပြီ။ ကြားဖူးနားဝစကားတွေအရ ၂-နှစ်တကြိမ်မျက်မှန် ပုံမှန်စစ်သင့်တယ်ဆိုတာကြောင့် အော်စလိုမြိုတော် နိုဗယ်စင်တာအနီးရှိ ပင်လယ်ကမ်းစပ်က မျက်မှန် ဆိုင်ကို သွားပြီးစစ်ကြည့်မိပါတယ်။ "အနီးမှုန်လား။ အဝေးမှုန်လား" ဆိုပြီး မျက်မှန်စစ်ဆေးသူက မေး ပါတယ်။ "စာကြည့်မျက်မှန် တပ်ထားမှတော့ အနီးမှုန်ပေါ့ဗျ" ဆိုပြီး ပြောတော့ မျက်မှန်စစ်ဆေးသူက မယုံသလိုလိုနဲ့ အနီးရော။ အဝေးပါ စစ်ဆေးနေပါတယ်။ ![]() သာမန်စဉ်းစားမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၅၀၀၀-လောက်အကွာ အော်စလိုမြို မှာရောက်နေတဲ့ ကျနော့်ရဲ့ ဒီနေ့နိုင်ငံရေးအမြင်ဟာ ရန်ကုန်မြိုမှာနေထိုင်သူတဦးရဲ့ ရှုမြင်မှုနဲ့စာရင် မှုံ ၀ါးဝါး ဖြစ်နေနိုင်ပါတယ်။ ဒါမေပဲ့ တဖက်ကနေ ပြန်စဉ်းစားမယ်ဆိုရင်လဲ ဒီနေ့လို နည်းပညာခေတ်။ အင်တာနက်ခေတ်မှာ အနီးမှာနေမှပိုမြင်ပြီး အဝေးရောက်ရင် မှုံဝါးဝါးဘဲ့မြင်နိုင်တယ်လို့ အပြတ်ပြော လို့ရနိုင်ပါ့မလား။ အနီးမှာနေခြင်း။ အဝေးမှာနေခြင်းဆိုတာက သိပ်အဓိက မကျဘဲ နေ့စဉ်ဖြစ်ပေါ်တိုးတက်နေ တဲ့ နိုင်ငံရေးအခြေနေကို ခြုံငုံသုံးသပ်နိုင်ခြင်းက ပိုအဓိကမကျဘူးလား။ မြန်မာနိုင်ငံတွင်းကလူအတော် များများကိုယ်တိုင် မိုင် ၅၀၀၀-ကျော် ၈၀၀၀-နီးပါးအကွာဝေးနေ ထုတ်လွင့်နေတဲ့ လှိုင်းတိုရေဒီယိုတွေ။ စလောင်းတီဗွီ တွေကိုကြည့်ပြိး ဒီနေ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေနေတွေကို လေ့ လာနေရတုန်းဘဲ့မဟုတ်လားလို့ အဝေးရောက်နေသူတွေဖက်ကနေ ကိုယ်ဘာသာရှေ့နေလိုက်ရင်း ကျ နော်စဉ်းစားနေမိပြန်ပါတယ်။ အသက်ကြီးပေမဲ့ အနီးမှုန်ခြင်းကိုရှောင်နိုင်သူများ "အရီးလာသည် ... ဆီးသီး ပါသလား။ အဆီ မစား။ အသီး စားပါ..." အနီးမှုန်လား။ အဝေးမှုန်လား တကိုယ်တော်စဉ်းစားရင်း အဖြေမထွက်ဘဲ လုံးခြာလည်နေတဲ့ ကျနော်ဟာ ဘ၀တူ အဝေးရောက်ရဲဘော်သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြည့်ဦးမှဆိုပြီး တိုင်း ခန်းလှည့်ရင်းနဲ့ အော်စလိုမြိုပြင်က စာသင်ကျောင်းလေးတခုကိုရောက်နေတာပါ။ စာသင်ကျောင်းဆိုလို့ မြန်မာနိုင်ငံက အမက-တွေ အလက-တွေလို ကျောင်းအကြီးကြီးဆောက်ထားပြီး ရာနဲ့ချီတဲ့ကျောင်း သားတွေ တက်နေတဲ့ကျောင်းလို့ မထင်လိုက်ပါနဲ့။ တပါတ်မှာ တနင်္ဂနွေတရက်။ တရက်မှာမှ ၄-နာရီလောက်သာစာသင်ပေးနိုင်တဲ့ စာသင်ခန်း လေးပါ။ ကျနော်တို့မျိုးဆက်တွေဟာ နော်ဝေးရောက်တဲ့အထိ ဗုံးခိုကျင်းနဲ့မကင်းနိုင်သေးဘူးလို့ပြောရ မလားပါဘဲ့။ ဒုတိယ ကမ္ဘာစစ်တုန်းကဆောက်ထားတဲ့ ခေတ်မှီဗုံးခိုကျင်း ကျောက်ဂူထဲမှာ ဒီကျောင်း လေး ဖွင့်ထားတာကိုတွေ့ရပြိး ကျောင်းသား။ ကျောင်းသူ ၁၀-ကျော်နဲ့အတူ ကျောင်းဆရာ ၂-ဦး။ က လေးတွေကို လိုအပ်တာကူညီပေးနေတဲ့ ကလေးမိဘ အဝေးရောက်သူငယ်ချင်း ၄-၅ ဦးကို အဲဒီ မြေအောက် စာသင်ခန်းမှာ ကျနော်တွေ့ခဲ့ရပါတယ်။ "ဆီးသီးဆိုတာ ဘာလဲဆရာမ" ဆိုပြီး အသက် ၆-နှစ်အရွယ် ကျောင်းသူလေးတဦးက နော် ဝေးလိုနဲ့ ပြန်မေးနေတာ ကျနော်ကြားလိုက်ပါတယ်။ ဆရာမကလဲ ဘယ်လိုရှင်းပြရမှန်းမသိ။ ပုံဆွဲပြ တော့လဲ ကလေးကသဘောမပေါက်။ ဆီးသီးကိုတခါမှမမြင်ဖူးတဲ့လူကို ဆီးသီးပုံဆွဲပြနေလို့ ဘယ်သ ဘောက်ပေါက်မလဲ။ ဆိုလိုတာကတော့ ဆီးသီးမရှိ။ ပန်းသီးသာရှိတဲ့ အရပ်။ ထညက်ခဲမရှိ ချောက လက်သာရှိတဲ့အရပ်မှာ မွေးဖွါးလာတဲ့ နော်ဝေးနိုင်ငံက ဒီမျိုးဆက်သစ်လေးတွေကို မြန်မာနိုင်ငံက ဆီးသီးအကြောင်းရှင်းပြရတာ ဒီလောက်ခက်နေမယ်ဆိုရင် ပုံဆွဲပြလို့မရနိုင်တဲ့ မြန်မာ့နိုင်ငံရေးသမိုင်း အခြေနေ။ ကျနော်တို့မျိုးဆက်ရဲ့စွန့်လွတ်တိုက်ပွဲဝင်မှုနဲ့ ယဉ်ကျေးမှု အကြောင်းရှင်းပြမယ်ဆိုရင် ဆီးသီး ဇတ်လမ်းထက် ပိုခက်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ တကယ်ကတော့ တတိယ နိုင်ငံရောက်မြန်မာကလေးတွေ မြန်မာစာမတတ်ဖြစ်နေတဲ့ကိစ္စကို ကျနော်ပြောနေတာ နှစ်အတော်ကြာနေခဲ့ပါပြီ။ သတင်းထောက်တာဝန်နဲ့ရောက်ခဲ့ဖူးတဲ့ ဒိန်းမတ်။ ဖှင်လန်အပါဝင် ဥရောပနိုင်ငံတချို့က ဒီလိုအလားတူ စာသင်ကျောင်းလေးတွေကို တင်ပြခဲ့ဖူးပြီးဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ့ မြန်မာနိုင်ငံသား ၃၀၀၀-ကျော်ရောက်နေတဲ့ နော်ဝေးနိုင်ငံမှာကော ဘာ ကြောင့် ဒီလိုစာသင်ကျောင်းလေး မပေါ်သေး။ မလုပ်နိုင်သေးတာလဲဆိုပြီးလဲ ကျနော်မေးခွန်း ထုတ်ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက သန်း ၆၀-သောပြည်သူတွေ ထမင်းငတ်နေတဲ့ကိစ္စ။ သူတို့ရဲ့သားသမီး တွေ စာမသင်နိုင်။ ကျောင်းမထားနိုင်တဲ့ကိစ္စ။ နယ်စပ်နဲ့ ကျေးလက်ဒေသမှာ ပညာရေးနိမ့်ကျနေတဲ့ ကိစ္စတွေကို ဦးစားပေးပြောရမဲ့အစား လူ နှစ်ယောက်တပိုင်းသာရှိတဲ့ တတိယ နိုင်ငံရောက် မြန်မာ ကလေးတွေ မြန်မာစာမတတ်တဲ့ကိစ္စကို ရေးကြီဂွယ်ကျယ်လုပ်ပြီး အချိန်ယူတင်ပြနေတယ်ဆိုပြီး ကျ နော်တို့ သတင်းသမားအချင်းချင်းကြား ငြင်းခုံခဲ့ဖူးတဲ့အတွက် ဒီကိစ္စကို ကျနော်မပြောဖြစ်တာ အတော် ကြာနေခဲ့ပါပြီ။ ဒါမေပဲ့ ဒီကိစ္စဟာ ဆွေးနွေးငြင်းခုန်သင့်တဲ့ကိစ္စတခုအဖြစ် ကျနော်စိတ်ထဲမှာ အမြဲရှိနေ ပါတယ်။ "တတိယ နိုင်ငံရောက် မြန်မာကလေးတွေ မြန်မာစာမတတ်တာကို ပြသာနာတခုလို့ ခင်ဗျား ထင်သလား။ ဘာကြောင့် ဒီကျောင်းဖွင့်ဖို့လိုတာလဲ" ဆိုပြီး မြေအောက် စာသင်ခန်းထဲက ကျောင်း အုပ်ဆရာကို ကျနော်မေးမိပါတယ်။ သူကလဲ တောထဲမှာ ကျနော်တို့နဲ့အတူနေခဲ့ဖူးသူ။ ကျနော့် အ ကြောင်းလဲသိနေသူဆိုတော့ သူကျောင်းကို ကျနော်ရောက်လာကတည်းက အလကားအပြင်းပြေ လာ ခြင်းတော့မဟုတ်။ သူကို အချွန်နဲ့မတဲ့ မေးခွန်းတွေမေးဖို့လာသူဆိုတာကို ကြိုတွက်ထားပြီး သားဖြစ်ပုံ ရပါတယ်။ "အဓိက ကတော့ဗျာ။ စကားလုံးအကြီးကြီးတွေကိုအရသာခံပြောနေတာနဲ့စာရင် လက်တွေ့ ကိုယ်လုပ်နိုင်တဲ့။ လုပ်လဲလုပ်သင့်တဲ့ အလုပ်တခုကို လုပ်နိုင်တဲ့နေရာကနေ စလုပ်လိုက်တာပါဘဲ့" လို့ ကျောင်းဆရာကဖြေပါတယ်။ ဒီလူ ကျနော်ကိုပြန်နှက်နေသလားဆိုပြီး သံယသနဲ့ သူမျက်နှာ ကို အ သေချာကြည့်လိုက်တော့ အဲဒီလိုမဟုတ်။ သူယုံကြည်တာကို ရိုးရိုးသားသား ပြောနေပုံက သူမျက်နှာ မှာပေါ်နေပါတယ်။ "ကလေးတွေကိုစာသင်ပေးနေတာဟာ အနာဂတ်တိုင်းပြည်ကို ထူထောင်နေခြင်း တမျိုးပါဘဲ့။ အဝေးကြီးကိုလှမ်းကြည့်ဖို့လိုသလို ကိုယ်ဘေးမှာဖြစ်နေတဲ့ကိစ္စတွေ။ လိုအပ်ချက်တွေကို လဲ ၀င်ဖြည့်ပေးဖို့လိုတယ်လေ" ကျောင်းဆရာရဲ့စကားလုံးတွေက ကျနော်ရင်ဘတ်ကို တည့်တည့်လာမှန်တဲ့အတွက် သောက် လက်စရေနွေးနဲ့ လဖက်သုတ်ကိုတောင် ဆက်မတုတ်နိုင်ဘဲ ခနဆိုင်းလိုက်ရပါတယ်။ "အဲဒီတော့ တတိ ယနိုင်ငံရောက်မြန်မာကလေးတွေ မြန်မာစာမတတ်တာကို ပြသာနာတခုအဖြစ် ခင်ဗျားကမြင်တယ်ပေါ့။ မြန်မာစာမတတ်လို့ ဘာမှမဖြစ်ဘူး။ နော်ဝေးစာတတ်ဖို့ဘဲ့လိုတယ်လို့ပြောနေတဲ့ မိဘတွေကို ခင်ဗျား ဘာပြောမလဲ" ဆိုပြီး ကျနော်က ထပ်အထွန့်တက်လိုက်ပါတယ်။ "ဒီလိုဗျ။ သူတို့မြန်မာစာမတတ်လို့ လောလောဆယ် ဘာမှပြသာနာကြီးကြီးမားမားမရှိ နိုင်ဘူး ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလဲ နော်ဝေးစာကောင်းကောင်းမတတ်တဲ့အခါကျတော့ ကလေးတွေနဲ့ ကျနော်တို့ကြား ရေရှည်မှာဘာသာစကားပြသာနာရှိလာနိုင်ပါတယ်" လို့ ကျောင်းဆရာ ကတွေးတွေးဆဆနဲ့ ဖြေပါတယ်။ ဗမာစာကို သူတို့နားမလည်ဘူးဆိုရင် ကျနော်တို့နိုင်ငံရဲ့ ရုန်းကန် တိုက်ပွဲဝင်မှုသမိုင်းတွေ။ ကျနော်တို့မျိုးဆက်တွေရဲ့ စွန့်လွတ်အနစ်နာခံမှုတွေ။ နောက်တခါ ဘာသာ တရား အဆုံးအမနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်းတွေကို သူတို့နားလည်အောင်ရှင်းပြဖို့ မလွယ်တော့ ဘူးလို့ ကျောင်းဆရာကဆက်ပြောပါတယ်။ ပြီးတော့ အသက် ၁၀-နှစ်ကျော်။ ၂၀-၀န်းကျင်ရောက်တဲ့အထိ မြန်မာစာမတ်တဲ့ကလေးတွေ။ တချို့ဆို မြန်မာစကားတောင် မတတ်တဲ့ကလေးတွေ။ (မြန်မာဆိုတာ မြန်မာနိုင်ငံသားအားလုံးကို ဆို လိုတာဖြစ်ပြီး ကရင်လဲ ကရင်စာ။ မွန်လဲမွန်စာ။ ချင်းလဲချင်းစာ စသဖြင့် မိခင် ဘာသားစကားကို တတ်သင့်တယ်လို့ဆိုလိုတာဖြစ်ပါတယ်) ရှိနေတဲ့ မိသားစုတွေအကြောင်း ကျနော်တို့ ဆက်ပြောဖြစ် ပါတယ်။ နောက်တခါ မိဘက နော်ဝေးစာမတတ်လို့ ကလေးတွေကိုအားကိုးပြီး ဘာသာပြန်ခိုင်းရာက နေ မိဘတွေအပေါ်ကလေးတွေက အထင်အမြင်သေးလာပြီး "ဘာမှမသိ နားမလည်တဲ့ မိဘတွေပါ လား" လို့ နားလည်မှုလွဲသွားတဲ့ မိသားစုတွေအကြောင်းလဲ ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။ "ကလေးတွေကသာ မိဘကို အဲလိုအထင်သေးသွားပြီဆိုရင် ခင်ဗျားဘ၀ဆုံးပြီ။ အဲဒီလိုမျိုး အဖြစ်မခံနိုင်လို့ ကျနော် ကျောင်းဆရာဝင်လုပ် နေတာပါ" လို့ ရှင်းပြရင်းနဲ့ တောထွက်ကျောင်းဆရာက သူရဲ့အမြင်ကို နိဂုံးချုပ်ပါတယ်။ ဒါဆိုရင် အနီးမြင် အဝေးမှုန်ဖြစ်နေကြတာလား ကျောင်းဆရာနဲ့ ကျနော့်ကြား အမေးအဖြေ နဲနဲအရှိန်ရလာတော့ ဘေးကပုဂိုလ်တွေကလဲ ပါ ၀င်ဆွေးနွေးလာပါတယ်။ ဒီလိုနဲ့ကျနော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်းဟာ ပိုမိုသွက်လက်လာပြီး အာဂျင်ဒါ ကလဲ အနီးမှုန်ကနေ အဝေးမှုန်ဖက်ကိုရွေ့လျားလာပါတယ်။ "အိုကေ။ ဒီတိုင်းဆိုရင်တော့ ခင်ဗျားတိုက အနီးမှုန်နေသူတွေမဟုတ်တာကတော့ သေချာသွားပီ။ ဒါပေမဲ့ အဝေးမှုန်တွေများဖြစ်နေလေမလား" ဆိုပြီး ကျနော်က စကားထောက်လိုက်ပါတယ်။ ဒီတကြိမ် ၀င်ရောက်ဆွေးနွေးလာသူကတော့ ရေးဖော် ရေးဖက် ဘလော်ဂါဆရာပါ။ "ဒီလိုဗျ။ ကျနော်တို့နဲ့အတူ တောခိုလာတဲ့လူတချို့ဟာ အခုလိုမျိုးဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကိုတွက်ဆပီး နှစ် ၂၀-ကျော်လုံးလုံး ဒီအတွက်ကြိုပြင်နေခဲ့တာပါ။ ကျနော်တို့က သာ မနက်ဖြန်သဖက်ခါ တော်လှန်ရေးအောင်မယ်လိုလိုနဲ့ ဘာမှစနစ်တကျမပြင်ဖြစ်။ ဘာမှစနစ်တကျ မသင်ယူဖြစ်ဘဲနဲ့ နှစ် ၂၀-ကြာသွားတာ။ ဒီတော့ ဒီနေ့အခင်းကျင်းသစ်မှာ ၀င်ကစားဖို့ ကျနော်တို့ အ များစုကြီးက အဆင်သင့်ဖြစ်မနေဘူးပေါ့ဗျာ'' ဆိုပြီး ဘလောဂါဆရာကဆိုပါတယ်။ ဒီလိုအပြန်အလှန် ငြင်းခုန်ရင်းကနေ ဗဟုအဖွဲ့ဝင်တွေ။ ဟားဗတ်တက္ကသိုလ်ဆင်းတွေ။ ဒေါက်တာဘွဲရသူတွေ။ မာစတာ ဘွဲရသူတွေ။ ပြည်ပ သတင်းဌာနအသီးသီးက အရာရှိတွေ။ နယ်စပ်တကျောက အန်ဂျီအို-အရာရှိတွေ။ စသဖြင့်။ စသဖြင့် လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ချက်ချင်းဝင်ကစားနိုင်သူတွေအကြောင်း ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ "ဒါပေမဲ့ ဒီလူတွေက ဆယ်ဂဏန်းဘဲ့ရှိတာဗျ။ ကျနော်တို့တောထွက်တွေ။ ထောင်ထွက်တွေက နိုင်ငံတကာမှာ သောင်းနဲ့ချီရှိနေတာဆိုတော့ တစုံလုံးပါလာနိုင်အောင် စဉ်းစားပေးသင့်တယ်လို့ ကျ နော်ထင်တယ်" ဆိုပြီး ကျောင်းသားမိဘဖြစ်နေတဲ့ နောက်ထပ်တောထွက်တဦးက ၀င်ဆွေးနွေးပါ တယ်။ "မင်းကိုနိုင်ပြောတဲ့ ဖုန်းမော်နေ့-စကားကို ခင်ဗျားတို့သတိထားမိလား။ နိုင်ငံခြားမှာရောက် နေတဲ့ရဲဘော်ရဲဘက်တွေ ပြည်တော်ပြန်လာပြီး တိုင်းပြည်ထူထောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ဆို တာလေ" လို့ ကျနော်ကပြောရင်း တတိယ-နိုင်ငံရောက် ကျနော်တို့မျိုးဆက်တွေ အဆင့်မြင့် ပညာ သင်ကြားရေးဖက် အာရုံစိုက်မှုအားနဲခဲတာကို ထောက်ပြမိပါတယ်။ "ခက်တာက ကျနော်တို့ဟာ ပညာသင်ဖို့ တတိယ နိုင်ငံကိုထွက်လာတာမဟုတ်ဘူးဗျ။ တော် လှန်ရေးလုပ်ဖို့တောခိုလာတာ။ ဟုတ်မယ်မို့လား..။ အဲဒီကမှတဆင့် အကြောင်းအမျိုးမျိုးကြောင့် ဒီကို ရောက်လာသူတွေဆိုတော့... ခင်ဗျားပြောသလို အဝေးမှုန်ဖြစ်ခဲ့သူတွေလို့ တံဆိပ်ကပ်ဖို့ကလဲ မဟုတ် သေးဘူးနဲ့တူတယ်" လို့ ဘလောဂါဆရာက ကျနော်ကိုပြန်ထောက်ပါတယ်။ "မင်းကိုနိုင်ပြောတဲ့ထဲမှာနောက်ထပ် အရေးကြီးတဲ့စကားတခုလဲပါသေးတယ်ဗျ။ လွတ်မြောက် ရေးတိုက်ပွဲမှာ စွန့်လွတ်အနစ်နာခံခဲ့သူတွေဟာ အခုချိန်မှာ နောက်တန်းကိုရောက်သွားပီး တိုင်းပြည်ထူ ထောင်ရေးလုပ်နိုင်သူတွေက ရှေ့တန်းကိုရောက်လာပါလိမ့်မယ်-ဆိုတာလေ'' လို့ ကျနော်က ထပ်ပြော တော့ တောထွက်ရဲဘော်သူငယ်ချင်းအားလုံး တွေဝေသွားပုံရပြီး တနင်္ဂနွေ စကားဝိုင်းက ခေတ္တငြိမ် သွားပါတယ်။ အနီးမှုန် အဝေးမမြင် "တကယ်က ကျနော်တို့သာ လျှောက်ပြောနေတာ။ လူအများစုကြီးက သူဟာနဲ့သူ အလုပ်ရှုပ် နေလို့ ကျနော်တို့လိုအငြင်းပွါး စဉ်းစားနေဖို့ကို အချိန်မရလောက်ဘူးထင်ပါတယ်။ ကျနေုာ်တို့လို စဉ်း စားနေတယ်လူ ဘယ်လောက်ရာခိုင်းနှုံးရှိမယ်ထင်လဲ" လို့ ငြိမ်သက်မှုကိုဖြိုခွင်းတဲ့အနေနဲ့ ကျနော်ကဘဲ့ စကားခေါ်လိုက်ပါတယ်။ " ၅-ရာခိုင်နှုံး။ ၁၀-ရာခိုင်းနှုံးထက် မပိုလောက်ဘူးထင်တယ်" လို့ ကျောင်းဆရာက ချက်ချင်း တန်းဖြေပါတယ်။ "ဘာအထောက်ထားနဲ့ခင်ဗျားက ဒီလိုပြောတာလဲ" ဆိုပြီး ကျနော်တို့ ဆက်လက် ငြင်းခုန်ကြပြန်ပါတယ်။ ပြီးတော့ စကားဝိုင်းဟာ အိမ်ဝယ်ဖို့။ ကားဝယ်ဖို့။ ခိုင်မာတဲ့အလုပ်ရဖို့။ ၀င်ငွေ ကောင်းတဲ့ အလုပ်ရဖို့ကျိုးပန်းရင်း။ သားရေး။ သမီးရေး။ မိသားစုရေးနဲ့လုံးပန်းရင်း နေ့မအား။ ညမအား ဖြစ်နေကြတဲ့ မိသားစုဘ၀တွေဖက်ကို ရောက်သွားပြန်ပါတယ်။ "ဒါက တကယ့်လက်တွေ့ဘ၀ဘဲ့လေ။ ကိုယ်ရောက်နေတဲ့အရပ်မှာ အဆင်ပြေအောင် နေထိုင် ရှင်သန်ဖို့ကအရေးအကြီးဆုံးဘဲ့မဟုတ်လား" လို့ ကျနော်တို့ အားလုံးဆက်လက်ငြင်းခုန်ကြပြန်ပါတယ်။ "အရှိတရားလက်တွေ့ဘ၀ကိုတော့ ဘယ်သူမှမလွန်ဆန်ုနိင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀-ကျော် ကျနော်တို့အိမ်ကနေစထွက်ပီး တောခိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုမျိုးရောက်တဲ့အ ရပ်မှာ အဆင်ပြေအောင် နေထိုင်ရှင်သန်ရေး မဟုတ်ဘူးလေ...။ ဟုတ်တယ်မို့လား..." လို့ ကျနော်က ဆက်ပြောတော့ တောထွက် ရဲဘော်သူငယ်ချင်းတွေရဲ့ လက်ဘက်သုတ်နဲ့ ရေနွေးကြမ်းဝိုင်းဟာ တခါ ပြန်ပြီး ငြိမ်သက်သွားပြန်ပါတယ်။ ထက်အောင်ကျော် "www.colourparliament.com" |
| You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now. |
Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

စိတ်နှလုံးရွှင်လန်းပြီး
__